![]() |
ဗဟန္းၿမိဳ႕နယ္က အဆိုေတာ္ဇနီးေမာင္ႏွံေနထိုင္တဲ့တိုက္ကို အဝင္အထြက္ပိတ္ |
ျမန္မာႏိုင္ငံမွာ ဧၿပီ ၁၃ ရက္ေန႔က က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္အရ ကိုဗစ္-၁၉ ေရာဂါပိုး ကူးစက္ခံထားရသူ ၂၁ ဦး ကို ထပ္မံေတြ႕ရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီထဲမွာ အသက္အငယ္ဆုံးအျဖစ္ လူနာအမွတ္ ၅၄ အသက္ ၇ ႏွစ္အ႐ြယ္ မိန္းကေလးတစ္ဦးလည္း ပထမဆုံးအေနနဲ႔ ပါဝင္လာတာကို ေတြ႕ရပါတယ္။
' ' မေန႔က အသစ္ေတြ႕တဲ့ထဲမွာ ဗဟန္းက အဆိုေတာ္ဇနီးေမာင္ႏွံပါပါတယ္။ ဒါေၾကာင့္ သူတို႔ေနထိုင္တဲ ပုလဲကြန္ဒိုကတိုက္ကို ညက ေလာ့ေဒါင္းသြားခ်ပါတယ္။ အမ်ိဳးသားက case 46 အသက္က ၄၄ႏွစ္ပါ''လို႔ ဗဟန္းၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္က ဘီဘီစီကိုေျပာပါတယ္။
ဧၿပီ ၁၃ ရက္ေန႔မွာ စုစုေပါင္း ဓာတ္ခြဲနမူနာ ၃၀၀ ေက်ာ္ကို စစ္ေဆးခဲ့ရာမွာ ၂၁ ဦးမွာထပ္မံေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။
မေန႔က အသစ္ထပ္မံေတြ႕ရွိခဲ့သူ ၂၁ ဦးထဲမွာ မေကြးတိုင္းက တစ္ဦးနဲ႔ ရန္ကုန္က ၂၀ ဦးျဖစ္ပါတယ္။ ဒီထဲက ၁၁ ဦးမွာ ဓာတ္ခြဲအတည္ျပဳလူနာႏွင့္ အနီးကပ္ထိေတြ႕ခဲ့လို႔ အသြားအလာကန႔္သတ္ေစာင့္ၾကပ္ ၾကည့္ရႈျခင္း (Quarantine) ေဆာင္႐ြက္ထားသူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။
ျမန္မာႏိုင္ငံမွာ စုစုေပါင္း ပိုးေတြ႕လူနာ ၆၂ ဦးနဲ႔ ေသဆုံးသူ ၄ဦးရွိလာၿပီျဖစ္ပါတယ္။
BBC Burmese
-----------------------------------------------------------
(Unicode)⤵⤵⤵
အဆိုတော်ဇနီးမောင်နှံနဲ့ အသက်၇နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် တစ်ရက်တည်း ကူးစက်သူ ၂၁ ဦး အသစ်တွေ့
မြန်မာနိုင်ငံမှာ ဧပြီ ၁၃ ရက်နေ့က ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၂၁ ဦး ကို ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ အသက်အငယ်ဆုံးအဖြစ် လူနာအမှတ် ၅၄ အသက် ၇ နှစ်အရွယ် မိန်းကလေးတစ်ဦးလည်း ပထမဆုံးအနေနဲ့ ပါဝင်လာတာကို တွေ့ရပါတယ်။
' ' မနေ့က အသစ်တွေ့တဲ့ထဲမှာ ဗဟန်းက အဆိုတော်ဇနီးမောင်နှံပါပါတယ်။ ဒါကြောင့် သူတို့နေထိုင်တဲ ပုလဲကွန်ဒိုကတိုက်ကို ညက လော့ဒေါင်းသွားချပါတယ်။ အမျိုးသားက case 46 အသက်က ၄၄နှစ်ပါ''လို့ ဗဟန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ဘီဘီစီကိုပြောပါတယ်။
ဧပြီ ၁၃ ရက်နေ့မှာ စုစုပေါင်း ဓာတ်ခွဲနမူနာ ၃၀၀ ကျော်ကို စစ်ဆေးခဲ့ရာမှာ ၂၁ ဦးမှာထပ်မံတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
မနေ့က အသစ်ထပ်မံတွေ့ရှိခဲ့သူ ၂၁ ဦးထဲမှာ မကွေးတိုင်းက တစ်ဦးနဲ့ ရန်ကုန်က ၂၀ ဦးဖြစ်ပါတယ်။ ဒီထဲက ၁၁ ဦးမှာ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့လို့ အသွားအလာကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်း (Quarantine) ဆောင်ရွက်ထားသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ စုစုပေါင်း ပိုးတွေ့လူနာ ၆၂ ဦးနဲ့ သေဆုံးသူ ၄ဦးရှိလာပြီဖြစ်ပါတယ်။
BBC Burmese
https://www.bbc.com/burmese/burma-52255204
