ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ ပင္စင္စားအေယာက္ ၇ဝ ကို ေစာင့္ၾကည့္ထား


(Zawgyi)⤵⤵⤵
 ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံထားရသူ လူနာ နံပါတ္ ၃၈ ျဖစ္တဲ့ အသက္ ၇၈ ႏွစ္အ႐ြယ္ အဖြားအိုဟာ ရန္ကုန္တိုင္း ၊ အင္းစိန္ၿမိဳ႕နယ္က ျမန္မာ့မီးရထား စက္ေခါင္းစက္႐ုံမွာ မတ္လ ၂၄ ရက္ေန႔က ပင္စင္သြားေရာက္ထုတ္ယူခဲ့တာပါ။

အဲ့ဒါေၾကာင့္ အဲ့ဒီေန႔မွာ ပင္စင္လာထုတ္ခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္၊ ေစ်းကုန္း အေရွ႕ရပ္ကြက္ရွိ မီးရထားဝင္းထဲမွာေနထိုင္ၾကတဲ့ ပင္စင္စား ၇ဝ ေလာက္ကို လက္ရွိ ေနအိမ္ေတြမွာ ေစာင့္ၾကည့္ေနတယ္လို႔ အဲ့ဒီရပ္ကြက္ရဲ႕ အုပ္ခ်ဳပ္ေရးမႉးက RFA ကိုေျပာပါတယ္။

ဒီေရာဂါကူးစက္ခံထားရတဲ့ အဖြားအိုဟာ ျပည္ပႏိုင္ငံေတြကို ခရီးသြားခဲ့ျခင္းမရွိဘဲ ကူးစက္ခံထားရတာလို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။အိမ္မွာပဲ အၿမဲေနေလ့ရွိတဲ့ ဒီအဘြားအိုဆီ ေရာဂါဘယ္လိုကူးစက္သလဲဆိုတာမသိရေသးဘူးလို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးက ဆက္ေျပာပါတယ္။

ရန္ကုန္တိုင္းထဲမွာ အင္းစိန္ၿမိဳ႕နယ္ဟာ ေရာဂါကူးစက္ခံထားရတဲ့သူအမ်ားဆုံးေတြ႕တဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ မတ္လထဲမွာ အင္းစိန္ၿမိဳ႕နယ္တြင္း ဘုရားေရးအခမ္းအနားတစ္ခု က်င္းပခဲ့ၿပီးေတာ့ အဲ့ဒီအခမ္းအနားတက္ေရာက္ခဲ့တဲ့သူ တခ်ိဳ႕မွာလည္း ေရာဂါပိုးေတြ႕ရွိခဲ့ပါတယ္။ ေရာဂါပိုးရွိတဲ့သူေတြနဲ႔ ထိေတြ႕ဆက္ဆံခဲ့ဖူးတဲ့သူေတြကို လိုက္လံစုံစမ္းရာမွာ အခက္အခဲေတြရွိတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးသာေအာင္က ေျပာပါတယ္။

ေရာဂါပိုးကူးစက္ခံထားရတဲ့သူေတြ ဘယ္ေလာက္မ်ားမ်ားထပ္ေတြ႕လာမလဲဆိုတာ မသိႏိုင္ေသးတာေၾကာင့္ လက္ရွိအင္းစိန္ၿမိဳ႕နယ္ထဲက GTI နည္းပညာတကၠသိုလ္အတြင္းမွာ လူ အေယာက္ ၁ဝဝ ေလာက္ထားႏိုင္မယ့္ ေစာင့္ၾကည့္ေရးစခန္းတစ္ခုကိုလည္း ျပင္ဆင္ေနပါတယ္။ ေရာဂါပိုးကူးစက္ခံထားရတဲ့သူ အမ်ားစုရွိတဲ့ အင္းစိန္ၿမိဳ႕နယ္ထဲမွာ လက္ရွိအခ်ိန္ထိ ရပ္ကြက္ေတြကို Lockdown ခ်ထားတာမ်ိဳးေတာ့မရွိေသးပါဘူး။

