COVID-19 ရွိမရွိသိႏုိင္ေအာင္ မေလးရွားမွာ တင္းၾကပ္စြာ စစ္ေဆးမည္

မေလးရွား က်န္းမာေရး ၀န္ထမ္းမ်ား
(Zawgyi/Unicode)

မေလးရွားနိုင္ငံမွာ COVID-19 ေရာဂါကူးစက္ခံရသူ အေရအတြက္တိုးလာတဲ့အတြက္ ႏွာေခါင္းတြင္းတို႔ဖတ္ နမူနာယူၿပီးေရာဂါရွိ၊ မရွိစစ္ေဆးတာ အျပင္ ခႏၶာကိုယ္အတြင္း ပဋိဇီဝပစၥည္း antibody ထြက္ေပၚေနျခင္း ရွိ၊မရွိ ေသြးနမူနာယူ စစ္ေဆးတဲ့နည္းကို လည္း စတင္ လုပ္ေဆာင္ေနၿပီလို႔ တာဝန္ရွိသူေတြကေျပာပါတယ္။ ဒီနည္းကို အသုံးျပဳဖို႔ အစပိုင္းတုန္းက တာဝန္ရွိသူေတြက ျငင္းဆန္ခဲ့တာပါ။ ေရာဂါပိုး ကူးစက္ခံထားရသူေတြမွာ ေရာဂါပိုးကို တိုက္ထုတ္ဖို႔ ခႏၶာကိုယ္္တြင္း ပဋိဇီဝပစၥည္း ထြက္ေပၚေနျခင္း ရွိ၊မရွိကို လူနာရဲ႕ ေသြးကတဆင့္ ဓါတ္ခြဲစမ္းသပ္နိုင္တာပါ။

သံသယရွိလူနာ ေတြကို ေရာဂါရွိမရွိ စစ္ေဆးဖို႔လို အပ္ခ်က္ ျမင့္မားလာတဲ့ အတြက္ ဒီနည္းကို အသုံးျပဳလာတာျဖစ္ၿပီး ဒီစမ္းသပ္ စစ္ေဆးမႈက ၆ နာရီအတြင္း အေျဖထုတ္ေပးနိုင္တယ္လို႔ မေလးရွား က်န္းမာေရးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ Noor Hisham Abdullah က သတင္းေထာက္ေတြကို ေျပာပါတယ္။

မေန႔ ကအထိ မေလးရွားမွာ ေရာဂါကူးစက္ခံထားရသူ ၅၀၀၀ နီးပါးနဲ႔ ေသဆုံးသူ ၈၀ ေက်ာ္ ရွိတဲ့အတြက္ အေရွ႕ေတာင္ အာရွမွာ ကူးစက္မႈႏႈန္း ဒုတိယအမ်ားဆုံးျဖစ္ပါတယ္။ မေလးရွားမွာ ၿပီးခဲ့တဲ့ တနလၤာေန႔အထိ ႏွာေခါင္းတို႔ဖတ္နမူနာယူစစ္ေဆးမႈ ၈၂,၀၀၀ နီးပါးျပဳလုပ္ ၿပီးျဖစ္သလို ဧၿပီလအေစာပိုင္းအထိ ရလဒ္ေစာင့္ဆိုင္းေနသူ ၈၀၀၀ ေလာက္ရွိေနတာပါ။

အခုလို ရလဒ္ အေျဖေႏွာင့္ေႏွး ေနတာေတြကို ေလ်ာ့ခ်နိုင္ဖို႔အတြက္ ေရာဂါပိုးရွိသူနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူေတြကို ၁၄ ရက္ မျဖစ္မေန သီးျခားခြဲထားၿပီး ၁၃ ရက္ျပည့္ တဲ့ အခါေသြးစစ္ၿပီး ခႏၶာကိုယ္္တြင္း ေရာဂါပိုးကိုတိုက္ထုတ္တဲ့ ပဋိဇီဝပစၥည္း ထြက္ေပၚေနျခင္း ရွိ၊မရွိ စစ္ေဆးမွာပါ။

ဒီလိုစစ္ေဆးလို႔ ခႏၶာကိုယ္အတြင္း ပဋိဇီဝပစၥည္း antibody ထြက္ေပၚေနတဲ့သူေတြကို ႏွာေခါင္းတြင္းတို႔ဖတ္နမူနာယူ ဆက္လက္စစ္ေဆး သြားမယ္ လို႔ ညႊန္ၾကားေရးမွဴးခ်ဳပ္ Noor Hisham က ေျပာပါတယ္။ ေသြးအေျဖအရ antibody ထြက္ေပၚျခင္းမရွိရင္ေတာ့ ေရာဂါပိုး ကူးစက္ခံရ ျခင္းမရွိေၾကာင္း သတ္မွတ္သြားမွာျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

