အလုပ္လက္မဲ့ ခံစားခြင့္ေလွ်ာက္ထားသူ ကန္ မွာ ၄ သန္းခြဲနီးပါးထပ္တုိး


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကူးစက္ေနမႈ ျပႆနာေၾကာင့္ အေမရိကန္ စီးပြားေရးလုပ္ငန္းအမ်ားစု ရပ္ဆိုင္းသြားလို႔ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲ အလုပ္ လက္မဲ့ ခံစားခြင့္ ေတာင္းခံသူ ေနာက္ထပ္ ၄.၄ သန္းတိုးလာတယ္လို႔ အေမရိကန္ အလုပ္သမား ဝန္ႀကီးဌာနက ၾကာသပေတးေန႔က ေၾကညာခဲ့ပါတယ္။

အခုလို တိုးလာတာေၾကာင့္ အေမရိကန္နိုင္ငံမွာ သီတင္း ၅ ပတ္အတြင္း ခံစားခြင့္ ေတာင္းခံသူ စုစုေပါင္း ၂၆.၅ သန္း ရွိသြားၿပီ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္သီတင္းပတ္အတြင္း စီးပြားေရးလုပ္ငန္းတခ်ိဳ႕ကို ျပန္ဖြင့္နိုင္ဖို႔ ျပည္နယ္ေတြကနည္းလမ္းရွာေဖြေနၾကရပါတယ္။

ကပ္ေရာဂါက အေမရိကန္ စီးပြားေရးကိုအႀကီးအက်ယ္ ရိုက္ခတ္ေနတာေၾကာင့္ ေနာက္လာမယ့္ အပတ္ေတြမွာလည္း အလုပ္ ဆုံးရႈံးၾကရသူ ေတြ သန္းနဲ႔ခ်ီၿပီးအလုပ္လက္မဲ့ ခံစားခြင့္ေတြ ေလၽွာက္ထား ၾကလိမ့္ဦးမယ္လို႔ ခန္႔မွန္း ရပါတယ္။

၁၉၃၀ ျပည့္ႏွစ္ဝန္းက်င္ စီးပြားပ်က္ကပ္ႀကီးေနာက္ပိုင္း အေမရိကန္နိုင္ငံမွာ အလုပ္လက္မဲ့ဦးေရ ဒီေလာက္အထိ မ်ားတာမ်ိဳး မၾကဳံခဲ့ရ ပါဘူး။ အခုအတိုင္းအတာ အရ အလုပ္လုပ္သူ ၆ ဦးမွာ ၁ ဦးနီးပါး အလုပ္လက္မဲ့ ျဖစ္ေနတာပါ။

နိုင္ငံတြင္း ကိုရိုနာဗိုင္းရပ္စ္ သိသိသာသာ ကူးစက္ ျပန္ပြားလာတဲ့ မတ္လလယ္ေလာက္ကတည္းက ကုမၼဏီတခ်ိဳ႕က ဝန္ထမ္းေတြကို အလုပ္ရပ္ဆိုင္းခဲ့ပါတယ္။ အလုပ္လက္မဲ့ ဦးေရတိုးလာတာနဲ႔ အတူ အစုရွယ္ယာေစ်းကြက္လည္း က်ဆင္းေနပါတယ္။ လာမယ့္ ဧၿပီ ကေန ဇြန္လအတြင္း အေမ ရိကန္ အေနနဲ႔ ဒုတိယကမၻာစစ္ႀကီးေနာက္ပိုင္း အဆိုးဆုံး စီးပြားေရးက်ဆင္းမႈနဲ႔ ၾကဳံေတြ႕ရမယ္လို႔ သုံးသပ္သူေတြက ခန္႔မွန္းထားၾကပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------

အလုပ်လက်မဲ့ခံစားခွင့်လျှောက်ထားသူ ကန် မှာ ၄ သန်းခွဲနီးပါးထပ်တိုး

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှု ပြဿနာကြောင့် အမေရိကန် စီးပွားရေးလုပ်ငန်းအများစု ရပ်ဆိုင်းသွားလို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ အလုပ် လက်မဲ့ ခံစားခွင့် တောင်းခံသူ နောက်ထပ် ၄.၄ သန်းတိုးလာတယ်လို့ အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

အခုလို တိုးလာတာကြောင့် အမေရိကန်နိုင်ငံမှာ သီတင်း ၅ ပတ်အတွင်း ခံစားခွင့် တောင်းခံသူ စုစုပေါင်း ၂၆.၅ သန်း ရှိသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်သီတင်းပတ်အတွင်း စီးပွားရေးလုပ်ငန်းတချို့ကို ပြန်ဖွင့်နိုင်ဖို့ ပြည်နယ်တွေကနည်းလမ်းရှာဖွေနေကြရပါတယ်။

ကပ်ရောဂါက အမေရိကန် စီးပွားရေးကိုအကြီးအကျယ် ရိုက်ခတ်နေတာကြောင့် နောက်လာမယ့် အပတ်တွေမှာလည်း အလုပ် ဆုံးရှုံးကြရသူ တွေ သန်းနဲ့ချီပြီးအလုပ်လက်မဲ့ ခံစားခွင့်တွေ လျှောက်ထား ကြလိမ့်ဦးမယ်လို့ ခန့်မှန်း ရပါတယ်။

၁၉၃၀ ပြည့်နှစ်ဝန်းကျင် စီးပွားပျက်ကပ်ကြီးနောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ဦးရေ ဒီလောက်အထိ များတာမျိုး မကြုံခဲ့ရ ပါဘူး။ အခုအတိုင်းအတာ အရ အလုပ်လုပ်သူ ၆ ဦးမှာ ၁ ဦးနီးပါး အလုပ်လက်မဲ့ ဖြစ်နေတာပါ။

နိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ် သိသိသာသာ ကူးစက် ပြန်ပွားလာတဲ့ မတ်လလယ်လောက်ကတည်းက ကုမ္မဏီတချို့က ဝန်ထမ်းတွေကို အလုပ်ရပ်ဆိုင်းခဲ့ပါတယ်။ အလုပ်လက်မဲ့ ဦးရေတိုးလာတာနဲ့ အတူ အစုရှယ်ယာဈေးကွက်လည်း ကျဆင်းနေပါတယ်။ လာမယ့် ဧပြီ ကနေ ဇွန်လအတွင်း အမေ ရိကန် အနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးနောက်ပိုင်း အဆိုးဆုံး စီးပွားရေးကျဆင်းမှုနဲ့ ကြုံတွေ့ရမယ်လို့ သုံးသပ်သူတွေက ခန့်မှန်းထားကြပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-jobless-/5389076.html
အလုပ္လက္မဲ့ ခံစားခြင့္ေလွ်ာက္ထားသူ ကန္ မွာ ၄ သန္းခြဲနီးပါးထပ္တုိး အလုပ္လက္မဲ့ ခံစားခြင့္ေလွ်ာက္ထားသူ ကန္ မွာ ၄ သန္းခြဲနီးပါးထပ္တုိး Reviewed by THITHTOOLWIN on 04:39 Rating: 5
Powered by Blogger.