ကူးစက္ေရာဂါ ထိန္းခ်ဳပ္ဖို႔ စစ္ကိုင္းတိုင္းမွာ ညမထြက္ရအမိန႔္ထုတ္


(Zawgyi)⤵⤵⤵
စစ္ကိုင္းတိုင္းအတြင္း ကို႐ိုနာပိုး ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ဖို႔ ဧၿပီ ၁၃ ရက္ မေန႔ညကစၿပီး တိုင္းအစိုးရက ညမထြက္ရအမိန႔္ ထုတ္လိုက္ပါတယ္။

စစ္ကိုင္းတိုင္းအစိုးရ ထုတ္ျပန္ခ်က္မွာ ျပည္သူေတြ လိုက္နာဖို႔ အခ်က္ ငါးခ်က္ ပါဝင္ပါတယ္။ ည ၁၀ နာရီကေန မနက္ ၄ နာရီအတြင္း မလိုအပ္ဘဲ အျပင္မထြက္ဖို႔၊ မသကၤာစရာေတြ႕ရင္ တာဝန္ရွိသူေတြဆီ သတင္းပို႔ဖို႔၊ သၾကၤန္ကာလအတြင္း ေရမကစားဖို႔၊ အျပင္ထြက္မယ္ဆိုရင္ ႏွာေခါင္းစည္း တပ္ဖို႔နဲ႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာေတြကို လိုက္နာဖို႔ ဆိုတဲ့ အခ်က္ေတြ ျဖစ္ပါတယ္။

လက္ရွိအေျခအေနနဲ႔ အညီ ထုတ္ထားတာျဖစ္ၿပီး လိုအပ္လာရင္ေတာ့ ျပင္ဆင္ေဆာင္႐ြက္တာေတြ ရွိလာႏိုင္တယ္လို႔ စစ္ကိုင္းတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က RFA ကို ေျပာပါတယ္။

“ညဘက္မွာက် လုံၿခဳံေရးပိုင္းေလာက္ပဲသြားၾကတာ၊ ေန႔က်ေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ ဝိုင္းထိန္းၾကမွာ ျဖစ္ေတာ့ က်န္းမာေရးအရ ၫႊန္ၾကားတဲ့အတိုင္း သြားလာၾကမွာျဖစ္တယ္၊ ညက်ေတာ့ အားနည္းသြားတာကို၊ ဒါေၾကာင့္ ထုတ္တာျဖစ္ပါတယ္၊ က်န္းမာေရးက ထုတ္ျပန္တာေတြကို လိုက္နာသြားမယ္ဆိုရင္ စစ္ကိုင္းတိုင္း အေနနဲ႔ ထိန္းခ်ဳပ္သြားႏိုင္မွာျဖစ္တယ္လို႔ အႀကံေပးခ်င္ပါတယ္”

တိုင္းအစိုးရက ကို႐ိုနာဗိုင္းရပ္ပိုး ကာကြယ္တားဆီးေရးနဲ႔ ပတ္သက္လို႔ အဖြဲ႕ ေျခာက္ဖြဲ႕ ဖြဲ႕ၿပီး စီစဥ္ေဆာင္႐ြက္ ေနတယ္လို႔ ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က ဆိုပါတယ္။

ၿမိဳ႕ဝင္ ၿမိဳ႕ထြက္ေတြမွာ စစ္ေဆးမယ္၊ တျခားေဒသကေန ဝင္ေရာက္လာရင္ ေမးျမန္းၿပီး ေနရပ္လိပ္စာ ေတာင္းယူမယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က ေျပာပါတယ္။

လူမႈကြန္ရက္မွာတင္တဲ့ တိုင္းအစိုးရရဲ႕ ထုတ္ျပန္ခ်က္ကို ရပ္ကြက္အသီးသီးကို က်ယ္က်ယ္ျပန႔္ျပန႔္ အသိေပးသင့္တယ္လို႔ မုံ႐ြာေဒသခံတခ်ိဳ႕က ေျပာပါတယ္။ ဒီႏွစ္ သၾကၤန္ကာလ ေရမကစားဖို႔ တားျမစ္ထားခ်ိန္မွာ ရပ္ကြက္တခ်ိဳ႕မွာ ေရပက္ေနသူေတြ ရွိလို႔ လွည့္လည္ စစ္ေဆးသင့္တယ္လို႔ မုံ႐ြာၿမိဳ႕က ေဒသခံ ေဒၚႏုက ေျပာပါတယ္။

