ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဒုတိယ အမ်ားဆုံးၿမိဳ႕

 ကေလးၿမိဳ႕ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရ သူ၆ ဦးထိရွိလာ
(Zawgyi)⤵⤵⤵

ရန္ကုန္ၿမိဳ႕နဲ႔ မိုင္ ၅၀၀ ေလာက္ေဝးတဲ့ စစ္ကိုင္းတိုင္းနဲ႔ ခ်င္းျပည္နယ္စပ္ က ကေလးၿမိဳ႕ဟာလူဦးေရ ေလးသိန္းေလာက္ ေနထိုင္ၾကပါတယ္ ။

ဒါေပမယ့္ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ မွာေတာ့ လူ ၈ သန္းေလာက္ေနထိုင္တဲ့ ရန္ကုန္ၿပီးရင္ ကေလးၿမိဳ႕ဟာ ဒုတိယ ေနရာကို ဧၿပီ ၂၀ ရက္ေန႔ က စၿပီး ေရာက္လာပါတယ္။

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ထုတ္ျပန္ခ်က္အရ ဧၿပီ ၂၀ ရက္ေန႔ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ကေလးၿမိဳ႕ မွာ ၄ ေယာက္ထပ္တိုးၿပီးေတာ့ ၆ ဦး အထိ ရွိလာေနၿပီလို႔ ကေလးၿမိဳ႕ ကိုဗစ္-၁၉ ကာကြယ္ေရးေကာ္မတီက ကိုေက်ာ္သက္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ကေလးၿမိဳမွာ အရင္ကူးစက္မႈေတြဟာ လူနာ အမွတ္ ၁ က တိုက္႐ိုက္ကူးစက္တာျဖစ္ၿပီးေတာ့ ၊အခုထပ္ေတြ႕တဲ့ လူနာေလးဦးဟာ၊ လူနာ အမွတ္၁ ကေန ပထမဆုံးသြယ္ဝိုက္ကူးစက္ခံရတဲ့ လူနာေတြျဖစ္ပါတယ္။

 ျပည္ပ ခရီးသြားရာဇဝင္ မရွိသူေတြ ကူးစက္ခံရတာျဖစ္

က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီ၂၀ ရက္မွာ အတည္ျပဳလိုက္တဲ့ ကေလးၿမိဳ႕က ကူးစက္ခံရသူေတြဟာ ျပည္ပ ခရီးသြားရာဇဝင္ မရွိပါဘူး။

ကေလးၿမိဳ႕ က လူနာအမွတ္ ၈၈ ရဲ႕ မိသားစုက အတူေန ခင္ပြန္း၊ သား ႏွစ္ဦး ၊ သမီးငယ္ စုစုေပါင္း ၄ ဦး ကူးစက္ခံခဲ့ရတာ လို႔လည္း ကေလးၿမိဳ႕ မွာ ကိုဗစ္- ၁၉ ကာကြယ္ေရး လုပ္ေနတဲ့ အရပ္ဘက္ အဖြဲ႕ေတြကေန သိရပါတယ္။

ကေလးၿမိဳ႕က ဧၿပီ ၁၈ ရက္ ေန႔ကေပးပို႔တဲ့ ဓာတ္ခြဲနမူနာ ၈ ဦးရွိရာမွာ ၄ ဦး က ကူးစက္ခံရတဲ့ လူနာအျဖစ္ က်န္းမာေရး ဝန္ႀကီးဌာန က ဧၿပီလ ၂၀ မွာ အတည္ျပဳခဲ့တာ ျဖစ္ပါတယ္။

သူတို႔ဟာ လြန္ခဲ့တဲ့ ၃ ရက္ေလာက္ကတည္းက ဖ်ားနာေနၾကတာျဖစ္ၿပီး၊ သူတို႔နဲ႔ ဆက္စပ္သူေတြကို ကေလးၿမိဳ႕ ကိုဗစ္-၁၉ ကာကြယ္ေရး ေကာ္မတီက အသြားအလာကန္႔သတ္ဖို႔ ႀကိဳးစားေနတယ္လို႔ သိရပါတယ္။

