အစိုးရ ထုတ္ျပန္ခ်က္ေတြ အမ်ားျပည္သူ အလြယ္တကူနားလည္ဖို႔ခက္ခဲ

(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနတဲ့ကာလမွာ အစိုးရအဖြဲ႕နဲ႔ ဝန္ႀကီးဌာနတခ်ိဳ႕ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ အမ်ားျပည္သူ နားလည္ဖို႔မလြယ္ကူဘဲ၊ ဘာကိုလုပ္ရမယ္ဆိုတာကို တိတိက်က် မသိႏိုင္တဲ့ ထုတ္ျပန္ခ်က္ေတြ ျဖစ္ေနသလို အခ်ိန္နီးကပ္မွ ထုတ္ျပန္တာေတြလည္း ေတြ႕ေနရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့အေျခအေန ထုတ္ျပန္ခ်က္အပါအဝင္ ကာကြယ္တာဆီးေရး လုပ္ေနတာေတြနဲ႔ ပတ္သက္ၿပီး အစိုးရဝန္ႀကီးဌာနတခ်ိဳ႕ရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ အမ်ားျပည္သူ လြယ္လြယ္နားမလည္ႏိုင္ဘဲ ေဝဝါးစရာေတြ ျဖစ္ေနတာပါ။

ႏွစ္တိုင္း သၾကၤန္ပိတ္ရက္ၿပီးလို႔ အလုပ္ျပန္ဆင္းရမယ့္ရက္ေတြကို အစိုးရက သတ္မွတ္ၿပီးသားပါ။ ဒီႏွစ္မွာ ဧၿပီ ၂၀ ရက္ေန႔က လုပ္ငန္းခြင္ေတြ ျပန္ဖြင့္ရမွာပါ။ ဒါကို ဧၿပီ ၁၉ ရက္ည ၈ နာရီမွာမွ  အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးနဲ႔ ျပည္သူအင္အားဝန္ႀကီးဌာနကေန ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနေတြ လိုက္နာေဆာင္႐ြက္ဖို႔ အသိေပးထုတ္ျပန္ပါတယ္။

အဲဒီထုတ္ျပန္ခ်က္မွာဆိုရင္ ဧၿပီ ၂၀ ကေန ၃၀ အထိ စစ္ေဆးတာေတြလုပ္ၿပီး သတ္မွတ္ခ်က္ေတြနဲ႔ ကိုက္ညီမွသာ ျပန္ဖြင့္လွစ္ရမယ္လို႔ ပါပါတယ္။ အဲဒီ ဧၿပီ ၂၀ ကေန ၃၀ အထိကို စက္႐ုံေတြဖြင့္ထားရမွာလား၊ ပိတ္ထားရမွာလား မေသခ်ာတဲ့အတြက္ အလုပ္သမားေတြကလည္း အလုပ္ဆင္းရမွာလား မဆင္းရဘူးလားဆိုၿပီး ေဝခြဲမရ ျဖစ္ကုန္ ပါတယ္။

သတင္းထုတ္ျပန္တာ မရွင္းလင္းတာေၾကာင့္ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားထဲမွာ အဆင္မေျပတာေတြ ျဖစ္ေနတယ္လို႔ အလုပ္သမားေရးအကူညီေပးေနတဲ့ အနာဂတ္အလင္းတန္းဆုံမွတ္ ဒါ႐ိုက္တာ ေဒၚသက္သက္ေအာင္ က ေျပာပါတယ္။

"အဲဒီမွာ ဝိေရာဓိျဖစ္တာက တံဆိပ္တုံးမပါတဲ့ကိစၥရယ္၊ ေနာက္ၿပီး ဖြင့္ထားမယ္၊ စစ္ေဆးမႈေတြလာၿပီး အတည္ျပဳေပးမွာလားကိုလည္း ျပန္ၿပီးေတာ့ ေမးျမန္းေနရတာမ်ိဳးေပါ့။ ၿပီးေတာ့ တရားဝင္ၫႊန္ၾကားခ်က္ေတြ မထြက္ဘူးလို႔ အလုပ္ရွင္ေတြဘက္က ေျပာပါတယ္။ အခုခ်ိန္မွာေတာ့ အလုပ္ရွင္နဲ႔ အလုပ္သမားၾကားထဲမွာ စကားေျပာေနရမႈ ၊ ပဋိပကၡျဖစ္မႈေတြ ရင္ဆိုင္ေနရပါတယ္။"

