အေမရိကန္ ေတာင္နဲ႔ အလယ္ပုိင္း မုန္တုိင္းေၾကာင့္ လူ ၃၀ ထက္မနည္း ေသဆုံး


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု အေရွ႕ေတာင္ပိုုင္းျပည္နယ္ေတြကုိ တနဂၤေႏြနဲ႔ တနလၤာ ေန႔ေတြမွာ ျပင္းထန္တဲ့ မုန္တိုင္း ဝင္တိုက္သြားတဲ့ အတြက္ ေသဆံုးသူ အနည္းဆုံး ( ၃၀ ) ဦးရွိသြားပါၿပီ ။

Texas ၊ Louisiana ၊ Mississippi ၊ Georgia နဲ႔ Tennessee ျပည္နယ္ေတြမွာ မိုးအၾကီးအက်ယ္ရြြာၿပီး ေလျပင္းတိုက္ခတ္မႈေတြနဲ႔ ေလဆင္ႏွာေမာင္း ၃၄ ၾကိမ္ ဝင္ေရာက္သြးခဲ့တာေၾကာင့္ လူေနအိမ္ ရာနဲ႔ခ်ီ ပ်က္ဆီးသြာၿပီး ၊ လူဦးေရ ၈ သိန္း ၆ ေသာင္းထက္မနည္း လွ်ပ္စစ္မီး မရဘဲ ျဖစ္ခဲ့ရပါတယ္။ ထိခိုက္ဒဏ္ရာရသူ အမ်ားအျပား ေဆး႐ံုတင္ရျပီး Tennessee ျပည္နယ္ Chattanooga ျမိဳ႕ကေတာ့ မုန္တိုင္းဒဏ္ အဆိုးရြားဆံုး ခံခဲ့ရပါတယ္။

လက္ရွိ ျပည္နယ္ေပါင္း ၁၀ ခုမွာ မိုးၾကီးေလျပင္း က်ေရာက္ျပီး၊ ေရၾကီးေရလ ွ်ံတာေတြ ၾကံဳရႏုိင္ေၾကာင္းနဲ႔ ေလဆင္ႏွာေမာင္း သတိေပးခ်က္ေတြလည္း ထုတ္ျပန္ထားပါတယ္။ မုန္တိုင္းေၾကာင့္ အနည္းဆံုး ၁၁ ဦး ေသဆုံးခဲ့ရတဲ့ Mississipi ျပည္နယ္မွာ ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး Tate Reeves က - အီစတာ ပြဲေတာ္ကာလကို ဘယ္သူမွ ဒီလို မျဖစ္သန္းခ်င္ပါဘူးလို႔ ေျပာပါတယ္။ ျပည္သူေတြနဲ႔ သူတို႔ရဲ႕ ပိုင္ဆိုင္မႈေတြကို ကာကြယ္ေပးႏုိင္ဖို႔ ရွိတဲ့ အရင္းအျမစ္ေတြ အားလံုး သံုးစြဲ ေဆာင္ရြက္ေနေၾကာင္းနဲ႔ အေရးေပၚ ကယ္ဆယ္ေရး၀န္ထမ္းေတြ ၂၄ နာရီ လုံးလုံး တာဝန္ယူ အလုပ္လုပ္ေန ေၾကာင္း အုပ္ခ်ဳပ္ေရးမွဴးက ေျပာပါတယ္။

အတၱလန္တိတ္ကမ္း႐ံုးတန္း ေဒသေတြမွာ ျပင္းထန္တဲ့ ေလဆင္ႏွာေမာင္း နဲ႔အတူ ေလျပင္းမုန္တိုင္း တိုက္ခတ္မႈေတြ၊ ေရၾကီးေရလ ွ်ံတာေတြ ၾကံဳရႏုိင္ေသးတဲ့အေၾကာင္း အေမရိကန္မိုးေလဝသဌာနက သတိေပးထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

အမေရိကန် တောင်နဲ့ အလယ်ပိုင်း မုန်တိုင်းကြောင့် လူ ၃၀ ထက်မနည်း သေဆုံး

(Unicode)

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းပြည်နယ်တွေကို တနင်္ဂနွေနဲ့ တနင်္လာ နေ့တွေမှာ ပြင်းထန်တဲ့ မုန်တိုင်း ဝင်တိုက်သွားတဲ့ အတွက် သေဆုံးသူ အနည်းဆုံး ( ၃၀ ) ဦးရှိသွားပါပြီ ။

Texas ၊ Louisiana ၊ Mississippi ၊ Georgia နဲ့ Tennessee ပြည်နယ်တွေမှာ မိုးအကြီးအကျယ်ရွာပြီး လေပြင်းတိုက်ခတ်မှုတွေနဲ့ လေဆင်နှာမောင်း ၃၄ ကြိမ် ဝင်ရောက်သွးခဲ့တာကြောင့် လူနေအိမ် ရာနဲ့ချီ ပျက်ဆီးသွာပြီး ၊ လူဦးရေ ၈ သိန်း ၆ သောင်းထက်မနည်း လျှပ်စစ်မီး မရဘဲ ဖြစ်ခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာရသူ အများအပြား ဆေးရုံတင်ရပြီး Tennessee ပြည်နယ် Chattanooga မြို့ကတော့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရပါတယ်။

လက်ရှိ ပြည်နယ်ပေါင်း ၁၀ ခုမှာ မိုးကြီးလေပြင်း ကျရောက်ပြီး၊ ရေကြီးရေလ ျှံတာတွေ ကြုံရနိုင်ကြောင်းနဲ့ လေဆင်နှာမောင်း သတိပေးချက်တွေလည်း ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ရတဲ့ Mississipi ပြည်နယ်မှာ ပြည်နယ် အုပ်ချုပ်ရေးမှူး Tate Reeves က - အီစတာ ပွဲတော်ကာလကို ဘယ်သူမှ ဒီလို မဖြစ်သန်းချင်ပါဘူးလို့ ပြောပါတယ်။ ပြည်သူတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ပေးနိုင်ဖို့ ရှိတဲ့ အရင်းအမြစ်တွေ အားလုံး သုံးစွဲ ဆောင်ရွက်နေကြောင်းနဲ့ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်းတွေ ၂၄ နာရီ လုံးလုံး တာဝန်ယူ အလုပ်လုပ်နေ ကြောင်း အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အတ္တလန်တိတ်ကမ်းရုံးတန်း ဒေသတွေမှာ ပြင်းထန်တဲ့ လေဆင်နှာမောင်း နဲ့အတူ လေပြင်းမုန်တိုင်း တိုက်ခတ်မှုတွေ၊ ရေကြီးရေလ ျှံတာတွေ ကြုံရနိုင်သေးတဲ့အကြောင်း အမေရိကန်မိုးလေဝသဌာနက သတိပေးထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-american-storm-weather-/5370780.html
အေမရိကန္ ေတာင္နဲ႔ အလယ္ပုိင္း မုန္တုိင္းေၾကာင့္ လူ ၃၀ ထက္မနည္း ေသဆုံး အေမရိကန္ ေတာင္နဲ႔ အလယ္ပုိင္း မုန္တုိင္းေၾကာင့္ လူ ၃၀ ထက္မနည္း ေသဆုံး Reviewed by THITHTOOLWIN on 20:19 Rating: 5
Powered by Blogger.