ေရာဂါကူးစက္ခံရသူေတြအတြက္ လိုအပ္တဲ့ အစိုးရရဲ႕ ကုသေရးအစီအမံေတြကို ၿမိဳ႕ခံလူထုက ဝိုင္းၿပီး လႉဒါန္းထားၾကေပမယ့္ ကေလးၿမိဳ႕မွာ ကူးစက္ေရာဂါ ကုသတဲ့ အထူးကုေဆး႐ုံမရွိတာရယ္ ၊က်န္းမာေရးဝန္ထမ္းအကန္႔ အသတ္ရယ္ေၾကာင့္ ေရာဂါကူးစက္ခံရသူေတြ ထပ္တိုးလာမွာကို စိုးရိမ္ေနရတယ္လို႔လည္း ကိုေက်ာ္သက္ဝင္းက ဘီဘီစီကို ေျပာပါတယ္။

ကေလးၿမိဳ႕ရဲ႕ ကို႐ိုနာ ဗိုင္းရပ္စ္ ပိုးေတြ႕ရ သူ ပထဆုံးလူနာက လူနာ အမွတ္ (၇၄) ျဖစ္ပါတယ္။

ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ အတည္ျပဳလူနာအမွတ္ (၇၄) ျဖစ္တဲ့ အမ်ိဳးသမီးဟာ အသက္ ၆၃ ႏွစ္အ႐ြယ္ရွိၿပီး၊ ျမန္မာႏိုင္ငံက ပထမဆုံး ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ ကိုဗစ္-၁၉ အတည္ျပဳလူနာ နံပါတ္ ( ၁) တည္းခိုခဲ့တဲ့ ကေလးၿမိဳ႕ေနအိမ္က အိမ္ရွင္လည္း ျဖစ္ပါတယ္။

လူနာအမွတ္ ၁ ပထမဆုံး ေရာဂါေတြ႕ရွိၿပီးေနာက္ ၂၄ ရက္ၾကာ၊ ဧၿပီလ ၁၅ ရက္ေန႔မွာ သူနဲ႔ ထိေတြ႕ခဲ့သူတဦးမွာ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရေၾကာင္း ထပ္မံေတြ႕ရွိရတာ ျဖစ္ပါတယ္။

ကေလးၿမိဳ႕က ဒုတိယေျမာက္လူနာကေတာ့ အသက္ ၄၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးလူနာအမွတ္ (၈၈) ျဖစ္ပါတယ္။

သူဟာ ပိုးေတြ႕လူနာအမွတ္ (၁)နဲ႔ လူနာအမွတ္ (၇၄)တို႔နဲ႔ ထိေတြ႕ခဲ့သူျဖစ္တယ္လို႔လည္းဆိုပါတယ္။
ကေလးၿမိဳ႕မွာ ကိုဗစ္- ၁၉ ေရာဂါကူးစက္ခံရ သူေတြထားတဲ့ ေဆး႐ုံ

လူနာအမွတ္ (၈၈) ဟာ လူနာနံပါတ္ ၁ ရဲ႕ သတို႔သမီးရဲ႕အမ်ိဳးေတာ္သူ လည္းျဖစ္ၿပီး၊ မဂၤလာေဆာင္ ဆုေတာင္းပြဲ တက္ခဲ့ သူလို႔လည္းသိရပါတယ္။ မဂၤလာေဆာင္အျပန္ကို တီးတိန္ကေန လိုင္းကားနဲ႔ ကေလးၿမိဳ႕ကို ျပန္လာခဲ့တာျဖစ္ပါတယ္။

ကေလးၿမိဳ႕ ကိုဗစ္ တိုက္ဖ်က္ေရး ေကာ္မတီဝင္ေတြ အေျပာ အရ သူဟာ လူနာ အမွတ္ (၁)မဂၤလာေဆာင္ ဆုေတာင္းပြဲကေန ျပန္လာသူျဖစ္ၿပီး အသြားအလာ ကန္႔သတ္တာ မခံခ်င္လို႔ မဂၤလာေဆာင္ သြားခဲ့တဲ့အေၾကာင္း မေျပာခဲ့တာလို႔လည္း ဆိုပါတယ္။

