မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေနထိုင္သြားလာမႈ စည္းကမ္း တင္းက်ပ္


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ အႏၲရာယ္ ႀကိဳတင္ကာကြယ္ေရးအတြက္ မႏၲေလးတိုင္းေဒသႀကီးအတြင္း လိုက္နာဖို႔ အခ်က္ ေျခာက္ခ်က္ပါဝင္တဲ့ တားျမစ္ခ်က္ကို တိုင္းအစိုးရအဖြဲ႕က ထုတ္ျပန္လိုက္ပါတယ္။

ဧၿပီ ၇ ရက္ေန႔က စၿပီး မႏၲေလးတိုင္းအတြင္းမွာရွိတဲ့ ဟိုတယ္၊ မိုတယ္ေတြ၊ အဝတ္အထည္ဆိုင္ေတြ၊ ခရီးသည္တင္ ယာဥ္လိုင္းေတြ၊ ဘုရားဖူးယာဥ္ေတြကို ဝင္ထြက္သြားလာခြင့္ ပိတ္ထားရမွာျဖစ္ၿပီး မလိုက္နာရင္ အေရးယူသြားမယ္ လို႔ မႏၲေလးတိုင္း ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ဒီေန႔ ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။

ပိတ္ထားမယ့္ အခ်ိန္ဟာ ၁၄ ရက္ၾကာျမင့္မွာျဖစ္ၿပီး ဧၿပီ ၂၁ ရက္ေန႔ည အထိ သတ္မွတ္ထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔ ခရီးသည္နဲ႔ ကုန္စည္ပို႔ေဆာင္ေပးေနတဲ့ ေ႐ႊစင္စက္ျာယာဥ္လိုင္း တာဝန္ခံ ဦးေက်ာ္မင္းက ေဒသႏၲရအမိန႔္ျဖစ္တဲ့အတြက္ လိုက္နာမယ္လို႔ ေျပာပါတယ္။

“ကားဝန္းထဲမွာ ဝင္ထြက္ခြင့္မရွိေတာ့ဘူး၊ ခရီးသည္ေတြ ဝင္ထြက္ခြင့္မရွိေတာ့ဘူး၊ ဂိတ္ေစာင့္ဝန္ထမ္းေတြ လည္း စာရင္းေကာက္တယ္။ ပိုၿပီးေနထိုင္ခြင့္မရွိဘူး၊ ပိုေနရင္ အေရးယူျခင္းခံရမယ္"

ႁခြင္းခ်က္အေနနဲ႔ကေတာ့ အိမ္စီးကားေတြဆိုရင္ ယာဥ္ေမာင္းအပါအဝင္ ခုႏွစ္ဦးထက္မပိုရင္ သြားလာခြင့္ရမွာ ျဖစ္သလို ကုန္စည္စီးဆင္းမႈ မထိခိုက္ေစဖို႔အတြက္လည္း ကုန္တင္ယာဥ္ေတြကို ဝင္ထြက္သြားလာခြင့္ေပးထားမွာ ျဖစ္ပါတယ္။

ေဆး႐ုံေတြ၊ လွ်ပ္စစ္လုပ္ငန္းေတြ၊ ေဆးဝါးထုတ္လုပ္တဲ့လုပ္ငန္းေတြ၊ ဆီဆိုင္ေတြ၊ ဘဏ္ေတြလို မရွိမျဖစ္ ဆိုင္ေတြကေတာ့ ဖြင့္ခြင့္ေပးသြားမွာျဖစ္တယ္လို႔ မႏၲေလးတိုင္း ေခတၱဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ေျပာပါတယ္။

“က်န္းမာမွသာ သြားလာခြင့္ျပဳပါမယ္၊ အဓိပၸာယ္က ဗိုင္းရပ္ ကူးစက္တာကို ထိန္းခ်ဳပ္ခ်င္တာ၊ သၾကၤန္မွာ အိမ္မွာေနရမယ္။ အဲဒါနဲ႔ေပါင္းစပ္ၿပီး အကန႔္သတ္နဲ႔ကူးလာတာကို ကန႔္သတ္ၿပီး ဗိုင္းရပ္စ္ကို ကာကြယ္ ခ်င္တာ"

ဖြင့္လွစ္ခြင့္ေပးထားတဲ့ လုပ္ငန္းေတြ မဖြင့္ဘူးဆိုရင္ အေရးယူမယ္လို႔လည္း ဒီေန႔ ထုတ္ျပန္ခ်က္မွာ ပါဝင္ပါတယ္။

