ယာဥ္မေတာ္တဆမႈ ျဖစ္၍ ေမာ္ေတာ္ယာဥ္ ေခ်ာက္ထဲက်ကာ ယာဥ္ေပၚလိုက္ပါသူ ႏွစ္ဦးစလုံး ေသဆုံး


ဟားခါး ဧၿပီ ၂၁

ဟားခါးၿမိဳ႕နယ္၊ ဟားခါးထာရ္ (၂)ရပ္ကြက္ႏွင့္ ႏွီရ္ေလာန္းေက်း႐ြာအနီးတြင္ ဧၿပီလ ၂၀ ရက္ေန႔ ၁၀ နာရီ ၅၀ မိနစ္အခ်ိန္တြင္ ယာဥ္ေမာင္း ဦးယြာလ္တလိန္းက်ဳံး ေမာင္းႏွင္လာေသာ LIFAN TRUCK အမ်ိဳးအစား ေမာ္ေတာ္ယာဥ္သည္ ဟားခါး−ႏွီရ္ေလာန္းလမ္းေပၚ ႏွီရ္ေလာန္း ေက်း႐ြာအနီးအေရာက္၌ ေခ်ာက္ထဲသို႔ ျပဳတ္က်ရာ ယာဥ္ေမာင္းႏွင့္အတူ လိုက္ပါသူတစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရွိရပါသည္။

ျဖစ္စဥ္မွာ ဟားခါးၿမိဳ႕ ၿမိဳ႕သစ္ရပ္ကြက္ေနသူ ယာဥ္ေမာင္းဦးယြာလ္တလိန္းက်ဳံး သည္ ဟားခါး−ႏွီရ္ေလာန္းလမ္းအတိုင္း ဟားခါးၿမိဳ႕မွ ေမာင္းႏွင္လာစဥ္ ႏွီရ္ေလာန္းေက်း႐ြာအနီး ဟားခါးထာရ္(၂)ရပ္ကြက္အေရာက္တြင္ ေမာ္ေတာ္ယာဥ္မွာ ကုန္းအတက္ မတက္ႏိုင္ဘဲ ေနာက္ျပန္လိမ့္၍ အနက္ေပ ၄၀၀ ခန႔္ရွိေသာ ေခ်ာက္ထဲသို႔ ျပဳတ္က်ရာ ယာဥ္ေမာင္းႏွင့္အတူပါသူ ဦးရမ္ထန္မႈန္း မွာ ဝဲဘက္ပါး႐ိုး ဖူးေယာင္ဒဏ္ရာ၊ ဦးေခါင္းေပါက္ၿပဲ ဒဏ္ရာတို႔ျဖင့္ ေနရာတြင္ ေသဆုံးလ်က္ရွိၿပီး ယာဥ္ေမာင္းမွာ နဖူးေပါက္ၿပဲဒဏ္ရာ၊ ဦးေခါင္းဝဲဘက္ ေပါက္ၿပဲဒဏ္ရာမ်ား ရရွိကာ ဟားခါးၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေသာ္လည္း ဒဏ္ရာျဖင့္ ေသဆုံးခဲ့ပါသည္။

အဆိုပါ ယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္က်ိဳးပဲ့ပ်က္စီးဆုံးရႈံးမႈတန္ဖိုးေငြက်ပ္ သိန္း ၂၀၀ ဆုံးရႈံးခဲ့ရၿပီး လမ္းေဘးေခ်ာက္ထဲျပဳတ္က်ကာ လူေသဆုံး ေစခဲ့သူ ယာဥ္ေမာင္းအား ဥပေဒအရ အေရးယူအျပစ္ေပးရန္ ဟားခါးၿမိဳနယ္ရဲစခန္းမွ အမႈဖြင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ခ႐ိုင္ျပန္/ဆက္ - Hakha Iprd
---------------------------------------

ယာဉ်မတော်တဆမှု ဖြစ်၍ မော်တော်ယာဉ် ချောက်ထဲကျကာ ယာဉ်ပေါ်လိုက်ပါသူ နှစ်ဦးစလုံး သေဆုံး

ဟားခါး ဧပြီ ၂၁

ဟားခါးမြို့နယ်၊ ဟားခါးထာရ် (၂)ရပ်ကွက်နှင့် နှီရ်လောန်းကျေးရွာအနီးတွင် ဧပြီလ ၂၀ ရက်နေ့ ၁၀ နာရီ ၅၀ မိနစ်အချိန်တွင် ယာဉ်မောင်း ဦးယွာလ်တလိန်းကျုံး မောင်းနှင်လာသော LIFAN TRUCK အမျိုးအစား မော်တော်ယာဉ်သည် ဟားခါး−နှီရ်လောန်းလမ်းပေါ် နှီရ်လောန်း ကျေးရွာအနီးအရောက်၌ ချောက်ထဲသို့ ပြုတ်ကျရာ ယာဉ်မောင်းနှင့်အတူ လိုက်ပါသူတစ်ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

ဖြစ်စဉ်မှာ ဟားခါးမြို့ မြို့သစ်ရပ်ကွက်နေသူ ယာဉ်မောင်းဦးယွာလ်တလိန်းကျုံး သည် ဟားခါး−နှီရ်လောန်းလမ်းအတိုင်း ဟားခါးမြို့မှ မောင်းနှင်လာစဉ် နှီရ်လောန်းကျေးရွာအနီး ဟားခါးထာရ်(၂)ရပ်ကွက်အရောက်တွင် မော်တော်ယာဉ်မှာ ကုန်းအတက် မတက်နိုင်ဘဲ နောက်ပြန်လိမ့်၍ အနက်ပေ ၄၀၀ ခန့်ရှိသော ချောက်ထဲသို့ ပြုတ်ကျရာ ယာဉ်မောင်းနှင့်အတူပါသူ ဦးရမ်ထန်မှုန်း မှာ ဝဲဘက်ပါးရိုး ဖူးယောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ ဒဏ်ရာတို့ဖြင့် နေရာတွင် သေဆုံးလျက်ရှိပြီး ယာဉ်မောင်းမှာ နဖူးပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းဝဲဘက် ပေါက်ပြဲဒဏ်ရာများ ရရှိကာ ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာဖြင့် သေဆုံးခဲ့ပါသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်ကျိုးပဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးငွေကျပ် သိန်း ၂၀၀ ဆုံးရှုံးခဲ့ရပြီး လမ်းဘေးချောက်ထဲပြုတ်ကျကာ လူသေဆုံး စေခဲ့သူ ယာဉ်မောင်းအား ဥပဒေအရ အရေးယူအပြစ်ပေးရန် ဟားခါးမြိုနယ်ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက် - Hakha Iprd
https://www.facebook.com/hakha.iprd
ယာဥ္မေတာ္တဆမႈ ျဖစ္၍ ေမာ္ေတာ္ယာဥ္ ေခ်ာက္ထဲက်ကာ ယာဥ္ေပၚလိုက္ပါသူ ႏွစ္ဦးစလုံး ေသဆုံး ယာဥ္မေတာ္တဆမႈ ျဖစ္၍ ေမာ္ေတာ္ယာဥ္ ေခ်ာက္ထဲက်ကာ ယာဥ္ေပၚလိုက္ပါသူ ႏွစ္ဦးစလုံး ေသဆုံး Reviewed by THITHTOOLWIN on 22:22 Rating: 5
Powered by Blogger.