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန အၿမဲတမ္း အတြင္းဝန္ ဦးမ်ိဳးေအာင္ ကေတာ့ စက္႐ုံေတြကို စိစစ္ၿပီးမွ ျပန္လည္ဖြင့္လွစ္ခြင့္ေပးမယ္လို႔ ေျပာပါတယ္။

"ကိုဗစ္ႏိုင္တီးေရာဂါကို အတတ္ႏိုင္ဆုံး မကူးစက္ေအာင္ ကာကြယ္တားဆီဖို႔ ရည္႐ြယ္ခ်က္နဲ႔ ထုတ္ျပန္လိုက္ တာေပါ့ေနာ္။ သူ႔ရဲ႕ၫႊန္ၾကားခ်က္ကို ရွင္းရွင္းလင္းလင္းေျပာရရင္ ပိတ္ထားရမယ္၊ စစ္ေဆးၿပီးမွ ဖြင့္ရမယ္။"

ေန႔တိုင္းလိုလို လူေတြေစာင့္ၾကည့္ေနရတဲ့ သတင္းထဲမွာ က်န္းမာ‌ေရးနဲ႔ အားကစားဝန္ႀကီးဌာန MOHS ကထုတ္ျပန္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူစာရင္းေတြပါ။

အဲဒီထုတ္ျပန္ခ်က္ ေတာ္ေတာ္မ်ားမ်ားကလည္း တစ္ခါတည္းဖတ္လိုက္႐ုံနဲ႔ နားမလည္ႏိုင္ဘဲ အနည္းဆုံး သုံးေခါက္ေလာက္ျပန္ဖတ္ရတာေတြ ရွိပါတယ္။ အဲဒီလို မျပည့္စုံတဲ့၊ အမ်ားနားမလည္တဲ့ သတင္းအခ်က္ အလက္ေတြကို အမွီျပဳၿပီး သတင္းမွားျဖန႔္တာေတြ၊ အဲဒီကေန မလိုလားအပ္တဲ့ ျပႆနာေတြလည္း ျဖစ္လာႏိုင္တယ္လို႔လည္း သတင္းသမားတစ္ေယာက္ျဖစ္သူ ဦးသီဟေသြး က ေျပာပါတယ္။

“စာေတြထြက္တဲ့အခါမွာ လုံးဝနားမလည္တဲ့သူေတြရွိတယ္။ လုံးဝနားမလည္တဲ့သူေတြက ပိုေၾကာက္လာတယ္။ လုံးဝနားမလည္ေလ ပိုေၾကာက္ေလ။ အဲဒီထက္ပိုဆိုးတာက လုံးဝနားမလည္တဲ့သူေတြ၊ နားလည္မႈလြဲၿပီး အျပစ္ ေတြတင္မယ္၊ ေဒါသေတြထြက္မယ္၊ အမွားေတြလုပ္မိမယ္ေပါ့ေနာ္။ အဲဒါရဲ႕ ေနာက္အက်ိဳးဆက္က ေကာလာ ဟလေတြက ေနာက္ကထြက္လာတယ္။ မျပည့္စုံမလုံေလာက္တဲ့ ထုတ္ျပန္ခ်က္ေတြကေန အစေတြထြက္ လာတယ္။ အဲဒါကိုနင္းၿပီး ေကာလာဟလထုတ္တဲ့သူေတြက ဒါကိုထုတ္ၾကတယ္။ လူေတြက အဆိုးထဲက အဆိုးပိုမ်ားလာတယ္။ ပိုေၾကာက္လာတယ္။ ပိုၿပီးစိုးရိမ္စိတ္ေတြမ်ားလာတယ္။"