မႏၲေလးၿမိဳ႕ေဒသခံ ဦးစန္းယုေက်ာ္က ကန႔္သတ္ခ်က္ေတြေၾကာင့္ ႀကဳံေတြ႕ရႏိုင္တဲ့ အခက္အခဲေတြကို အခုလိုေျပာျပပါတယ္။

“အေရးေပၚႀကဳံလာရင္  ဘယ္သူ႔ကို ခြင့္ျပဳခ်က္ေတာင္းရမလဲဆိုတာေတြ ဆက္သြယ္ရမွာေတြ ထုတ္ျပန္သင့္ တယ္။ သယ္ယူပို႔ေဆာင္ေရး ပိတ္တယ္ေျပာတယ္။ ရထားေတြ၊ ေလယာဥ္ေတြမပါ‌ေတာ့ ခြင့္ျပဳမယ့္သေဘာ ရွိတယ္။ ရထားက စီးရတာ အႏၲရာယ္အရမ္းမ်ားတယ္။ ကားပိတ္ရင္ ရထားဘက္မွာသြားပုံမယ္၊ ဒီအတြက္ မႏၲေလးအစိုးရအေနနဲ႔ ျပည္ေထာင္စု အစိုးရနဲ႔ပူးေပါင္းၿပီး ဘယ္လိုစီစဥ္ထားလဲဆိုတာ ေမးခြန္းထုတ္ ခ်င္တယ္။"

ခ်မ္းျမသာစည္ၿမိဳ႕နယ္က လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ေအာင္မိုးကေတာ့ အခုလက္ရွိ စီစဥ္ေနတာေတြဟာ ျပည္သူေတြ ထိန႔္လန႔္မႈမရွိေအာင္ တစ္ဆင့္ခ်င္းသြားေနတာလို႔ ယူဆေၾကာင္းေျပာပါတယ္။

“ျပည္သူေတြအတြက္ စနစ္တက်နဲ႔ ေဆာင္႐ြက္ေနတာပါ။"

မႏၲေလးတိုင္းနည္းတူ ရွမ္းျပည္နယ္မွာလည္း ဧၿပီ ၇ ရက္ေန႔ကစၿပီး ခရီးသည္ပို႔ေဆာင္ေရးလုပ္ငန္းေတြ ရပ္နား ထားဖို႔၊ စားေသာက္ကုန္နဲ႔ ေဆးဝါး၊ ေဆးပစၥည္း၊ စက္သုံးဆီေတြ မျပတ္လပ္ေစဖို႔အတြက္ ကုန္စည္ပို႔ေဆာင္ေရး လုပ္ငန္းေတြ ဆက္လက္ေဆာင္႐ြက္ႏိုင္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/mdy-discipline-for-prevention-coronavirus-04052020032548.html
-------------
(Unicode)⤵⤵⤵
မန္တလေးမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် နေထိုင်သွားလာမှု စည်းကမ်း

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မန္တလေးတိုင်းဒေသကြီးအတွင်း လိုက်နာဖို့ အချက် ခြောက်ချက်ပါဝင်တဲ့ တားမြစ်ချက်ကို တိုင်းအစိုးရအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၇ ရက်နေ့က စပြီး မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ဟိုတယ်၊ မိုတယ်တွေ၊ အဝတ်အထည်ဆိုင်တွေ၊ ခရီးသည်တင် ယာဉ်လိုင်းတွေ၊ ဘုရားဖူးယာဉ်တွေကို ဝင်ထွက်သွားလာခွင့် ပိတ်ထားရမှာဖြစ်ပြီး မလိုက်နာရင် အရေးယူသွားမယ် လို့ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

ပိတ်ထားမယ့် အချိန်ဟာ ၁၄ ရက်ကြာမြင့်မှာဖြစ်ပြီး ဧပြီ ၂၁ ရက်နေ့ည အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့ ခရီးသည်နဲ့ ကုန်စည်ပို့ဆောင်ပေးနေတဲ့ ရွှေစင်စက်ြာယာဉ်လိုင်း တာဝန်ခံ ဦးကျော်မင်းက ဒေသန္တရအမိန့်ဖြစ်တဲ့အတွက် လိုက်နာမယ်လို့ ပြောပါတယ်။