(ေစာဖိုးခြား) RFA Burmese
----------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်သံသယနဲ့ ပင်စင်စားအယောက် ၇ဝ ကို စောင့်ကြည့်ထား

 ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ လူနာ နံပါတ် ၃၈ ဖြစ်တဲ့ အသက် ၇၈ နှစ်အရွယ် အဖွားအိုဟာ ရန်ကုန်တိုင်း ၊ အင်းစိန်မြို့နယ်က မြန်မာ့မီးရထား စက်ခေါင်းစက်ရုံမှာ မတ်လ ၂၄ ရက်နေ့က ပင်စင်သွားရောက်ထုတ်ယူခဲ့တာပါ။

အဲ့ဒါကြောင့် အဲ့ဒီနေ့မှာ ပင်စင်လာထုတ်ခဲ့တဲ့ အင်းစိန်မြို့နယ်၊ ဈေးကုန်း အရှေ့ရပ်ကွက်ရှိ မီးရထားဝင်းထဲမှာနေထိုင်ကြတဲ့ ပင်စင်စား ၇ဝ လောက်ကို လက်ရှိ နေအိမ်တွေမှာ စောင့်ကြည့်နေတယ်လို့ အဲ့ဒီရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးက RFA ကိုပြောပါတယ်။

ဒီရောဂါကူးစက်ခံထားရတဲ့ အဖွားအိုဟာ ပြည်ပနိုင်ငံတွေကို ခရီးသွားခဲ့ခြင်းမရှိဘဲ ကူးစက်ခံထားရတာလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။အိမ်မှာပဲ အမြဲနေလေ့ရှိတဲ့ ဒီအဘွားအိုဆီ ရောဂါဘယ်လိုကူးစက်သလဲဆိုတာမသိရသေးဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

ရန်ကုန်တိုင်းထဲမှာ အင်းစိန်မြို့နယ်ဟာ ရောဂါကူးစက်ခံထားရတဲ့သူအများဆုံးတွေ့တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လထဲမှာ အင်းစိန်မြို့နယ်တွင်း ဘုရားရေးအခမ်းအနားတစ်ခု ကျင်းပခဲ့ပြီးတော့ အဲ့ဒီအခမ်းအနားတက်ရောက်ခဲ့တဲ့သူ တချို့မှာလည်း ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ ရောဂါပိုးရှိတဲ့သူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတဲ့သူတွေကို လိုက်လံစုံစမ်းရာမှာ အခက်အခဲတွေရှိတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ပြောပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့သူတွေ ဘယ်လောက်များများထပ်တွေ့လာမလဲဆိုတာ မသိနိုင်သေးတာကြောင့် လက်ရှိအင်းစိန်မြို့နယ်ထဲက GTI နည်းပညာတက္ကသိုလ်အတွင်းမှာ လူ အယောက် ၁ဝဝ လောက်ထားနိုင်မယ့် စောင့်ကြည့်ရေးစခန်းတစ်ခုကိုလည်း ပြင်ဆင်နေပါတယ်။ ရောဂါပိုးကူးစက်ခံထားရတဲ့သူ အများစုရှိတဲ့ အင်းစိန်မြို့နယ်ထဲမှာ လက်ရှိအချိန်ထိ ရပ်ကွက်တွေကို Lockdown ချထားတာမျိုးတော့မရှိသေးပါဘူး။

(စောဖိုးခွား) RFA Burmese
https://www.facebook.com/rfaburmese/
ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ ပင္စင္စားအေယာက္ ၇ဝ ကို ေစာင့္ၾကည့္ထား ကို႐ိုနာဗိုင္းရပ္စ္သံသယနဲ႔ ပင္စင္စားအေယာက္ ၇ဝ ကို ေစာင့္ၾကည့္ထား Reviewed by THITHTOOLWIN on 07:22 Rating: 5
Powered by Blogger.