
၂၀၁၈ ခုနှစ်က ထိုင်းဘူတာရုံတစ်ခုက ဆံသဆိုင်များ၊ ဆံသဆိုင်အပါအဝင် ဆိုင်တချို့ ပြန်ဖွင့်လိုတယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှူးကပြော
(Zawgyi)⤵⤵⤵




BBC Burmese
-------------------------------------------------
(Unicode)⤵⤵⤵
ဆိုင်တွေပြန်ဖွင့်နိုင်တယ်ပြောပြီးမှ ထိုင်းအုပ်ချုပ်ရေးမှူး အမိန့်ကိုပြန်ပြင်

ထိုင်းနိုင်ငံက ခရိုင်ကြီးတခုမှာ ကိုရိုနာ ဗိုင်းရပ် ထိန်းချုပ်ရေးအတွက် ပိတ်ထားတဲ့ ဆိုင်တချို့ကို ပြန်ဖွင့်ဖို့ အမိန့်ပေးခဲ့ပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးက အမိန့်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

ဆံသဆိုင်၊ ထီဆိုင်နဲ့ ပရိဘောဂဆိုင်လိုမျိုး လုပ်ငန်းတချို့ကို ပြန်ဖွင့်ခွင့်ပေးမယ်ဆိုပြီး ဆူဂျင် ချိုင်ချုမ်ဆတ်က ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဘန်ကောက်မြို့တော်နားက နုန်သဘူရီ ခရိုင်ဟာ ထိုင်းနိုင်ငံမှာ ကိုဗစ် ဗိုင်းရပ် လူနာ တတိယ အများဆုံး တွေ့ရတဲ့ နယ်မြေ ဖြစ်နေတဲ့အတွက် ဒီအမိန့်ကို ထိုင်းလူမှုကွန်ရက်တွေမှာ ဝေဖန်တာတွေ များခဲ့ပါတယ်။ အဲဒီခရိုင်မှာ ကိုဗစ် ကူးစက်ခံရသူ ၁၅ဝ ရှိနေပြီ လို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါရှင် ၂၆ဝဝ ကျော် ရှိနေပြီး ဆေးစစ်တဲ့ ပစ္စည်း အကန့်အသ ရှိတ်နေတဲ့ အတွက် ဗိုင်းရပ်က ဘယ်လောက်ပြန့်နေတယ် ဆိုတာ မသိနိုင်ဘဲ ဖြစ်နေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52284454
ဆိုင်တွေပြန်ဖွင့်နိုင်တယ်ပြောပြီးမှ ထိုင်းအုပ်ချုပ်ရေးမှူး အမိန့်ကိုပြန်ပြင် ဆိုင်တွေပြန်ဖွင့်နိုင်တယ်ပြောပြီးမှ ထိုင်းအုပ်ချုပ်ရေးမှူး အမိန့်ကိုပြန်ပြင် Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.