“ကားဝန်းထဲမှာ ဝင်ထွက်ခွင့်မရှိတော့ဘူး၊ ခရီးသည်တွေ ဝင်ထွက်ခွင့်မရှိတော့ဘူး၊ ဂိတ်စောင့်ဝန်ထမ်းတွေ လည်း စာရင်းကောက်တယ်။ ပိုပြီးနေထိုင်ခွင့်မရှိဘူး၊ ပိုနေရင် အရေးယူခြင်းခံရမယ်"

ခြွင်းချက်အနေနဲ့ကတော့ အိမ်စီးကားတွေဆိုရင် ယာဉ်မောင်းအပါအဝင် ခုနှစ်ဦးထက်မပိုရင် သွားလာခွင့်ရမှာ ဖြစ်သလို ကုန်စည်စီးဆင်းမှု မထိခိုက်စေဖို့အတွက်လည်း ကုန်တင်ယာဉ်တွေကို ဝင်ထွက်သွားလာခွင့်ပေးထားမှာ ဖြစ်ပါတယ်။

ဆေးရုံတွေ၊ လျှပ်စစ်လုပ်ငန်းတွေ၊ ဆေးဝါးထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ ဆီဆိုင်တွေ၊ ဘဏ်တွေလို မရှိမဖြစ် ဆိုင်တွေကတော့ ဖွင့်ခွင့်ပေးသွားမှာဖြစ်တယ်လို့ မန္တလေးတိုင်း ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောပါတယ်။

“ကျန်းမာမှသာ သွားလာခွင့်ပြုပါမယ်၊ အဓိပ္ပာယ်က ဗိုင်းရပ် ကူးစက်တာကို ထိန်းချုပ်ချင်တာ၊ သင်္ကြန်မှာ အိမ်မှာနေရမယ်။ အဲဒါနဲ့ပေါင်းစပ်ပြီး အကန့်သတ်နဲ့ကူးလာတာကို ကန့်သတ်ပြီး ဗိုင်းရပ်စ်ကို ကာကွယ် ချင်တာ"

ဖွင့်လှစ်ခွင့်ပေးထားတဲ့ လုပ်ငန်းတွေ မဖွင့်ဘူးဆိုရင် အရေးယူမယ်လို့လည်း ဒီနေ့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

မန္တလေးမြို့ဒေသခံ ဦးစန်းယုကျော်က ကန့်သတ်ချက်တွေကြောင့် ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေကို အခုလိုပြောပြပါတယ်။

“အရေးပေါ်ကြုံလာရင်  ဘယ်သူ့ကို ခွင့်ပြုချက်တောင်းရမလဲဆိုတာတွေ ဆက်သွယ်ရမှာတွေ ထုတ်ပြန်သင့် တယ်။ သယ်ယူပို့ဆောင်ရေး ပိတ်တယ်ပြောတယ်။ ရထားတွေ၊ လေယာဉ်တွေမပါ‌တော့ ခွင့်ပြုမယ့်သဘော ရှိတယ်။ ရထားက စီးရတာ အန္တရာယ်အရမ်းများတယ်။ ကားပိတ်ရင် ရထားဘက်မှာသွားပုံမယ်၊ ဒီအတွက် မန္တလေးအစိုးရအနေနဲ့ ပြည်ထောင်စု အစိုးရနဲ့ပူးပေါင်းပြီး ဘယ်လိုစီစဉ်ထားလဲဆိုတာ မေးခွန်းထုတ် ချင်တယ်။"

ချမ်းမြသာစည်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်အောင်မိုးကတော့ အခုလက်ရှိ စီစဉ်နေတာတွေဟာ ပြည်သူတွေ ထိန့်လန့်မှုမရှိအောင် တစ်ဆင့်ချင်းသွားနေတာလို့ ယူဆကြောင်းပြောပါတယ်။

“ပြည်သူတွေအတွက် စနစ်တကျနဲ့ ဆောင်ရွက်နေတာပါ။"

မန္တလေးတိုင်းနည်းတူ ရှမ်းပြည်နယ်မှာလည်း ဧပြီ ၇ ရက်နေ့ကစပြီး ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းတွေ ရပ်နား ထားဖို့၊ စားသောက်ကုန်နဲ့ ဆေးဝါး၊ ဆေးပစ္စည်း၊ စက်သုံးဆီတွေ မပြတ်လပ်စေဖို့အတွက် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/mdy-discipline-for-prevention-coronavirus-04052020032548.html
မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေနထိုင္သြားလာမႈ စည္းကမ္း တင္းက်ပ္ မႏၲေလးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ ေနထိုင္သြားလာမႈ စည္းကမ္း တင္းက်ပ္ Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.