ဟိႏၵဴဘုရားပြဲက်င္းပသူေတြကို အိႏၵိယမွာ တရားစြဲဆို

ဟိႏၵဴဘုရားပြဲမွာ ပန္းရထားနဲ႔ဘုရားလွည့္လာစဥ္
(Zawgyi)⤵⤵⤵
ဟိႏၵဴဘုရားပြဲ ျပဳလုပ္ခြင့္ေပးခဲ့တဲ့ အတြက္ ဧၿပီ ၁၆ ရက္ ၾကာသပေတးေန႔မွာ ေဒသႏၲရတရားသူႀကီးတဦးနဲ႔ ရဲအရာရွိတဦးကို ရာထူးကရပ္နားလိုက္ပါတယ္။

အဲဒီဟိႏၵဴဘုရားပြဲဟာ ပန္းရထားနဲ႔လွည့္လည္ခဲ့တာျဖစ္ၿပီး ပါဝင္ဆင္ႏႊဲသူအမ်ားအျပားရွိခဲ့ပါတယ္။

ဘုရားေဂါပကလူႀကီးေတြနဲ႔ တျခားလူေပါင္း ၂၀ ကိုလည္း အမႈဖြင့္ထားတယ္လို႔ ရဲက ဘီဘီစီကို ေျပာပါတယ္။

လူမႈကြန္ရက္ေပၚမွာ ဘုရားပြဲ လူအုပ္ႀကီးရဲ႕ ဓာတ္ပုံတက္လာတဲ့အခါ လူအမ်ားအျပားကို ေဒါသထြက္ေစခဲ့ပါတယ္။

ၿမိဳ႕ေတာ္ေဒလီမွာ မူဆလင္ ဘာသာေရး အခမ္းအနားတခုေၾကာင့္ ကိုဗစ္-၁၉ ကူးစက္ျပန္႔ပြားမႈ ျဖစ္ခဲ့ေၾကာင္း သိရွိခဲ့ရၿပီးေနာက္ သီတင္းပတ္ အနည္းငယ္အၾကာမွာ အခုဟိႏၵဴဘုရားပြဲ က်င္းပခဲ့တာပါ။

ဘုရားပြဲလုပ္ခဲ့တဲ့ ကာဘူရာဂီခ႐ိုင္ ရီဗူး ေက်း႐ြာကို အခုခ်ိပ္ပိတ္လိုက္ပါၿပီ။ အထူးေဆးအဖြဲ႕တဖြဲ႕လည္း အျမန္သြားေရာက္ၿပီး အေရးေပၚဖ်ားနာကုသေဆးခန္း ဖြင့္လွစ္ထားတယ္လို႔ ခ႐ိုင္လက္ေထာက္ေကာ္မရွင္နာက ဘီဘီစီကို ေျပာပါတယ္။

ကာဘူရာဂီခ႐ိုင္ဟာ အိႏၵိယမွာ ကို႐ိုနာထိၿပီး ပထမဆုံးလူေသဆုံးခဲ့တဲ့ေနရာ ျဖစ္ပါတယ္။ ထိန္းခ်ဳပ္နယ္ေျမအျဖစ္ ပထမဆုံးကန္႔သတ္ၿပီး ေရာဂါကူးစက္တဲ့ ေက်း႐ြာအခ်ိဳ႕ ကို အဦးဆုံး ပိတ္ဆို႔ခ်ိပ္ပိတ္ခဲ့ရတဲ့ ေနရာလည္းျဖစ္ပါတယ္။

ရီဗူးနဲ႔ ႐ြာနီးခ်င္းေက်း႐ြာဟာလည္း ၂ ႏွစ္သားကေလးငယ္တဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕ရွိခဲ့တဲ့အတြက္ ေက်း႐ြာကို ခ်ိပ္ပိတ္ထားရပါတယ္။

ဘုရားေဂါပကလူႀကီးေတြဟာ ဘုရားပြဲမလုပ္ေတာ့ပါဘူးလို႔ ႀကိဳတင္အာမခံထားၿပီးကာမွ လုပ္ခဲ့တာလို႔ ျပည္နယ္လႊတ္ေတာ္အမတ္ ပရီယန္႔ခါဂီက ဘီဘီစီကို ေျပာပါတယ္။

ဗုဒၶဟူး ညေနပိုင္းအထိဘာသာေရးေခါင္းေဆာင္ ေဂါပကအနည္းငယ္နဲ႔အတူ ပုံမွန္ေန႔စဥ္ဝတ္ျပဳပြဲကို လူအနည္းငယ္နဲ႔ လုပ္ခဲ့ပါတယ္။

ေနာက္တေန႔မနက္မွာေတာ့ ဘုရားပင့္ေဆာင္ထားတဲ့ ပန္းရထားဟာ ဘုရားေက်ာင္းထဲကထြက္လာခဲ့ပါတယ္။ ပန္းရထားကို လူေပါင္း ရာနဲ႔ခ်ီပင့္ေဆာင္ခဲ့တယ္လို႔အရာရွိတဦးကျပန္ေျပာျပပါတယ္။