သတင္းထုတ္ျပန္ခ်က္ေတြကို အမ်ားစုနားမလည္တာအျပင္ ထုတ္ျပန္တာေတြကလည္း အခ်ိန္နီးကပ္မွ ထုတ္ေနတာေတြကို ေတြ႕ရပါတယ္။ ဧၿပီ ၂၀ ရက္မွာ လွ်ပ္စစ္မီတာခေတြ တိုးေဝွ႔ေဆာင္ရတာေတြ ရွိခဲ့ပါတယ္။ ရက္လြန္ေၾကးေပးရမွာကိုေၾကာက္ၿပီး မီတာခသြားေဆာင္တဲ့သူေတြ လူစုလူေဝးျဖစ္လာတဲ့ ဧၿပီ ၂၀ မွသာ မီတာခကို ေမ ၂၀ အထိ ရက္လြန္ေၾကးေပးေဆာင္ဖို႔မလိုဘဲ ေနာက္ဆုတ္ေပးထားတယ္လို႔ YESC က ေၾကညာပါတယ္။

လိုအပ္လို႔ ရက္လြန္ေၾကးေတြကို ေနာက္ဆုတ္ေပးတာသာျဖစ္ၿပီး က်န္တာဘာမွ ေျဖစရာမရွိဘူးလို႔ YESC အမႈေဆာင္အရာရွိခ်ဳပ္ ဦးျမင့္သူက ေျပာပါတယ္။

"အဲဒါေတာ့ ဒီေန႔မွသိလို႔ ဒီေန႔မွလုပ္တာ ဘာအေၾကာင္းမွမရွိဘူး။ ထုတ္ျပန္တာက လိုအပ္ခ်က္ေၾကာင့္ထုတ္တာ က်န္တာဘာမွေမးမေနနဲ႔ေနာ္"

ျမန္မာ့ႏိုင္ငံေရးနဲ႔ စီးပြားေရးေလ့လာသူ ဦးေဇယ်သူက အစိုးရအဖြဲ႕ေတြအခ်င္းခ်င္းလည္း အခ်ိတ္အဆက္မိဖို႔ လိုသလို ထုတ္ျပန္မယ့္သတင္းကို အမ်ားနားလည္ပါ့မလားဆိုတာကို ကိုယ့္ဌာနကလူေတြကို အရင္ဖတ္ခိုင္းရင္ ပိုအဆင္ေျပမယ္လို႔ ေျပာပါတယ္။

“အမိန႔္ေၾကညာစာေတြက ေနရာေဒသအလိုက္ အရမ္းအေရးႀကီးပါတယ္။ အသက္အႏၲရာယ္အတြက္ေရာ အလုပ္ အကိုင္အတြက္ေရာ အရမ္းအေရးႀကီးတဲ့အတြက္မို႔လို႔ ရွင္းရွင္းလင္းလင္း ထုတ္ျပန္ႏိုင္ေအာင္လို႔ အစိုးရအဖြဲ႕ အခ်င္းခ်င္း စကားေျပာဖို႔လိုတယ္။ ေနာက္ၿပီးရင္ ကိုယ္ထုတ္မယ့္ အမိန႔္ေၾကညာစာကို အၾကမ္းေလးအရင္ထုတ္၊ ထုတ္ၿပီးတဲ့အခါက်ရင္ ထုတ္ျပန္ခ်က္ေရးတဲ့အထဲမပါတဲ့သူေတြကို ဖတ္ခိုင္းၿပီး အႀကံျပဳခ်က္ေတြေတာင္းၿပီး လုပ္ရင္ ပိုၿပီးအဆင္ေျပမယ္ထင္ပါတယ္။"

ဒီကာလဟာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ အေရးႀကီးတဲ့အခ်ိန္ျဖစ္ေနတာေၾကာင့္ အစိုးရအဖြဲ႕ အစည္းေတြကလည္း ထုတ္ျပန္ခ်က္ေတြထုတ္ၿပီး ေရာဂါမကူးစက္ေအာင္ ထိန္းသိမ္းေနရတာပါ။ ေနာက္ထပ္ လည္းလိုအပ္ရင္ လိုအပ္သလို ထုတ္ျပန္ၾကရဦးမွာပါ။

ဒါ့ေၾကာင့္ ႐ုံးအခ်င္းခ်င္းဆက္သြယ္သလို ႐ုံးစာအေရးအသားေတြနဲ႔ လူထုကို ထုတ္ျပန္တာထက္ ပိုၿပီးလြယ္ကူ ရွင္းလင္းတဲ့ အေရးအသားေတြနဲ႔ ထုတ္ျပန္သင့္တဲ့အေၾကာင္း၊ ထုတ္ျပန္ခ်က္ေတြ ထုတ္သလို လိုအပ္ရင္ အစိုးရတာဝန္ရွိသူေတြက  သတင္းအခ်က္လက္ေတြကို လူမႈကြန္ရက္ေတြ၊ ႐ုပ္ျမင္သံၾကားေတြကေနတဆင့္ တိုက္႐ိုက္ေျပာဆို ထုတ္လႊင့္ေပးတာေတြလည္း လုပ္သင့္တယ္လို႔ မွတ္ခ်က္ျပဳၾကပါတယ္။

