နယူးေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၅၀၀ ေက်ာ္ ထိ ျမင့္တက္

 နယူးေယာက္ၿမိဳ႕က ေဆး႐ုံေတြမွာ ေဆးပစၥည္းျပတ္လပ္မႈနဲ႔ ႀကဳံေနရပါတယ္။
(Zawgyi)⤵⤵⤵
နယူးေယာက္မွာ မေန႔က တစ္ရက္တည္းနဲ႔ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ေသဆုံးသူေပါင္း ၆၃၀ ေက်ာ္ရွိၿပီး ဒါက စုစုေပါင္း ေသဆုံးသူ ၃,၅၆၅ ထိ စံခ်ိန္တင္ ခဲ့တာပါ။

ေသဆုံးမႈအမ်ားစုဟာ နယူးေယာက္ၿမိဳ႕က ျဖစ္ပါတယ္။

နယူးေယာက္ျပည္နယ္ဟာ အေမရိကန္ ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ ကူးစက္ခံရမႈအမ်ားဆုံးျဖစ္ၿပီး စုစုေပါင္း ၁၁၃,၀၀၀ ေက်ာ္ ျဖစ္ပါတယ္။ ဒါက အီတလီတစ္ႏိုင္ငံလုံးမွာ ဗိုင္းရပ္စ္ ျဖစ္ပြားမႈႏႈန္းနဲ႔ အတူတူေလာက္ ပဲ ျဖစ္ပါတယ္။
နယူးေယာက္ဟာ အေမရိကန္ျပည္ေထာင္စုမွာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားရာ ဗဟိုခ်က္မျဖစ္ေနပါတယ္။

နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အန္ဒ႐ူးကူမိုက ဗိုင္းရပ္စ္ ကူးစက္မႈဟာ လာမယ့္ ေလးရက္ကေန၁၄ ရက္အတြင္း အျမင့္ဆုံးအေျခအေနကို ေရာက္ႏိုင္တယ္လို႔ေျပာပါတယ္။

အုပ္ခ်ဳပ္ေရးမႉးက လူနာေတြအတြက္ အသက္ရႉစက္ေတြမ်ားမ်ား ဆက္လက္ရွာေဖြေနတယ္လို႔ ဆိုပါတယ္။ စေနေန႔က ေရာက္လာတဲ့ တ႐ုတ္က ေပးပို႔လိုက္တဲ့ အသက္ရႉစက္ အလုံး ၁၀၀၀ အတြက္လည္း တ႐ုတ္ႏိုင္ငံကို ေက်းဇူးတင္တယ္လို႔ သူကဆိုပါတယ္။

အဲဒီထဲက ေအာ္ရီဂြန္ျပည္နယ္အတြက္ အသက္ရႉစက္ အလုံး ၁၄၀ ေက်ာ္ကို ေပးပို႔သြားမယ္လို႔ ဆိုပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူေပါင္း ၃၀၀,၀၀၀ ေက်ာ္ရွိၿပီး နယူးေယာက္ျပည္နယ္တစ္ခုတည္းတင္ ကူးစက္သူေပါင္း ၁၁၃,၀၀၀ ေက်ာ္ရွိၿပီး အဲဒီထဲက ၆၃,၀၀၀ ေက်ာ္က နယူးေယာက္ၿမိဳ႕ေတာ္က ျဖစ္ပါတယ္။

အေမရိကန္တစ္ႏိုင္ငံလုံးမွာဆို ဒီဗိုင္းရပ္စ္နဲ႔ လူေပါင္း ၈,၀၀၀ ေက်ာ္ေ သဆုံးခဲ့ပါတယ္။

မစၥတာ ကူမိုက နယူးေယာက္ၿမိဳ႕ေတာ္ထဲမွာ ေရာဂါကူးစက္ျဖစ္ပြားႏႈန္းနဲ႔ ေသဆုံးႏႈန္းဟာ ျဖည္းျဖည္းခ်င္း တိုးလာေနတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ အနီးနားမွာရွိတဲ့ ေလာင္းအိုင္ယာလန္ျပည္နယ္မွာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ တိုးလာတာက စိုးရိမ္စရာေကာင္းတယ္လို႔ ဆိုပါတယ္။

အေျခအေနအဆိုးဆုံးျဖစ္ေနတဲ့ နယူးေယာက္ကို ကူညီဖို႔ လူေပါင္း ၈၅,၀၀၀ ေက်ာ္ကလည္း စာရင္းေပးခဲ့ၾကပါတယ္။

နယူးေယာက္ၿမိဳ႕ေတာ္ဝန္ ဘီလ္ဒီဘလာစီယိုကေတာ့ အရည္အေသြးျပည့္မီတဲ့ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ကူညီလုပ္ကိုင္ေပးမယ့္သူေတြ အေရးေပၚလိုအပ္ေနတယ္လို႔ သူ႔ရဲ႕ ရွစ္သန္းေသာ ၿမိဳ႕ေနလူထုကို သတင္းစကားပါးခဲ့ပါတယ္။

ဧၿပီနဲ႔ေမလအတြင္း ဒီကပ္ေရာဂါကို ကိုင္တြယ္ဖို႔ ေဆးဝန္ထမ္းေပါင္း ၄၅,၀၀၀ ေက်ာ္ လိုအပ္မယ္လို႔ မစၥတာ ဒီဘလာစီယိုက ဆိုပါတယ္။

