ျပင္သစ္မွာ ဓားကိုင္တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဦးေသ၊ ငါးဦးဒဏ္ရာရ

ဒီတိုက္ခိုက္မႈေနာက္ကြယ္မွာ အၾကမ္းဖက္ဖို႔ရည္႐ြယ္ခ်က္ရွိတယ္လို႔ ရဲေတြက ယူဆေနပါတယ္။
(Zawgyi)⤵⤵⤵

ျပင္သစ္အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ ဓားကိုင္တိုက္ခိုက္မႈအတြင္း ေသဆုံးသူ ႏွစ္ဦးနဲ႔ ဒဏ္ရာရသူ ငါးဦးရွိခဲ့ပါတယ္။

အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္ေၾကာင္း ျပင္သစ္ ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။

မ်က္ျမင္သက္ေသေတြေျပာၾကားခ်က္အရ အၾကမ္းဖက္တိုက္ခိုက္သူဟာ ဟိုမန္ ဆူလီဆာၿမိဳ႕ထဲက ေဆး႐ြက္ႀကီးေရာင္းခ်တဲ့ဆိုင္ထဲ ဝင္ေရာက္ၿပီး အဲဒီက ဆိုင္ပိုင္ရွင္ေတြနဲ႔ ေဖာက္သည္တစ္ဦးကို ဓားနဲ႔ ထိုးခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

အဲဒီေနာက္ သူဟာ အနီးအနားက အသားေရာင္းခ်တဲ့ဆိုင္ကို သြားၿပီးလူေတြကို တိုက္ခိုက္ခဲ့ျပန္တယ္လို႔ ဆိုပါတယ္။

ျပင္သစ္မီဒီယာေတြရဲ႕ ေဖာ္ျပခ်က္အရ သံသယတရားခံဟာ ဆူဒန္ႏိုင္ငံသား အသက္ ၃၃ ႏွစ္အ႐ြယ္ျဖစ္ၿပီး အခုေတာ့ သူ႔ကို ဖမ္းမိၿပီလို႔ ဆိုပါတယ္။

 ျပင္သစ္ဟာ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈအျမင့္ဆုံး ငါးႏိုင္ငံစာရင္းထဲ ပါဝင္ေနပါတယ္။

သူ႔ကို ဖမ္းမိတဲ့အခ်ိန္မွာပဲ သူဟာ ပလက္ေဖာင္းေပၚမွာ အာရဗီဘာသာနဲ႔ ဒူးေထာက္ဆုေတာင္းလ်က္သား ေတြ႕ရတယ္လို႔ အစိုးရေရွ႕ေနက ဆိုပါတယ္။

ဒီတိုက္ခိုက္သူနဲ႔ပတ္သက္လို႔ ရဲနဲ႔ ေထာက္လွမ္းေရးဌာနတို႔က သိရွိထားတာမရွိဘူးလို႔ ျပင္သစ္သတင္းေတြက ဆိုပါတယ္။

တိုက္ခိုက္ရတဲ့ရည္႐ြယ္ခ်က္ကို ရွင္းရွင္းလင္းလင္းမသိရေသးဘဲ ျပည္ထဲေရးဝန္ႀကီး ခရစၥတိုဖီကတ္စ္တာနာကေတာ့ အၾကမ္းဖက္မႈဟာ တစ္ဦးတည္းေဆာင္႐ြက္တာဟုတ္မဟုတ္ ေပၚမူတည္ၿပီး အမ်ိဳးသားတန္ျပန္အၾကမ္းဖက္ေထာက္လွမ္းေရးေရွ႕ေနေတြက ဆုံးျဖတ္ေဆာင္႐ြက္လိမ့္မယ္လို႔ ဆိုပါတယ္။

အၾကမ္းဖက္တိုက္ခိုက္သူရဲ႕ ေနအိမ္ကို ဝင္ေရာက္ရွာေဖြရာမွာ ဘာသာေရးဆိုင္ရာေတြကိုေရးသားထားတဲ့ လက္ေရးမူစာ႐ြက္စာတမ္းေတြ ေတြ႕ခဲ့ရတယ္လို႔ ေရွ႕ေနခ်ဳပ္႐ုံးက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မေန႔က စေန႔ေန႔မွာေတာ့ အဲဒီတိုက္ခိုက္သူနဲ႔အတူေနသူတစ္ဦးကို ထပ္မံဖမ္းဆီးထားတယ္လို႔ ဆိုပါတယ္။

တိုက္ခိုက္မႈအတြင္းဒဏ္ရာရသူေတြထဲက ႏွစ္ဦးဟာ စိုးရိမ္ရတယ္လို႔ ဆိုပါတယ္။

ျပင္သစ္ဟာ လတ္တေလာမွာ ကပ္ေရာဂါ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားေနမႈေၾကာင့္ အသြားအလာကန႔္သတ္မႈေတြကို ျပဳလုပ္ထားရတာျဖစ္ပါတယ္။ လူေတြကို အေျခခံလိုအပ္ခ်က္ေတြ ဝယ္ယူဖို႔ ဒါမွမဟုတ္ တစ္ကိုယ္ရည္ေလ့က်င့္ခန္း ေတြလုပ္ဖို႔အတြက္သာ အျပင္အထြက္ခြင့္ ျပဳထားတာျဖစ္ပါတယ္။

