ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ မညီမွ်မႈေတြနဲ႔ ဖိႏွိပ္မႈေတြ တိုးလာမယ့္အေရး ကုလသတိေပး

ကုလသမဂၢ လူ႔အခြင့္အေရး ေကာ္မရွင္နာမင္းႀကီး Michelle Bachelet. (စက္တင္ဘာ ၉၊ ၂၀၁၉)
(Zawgyi / Unicode)

ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါႀကီးေၾကာင့္ တည္ရွိဆဲ မညီမၽွမႈေတြ ပိုၿပီး ႀကီးထြားလာဖြယ္ရွိတယ္လို႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ေကာ္မရွင္နာ မင္းႀကီး Michelle Bachelet က သတိေပးလိုက္ပါတယ္။ အေရးေပၚ က်န္းမာေရး အေျခအေနကို အေၾကာင္းျပၿပီး ဖိႏွိပ္မႈေတြနဲ႔ အာဏာႀကီးထြားေအာင္ လုပ္ေနတဲ့ အစိုးရေတြကိုလည္း သူက ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္။ ဒီအေၾကာင္းနဲ႔ ပတ္သက္လုိ႔ ဗြီအိုေအသတင္းေထာက္ Lisa Schlein ဂ်ီနီဗာၿမိဳ႕က ေပးပို႔တဲ့သတင္းကို ကိုရဲမင္းထြန္းက တင္ျပေပးထားပါတယ္။

ကပ္ေရာဂါကို တုံ႔ျပန္တဲ့ အေရးေပၚအေျခအေန အေရးယူ ေဆာင္ရြက္ခ်က္ေတြကို တလြဲအသုံးျပဳေနတဲ့ အစိုးရေတြေၾကာင့္ ႏုိင္ငံသားနဲ႔ ႏုိင္ငံေရး အခြင့္အေရးေတြ ခ်ိဳးေဖာက္ခံရဖို႔ အႏၲရာယ္ ရွိေနတယ္လို႔ လူ႔အခြင့္အေရးဆိုင္ရာ ေကာ္မရွင္နာမင္းႀကီး Michelle Bachelet က ေျပာပါတယ္။ အေရးေပၚ အေျခအေနဟာ လူ႔အခြင့္အေရးကို လ်စ္လ်ဴ႐ႈၿပီး လုပ္ခ်င္တာလုပ္ဖို႔ ခြင့္ျပဳထားတာ မဟုတ္ဘူးလို႔လည္း သူက ဆိုပါတယ္။

“အတားဆီးမဲ့ ေပးထားတဲ့ အေရးေပၚ အာဏာေတြကို လက္ခံက်င့္သုံးေနတဲ့ ႏုိင္ငံတခ်ဳိ႕အတြက္ က်မ အႀကီးအက်ယ္ စိတ္ပူမိတယ္။ တခ်ဳိ႕ဆိုရင္ ကပ္ေရာဂါကို ဗန္းျပၿပီး လုပ္႐ုိးလုပ္စဥ္ ဥပေဒေတြကို ဖိႏွိပ္ခ်ဳပ္ခ်ယ္ေရး ဥပေဒေတြအျဖစ္ ေျပာင္းပစ္တာေတြရွိတယ္။ မီဒီယာလြတ္လပ္ခြင့္နဲ႔ လြတ္လပ္စြာ ေျပာဆိုခြင့္ေတြကို ကန္႔သတ္ေနတာေတြကိုလည္း စိုးရိမ္မိပါတယ္” လုိ႔ ေျပာသြားတာပါ။

ကူးစက္ေရာဂါကို အစိုးရေတြ ကိုင္တြယ္ပုံ မဟုတ္လို႔ ေဝဖန္မိတာေၾကာင့္ သတင္းေထာက္ေတြ၊ က်န္းမာေရးဝန္ထမ္းေတြ၊ အစိုးရ တာဝန္ရွိသူေတြနဲ႔ သာမန္ျပည္သူေတြပါ အျပစ္ေပးခံေနၾကရေၾကာင္း၊ ဒီကပ္ေရာဂါ အက်ပ္အတည္းထဲ အမုန္းတရားေတြနဲ႔ ခြဲျခားဆက္ဆံမႈေတြ ရွိသလို ဒီေရာဂါေၾကာင့္ ရန္ျပဳခံေနရတာေတြ ရွိတယ္လို႔လည္း ဆိုပါတယ္။

