မရွိတဲ့ ႏွာေခါင္းစည္း ေဒၚလာႏွစ္သန္းခြဲဖိုးေရာင္းၿပီး လိမ္လည္

 ႏွာေခါင္းစည္းေတြ အလုအယက္ဝယ္ယူၾကလို႔ ပစၥည္းေတြျပတ္
(Zawgyi)⤵⤵⤵
ဥေရာပက ႏွာေခါင္းစည္းေတြ ေရာင္းေပးမယ္ဆိုၿပီး အစိုးရ က်န္းမာေရးအရာရွိေတြဆီက ေဒၚလာသန္းခ်ီ လိမ္လည္ဖို႔ ႀကိဳးစားမႈ တစ္ခုကို ၿဖိဳခြင္းလိုက္ႏိုင္တယ္လို႔ ဥေရာပရဲတပ္ဖြဲ႕ ယူ႐ိုပိုလ္က ေျပာပတယ္။

စပိန္နဲ႔ နယ္သာလန္အေျခစိုက္ကုမၸဏီေတြရဲ႕ ဝက္ဆိုက္ေတြလို႔ အေယာင္ေဆာင္ထားတဲ့ ဝက္ဆိုက္ေတြဆီက ဂ်ာမန္က်န္းမာေရးဝန္ႀကီးဌာနရဲ႕ အဝယ္ေတာ္ေတြက ေဒၚလာႏွစ္သန္းခြဲေက်ာ္ဖိုး ႏွာေခါင္းစည္းေတြ မွာယူခဲ့တာပါ။ အခုေတာ့ ေပးထားတဲ့ ပိုက္ဆံေတြ ျပန္ရခဲ့ၿပီလို႔ ရဲေတြက ေျပာပါတယ္။

အဲဒီေငြေတြထဲက တခ်ိဳ႕ကို ၿဗိတိန္ကတဆင့္ လႊဲေျပာင္းၿပီး ႏိုင္ဂ်ီးရီးယားႏိုင္ငံက ဘဏ္စာရင္းေတြဆီပို႔ဖို႔ လုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီအေယာင္ေဆာင္လိမ္လည္မႈနဲ႔ လူႏွစ္ေယာက္ကို နယ္သာလန္မွာ ဖမ္းခဲ့ပါတယ္။

ဒီလို လိမ္လည္မႈ ေထာင္ေခ်ာက္ထဲ က်ခဲ့သူေတြ ထပ္ရွိဦးမလားဆိုၿပီး ရဲက ဆက္ စုံစမ္းေနပါတယ္။

BBC Burmese
--------------------------------------------
(Unicode)⤵⤵⤵
မရှိတဲ့ နှာခေါင်းစည်း ဒေါ်လာနှစ်သန်းခွဲဖိုးရောင်းပြီး လိမ်လည်

ဥရောပက နှာခေါင်းစည်းတွေ ရောင်းပေးမယ်ဆိုပြီး အစိုးရ ကျန်းမာရေးအရာရှိတွေဆီက ဒေါ်လာသန်းချီ လိမ်လည်ဖို့ ကြိုးစားမှု တစ်ခုကို ဖြိုခွင်းလိုက်နိုင်တယ်လို့ ဥရောပရဲတပ်ဖွဲ့ ယူရိုပိုလ်က ပြောပတယ်။

စပိန်နဲ့ နယ်သာလန်အခြေစိုက်ကုမ္ပဏီတွေရဲ့ ဝက်ဆိုက်တွေလို့ အယောင်ဆောင်ထားတဲ့ ဝက်ဆိုက်တွေဆီက ဂျာမန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ အဝယ်တော်တွေက ဒေါ်လာနှစ်သန်းခွဲကျော်ဖိုး နှာခေါင်းစည်းတွေ မှာယူခဲ့တာပါ။ အခုတော့ ပေးထားတဲ့ ပိုက်ဆံတွေ ပြန်ရခဲ့ပြီလို့ ရဲတွေက ပြောပါတယ်။

အဲဒီငွေတွေထဲက တချို့ကို ဗြိတိန်ကတဆင့် လွှဲပြောင်းပြီး နိုင်ဂျီးရီးယားနိုင်ငံက ဘဏ်စာရင်းတွေဆီပို့ဖို့ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအယောင်ဆောင်လိမ်လည်မှုနဲ့ လူနှစ်ယောက်ကို နယ်သာလန်မှာ ဖမ်းခဲ့ပါတယ်။

ဒီလို လိမ်လည်မှု ထောင်ချောက်ထဲ ကျခဲ့သူတွေ ထပ်ရှိဦးမလားဆိုပြီး ရဲက ဆက် စုံစမ်းနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52284454
မရွိတဲ့ ႏွာေခါင္းစည္း ေဒၚလာႏွစ္သန္းခြဲဖိုးေရာင္းၿပီး လိမ္လည္ မရွိတဲ့ ႏွာေခါင္းစည္း ေဒၚလာႏွစ္သန္းခြဲဖိုးေရာင္းၿပီး လိမ္လည္ Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.