“တိုင္းအစိုးရအေနနဲ႔ တာဝန္ရွိသူေတြက တိတိက်က် ေၾကျငာခ်က္ကို ကားေတြနဲ႔ ရပ္ကြက္ေပါင္းစုံ လွည့္မယ္ဆိုရင္ သၾကၤန္တြင္းမွာ ေရပက္တာေတြ မရွိႏိုင္ဘူး၊ ညေတြ မထြက္ပါနဲ႔ေျပာလို႔ အဆင္မေျပဘူး၊ ေျမျပင္ကို လွည့္ပတ္ၿပီးေတာ့ ေစာင့္ေရွာက္ေစခ်င္တယ္”

ေဒသခံအမ်ားအျပား စိုးရိမ္မႈနည္းဟန္ ရွိတဲ့အတြက္ အစိုးရထုတ္ျပန္ခ်က္မွာ ပိုၿပီး ျပင္းထန္တိက်တဲ့အမိန႔္ေတြ ပါဝင္သင့္တယ္လို႔ မုံ႐ြာၿမိဳ႕က ကိုေအာင္ေနမ်ိဳးက ေျပာပါတယ္။

“မနက္ပိုင္းထုတ္တာကေတာ့ သင့္ေတာ္တယ္။ ညပိုင္းကေတာ့ ပိုေစာသင့္တယ္။ ခုႏွစ္ နာရီျဖစ္ျဖစ္ ရွစ္နာရီ ျဖစ္ျဖစ္၊ က်န္တဲ့အခ်က္ေတြကေတာ့ သိပ္ထူးထူးျခားျခား မပါဘူး၊ ႏွားေခါင္းစည္တပ္တာေတြဆို ထိေရာက္တဲ့ သတိေပးမႈေတြ လုပ္သင့္တယ္ထင္တယ္၊ ဘာလို႔လဲဆိုရင္ လူေတြက မေၾကာက္ၾကဘူးဗ်”

စစ္ကိုင္းတိုင္းမွာ ဒီကေန႔အထိ ကို႐ိုနာဗိုင္းရပ္ပိုး ကူးစက္ခံရသူ မေတြ႕ရွိေသးပါဘူး။ တိုင္းအတြင္းက ၁၄ ရက္ ေစာင့္ၾကည့္စခန္းမွာ ေနထိုင္သူတခ်ိဳ႕ စည္းကမ္းမလိုက္နာလို႔ ေထာင္ခ်အေရးယူတာ ရွိခဲ့ပါတယ္။

တိုင္းအစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြကို မလိုက္နာဘူးဆိုရင္ သဘာဝေဘးအႏၲရာယ္ဥပေဒနဲ႔ အေရးယူသြားမွာ ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး သန္းထြန္းေအာင္က ေျပာပါတယ္။

ေခမဏီဝင္း / RFA Burmese
---------------------------------------------------
(Unicode)⤵⤵⤵
ကူးစက်ရောဂါ ထိန်းချုပ်ဖို့ စစ်ကိုင်းတိုင်းမှာ ညမထွက်ရအမိန့်ထုတ်

စစ်ကိုင်းတိုင်းအတွင်း ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ ဧပြီ ၁၃ ရက် မနေ့ညကစပြီး တိုင်းအစိုးရက ညမထွက်ရအမိန့် ထုတ်လိုက်ပါတယ်။

စစ်ကိုင်းတိုင်းအစိုးရ ထုတ်ပြန်ချက်မှာ ပြည်သူတွေ လိုက်နာဖို့ အချက် ငါးချက် ပါဝင်ပါတယ်။ ည ၁၀ နာရီကနေ မနက် ၄ နာရီအတွင်း မလိုအပ်ဘဲ အပြင်မထွက်ဖို့၊ မသင်္ကာစရာတွေ့ရင် တာဝန်ရှိသူတွေဆီ သတင်းပို့ဖို့၊ သင်္ကြန်ကာလအတွင်း ရေမကစားဖို့၊ အပြင်ထွက်မယ်ဆိုရင် နှာခေါင်းစည်း တပ်ဖို့နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာတွေကို လိုက်နာဖို့ ဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။

လက်ရှိအခြေအနေနဲ့ အညီ ထုတ်ထားတာဖြစ်ပြီး လိုအပ်လာရင်တော့ ပြင်ဆင်ဆောင်ရွက်တာတွေ ရှိလာနိုင်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က RFA ကို ပြောပါတယ်။