တစ္ကမာၻလုံးမွာေတာ့ ဗိုင္းရပ္စ္ကူးစက္သူ တစ္သန္းတစ္သိန္းေက်ာ္ ရွိသြားၿပီျဖစ္ၿပီး ၆၀,၀၀၀ ေက်ာ္ ေသဆုံးထားၿပီျဖစ္တယ္လို႔ အေမရိကန္ျပည္ေထာင္စု ဂြၽန္ေဟာ့ပ္ကင္းတကၠသိုလ္ သုေတသနက ဆိုပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52162594
------------
(Unicode)⤵⤵⤵

 နယူးယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၃၅၀၀ ကျော် ထိ မြင့်တက်
ဓာတ်ပုံ မူပိုင် Getty Images
Image caption နယူးယောက်မြို့က ဆေးရုံတွေမှာ ဆေးပစ္စည်းပြတ်လပ်မှုနဲ့ ကြုံနေရပါတယ်။

နယူးယောက်မှာ မနေ့က တစ်ရက်တည်းနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသူပေါင်း ၆၃၀ ကျော်ရှိပြီး ဒါက စုစုပေါင်း သေဆုံးသူ ၃,၅၆၅ ထိ စံချိန်တင် ခဲ့တာပါ။

သေဆုံးမှုအများစုဟာ နယူးယောက်မြို့က ဖြစ်ပါတယ်။

နယူးယောက်ပြည်နယ်ဟာ အမေရိကန် ပြည်ထောင်စုမှာ ဗိုင်းရပ်စ် ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး စုစုပေါင်း ၁၁၃,၀၀၀ ကျော် ဖြစ်ပါတယ်။ ဒါက အီတလီတစ်နိုင်ငံလုံးမှာ ဗိုင်းရပ်စ် ဖြစ်ပွားမှုနှုန်းနဲ့ အတူတူလောက် ပဲ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption နယူးယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားရာ ဗဟိုချက်မဖြစ်နေပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အန်ဒရူးကူမိုက ဗိုင်းရပ်စ် ကူးစက်မှုဟာ လာမယ့် လေးရက်ကနေ၁၄ ရက်အတွင်း အမြင့်ဆုံးအခြေအနေကို ရောက်နိုင်တယ်လို့ပြောပါတယ်။

အုပ်ချုပ်ရေးမှူးက လူနာတွေအတွက် အသက်ရှူစက်တွေများများ ဆက်လက်ရှာဖွေနေတယ်လို့ ဆိုပါတယ်။ စနေနေ့က ရောက်လာတဲ့ တရုတ်က ပေးပို့လိုက်တဲ့ အသက်ရှူစက် အလုံး ၁၀၀၀ အတွက်လည်း တရုတ်နိုင်ငံကို ကျေးဇူးတင်တယ်လို့ သူကဆိုပါတယ်။

အဲဒီထဲက အော်ရီဂွန်ပြည်နယ်အတွက် အသက်ရှူစက် အလုံး ၁၄၀ ကျော်ကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၃၀၀,၀၀၀ ကျော်ရှိပြီး နယူးယောက်ပြည်နယ်တစ်ခုတည်းတင် ကူးစက်သူပေါင်း ၁၁၃,၀၀၀ ကျော်ရှိပြီး အဲဒီထဲက ၆၃,၀၀၀ ကျော်က နယူးယောက်မြို့တော်က ဖြစ်ပါတယ်။

အမေရိကန်တစ်နိုင်ငံလုံးမှာဆို ဒီဗိုင်းရပ်စ်နဲ့ လူပေါင်း ၈,၀၀၀ ကျော်ေ သဆုံးခဲ့ပါတယ်။

မစ္စတာ ကူမိုက နယူးယောက်မြို့တော်ထဲမှာ ရောဂါကူးစက်ဖြစ်ပွားနှုန်းနဲ့ သေဆုံးနှုန်းဟာ ဖြည်းဖြည်းချင်း တိုးလာနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အနီးနားမှာရှိတဲ့ လောင်းအိုင်ယာလန်ပြည်နယ်မှာ ဗိုင်းရပ်စ် ကူးစက်မှုတွေ တိုးလာတာက စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။

အခြေအနေအဆိုးဆုံးဖြစ်နေတဲ့ နယူးယောက်ကို ကူညီဖို့ လူပေါင်း ၈၅,၀၀၀ ကျော်ကလည်း စာရင်းပေးခဲ့ကြပါတယ်။

နယူးယောက်မြို့တော်ဝန် ဘီလ်ဒီဘလာစီယိုကတော့ အရည်အသွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီလုပ်ကိုင်ပေးမယ့်သူတွေ အရေးပေါ်လိုအပ်နေတယ်လို့ သူ့ရဲ့ ရှစ်သန်းသော မြို့နေလူထုကို သတင်းစကားပါးခဲ့ပါတယ်။

ဧပြီနဲ့မေလအတွင်း ဒီကပ်ရောဂါကို ကိုင်တွယ်ဖို့ ဆေးဝန်ထမ်းပေါင်း ၄၅,၀၀၀ ကျော် လိုအပ်မယ်လို့ မစ္စတာ ဒီဘလာစီယိုက ဆိုပါတယ်။

တစ်ကမ္ဘာလုံးမှာတော့ ဗိုင်းရပ်စ်ကူးစက်သူ တစ်သန်းတစ်သိန်းကျော် ရှိသွားပြီဖြစ်ပြီး ၆၀,၀၀၀ ကျော် သေဆုံးထားပြီဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ပ်ကင်းတက္ကသိုလ် သုတေသနက ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52162594
နယူးေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၅၀၀ ေက်ာ္ ထိ ျမင့္တက္  နယူးေယာက္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၃၅၀၀ ေက်ာ္ ထိ ျမင့္တက္ Reviewed by THITHTOOLWIN on 19:54 Rating: 5
Powered by Blogger.