အေမရိကန္ ပံုမွန္ ျပန္လည္ လည္ပတ္ဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ထိပ္တန္းပညာရွင္ အႀကံျပဳ

နယူးေယာက္တြင္ လူနာတဦးကုိ အေရးေပၚခန္းသုိ႔ သယ္ေဆာင္လာသည့္ က်န္းမာေရးဝန္ထမ္းတဦး။ (ဧၿပီ ၇၊ ၂၀၂၀)
(Zawgyi / Unicode)

အေမရိကန္အစိုးရအေနနဲ႔ ေမလ ၁ ရက္ေန႔မွာ ပံုမွန္ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္စတင္ဖြင့္လွစ္ဖို႔ ႀကိဳးစားမယ္ဆိုရင္ ကို႐ုိနာဗိုင္းရပ္စ္ ေနာက္ထပ္ကူးစက္ ပ်ံ႕ႏွံ႔မယ့္ အႏၱရာယ္ သိပ္ၿပီးႀကီးမားမယ္လို႔ အေမရိကန္ ကူးစက္ေရာဂါ ထိပ္တန္းကြ်မ္းက်င္ပညာရွင္ Anthony Fauci က သတိေပးလိုက္ပါတယ္။

သမၼတ Trump က ဗိုင္းရပ္စ္ကူးစက္မႈေတြေၾကာင့္ ပိတ္ထားရတဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ အသြားအလာ တားျမစ္မႈေတြကို ေမလ ၁ ရက္ေန႔မွာ ျပန္ဖြင့္ဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

ဗိုင္းရပ္စ္ကာကြယ္ေရးအတြက္ ဧၿပီလ ၃၀ ရက္ေန႔ထိ လူေတြ တဦးနဲ႔တဦး ေ၀းေ၀းေနဖို႔၊ အိမ္ျပင္မထြက္ၾကဖို႔ အေမရိကန္အစိုးရက အႀကံေပး ညႊန္ၾကားထားသလိုမ်ဳိး အေမရိကန္ စီးပြားေရးလုပ္ငန္းေတြကို အဲဒီေနာက္ပိုင္းမွာ ျပန္လည္စတင္ဖို႔ဆိုတာ မီးခလုတ္ အဖြင့္အပိတ္လုပ္သလိုမ်ဳိး လြယ္ကူတဲ့ ကိစၥမဟုတ္ဘူးလို႔ Fauci က CNN သတင္းဌာနနဲ႔ တနဂၤေႏြေန႔က ေတြ႔ဆံုေမးျမန္းခန္းမွာ ေျပာဆိုခဲ့ပါတယ္။

အနည္းဆံုးေတာ့ လာမယ့္ ေမလအတြင္း အေမရိကန္ျပည္ေထာင္စုမွာ လူေတြ ပံုမွန္ ေန႔စဥ္အလုပ္ျပန္လုပ္ဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနေပမယ့္ ေရာဂါကူးစက္ခံရတဲ့ ျပည္နယ္ေတြရဲ႕ အေျခအေန ဘယ္ေလာက္ဆိုးရြားမႈ ရွိမရွိဆိုတဲ့ အေပၚမွာ မူတည္လိမ့္မယ္လို႔ ေဒါက္တာ Fauci က ဆိုပါတယ္။

ျပည္နယ္ေတြအလိုက္ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ခံရသူ အေရအတြက္နဲ႔ စမ္းသပ္စစ္ေဆးခ်က္ေတြအရ အမ်ားစု ကူးစက္ခံရမႈ မရွိဘူးဆိုတဲ့ အေျခအေန ေနရာေဒသအလုိက္ေပၚ မူတည္မွာျဖစ္တယ္လို႔ သူကေျပာပါတယ္။

အခုလို အထူးသတိထားေစာင့္ၾကည့္ လုပ္ကိုင္ေနေပမယ့္လည္း လူေတြမွာ ကို႐ုိနာဗိုင္းရပ္စ္ ဆက္ၿပီး ကူးစက္ဖို႔ ရွိေနလိမ့္မယ္လို႔ ျဖစ္တယ္လို႔ Anthony Fauci က သတိေပးပါတယ္။

လက္ရွိ အေမရိကန္ျပည္ေထာင္စုမွာ ကို႐ုိနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူေပါင္း ၂၀,၀၀၀ ရွိေနၿပီး တကမၻာလံုးမွာ ေသဆံုးအေရအတြက္ အမ်ားဆံုးႏိုင္ငံ ျဖစ္ေနပါတယ္။ ကူးစက္ခံရသူေပါင္း ၅၃၄,၀၀၀ ေက်ာ္ ရွိေနပါတယ္။ ဒါ့အျပင္ အေမရိကန္မွာ လာမယ့္ ဇူလိုင္လအထိ ေနာက္ထပ္ ေသဆံုးသူေပါင္း ၆၀,၀၀၀ ဒါမွမဟုတ္ ဒီထက္မက ရွိေနလိမ့္မယ္လို႔ အေမရိကန္ က်န္းမာေရးပညာရွင္ေတြက ခန္႔မွန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------