“အားလုံးအတြက္ အသက္အႏၲရာယ္ရွိေနတဲ့ အခ်ိန္မွာ အမ်ိဳးသားေရးလုပ္ဖို႔နဲ႔ ဓားစာခံရွာေနဖို႔ အခ်ိန္မရွိပါဘူး။ ေရႊ႕ေျပာင္းဝင္ေရာက္သူေတြနဲ႔ လူနည္းစုေတြ အေပၚ အျပစ္တင္ေနတာေတြ ရွိပါတယ္။ အေရွ႕အာရွႏြယ္ဖြားေတြအေပၚ ႏႈတ္နဲ႔ေရာ ကိုယ္ထိလက္ေရာက္ပါ ရန္ရွာတိုက္ခိုက္ေနတာေတြ ရွိေနပါတယ္။ ဒါေတြကို တုံ႔ျပန္အေရးယူဖို႔ လိုပါတယ္” လုိ႔ သူက ေျပာပါတယ္။

ကပ္ေရာဂါတားဆီးဖို႔ အသြားအလာေတြ ပိတ္ထားတာဟာ တေန႔ေတာ့ ၿပီးေပ်ာက္သြားမွာျဖစ္လို႔ အစိုးရေတြအေနနဲ႔ ကပ္ေရာဂါအလြန္ စီးပြားေရး နာလံထူေရးနဲ႔ လူ႔အခြင့္အေရး ကာကြယ္ေရး ကိစၥေတြအတြက္ ျပင္ဆင္ထားသင့္တယ္လို႔ သူက ေျပာပါတယ္။

ဒီကပ္ေရာဂါဟာ မညီမၽွမႈေတြကို ပိုၿပီး ဆိုးရြားႀကီးထြားေစမွာျဖစ္ၿပီး အမ်ိဳးသမီးေတြ၊ ဆင္းရဲႏြမ္းပါးသူေတြ၊ မသန္စြမ္းသူေတြနဲ႔ အကာအကြယ္မဲ့သူေတြအတြက္ အႏၲရာယ္အရွိဆုံး ျဖစ္လိမ့္မယ္လို႔ သူက သတိေပးပါတယ္။

ကပ္ေရာဂါေၾကာင့္ ႐ုိက္ခတ္တဲ့ စီးပြားေရးနဲ႔ လူမႈေရး ဂယက္ဒဏ္ကိုလည္း ဒီလူေတြပဲ အမ်ားဆုံး ခံစားရလိမ့္မယ္လို႔လည္း သတိေပး ေျပာၾကားသြားပါတယ္။

ရဲမင္းထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မညီမျှမှုတွေနဲ့ ဖိနှိပ်မှုတွေ တိုးလာမယ့်အရေး ကုလသတိပေး

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးကြောင့် တည်ရှိဆဲ မညီမျှမှုတွေ ပိုပြီး ကြီးထွားလာဖွယ်ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာ မင်းကြီး Michele Bachelet က သတိပေးလိုက်ပါတယ်။ အရေးပေါ် ကျန်းမာရေး အခြေအနေကို အကြောင်းပြပြီး ဖိနှိပ်မှုတွေနဲ့ အာဏာကြီးထွားအောင် လုပ်နေတဲ့ အစိုးရတွေကိုလည်း သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Lisa Schlein ဂျီနီဗာမြို့က ပေးပို့တဲ့သတင်းကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။

ကပ်ရောဂါကို တုံ့ပြန်တဲ့ အရေးပေါ်အခြေအနေ အရေးယူ ဆောင်ရွက်ချက်တွေကို တလွဲအသုံးပြုနေတဲ့ အစိုးရတွေကြောင့် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးတွေ ချိုးဖောက်ခံရဖို့ အန္တရာယ် ရှိနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Michele Bachelet က ပြောပါတယ်။ အရေးပေါ် အခြေအနေဟာ လူ့အခွင့်အရေးကို လျစ်လျူရှုပြီး လုပ်ချင်တာလုပ်ဖို့ ခွင့်ပြုထားတာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