RFA Burmese
https://www.rfa.org/burmese/program_2/government-statement-hard-to-understand-04212020040853.html
----------
(Unicode)⤵⤵⤵
အစိုးရ ထုတ်ပြန်ချက်တွေ အများပြည်သူ အလွယ်တကူနားလည်ဖို့ခက်ခဲ

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေတဲ့ကာလမှာ အစိုးရအဖွဲ့နဲ့ ဝန်ကြီးဌာနတချို့ရဲ့ ထုတ်ပြန်ချက်တွေဟာ အများပြည်သူ နားလည်ဖို့မလွယ်ကူဘဲ၊ ဘာကိုလုပ်ရမယ်ဆိုတာကို တိတိကျကျ မသိနိုင်တဲ့ ထုတ်ပြန်ချက်တွေ ဖြစ်နေသလို အချိန်နီးကပ်မှ ထုတ်ပြန်တာတွေလည်း တွေ့နေရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခြေအနေ ထုတ်ပြန်ချက်အပါအဝင် ကာကွယ်တာဆီးရေး လုပ်နေတာတွေနဲ့ ပတ်သက်ပြီး အစိုးရဝန်ကြီးဌာနတချို့ရဲ့ ထုတ်ပြန်ချက်တွေဟာ အများပြည်သူ လွယ်လွယ်နားမလည်နိုင်ဘဲ ဝေဝါးစရာတွေ ဖြစ်နေတာပါ။

နှစ်တိုင်း သင်္ကြန်ပိတ်ရက်ပြီးလို့ အလုပ်ပြန်ဆင်းရမယ့်ရက်တွေကို အစိုးရက သတ်မှတ်ပြီးသားပါ။ ဒီနှစ်မှာ ဧပြီ ၂၀ ရက်နေ့က လုပ်ငန်းခွင်တွေ ပြန်ဖွင့်ရမှာပါ။ ဒါကို ဧပြီ ၁၉ ရက်ည ၈ နာရီမှာမှ  အလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနဲ့ ပြည်သူအင်အားဝန်ကြီးဌာနကနေ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတွေ လိုက်နာဆောင်ရွက်ဖို့ အသိပေးထုတ်ပြန်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာဆိုရင် ဧပြီ ၂၀ ကနေ ၃၀ အထိ စစ်ဆေးတာတွေလုပ်ပြီး သတ်မှတ်ချက်တွေနဲ့ ကိုက်ညီမှသာ ပြန်ဖွင့်လှစ်ရမယ်လို့ ပါပါတယ်။ အဲဒီ ဧပြီ ၂၀ ကနေ ၃၀ အထိကို စက်ရုံတွေဖွင့်ထားရမှာလား၊ ပိတ်ထားရမှာလား မသေချာတဲ့အတွက် အလုပ်သမားတွေကလည်း အလုပ်ဆင်းရမှာလား မဆင်းရဘူးလားဆိုပြီး ဝေခွဲမရ ဖြစ်ကုန် ပါတယ်။

သတင်းထုတ်ပြန်တာ မရှင်းလင်းတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ အဆင်မပြေတာတွေ ဖြစ်နေတယ်လို့ အလုပ်သမားရေးအကူညီပေးနေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင် က ပြောပါတယ်။

"အဲဒီမှာ ဝိရောဓိဖြစ်တာက တံဆိပ်တုံးမပါတဲ့ကိစ္စရယ်၊ နောက်ပြီး ဖွင့်ထားမယ်၊ စစ်ဆေးမှုတွေလာပြီး အတည်ပြုပေးမှာလားကိုလည်း ပြန်ပြီးတော့ မေးမြန်းနေရတာမျိုးပေါ့။ ပြီးတော့ တရားဝင်ညွှန်ကြားချက်တွေ မထွက်ဘူးလို့ အလုပ်ရှင်တွေဘက်က ပြောပါတယ်။ အခုချိန်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြားထဲမှာ စကားပြောနေရမှု ၊ ပဋိပက္ခဖြစ်မှုတွေ ရင်ဆိုင်နေရပါတယ်။"