ျပင္သစ္ႏိုင္ငံ၊ ၿမိဳ႕ေတာ္ ပဲရစ္မွာ အစၥလာမစ္အဖြဲ႕ IS တိုက္ခိုက္မႈေတြႀကဳံခဲ့ရၿပီးတဲ့ေနာက္ ၂၀၁၅ ခုႏွစ္တည္းက လုံၿခဳံေရးသတိရွိေနတဲ့ႏိုင္ငံလည္း ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52162594
-------------
(Unicode)⤵⤵⤵
ပြင်သစ်မှာ ဓားကိုင်တိုက်ခိုက်မှုကြောင့် နှစ်ဦးသေ၊ ငါးဦးဒဏ်ရာရ
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီတိုက်ခိုက်မှုနောက်ကွယ်မှာ အကြမ်းဖက်ဖို့ရည်ရွယ်ချက်ရှိတယ်လို့ ရဲတွေက ယူဆနေပါတယ်။

ပြင်သစ်အရှေ့တောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားကိုင်တိုက်ခိုက်မှုအတွင်း သေဆုံးသူ နှစ်ဦးနဲ့ ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ကြောင်း ပြင်သစ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

မျက်မြင်သက်သေတွေပြောကြားချက်အရ အကြမ်းဖက်တိုက်ခိုက်သူဟာ ဟိုမန် ဆူလီဆာမြို့ထဲက ဆေးရွက်ကြီးရောင်းချတဲ့ဆိုင်ထဲ ဝင်ရောက်ပြီး အဲဒီက ဆိုင်ပိုင်ရှင်တွေနဲ့ ဖောက်သည်တစ်ဦးကို ဓားနဲ့ ထိုးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီနောက် သူဟာ အနီးအနားက အသားရောင်းချတဲ့ဆိုင်ကို သွားပြီးလူတွေကို တိုက်ခိုက်ခဲ့ပြန်တယ်လို့ ဆိုပါတယ်။

ပြင်သစ်မီဒီယာတွေရဲ့ ဖော်ပြချက်အရ သံသယတရားခံဟာ ဆူဒန်နိုင်ငံသား အသက် ၃၃ နှစ်အရွယ်ဖြစ်ပြီး အခုတော့ သူ့ကို ဖမ်းမိပြီလို့ ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption ပြင်သစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုအမြင့်ဆုံး ငါးနိုင်ငံစာရင်းထဲ ပါဝင်နေပါတယ်။

သူ့ကို ဖမ်းမိတဲ့အချိန်မှာပဲ သူဟာ ပလက်ဖောင်းပေါ်မှာ အာရဗီဘာသာနဲ့ ဒူးထောက်ဆုတောင်းလျက်သား တွေ့ရတယ်လို့ အစိုးရရှေ့နေက ဆိုပါတယ်။

ဒီတိုက်ခိုက်သူနဲ့ပတ်သက်လို့ ရဲနဲ့ ထောက်လှမ်းရေးဌာနတို့က သိရှိထားတာမရှိဘူးလို့ ပြင်သစ်သတင်းတွေက ဆိုပါတယ်။

တိုက်ခိုက်ရတဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်းမသိရသေးဘဲ ပြည်ထဲရေးဝန်ကြီး ခရစ္စတိုဖီကတ်စ်တာနာကတော့ အကြမ်းဖက်မှုဟာ တစ်ဦးတည်းဆောင်ရွက်တာဟုတ်မဟုတ် ပေါ်မူတည်ပြီး အမျိုးသားတန်ပြန်အကြမ်းဖက်ထောက်လှမ်းရေးရှေ့နေတွေက ဆုံးဖြတ်ဆောင်ရွက်လိမ့်မယ်လို့ ဆိုပါတယ်။

အကြမ်းဖက်တိုက်ခိုက်သူရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာမှာ ဘာသာရေးဆိုင်ရာတွေကိုရေးသားထားတဲ့ လက်ရေးမူစာရွက်စာတမ်းတွေ တွေ့ခဲ့ရတယ်လို့ ရှေ့နေချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မနေ့က စနေ့နေ့မှာတော့ အဲဒီတိုက်ခိုက်သူနဲ့အတူနေသူတစ်ဦးကို ထပ်မံဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်းဒဏ်ရာရသူတွေထဲက နှစ်ဦးဟာ စိုးရိမ်ရတယ်လို့ ဆိုပါတယ်။

ပြင်သစ်ဟာ လတ်တလောမှာ ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေမှုကြောင့် အသွားအလာကန့်သတ်မှုတွေကို ပြုလုပ်ထားရတာဖြစ်ပါတယ်။ လူတွေကို အခြေခံလိုအပ်ချက်တွေ ဝယ်ယူဖို့ ဒါမှမဟုတ် တစ်ကိုယ်ရည်လေ့ကျင့်ခန်း တွေလုပ်ဖို့အတွက်သာ အပြင်အထွက်ခွင့် ပြုထားတာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ၊ မြို့တော် ပဲရစ်မှာ အစ္စလာမစ်အဖွဲ့ IS တိုက်ခိုက်မှုတွေကြုံခဲ့ရပြီးတဲ့နောက် ၂၀၁၅ ခုနှစ်တည်းက လုံခြုံရေးသတိရှိနေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162594
ျပင္သစ္မွာ ဓားကိုင္တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဦးေသ၊ ငါးဦးဒဏ္ရာရ ျပင္သစ္မွာ ဓားကိုင္တိုက္ခိုက္မႈေၾကာင့္ ႏွစ္ဦးေသ၊ ငါးဦးဒဏ္ရာရ Reviewed by THITHTOOLWIN on 19:57 Rating: 5
Powered by Blogger.