ႏိုဝင္ဘာလမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ေကာ္မရွင္တာဝန္ရွိသူေျပာ


(Zawgyi)⤵⤵⤵
 အေထြေထြေ႐ြးေကာက္ပြဲကို လာမယ့္ ႏိုဝင္ဘာလမွာ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က ဧၿပီ ၂၈ရက္ ဒီေန႔မွာ ေကာ္မရွင္ရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာက တဆင့္ ေျပာလိုက္ပါတယ္။

လႊတ္ေတာ္သက္တမ္းကို ငါးႏွစ္လို႔ သတ္မွတ္ထားတဲ့အျပင္ အေထြေထြ ေ႐ြးေကာက္ပြဲက်င္းပၿပီး ရက္ေပါင္း ၉၀ အတြင္း လႊတ္ေတာ္အစည္းအေဝး ေခၚဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပဌာန္းထားတာျဖစ္လို႔ ၿပီးခဲ့တဲ့ ၂၀၁၀ နဲ႔ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲေတြကို ႏိုဝင္ဘာလေတြမွာ က်င္းပခဲ့ၿပီး အဲဒီနမူနာအတိုင္း ၂၀၂၀ ေ႐ြးေကာက္ပြဲကိုလည္း က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ သူကေျပာခဲ့တာပါ။

က်င္းပမယ့္အခ်ိန္ကို အတိအက် ထုတ္ေဖာ္ေျပာတာ မရွိေပမယ့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ ေကာ္မရွင္က တစ္စုံတစ္ရာ မေၾကညာတဲ့အတြက္ စိုးရိမ္ေနတယ္ဆိုတာေၾကာင့္ အခုလို အသိေပးတာလို႔ ေျပာခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲ ရက္ေၾကညာဖို႔အတြက္ ဆႏၵေစာလို႔ မရေၾကာင္းနဲ႔ ေကာ္မရွင္က မေၾကညာေသးရင္လည္း ပါတီေတြ၊ အဖြဲ႕အစည္းေတြ၊ ဌာနဆိုင္ရာေတြက မိမိတို႔ ေဆာင္႐ြက္စရာရွိတာေတြကို ပုံမွန္အတိုင္း ေဆာင္႐ြက္ထားဖို႔ လိုတယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၀ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၇ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ေ႐ြးေကာက္ပြဲမက်င္းပခင္ သုံးလနီးပါးအလိုမွာ ေကာ္မရွင္က ေၾကညာခဲ့သလို၊ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာလ ၈ ရက္ေန႔ မွာ က်င္းပခဲ့ၿပီး ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္မတိုင္မီ ေလးလအလိုမွာ ေကာ္မရွင္က ေၾကညာခဲ့တယ္လို႔ ဆိုပါတယ္။

ဒီအတြက္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကိုလည္း အရင္အတိုင္း ေၾကညာသြားမယ္လို႔ ဆိုပါတယ္။

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲ မက်င္းပခင္က အဲဒီအခ်ိန္က ေကာ္မရွင္ဥကၠ႒ ဦးတင္ေအးက ၂၀၁၄ ခုႏွစ္ ေအာက္တိုဘာလ ၂၀ ရက္ေန႔မွာ အရပ္ဘက္အဖြဲ႕အစည္းေတြနဲ႔ ေတြ႕ဆုံရာမွာ ၂၀၁၅ ေအာက္တိုဘာ ေနာက္ဆုံးအပတ္ ဒါမွမဟုတ္ ႏိုဝင္ဘာလ ပထမ အပတ္ထဲမွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္မယ္လို႔ ၁ ႏွစ္အလိုကတည္းက အသိေပးခဲ့ပါတယ္။

လက္ရွိ ေကာ္မရွင္ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးျမင့္ႏိုင္က အိႏၵိယႏိုင္ငံမွာဆိုရင္ မဲဆႏၵရွင္ သန္းေပါင္း ၉၀၀ ရွိၿပီး ေကာ္မရွင္က ေ႐ြးေကာက္ပြဲက်င္းပဖို႔ တစ္ လအလိုမွ ေၾကညာတာ၊ ထိုင္းႏိုင္ငံမွာဆိုရင္ သုံးလ အလိုမွသာ ႀကိဳေၾကညာတာေတြ ရွိခဲ့တယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ေတြက ၂၀၁၇၊ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲ ကာလေတြ ကတည္းက ေျခာက္လခန႔္ ႀကိဳတင္ေၾကညာဖို႔ ေကာ္မရွင္ထံ တင္ျပခဲ့ဖူးပါတယ္။