“ညဘက်မှာကျ လုံခြုံရေးပိုင်းလောက်ပဲသွားကြတာ၊ နေ့ကျတော့ တစ်ယောက်နဲ့ တစ်ယောက် ဝိုင်းထိန်းကြမှာ ဖြစ်တော့ ကျန်းမာရေးအရ ညွှန်ကြားတဲ့အတိုင်း သွားလာကြမှာဖြစ်တယ်၊ ညကျတော့ အားနည်းသွားတာကို၊ ဒါကြောင့် ထုတ်တာဖြစ်ပါတယ်၊ ကျန်းမာရေးက ထုတ်ပြန်တာတွေကို လိုက်နာသွားမယ်ဆိုရင် စစ်ကိုင်းတိုင်း အနေနဲ့ ထိန်းချုပ်သွားနိုင်မှာဖြစ်တယ်လို့ အကြံပေးချင်ပါတယ်”

တိုင်းအစိုးရက ကိုရိုနာဗိုင်းရပ်ပိုး ကာကွယ်တားဆီးရေးနဲ့ ပတ်သက်လို့ အဖွဲ့ ခြောက်ဖွဲ့ ဖွဲ့ပြီး စီစဉ်ဆောင်ရွက် နေတယ်လို့ ဗိုလ်မှူးကြီး သန်းထွန်းအောင်က ဆိုပါတယ်။

မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးမယ်၊ တခြားဒေသကနေ ဝင်ရောက်လာရင် မေးမြန်းပြီး နေရပ်လိပ်စာ တောင်းယူမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြောပါတယ်။

လူမှုကွန်ရက်မှာတင်တဲ့ တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်ကို ရပ်ကွက်အသီးသီးကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးသင့်တယ်လို့ မုံရွာဒေသခံတချို့က ပြောပါတယ်။ ဒီနှစ် သင်္ကြန်ကာလ ရေမကစားဖို့ တားမြစ်ထားချိန်မှာ ရပ်ကွက်တချို့မှာ ရေပက်နေသူတွေ ရှိလို့ လှည့်လည် စစ်ဆေးသင့်တယ်လို့ မုံရွာမြို့က ဒေသခံ ဒေါ်နုက ပြောပါတယ်။

“တိုင်းအစိုးရအနေနဲ့ တာဝန်ရှိသူတွေက တိတိကျကျ ကြေငြာချက်ကို ကားတွေနဲ့ ရပ်ကွက်ပေါင်းစုံ လှည့်မယ်ဆိုရင် သင်္ကြန်တွင်းမှာ ရေပက်တာတွေ မရှိနိုင်ဘူး၊ ညတွေ မထွက်ပါနဲ့ပြောလို့ အဆင်မပြေဘူး၊ မြေပြင်ကို လှည့်ပတ်ပြီးတော့ စောင့်ရှောက်စေချင်တယ်”

ဒေသခံအများအပြား စိုးရိမ်မှုနည်းဟန် ရှိတဲ့အတွက် အစိုးရထုတ်ပြန်ချက်မှာ ပိုပြီး ပြင်းထန်တိကျတဲ့အမိန့်တွေ ပါဝင်သင့်တယ်လို့ မုံရွာမြို့က ကိုအောင်နေမျိုးက ပြောပါတယ်။

“မနက်ပိုင်းထုတ်တာကတော့ သင့်တော်တယ်။ ညပိုင်းကတော့ ပိုစောသင့်တယ်။ ခုနှစ် နာရီဖြစ်ဖြစ် ရှစ်နာရီ ဖြစ်ဖြစ်၊ ကျန်တဲ့အချက်တွေကတော့ သိပ်ထူးထူးခြားခြား မပါဘူး၊ နှားခေါင်းစည်တပ်တာတွေဆို ထိရောက်တဲ့ သတိပေးမှုတွေ လုပ်သင့်တယ်ထင်တယ်၊ ဘာလို့လဲဆိုရင် လူတွေက မကြောက်ကြဘူးဗျ”

စစ်ကိုင်းတိုင်းမှာ ဒီကနေ့အထိ ကိုရိုနာဗိုင်းရပ်ပိုး ကူးစက်ခံရသူ မတွေ့ရှိသေးပါဘူး။ တိုင်းအတွင်းက ၁၄ ရက် စောင့်ကြည့်စခန်းမှာ နေထိုင်သူတချို့ စည်းကမ်းမလိုက်နာလို့ ထောင်ချအရေးယူတာ ရှိခဲ့ပါတယ်။

တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်က ပြောပါတယ်။

ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/news/sagaing-state-curfew-04142020043322.html
ကူးစက္ေရာဂါ ထိန္းခ်ဳပ္ဖို႔ စစ္ကိုင္းတိုင္းမွာ ညမထြက္ရအမိန႔္ထုတ္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ဖို႔ စစ္ကိုင္းတိုင္းမွာ ညမထြက္ရအမိန႔္ထုတ္ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.