တုိက်ဳိၿမိဳ႕ေတာ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ စံခ်ိန္တင္ကူးစက္

တုိက်ဳိၿမိဳ႕တြင္ စေတာ့ေဈးႏႈန္း အတက္အက် ၾကည့္႐ႈေနသူႏွစ္ဦး။ (မတ္ ၁၇၊ ၂၀၂၀)

(Zawgyi / Unicode)

ဂ်ပန္ႏုိင္ငံ တုိက်ိဳၿမိဳ႕မွာ ကို႐ုိနာဗုိင္းရပ္စ္ပိုး ေနာက္ထပ္ကူးစက္ခံရသူ ၁၃၀ ေက်ာ္ရွိတယ္လို႔ တုိက်ိဳၿမိဳ႕ တာ၀န္ရွိသူေတြကို ကိုးကားၿပီး ဂ်ပန္ႏုိင္ငံရဲ႕ NHK သတင္းက ဒီကေန႔ ေျပာၾကားလိုက္ပါတယ္။ ဒါဟာ ဂ်ပန္ႏုိင္ငံမွာ တရက္တည္းမွာ ေရာဂါကူးစက္မႈအမ်ားဆုံး ကူးစက္ခံရတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ အခုဆုိရင္ တုိက်ိဳၿမိဳ႕မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ဟာ ၁ ေထာင္ေက်ာ္သြားခဲ့ၿပီျဖစ္တယ္လို႔ NHK က ေျပာပါတယ္။

အခုရက္ပိုင္းေတြအတြင္း လူဦးေရ ၁၃ သန္းေလာက္ရွိတဲ့ တိုက်ိဳၿမိဳ႕မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ အေရအတြက္ တုိးလာတာေၾကာင့္ လူေတြကို အိမ္ထဲမွာပဲ ေနၾကဖို႔ တုိက်ိဳၿမိဳ႕ အာဏာပိုင္ေတြက ျပင္းျပင္းထန္ထန္ တုိက္တြန္းေနပါတယ္။

လူေတြရဲ႕ အသက္အႏၱရာယ္ေတြ ရွိေနတဲ့အတြက္ ၿမိဳ႕ခံေတြအေနနဲ႔ မလိုအပ္ရင္ အျပင္မထြက္ၾကဖို႔ တုိက်ိဳအုပ္ခ်ဳပ္ေရးမွဴး Yuriko Koike က ဒီကေန႔မနက္ သတင္းအစီအစဥ္က ထပ္ၿပီးေတာ့ ေျပာၾကားလိုက္ပါတယ္။

ဂ်ပန္ႏုိင္ငံကို ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ ၃ ေထာင္ေက်ာ္ရွိၿပီး ေသဆုံးသူ ၇၃ ေယာက္ထက္မနည္း ရွိပါတယ္။ တိုက်ိဳၿမိဳ႕မွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္ေတြ တုိးလာေနတာေၾကာင့္ ဗဟိုအစိုးရအေနနဲ႔ ႏုိင္ငံေတာ္ အေရးေပၚအေျခအေန ေၾကညာဖို႔ ေတာင္းဆုိမႈေတြလည္း တုိးလာေနပါတယ္။

-----------------------------------

(Unicode)

တိုကျိုမြို့တော်မှာ ကိုရိုနာဗိုင်းရပ်စ် စံချိန်တင်ကူးစက်

ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး နောက်ထပ်ကူးစက်ခံရသူ ၁၃၀ ကျော်ရှိတယ်လို့ တိုကျိုမြို့ တာဝန်ရှိသူတွေကို ကိုးကားပြီး ဂျပန်နိုင်ငံရဲ့ NHK သတင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ တရက်တည်းမှာ ရောဂါကူးစက်မှုအများဆုံး ကူးစက်ခံရတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုဆိုရင် တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်ဟာ ၁ ထောင်ကျော်သွားခဲ့ပြီဖြစ်တယ်လို့ NHK က ပြောပါတယ်။

အခုရက်ပိုင်းတွေအတွင်း လူဦးရေ ၁၃ သန်းလောက်ရှိတဲ့ တိုကျိုမြို့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် တိုးလာတာကြောင့် လူတွေကို အိမ်ထဲမှာပဲ နေကြဖို့ တိုကျိုမြို့ အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် တိုက်တွန်းနေပါတယ်။

လူတွေရဲ့ အသက်အန္တရာယ်တွေ ရှိနေတဲ့အတွက် မြို့ခံတွေအနေနဲ့ မလိုအပ်ရင် အပြင်မထွက်ကြဖို့ တိုကျိုအုပ်ချုပ်ရေးမှူး Yuriko Koike က ဒီကနေ့မနက် သတင်းအစီအစဉ်က ထပ်ပြီးတော့ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက် ၃ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၃ ယောက်ထက်မနည်း ရှိပါတယ်။ တိုကျိုမြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်တွေ တိုးလာနေတာကြောင့် ဗဟိုအစိုးရအနေနဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာဖို့ တောင်းဆိုမှုတွေလည်း တိုးလာနေပါတယ်။

VOA (Burmese)
https://burmese.voanews.com
တုိက်ဳိၿမိဳ႕ေတာ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ စံခ်ိန္တင္ကူးစက္ တုိက်ဳိၿမိဳ႕ေတာ္မွာ ကုိ႐ုိနာဗုိင္းရပ္စ္ စံခ်ိန္တင္ကူးစက္ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.