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင် ကတော့ စက်ရုံတွေကို စိစစ်ပြီးမှ ပြန်လည်ဖွင့်လှစ်ခွင့်ပေးမယ်လို့ ပြောပါတယ်။

"ကိုဗစ်နိုင်တီးရောဂါကို အတတ်နိုင်ဆုံး မကူးစက်အောင် ကာကွယ်တားဆီဖို့ ရည်ရွယ်ချက်နဲ့ ထုတ်ပြန်လိုက် တာပေါ့နော်။ သူ့ရဲ့ညွှန်ကြားချက်ကို ရှင်းရှင်းလင်းလင်းပြောရရင် ပိတ်ထားရမယ်၊ စစ်ဆေးပြီးမှ ဖွင့်ရမယ်။"

နေ့တိုင်းလိုလို လူတွေစောင့်ကြည့်နေရတဲ့ သတင်းထဲမှာ ကျန်းမာ‌ရေးနဲ့ အားကစားဝန်ကြီးဌာန MOHS ကထုတ်ပြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစာရင်းတွေပါ။

အဲဒီထုတ်ပြန်ချက် တော်တော်များများကလည်း တစ်ခါတည်းဖတ်လိုက်ရုံနဲ့ နားမလည်နိုင်ဘဲ အနည်းဆုံး သုံးခေါက်လောက်ပြန်ဖတ်ရတာတွေ ရှိပါတယ်။ အဲဒီလို မပြည့်စုံတဲ့၊ အများနားမလည်တဲ့ သတင်းအချက် အလက်တွေကို အမှီပြုပြီး သတင်းမှားဖြန့်တာတွေ၊ အဲဒီကနေ မလိုလားအပ်တဲ့ ပြဿနာတွေလည်း ဖြစ်လာနိုင်တယ်လို့လည်း သတင်းသမားတစ်ယောက်ဖြစ်သူ ဦးသီဟသွေး က ပြောပါတယ်။

“စာတွေထွက်တဲ့အခါမှာ လုံးဝနားမလည်တဲ့သူတွေရှိတယ်။ လုံးဝနားမလည်တဲ့သူတွေက ပိုကြောက်လာတယ်။ လုံးဝနားမလည်လေ ပိုကြောက်လေ။ အဲဒီထက်ပိုဆိုးတာက လုံးဝနားမလည်တဲ့သူတွေ၊ နားလည်မှုလွဲပြီး အပြစ် တွေတင်မယ်၊ ဒေါသတွေထွက်မယ်၊ အမှားတွေလုပ်မိမယ်ပေါ့နော်။ အဲဒါရဲ့ နောက်အကျိုးဆက်က ကောလာ ဟလတွေက နောက်ကထွက်လာတယ်။ မပြည့်စုံမလုံလောက်တဲ့ ထုတ်ပြန်ချက်တွေကနေ အစတွေထွက် လာတယ်။ အဲဒါကိုနင်းပြီး ကောလာဟလထုတ်တဲ့သူတွေက ဒါကိုထုတ်ကြတယ်။ လူတွေက အဆိုးထဲက အဆိုးပိုများလာတယ်။ ပိုကြောက်လာတယ်။ ပိုပြီးစိုးရိမ်စိတ်တွေများလာတယ်။"

သတင်းထုတ်ပြန်ချက်တွေကို အများစုနားမလည်တာအပြင် ထုတ်ပြန်တာတွေကလည်း အချိန်နီးကပ်မှ ထုတ်နေတာတွေကို တွေ့ရပါတယ်။ ဧပြီ ၂၀ ရက်မှာ လျှပ်စစ်မီတာခတွေ တိုးဝှေ့ဆောင်ရတာတွေ ရှိခဲ့ပါတယ်။ ရက်လွန်ကြေးပေးရမှာကိုကြောက်ပြီး မီတာခသွားဆောင်တဲ့သူတွေ လူစုလူဝေးဖြစ်လာတဲ့ ဧပြီ ၂၀ မှသာ မီတာခကို မေ ၂၀ အထိ ရက်လွန်ကြေးပေးဆောင်ဖို့မလိုဘဲ နောက်ဆုတ်ပေးထားတယ်လို့ YESC က ကြေညာပါတယ်။