(Unicode)

အမေရိကန် ပုံမှန် ပြန်လည် လည်ပတ်ဖို့ အချိန်မတန်သေးဘူးလို့ ထိပ်တန်းပညာရှင် အကြံပြု

အမေရိကန်အစိုးရအနေနဲ့ မေလ ၁ ရက်နေ့မှာ ပုံမှန် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖွင့်လှစ်ဖို့ ကြိုးစားမယ်ဆိုရင် ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက် ပျံ့နှံ့မယ့် အန္တရာယ် သိပ်ပြီးကြီးမားမယ်လို့ အမေရိကန် ကူးစက်ရောဂါထိပ်တန်းကျွမ်းကျင်ပညာရှင် Anthony Fauci က သတိပေးလိုက်ပါတယ်။

သမ္မတ Trump က ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ပိတ်ထားရတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အသွားအလာ တားမြစ်မှုတွေကို မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ဧပြီလ ၃၀ ရက်နေ့ထိ လူတွေ တဦးနဲ့တဦး ဝေးဝေးနေဖို့၊ အိမ်ပြင်မထွက်ကြဖို့ အမေရိကန်အစိုးရက အကြံပေး ညွှန်ကြားထားသလိုမျိုး အမေရိကန် စီးပွားရေးလုပ်ငန်းတွေကို အဲဒီနောက်ပိုင်းမှာ ပြန်လည်စတင်ဖို့ဆိုတာ မီးခလုတ် အဖွင့်အပိတ်လုပ်သလိုမျိုး လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူးလို့ Fauci က CNN သတင်းဌာနနဲ့ တနင်္ဂနွေနေ့က တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

အနည်းဆုံးတော့ လာမယ့် မေလအတွင်း အမေရိကန်ပြည်ထောင်စုမှာ လူတွေပုံမှန် နေ့စဉ်အလုပ်ပြန်လုပ်ဖို့ မျှော်လင့်ချက်ရှိနေပေမယ့် ရောဂါကူးစက်ခံရတဲ့ ပြည်နယ်တွေရဲ့ အခြေအနေ ဘယ်လောက်ဆိုးရွားမှု ရှိမရှိဆိုတဲ့ အပေါ်မှာ မူတည်လိမ့်မယ်လို့ ဒေါက်တာ Fauci က ဆိုပါတယ်။

ပြည်နယ်တွေအလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အရေအတွက်နဲ့ စမ်းသပ်စစ်ဆေးချက်တွေအရ အများစု ကူးစက်ခံရမှု မရှိဘူးဆိုတဲ့ အခြေအနေ နေရာဒေသအလိုက်ပေါ် မူတည်မှာဖြစ်တယ်လို့ သူကပြောပါတယ်။

အခုလို အထူးသတိထားစောင့်ကြည့် လုပ်ကိုင်နေပေမယ့်လည်း လူတွေမှာ ကိုရိုနာဗိုင်းရပ်စ် ဆက်ပြီး ကူးစက်ဖို့ ရှိနေလိမ့်မယ်လို့ ဖြစ်တယ်လို့ Anthony Fauci က သတိပေးပါတယ်။

လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၂၀,၀၀၀ ရှိနေပြီး တကမ္ဘာလုံးမှာ သေဆုံးအရေအတွက် အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ကူးစက်ခံရသူပေါင်း ၅၃၄,၀၀၀ ကျော် ရှိနေပါတယ်။ ဒါ့အပြင် အမေရိကန်မှာ လာမယ့် ဇူလိုင်လအထိ နောက်ထပ် သေဆုံးသူပေါင်း ၆၀,၀၀၀ ဒါမှမဟုတ် ဒီထက်မက ရှိနေလိမ့်မယ်လို့ အမေရိကန် ကျန်းမာရေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-covid19/5369410.html
အေမရိကန္ ပံုမွန္ ျပန္လည္ လည္ပတ္ဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ထိပ္တန္းပညာရွင္ အႀကံျပဳ အေမရိကန္ ပံုမွန္ ျပန္လည္ လည္ပတ္ဖို႔ အခ်ိန္မတန္ေသးဘူးလို႔ ထိပ္တန္းပညာရွင္ အႀကံျပဳ Reviewed by THITHTOOLWIN on 09:20 Rating: 5
Powered by Blogger.