ေဖေဖာ္ဝါရီလကအထိ ေကာက္ယူထားတဲ့ ေကာ္မရွင္ရဲ႕ စာရင္းေတြအရ လာမယ့္ ေ႐ြးေကာက္ပြဲမွာ မဲေပးခြင့္ရွိသူ ၃၇ သန္းေက်ာ္ရွိပါတယ္။

RFA Burmese
-------------------------------
(Unicode)⤵⤵⤵
နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ကော်မရှင်တာဝန်ရှိသူပြော

 အထွေထွေရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပနိုင်ဖွယ်ရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ဧပြီ ၂၈ရက် ဒီနေ့မှာ ကော်မရှင်ရဲ့ လူမှုကွန်ယက် စာမျက်နှာက တဆင့် ပြောလိုက်ပါတယ်။

လွှတ်တော်သက်တမ်းကို ငါးနှစ်လို့ သတ်မှတ်ထားတဲ့အပြင် အထွေထွေ ရွေးကောက်ပွဲကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်အစည်းအဝေး ခေါ်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားတာဖြစ်လို့ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွေကို နိုဝင်ဘာလတွေမှာ ကျင်းပခဲ့ပြီး အဲဒီနမူနာအတိုင်း ၂၀၂၀ ရွေးကောက်ပွဲကိုလည်း ကျင်းပနိုင်ဖွယ်ရှိတယ်လို့ သူကပြောခဲ့တာပါ။

ကျင်းပမယ့်အချိန်ကို အတိအကျ ထုတ်ဖော်ပြောတာ မရှိပေမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကော်မရှင်က တစ်စုံတစ်ရာ မကြေညာတဲ့အတွက် စိုးရိမ်နေတယ်ဆိုတာကြောင့် အခုလို အသိပေးတာလို့ ပြောခဲ့ပါတယ်။

ရွေးကောက်ပွဲ ရက်ကြေညာဖို့အတွက် ဆန္ဒစောလို့ မရကြောင်းနဲ့ ကော်မရှင်က မကြေညာသေးရင်လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မိမိတို့ ဆောင်ရွက်စရာရှိတာတွေကို ပုံမှန်အတိုင်း ဆောင်ရွက်ထားဖို့ လိုတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲမကျင်းပခင် သုံးလနီးပါးအလိုမှာ ကော်မရှင်က ကြေညာခဲ့သလို၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်နေ့ မှာ ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကျင်းပမယ့်ရက်မတိုင်မီ လေးလအလိုမှာ ကော်မရှင်က ကြေညာခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကိုလည်း အရင်အတိုင်း ကြေညာသွားမယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မကျင်းပခင်က အဲဒီအချိန်က ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့မှာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံရာမှာ ၂၀၁၅ အောက်တိုဘာ နောက်ဆုံးအပတ် ဒါမှမဟုတ် နိုဝင်ဘာလ ပထမ အပတ်ထဲမှာ ရွေးကောက်ပွဲကျင်းပနိုင်မယ်လို့ ၁ နှစ်အလိုကတည်းက အသိပေးခဲ့ပါတယ်။

လက်ရှိ ကော်မရှင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က အိန္ဒိယနိုင်ငံမှာဆိုရင် မဲဆန္ဒရှင် သန်းပေါင်း ၉၀၀ ရှိပြီး ကော်မရှင်က ရွေးကောက်ပွဲကျင်းပဖို့ တစ် လအလိုမှ ကြေညာတာ၊ ထိုင်းနိုင်ငံမှာဆိုရင် သုံးလ အလိုမှသာ ကြိုကြေညာတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ၂၀၁၇၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ ကာလတွေ ကတည်းက ခြောက်လခန့် ကြိုတင်ကြေညာဖို့ ကော်မရှင်ထံ တင်ပြခဲ့ဖူးပါတယ်။

ဖေဖော်ဝါရီလကအထိ ကောက်ယူထားတဲ့ ကော်မရှင်ရဲ့ စာရင်းတွေအရ လာမယ့် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၃၇ သန်းကျော်ရှိပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ႏိုဝင္ဘာလမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ေကာ္မရွင္တာဝန္ရွိသူေျပာ ႏိုဝင္ဘာလမွာ ေ႐ြးေကာက္ပြဲ က်င္းပႏိုင္ဖြယ္ရွိတယ္လို႔ ေကာ္မရွင္တာဝန္ရွိသူေျပာ Reviewed by THITHTOOLWIN on 23:18 Rating: 5
Powered by Blogger.