COVID-19 ရှိမရှိသိနိုင်အောင် မလေးရှားမှာ တင်းကြပ်စွာ စစ်ဆေးမည်

(Unicode)

မလေးရှားနိုင်ငံမှာ COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက်တိုးလာတဲ့အတွက် နှာခေါင်းတွင်းတို့ဖတ် နမူနာယူပြီးရောဂါရှိ၊ မရှိစစ်ဆေးတာ အပြင် ခန္ဓာကိုယ်အတွင်း ပဋိဇီဝပစ္စည်း antibody ထွက်ပေါ်နေခြင်း ရှိ၊မရှိ သွေးနမူနာယူ စစ်ဆေးတဲ့နည်းကို လည်း စတင် လုပ်ဆောင်နေပြီလို့ တာဝန်ရှိသူတွေကပြောပါတယ်။ ဒီနည်းကို အသုံးပြုဖို့ အစပိုင်းတုန်းက တာဝန်ရှိသူတွေက ငြင်းဆန်ခဲ့တာပါ။ ရောဂါပိုး ကူးစက်ခံထားရသူတွေမှာ ရောဂါပိုးကို တိုက်ထုတ်ဖို့ ခန္ဓာကိုယ်တွင်း ပဋိဇီဝပစ္စည်း ထွက်ပေါ်နေခြင်း ရှိ၊မရှိကို လူနာရဲ့ သွေးကတဆင့် ဓါတ်ခွဲစမ်းသပ်နိုင်တာပါ။

သံသယရှိလူနာ တွေကို ရောဂါရှိမရှိ စစ်ဆေးဖို့လို အပ်ချက် မြင့်မားလာတဲ့ အတွက် ဒီနည်းကို အသုံးပြုလာတာဖြစ်ပြီး ဒီစမ်းသပ် စစ်ဆေးမှုက ၆ နာရီအတွင်း အဖြေထုတ်ပေးနိုင်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Noor Hisham Abdullah က သတင်းထောက်တွေကို ပြောပါတယ်။

မနေ့ ကအထိ မလေးရှားမှာ ရောဂါကူးစက်ခံထားရသူ ၅၀၀၀ နီးပါးနဲ့ သေဆုံးသူ ၈၀ ကျော် ရှိတဲ့အတွက် အရှေ့တောင် အာရှမှာ ကူးစက်မှုနှုန်း ဒုတိယအများဆုံးဖြစ်ပါတယ်။ မလေးရှားမှာ ပြီးခဲ့တဲ့ တနင်္လာနေ့အထိ နှာခေါင်းတို့ဖတ်နမူနာယူစစ်ဆေးမှု ၈၂,၀၀၀ နီးပါးပြုလုပ် ပြီးဖြစ်သလို ဧပြီလအစောပိုင်းအထိ ရလဒ်စောင့်ဆိုင်းနေသူ ၈၀၀၀ လောက်ရှိနေတာပါ။

အခုလို ရလဒ် အဖြေနှောင့်နှေး နေတာတွေကို လျော့ချနိုင်ဖို့အတွက် ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေကို ၁၄ ရက် မဖြစ်မနေ သီးခြားခွဲထားပြီး ၁၃ ရက်ပြည့် တဲ့ အခါသွေးစစ်ပြီး ခန္ဓာကိုယ်တွင်း ရောဂါပိုးကိုတိုက်ထုတ်တဲ့ ပဋိဇီဝပစ္စည်း ထွက်ပေါ်နေခြင်း ရှိ၊မရှိ စစ်ဆေးမှာပါ။

ဒီလိုစစ်ဆေးလို့ ခန္ဓာကိုယ်အတွင်း ပဋိဇီဝပစ္စည်း antibody ထွက်ပေါ်နေတဲ့သူတွေကို နှာခေါင်းတွင်းတို့ဖတ်နမူနာယူ ဆက်လက်စစ်ဆေး သွားမယ် လို့ ညွှန်ကြားရေးမှူးချုပ် Noor Hisham က ပြောပါတယ်။ သွေးအဖြေအရ antibody ထွက်ပေါ်ခြင်းမရှိရင်တော့ ရောဂါပိုး ကူးစက်ခံရ ခြင်းမရှိကြောင်း သတ်မှတ်သွားမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-malaysia-/5371828.html
COVID-19 ရွိမရွိသိႏုိင္ေအာင္ မေလးရွားမွာ တင္းၾကပ္စြာ စစ္ေဆးမည္ COVID-19 ရွိမရွိသိႏုိင္ေအာင္ မေလးရွားမွာ တင္းၾကပ္စြာ စစ္ေဆးမည္ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.