ဘုရားပြဲပါဝင္ဆင္ႏႊဲသူစုစုေပါင္းဟာလည္း ၁၀၀၀ ေလ်ာ့ေလ်ာ့ေလာက္ရွိမယ္လို႔ ခန္႔မွန္းၾကပါတယ္။

BBC Burmese
-----------------------------------------------
(Unicode)⤵⤵⤵
ဟိန္ဒူဘုရားပွဲကျင်းပသူတွေကို အိန္ဒိယမှာ တရားစွဲဆို

ဟိန္ဒူဘုရားပွဲ ပြုလုပ်ခွင့်ပေးခဲ့တဲ့ အတွက် ဧပြီ ၁၆ ရက် ကြာသပတေးနေ့မှာ ဒေသန္တရတရားသူကြီးတဦးနဲ့ ရဲအရာရှိတဦးကို ရာထူးကရပ်နားလိုက်ပါတယ်။

အဲဒီဟိန္ဒူဘုရားပွဲဟာ ပန်းရထားနဲ့လှည့်လည်ခဲ့တာဖြစ်ပြီး ပါဝင်ဆင်နွှဲသူအများအပြားရှိခဲ့ပါတယ်။

ဘုရားဂေါပကလူကြီးတွေနဲ့ တခြားလူပေါင်း ၂၀ ကိုလည်း အမှုဖွင့်ထားတယ်လို့ ရဲက ဘီဘီစီကို ပြောပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ဘုရားပွဲ လူအုပ်ကြီးရဲ့ ဓာတ်ပုံတက်လာတဲ့အခါ လူအများအပြားကို ဒေါသထွက်စေခဲ့ပါတယ်။

မြို့တော်ဒေလီမှာ မူဆလင် ဘာသာရေး အခမ်းအနားတခုကြောင့် ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ဖြစ်ခဲ့ကြောင်း သိရှိခဲ့ရပြီးနောက် သီတင်းပတ် အနည်းငယ်အကြာမှာ အခုဟိန္ဒူဘုရားပွဲ ကျင်းပခဲ့တာပါ။

ဘုရားပွဲလုပ်ခဲ့တဲ့ ကာဘူရာဂီခရိုင် ရီဗူး ကျေးရွာကို အခုချိပ်ပိတ်လိုက်ပါပြီ။ အထူးဆေးအဖွဲ့တဖွဲ့လည်း အမြန်သွားရောက်ပြီး အရေးပေါ်ဖျားနာကုသဆေးခန်း ဖွင့်လှစ်ထားတယ်လို့ ခရိုင်လက်ထောက်ကော်မရှင်နာက ဘီဘီစီကို ပြောပါတယ်။

ကာဘူရာဂီခရိုင်ဟာ အိန္ဒိယမှာ ကိုရိုနာထိပြီး ပထမဆုံးလူသေဆုံးခဲ့တဲ့နေရာ ဖြစ်ပါတယ်။ ထိန်းချုပ်နယ်မြေအဖြစ် ပထမဆုံးကန့်သတ်ပြီး ရောဂါကူးစက်တဲ့ ကျေးရွာအချို့ ကို အဦးဆုံး ပိတ်ဆို့ချိပ်ပိတ်ခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

ရီဗူးနဲ့ ရွာနီးချင်းကျေးရွာဟာလည်း ၂ နှစ်သားကလေးငယ်တဦးမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အတွက် ကျေးရွာကို ချိပ်ပိတ်ထားရပါတယ်။

ဘုရားဂေါပကလူကြီးတွေဟာ ဘုရားပွဲမလုပ်တော့ပါဘူးလို့ ကြိုတင်အာမခံထားပြီးကာမှ လုပ်ခဲ့တာလို့ ပြည်နယ်လွှတ်တော်အမတ် ပရီယန့်ခါဂီက ဘီဘီစီကို ပြောပါတယ်။

ဗုဒ္ဓဟူး ညနေပိုင်းအထိဘာသာရေးခေါင်းဆောင် ဂေါပကအနည်းငယ်နဲ့အတူ ပုံမှန်နေ့စဉ်ဝတ်ပြုပွဲကို လူအနည်းငယ်နဲ့ လုပ်ခဲ့ပါတယ်။

နောက်တနေ့မနက်မှာတော့ ဘုရားပင့်ဆောင်ထားတဲ့ ပန်းရထားဟာ ဘုရားကျောင်းထဲကထွက်လာခဲ့ပါတယ်။ ပန်းရထားကို လူပေါင်း ရာနဲ့ချီပင့်ဆောင်ခဲ့တယ်လို့အရာရှိတဦးကပြန်ပြောပြပါတယ်။

ဘုရားပွဲပါဝင်ဆင်နွှဲသူစုစုပေါင်းဟာလည်း ၁၀၀၀ လျော့လျော့လောက်ရှိမယ်လို့ ခန့်မှန်းကြပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52325362
ဟိႏၵဴဘုရားပြဲက်င္းပသူေတြကို အိႏၵိယမွာ တရားစြဲဆို ဟိႏၵဴဘုရားပြဲက်င္းပသူေတြကို အိႏၵိယမွာ တရားစြဲဆို Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.