လိုအပ်လို့ ရက်လွန်ကြေးတွေကို နောက်ဆုတ်ပေးတာသာဖြစ်ပြီး ကျန်တာဘာမှ ဖြေစရာမရှိဘူးလို့ YESC အမှုဆောင်အရာရှိချုပ် ဦးမြင့်သူက ပြောပါတယ်။

"အဲဒါတော့ ဒီနေ့မှသိလို့ ဒီနေ့မှလုပ်တာ ဘာအကြောင်းမှမရှိဘူး။ ထုတ်ပြန်တာက လိုအပ်ချက်ကြောင့်ထုတ်တာ ကျန်တာဘာမှမေးမနေနဲ့နော်"

မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေးလေ့လာသူ ဦးဇေယျသူက အစိုးရအဖွဲ့တွေအချင်းချင်းလည်း အချိတ်အဆက်မိဖို့ လိုသလို ထုတ်ပြန်မယ့်သတင်းကို အများနားလည်ပါ့မလားဆိုတာကို ကိုယ့်ဌာနကလူတွေကို အရင်ဖတ်ခိုင်းရင် ပိုအဆင်ပြေမယ်လို့ ပြောပါတယ်။

“အမိန့်ကြေညာစာတွေက နေရာဒေသအလိုက် အရမ်းအရေးကြီးပါတယ်။ အသက်အန္တရာယ်အတွက်ရော အလုပ် အကိုင်အတွက်ရော အရမ်းအရေးကြီးတဲ့အတွက်မို့လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်နိုင်အောင်လို့ အစိုးရအဖွဲ့ အချင်းချင်း စကားပြောဖို့လိုတယ်။ နောက်ပြီးရင် ကိုယ်ထုတ်မယ့် အမိန့်ကြေညာစာကို အကြမ်းလေးအရင်ထုတ်၊ ထုတ်ပြီးတဲ့အခါကျရင် ထုတ်ပြန်ချက်ရေးတဲ့အထဲမပါတဲ့သူတွေကို ဖတ်ခိုင်းပြီး အကြံပြုချက်တွေတောင်းပြီး လုပ်ရင် ပိုပြီးအဆင်ပြေမယ်ထင်ပါတယ်။"

ဒီကာလဟာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အရေးကြီးတဲ့အချိန်ဖြစ်နေတာကြောင့် အစိုးရအဖွဲ့ အစည်းတွေကလည်း ထုတ်ပြန်ချက်တွေထုတ်ပြီး ရောဂါမကူးစက်အောင် ထိန်းသိမ်းနေရတာပါ။ နောက်ထပ် လည်းလိုအပ်ရင် လိုအပ်သလို ထုတ်ပြန်ကြရဦးမှာပါ။

ဒါ့ကြောင့် ရုံးအချင်းချင်းဆက်သွယ်သလို ရုံးစာအရေးအသားတွေနဲ့ လူထုကို ထုတ်ပြန်တာထက် ပိုပြီးလွယ်ကူ ရှင်းလင်းတဲ့ အရေးအသားတွေနဲ့ ထုတ်ပြန်သင့်တဲ့အကြောင်း၊ ထုတ်ပြန်ချက်တွေ ထုတ်သလို လိုအပ်ရင် အစိုးရတာဝန်ရှိသူတွေက  သတင်းအချက်လက်တွေကို လူမှုကွန်ရက်တွေ၊ ရုပ်မြင်သံကြားတွေကနေတဆင့် တိုက်ရိုက်ပြောဆို ထုတ်လွှင့်ပေးတာတွေလည်း လုပ်သင့်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

RFA Burmese
https://www.rfa.org/burmese/program_2/government-statement-hard-to-understand-04212020040853.html
အစိုးရ ထုတ္ျပန္ခ်က္ေတြ အမ်ားျပည္သူ အလြယ္တကူနားလည္ဖို႔ခက္ခဲ အစိုးရ ထုတ္ျပန္ခ်က္ေတြ အမ်ားျပည္သူ အလြယ္တကူနားလည္ဖို႔ခက္ခဲ Reviewed by THITHTOOLWIN on 21:09 Rating: 5
Powered by Blogger.