သူကေနမွ တဆင့္ အသက္ ၁၀ ႏွစ္အ႐ြယ္ ကေလးတစ္ဦး အပါအဝင္ေနာက္ထပ္ ေလးဦးကို ဧၿပီလ ၂၀ ရက္ေန႔မွာ ေရာဂါပိုးေတြ႕ေၾကာင္း အစိုးရက အတည္ျပဳခဲ့တာျဖစ္ပါတယ္။

အဲဒီသူေတြအားလုံးဟာ လူနာ အမွတ္ (၈၈) ရဲ႕ မိသားစုဝင္ေတြ ျဖစ္ပါတယ္။

လူနာ အမွတ္ ၁ တည္းခိုသြားတဲ့ အိမ္နဲ႔ ကေလးၿမိဳ႕တြင္းလမ္းအခ်ိဳ႕ အသြားအလာ ကန္႔သတ္

ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ တီးတိန္က လူနာေတြ ကေလးၿမိဳ႕ေ႐ႊ႕မယ္ ဆိုတာေၾကာင့္ ကေလးၿမိဳ႕က ၿမိဳ႕မိၿမိဳ႕ဖေတြ၊ အရပ္ဘက္ အဖြဲ႕အစည္းေတြ အားလုံးက ပူးေပါင္းၿပီး ကန္႔ကြက္မႈေတြ လုပ္ခဲ့ပါတယ္။

"လူနာ အမွတ္ (၁) ကလည္း ကြၽန္ေတာ္တို႔ၿမိဳ႕က ျဖတ္သန္းသြားေတာ့ သူနဲ႔ထိေတြ႕မႈ မ်ားတာက ကေလးၿမိဳ႕ ျဖစ္တယ္။ ဒါကို စစ္ေဆးေနတဲ့ ကာလျဖစ္တယ္။ ဒါကို ကြၽန္ေတာ္တို႔ၿမိဳ႕က ျပင္ဆင္သင့္တာေတြကို ျပင္ဆင္ေနတဲ့ အေနအထား ရွိၿပီးေတာ့ လူထုကလည္း အရမ္းစိုးရိမ္ေနတဲ့" လို႔လည္း အထက္ခ်င္းတြင္း လူငယ္ ကြန္ရက္က ကိုေက်ာ္သက္ဝင္းက ေျပာ ပါတယ္။

အခု အခါမွာ ကေလးၿမိဳ႕မွာ လူနာ အမွတ္ (၁) ကေန ကူးစက္ခံရ သူေတြရွိ သလို သြယ္ဝိုက္ ကူးစက္ခံ လူနာေတြ ေတြလည္း ရွိလာပါၿပီ။

ဒါ့အျပင္ လူနာသစ္ေတြကလည္းကေလးၿမိဳ႕မွာ အသြားအလာ အဝင္အထြက္တာေတြရွိ တာေၾကာင့္ လူနာေတြ ထပ္တိုးလာမွာကို ၿမိဳ႕ခံေတြကလည္း စိုးရိမ္မႈေတြရွိေန ၾကတာလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52362938
---------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယ အများဆုံးမြို့


ဓာတ်ပုံ မူပိုင် Min Shwe San
Image caption ကလေးမြို့ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရ သူ၆ ဦးထိရှိလာ

ရန်ကုန်မြို့နဲ့ မိုင် ၅၀၀ လောက်ဝေးတဲ့ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်စပ် က ကလေးမြို့ဟာလူဦးရေ လေးသိန်းလောက် နေထိုင်ကြပါတယ် ။

ဒါပေမယ့် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် မှာတော့ လူ ၈ သန်းလောက်နေထိုင်တဲ့ ရန်ကုန်ပြီးရင် ကလေးမြို့ဟာ ဒုတိယ နေရာကို ဧပြီ ၂၀ ရက်နေ့ က စပြီး ရောက်လာပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ ဧပြီ ၂၀ ရက်နေ့ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ကလေးမြို့ မှာ ၄ ယောက်ထပ်တိုးပြီးတော့ ၆ ဦး အထိ ရှိလာနေပြီလို့ ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ရေးကော်မတီက ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ကလေးမြိုမှာ အရင်ကူးစက်မှုတွေဟာ လူနာ အမှတ် ၁ က တိုက်ရိုက်ကူးစက်တာဖြစ်ပြီးတော့ ၊အခုထပ်တွေ့တဲ့ လူနာလေးဦးဟာ၊ လူနာ အမှတ်၁ ကနေ ပထမဆုံးသွယ်ဝိုက်ကူးစက်ခံရတဲ့ လူနာတွေဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Ba Kyu
Image caption ပြည်ပ ခရီးသွားရာဇဝင် မရှိသူတွေ ကူးစက်ခံရတာဖြစ်

ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ၂၀ ရက်မှာ အတည်ပြုလိုက်တဲ့ ကလေးမြို့က ကူးစက်ခံရသူတွေဟာ ပြည်ပ ခရီးသွားရာဇဝင် မရှိပါဘူး။

ကလေးမြို့ က လူနာအမှတ် ၈၈ ရဲ့ မိသားစုက အတူနေ ခင်ပွန်း၊ သား နှစ်ဦး ၊ သမီးငယ် စုစုပေါင်း ၄ ဦး ကူးစက်ခံခဲ့ရတာ လို့လည်း ကလေးမြို့ မှာ ကိုဗစ်- ၁၉ ကာကွယ်ရေး လုပ်နေတဲ့ အရပ်ဘက် အဖွဲ့တွေကနေ သိရပါတယ်။

ကလေးမြို့က ဧပြီ ၁၈ ရက် နေ့ကပေးပို့တဲ့ ဓာတ်ခွဲနမူနာ ၈ ဦးရှိရာမှာ ၄ ဦး က ကူးစက်ခံရတဲ့ လူနာအဖြစ် ကျန်းမာရေး ဝန်ကြီးဌာန က ဧပြီလ ၂၀ မှာ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတည်းက ဖျားနာနေကြတာဖြစ်ပြီး၊ သူတို့နဲ့ ဆက်စပ်သူတွေကို ကလေးမြို့ ကိုဗစ်-၁၉ ကာကွယ်ရေး ကော်မတီက အသွားအလာကန့်သတ်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရသူတွေအတွက် လိုအပ်တဲ့ အစိုးရရဲ့ ကုသရေးအစီအမံတွေကို မြို့ခံလူထုက ဝိုင်းပြီး လှူဒါန်းထားကြပေမယ့် ကလေးမြို့မှာ ကူးစက်ရောဂါ ကုသတဲ့ အထူးကုဆေးရုံမရှိတာရယ် ၊ကျန်းမာရေးဝန်ထမ်းအကန့် အသတ်ရယ်ကြောင့် ရောဂါကူးစက်ခံရသူတွေ ထပ်တိုးလာမှာကို စိုးရိမ်နေရတယ်လို့လည်း ကိုကျော်သက်ဝင်းက ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် MHSM
Image caption No caption

ကလေးမြို့ရဲ့ ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရ သူ ပထဆုံးလူနာက လူနာ အမှတ် (၇၄) ဖြစ်ပါတယ်။

ရောဂါပိုးတွေ့ရှိခဲ့တဲ့ အတည်ပြုလူနာအမှတ် (၇၄) ဖြစ်တဲ့ အမျိုးသမီးဟာ အသက် ၆၃ နှစ်အရွယ်ရှိပြီး၊ မြန်မာနိုင်ငံက ပထမဆုံး ရောဂါပိုးတွေ့ရှိခဲ့တဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာ နံပါတ် ( ၁) တည်းခိုခဲ့တဲ့ ကလေးမြို့နေအိမ်က အိမ်ရှင်လည်း ဖြစ်ပါတယ်။

လူနာအမှတ် ၁ ပထမဆုံး ရောဂါတွေ့ရှိပြီးနောက် ၂၄ ရက်ကြာ၊ ဧပြီလ ၁၅ ရက်နေ့မှာ သူနဲ့ ထိတွေ့ခဲ့သူတဦးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကြောင်း ထပ်မံတွေ့ရှိရတာ ဖြစ်ပါတယ်။

ကလေးမြို့က ဒုတိယမြောက်လူနာကတော့ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးလူနာအမှတ် (၈၈) ဖြစ်ပါတယ်။

