

(Zawgyi)⤵⤵⤵
ဆားလင်းကြီး၊ ဧပြီ-၂၇


ကလေးငယ်အားလုံးသည် ယောကျာင်္းလေးများဖြစ်ပြီး ကိုယ်အလေးချိန် ၆ ပေါင်ဆီရှိကာ တစ်ဦးလျင် တစ်မိနစ်ခြားဆီ မွေးဖွားပေးနိုင်ခဲ့သည်။


မွေးလူနာအမျိုးသမီးကို ဆရာဝန် ဒေါက်တာ ဇော်မျိုးနိုင်နှင့်အတူအကူသူနာပြုဆရာမ ဒေါ်နွဲ့နွဲ့ခိုင်၊ဒေါ်ထားထားစိုးနှင့် သားဖွားဆရာမများဖြစ်ကြသော ဒေါ်ဋ္ဌေးမြ၊ဒေါ်နွယ်သဇင်စိုးတို့ ကမွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

သုံးမွှာကလေးငယ်များကို မွေးဖွားခဲ့သော မိခင်မှာ ယင်းမာပင်မြို့နယ်မြင်သာ ကုန်းရွာမှ အသက်၂၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ယခင် သားဦးမှာလည်း ယောကျာင်္းလေးပင်ဖြစ်ကြောင်း သိရသည်။

Monywa Gazette
----------------------------------------

(Unicode)⤵⤵⤵
ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံတွင် သုံးမွှာကလေးမွေးဖွား

ဆားလင်းကြီး၊ ဧပြီ-၂၇

ဆားလင်းကြီးမြို့နယ် မတောင့်တရွာ ၁၆ ကုတင်ဆံ့ တိုက်နယ် ဆေးရုံတွင် ယမန်နေ့ ၁၂ နာရီကျော်က သုံးမွှားပူးကလေးငယ်များကို ဆရာဝန်များမှ အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့သည်။

ကလေးငယ်အားလုံးသည် ယောကျာၤးလေးများဖြစ်ပြီး ကိုယ်အလေးချိန် ၆ ပေါင်ဆီရှိကာ တစ်ဦးလျင် တစ်မိနစ်ခြားဆီ မွေးဖွားပေးနိုင်ခဲ့သည်။

“အမ်ထရာဆောင်း ရိုက်တုန်းက နှစ်မွှာပေါ့၊ခွဲမွေးမှ သုံးမွှာဖြစ်နေတာ၊မိခင်ရော ကလေးတွေပါ အားလုံးကျန်းမာပါတယ်၊အရင် ဒီဆေးရုံမှာ သုံးမွှာထိ မွေးဖူးတာ မရှိဘူး “ဟု တိုက်နယ်ဆေးရုံ ဆရာဝန် ဒေါက်တာဇော်မျိုးနိုင်က ပြောသည်။

မွေးလူနာအမျိုးသမီးကို ဆရာဝန် ဒေါက်တာ ဇော်မျိုးနိူင်နှင့်အတူအကူသူနာပြုဆရာမ ဒေါ်နွဲ့နွဲ့ခိုင်၊ဒေါ်ထားထားစိုးနှင့် သားဖွားဆရာမများဖြစ်ကြသော ဒေါ်ဋ္ဌေးမြ၊ဒေါ်နွယ်သဇင်စိုးတို့ ကမွေးဖွားပေးခဲ့ခြင်းဖြစ်သည်။

သုံးမွှာကလေးငယ်များကို မွေးဖွားခဲ့သော မိခင်မှာ ယင်းမာပင်မြို့နယ်မြင်သာ ကုန်းရွာမှ အသက်၂၁ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ယခင် သားဦးမှာလည်း ယောကျာၤးလေးပင်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-ဇော်မျိုးနိုင်
Monywa Gazette
http://monywagazette.com.mm/
ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံတွင် သုံးမွှာကလေးမွေးဖွား ဆားလင်းကြီးမြို့နယ် တိုက်နယ်ဆေးရုံတွင် သုံးမွှာကလေးမွေးဖွား Reviewed by THITHTOOLWIN on 23:12 Rating: 5
Powered by Blogger.