“အတားဆီးမဲ့ ပေးထားတဲ့ အရေးပေါ် အာဏာတွေကို လက်ခံကျင့်သုံးနေတဲ့ နိုင်ငံတချို့အတွက် ကျမ အကြီးအကျယ် စိတ်ပူမိတယ်။ တချို့ဆိုရင် ကပ်ရောဂါကို ဗန်းပြပြီး လုပ်ရိုးလုပ်စဉ် ဥပဒေတွေကို ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေတွေအဖြစ် ပြောင်းပစ်တာတွေရှိတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့်တွေကို ကန့်သတ်နေတာတွေကိုလည်း စိုးရိမ်မိပါတယ်” လို့ ပြောသွားတာပါ။

ကူးစက်ရောဂါကို အစိုးရတွေ ကိုင်တွယ်ပုံ မဟုတ်လို့ ဝေဖန်မိတာကြောင့် သတင်းထောက်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရ တာဝန်ရှိသူတွေနဲ့ သာမန်ပြည်သူတွေပါ အပြစ်ပေးခံနေကြရကြောင်း၊ ဒီကပ်ရောဂါ အကျပ်အတည်းထဲ အမုန်းတရားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ရှိသလို ဒီရောဂါကြောင့် ရန်ပြုခံနေရတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

“အားလုံးအတွက် အသက်အန္တရာယ်ရှိနေတဲ့ အချိန်မှာ အမျိုးသားရေးလုပ်ဖို့နဲ့ ဓားစာခံရှာနေဖို့ အချိန်မရှိပါဘူး။ ရွှေ့ပြောင်းဝင်ရောက်သူတွေနဲ့ လူနည်းစုတွေ အပေါ် အပြစ်တင်နေတာတွေ ရှိပါတယ်။ အရှေ့အာရှနွယ်ဖွားတွေအပေါ် နှုတ်နဲ့ရော ကိုယ်ထိလက်ရောက်ပါ ရန်ရှာတိုက်ခိုက်နေတာတွေ ရှိနေပါတယ်။ ဒါတွေကို တုံ့ပြန်အရေးယူဖို့ လိုပါတယ်” လို့ သူက ပြောပါတယ်။

ကပ်ရောဂါတားဆီးဖို့ အသွားအလာတွေ ပိတ်ထားတာဟာ တနေ့တော့ ပြီးပျောက်သွားမှာဖြစ်လို့ အစိုးရတွေအနေနဲ့ ကပ်ရောဂါအလွန် စီးပွားရေး နာလံထူရေးနဲ့ လူ့အခွင့်အရေး ကာကွယ်ရေး ကိစ္စတွေအတွက် ပြင်ဆင်ထားသင့်တယ်လို့ သူက ပြောပါတယ်။

ဒီကပ်ရောဂါဟာ မညီမျှမှုတွေကို ပိုပြီး ဆိုးရွားကြီးထွားစေမှာဖြစ်ပြီး အမျိုးသမီးတွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ မသန်စွမ်းသူတွေနဲ့ အကာအကွယ်မဲ့သူတွေအတွက် အန္တရာယ်အရှိဆုံး ဖြစ်လိမ့်မယ်လို့ သူက သတိပေးပါတယ်။

ကပ်ရောဂါကြောင့် ရိုက်ခတ်တဲ့ စီးပွားရေးနဲ့ လူမှုရေး ဂယက်ဒဏ်ကိုလည်း ဒီလူတွေပဲ အများဆုံး ခံစားရလိမ့်မယ်လို့လည်း သတိပေး ပြောကြားသွားပါတယ်။

ရဲမင်းထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/coronavirus-un-m…/5369428.html
ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ မညီမွ်မႈေတြနဲ႔ ဖိႏွိပ္မႈေတြ တိုးလာမယ့္အေရး ကုလသတိေပး ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ မညီမွ်မႈေတြနဲ႔ ဖိႏွိပ္မႈေတြ တိုးလာမယ့္အေရး ကုလသတိေပး Reviewed by THITHTOOLWIN on 09:19 Rating: 5
Powered by Blogger.