သူဟာ ပိုးတွေ့လူနာအမှတ် (၁)နဲ့ လူနာအမှတ် (၇၄)တို့နဲ့ ထိတွေ့ခဲ့သူဖြစ်တယ်လို့လည်းဆိုပါတယ်။
ဓာတ်ပုံ မူပိုင် ThantZin Lynn
Image caption ကလေးမြို့မှာ ကိုဗစ်- ၁၉ ရောဂါကူးစက်ခံရ သူတွေထားတဲ့ ဆေးရုံ

လူနာအမှတ် (၈၈) ဟာ လူနာနံပါတ် ၁ ရဲ့ သတို့သမီးရဲ့အမျိုးတော်သူ လည်းဖြစ်ပြီး၊ မင်္ဂလာဆောင် ဆုတောင်းပွဲ တက်ခဲ့ သူလို့လည်းသိရပါတယ်။ မင်္ဂလာဆောင်အပြန်ကို တီးတိန်ကနေ လိုင်းကားနဲ့ ကလေးမြို့ကို ပြန်လာခဲ့တာဖြစ်ပါတယ်။

ကလေးမြို့ ကိုဗစ် တိုက်ဖျက်ရေး ကော်မတီဝင်တွေ အပြော အရ သူဟာ လူနာ အမှတ် (၁)မင်္ဂလာဆောင် ဆုတောင်းပွဲကနေ ပြန်လာသူဖြစ်ပြီး အသွားအလာ ကန့်သတ်တာ မခံချင်လို့ မင်္ဂလာဆောင် သွားခဲ့တဲ့အကြောင်း မပြောခဲ့တာလို့လည်း ဆိုပါတယ်။

သူကနေမှ တဆင့် အသက် ၁၀ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင်နောက်ထပ် လေးဦးကို ဧပြီလ ၂၀ ရက်နေ့မှာ ရောဂါပိုးတွေ့ကြောင်း အစိုးရက အတည်ပြုခဲ့တာဖြစ်ပါတယ်။

အဲဒီသူတွေအားလုံးဟာ လူနာ အမှတ် (၈၈) ရဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Ba Kyu
Image caption လူနာ အမှတ် ၁ တည်းခိုသွားတဲ့ အိမ်နဲ့ ကလေးမြို့တွင်းလမ်းအချို့ အသွားအလာ ကန့်သတ်

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ တီးတိန်က လူနာတွေ ကလေးမြို့ရွှေ့မယ် ဆိုတာကြောင့် ကလေးမြို့က မြို့မိမြို့ဖတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ အားလုံးက ပူးပေါင်းပြီး ကန့်ကွက်မှုတွေ လုပ်ခဲ့ပါတယ်။

"လူနာ အမှတ် (၁) ကလည်း ကျွန်တော်တို့မြို့က ဖြတ်သန်းသွားတော့ သူနဲ့ထိတွေ့မှု များတာက ကလေးမြို့ ဖြစ်တယ်။ ဒါကို စစ်ဆေးနေတဲ့ ကာလဖြစ်တယ်။ ဒါကို ကျွန်တော်တို့မြို့က ပြင်ဆင်သင့်တာတွေကို ပြင်ဆင်နေတဲ့ အနေအထား ရှိပြီးတော့ လူထုကလည်း အရမ်းစိုးရိမ်နေတဲ့" လို့လည်း အထက်ချင်းတွင်း လူငယ် ကွန်ရက်က ကိုကျော်သက်ဝင်းက ပြော ပါတယ်။

အခု အခါမှာ ကလေးမြို့မှာ လူနာ အမှတ် (၁) ကနေ ကူးစက်ခံရ သူတွေရှိ သလို သွယ်ဝိုက် ကူးစက်ခံ လူနာတွေ တွေလည်း ရှိလာပါပြီ။

ဒါ့အပြင် လူနာသစ်တွေကလည်းကလေးမြို့မှာ အသွားအလာ အဝင်အထွက်တာတွေရှိ တာကြောင့် လူနာတွေ ထပ်တိုးလာမှာကို မြို့ခံတွေကလည်း စိုးရိမ်မှုတွေရှိနေ ကြတာလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52362938
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဒုတိယ အမ်ားဆုံးၿမိဳ႕ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ဒုတိယ အမ်ားဆုံးၿမိဳ႕ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.