အက်ဥ္းသား ၂၅,၀၀၀ နီးပါး သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး


(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ ႏွစ္သစ္ကူးအထိမ္းအမွတ္တဲ့ အက်ဥ္းသား ၂၅,၀၀၀ နီးပါးကို သမၼတဦးဝင္းျမင့္က သတ္မွတ္ခ်က္မထားဘဲ ျပစ္ဒဏ္ လြတ္ၿငိမ္းခြင့္ေပးလိုက္ပါတယ္။ အက်ဥ္းသားစုစုေပါင္း ၂၄,၈၉၆ ကို လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးလိုက္တဲ့ထဲမွာ ႏိုင္ငံျခားသား ၈၇ ေယာက္ပါဝင္ပါတယ္။

ဒါ့အျပင္ ေသဒဏ္ခ်ခံထားရသူေတြကို ေထာင္ဒဏ္တသက္ (လြတ္ရက္မ႐ွိ) ျပစ္ဒဏ္၊ ႏွစ္အကန္႔အသတ္မ႐ွိ ေထာင္ဒဏ္တသက္က်ေနသူေတြကို ေထာင္ဒဏ္အႏွစ္ ၄၀၊ ေထာင္ဒဏ္အႏွစ္ ၄၀ နဲ႔ အထက္က်ေနသူေတြကို ေထာင္ဒဏ္အႏွစ္ ၄၀ နဲ႔ အႏွစ္ ၄၀ ေအာက္ျပစ္ဒဏ္က်ေနသူေတြကို ေထာင္ဒဏ္ရဲ႕ ၄ ပံု ၁ ပံု ေလွ်ာ့ေပါ့ေပးတယ္လို႔ သမၼတလက္မွတ္နဲ႔ ထုတ္ျပန္ခဲ့ပါတယ္။

သမၼတလြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ ျပန္လြတ္လာသူေတြထဲမွာ ေလာေလာဆယ္ ႏိုင္ငံေရးအက်ဥ္းသား ၂၀ ပါဝင္တယ္လို႔ ႏိုင္ငံေရးအက်ဥ္းသားမ်ား ေစာင့္ေ႐ွာက္ေရး AAPPB ကေျပာပါတယ္။

လက္႐ွိ အက်ဥ္းေထာင္ေတြမွာ ႏိုင္ငံေရးလႈပ္ရွားမႈေတြနဲ႔ဆက္ႏြယ္ၿပီး ျပစ္ဒဏ္က်ခံေနသူ ၇၆ ေယာက္ အက်ဥ္းေထာင္အတြင္းက အမႈရင္ဆိုင္ေနရသူ ၁၂၆ ေလာက္နဲ႔ အက်ဥ္းေထာင္ျပင္ပကေန အမႈရင္ဆိုင္ေနရသူ အေယာက္ ၄၀၀ ေလာက္ရွိတယ္လို႔ AAPP ေျပာခြင့္ရ ဦးတိတ္ႏိုင္က VOA ျမန္မာပိုင္းကို ေျပာပါတယ္။

အခုလြတ္လာတဲ့အထဲ ႏိုင္ငံေရးအက်ဥ္းသားေတြဟာလည္း လြတ္ရက္နီးသူေတြ ျဖစ္ၾကတယ္လို႔ ဦးတိတ္ႏိုင္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က အလားတူ ျမန္မာႏွစ္သစ္ကူးအတြက္ အက်ဥ္းသား ၂၃,၀၀၀ ေလာက္ကို သမၼတက လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း
--------------------------------------------------

[Unicode Version]

အကျဉ်းသား ၂၅,၀၀၀ နီးပါး သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ပေး

မြန်မာနိုင်ငံမှာ နှစ်သစ်ကူးအထိမ်းအမှတ်တဲ့ အကျဉ်းသား ၂၅,၀၀၀ နီးပါးကို သမ္မတဦးဝင်းမြင့်က သတ်မှတ်ချက်မထားဘဲ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးလိုက်ပါတယ်။ အကျဉ်းသားစုစုပေါင်း ၂၄,၈၉၆ ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့ထဲမှာ နိုင်ငံခြားသား ၈၇ ယောက်ပါဝင်ပါတယ်။

ဒါ့အပြင် သေဒဏ်ချခံထားရသူတွေကို ထောင်ဒဏ်တသက် (လွတ်ရက်မရှိ) ပြစ်ဒဏ်၊ နှစ်အကန့်အသတ်မရှိ ထောင်ဒဏ်တသက်ကျနေသူတွေကို ထောင်ဒဏ်အနှစ် ၄၀၊ ထောင်ဒဏ်အနှစ် ၄၀ နဲ့ အထက်ကျနေသူတွေကို ထောင်ဒဏ်အနှစ် ၄၀ နဲ့ အနှစ် ၄၀ အောက်ပြစ်ဒဏ်ကျနေသူတွေကို ထောင်ဒဏ်ရဲ့ ၄ ပုံ ၁ ပုံ လျှော့ပေါ့ပေးတယ်လို့ သမ္မတလက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာသူတွေထဲမှာ လောလောဆယ် နိုင်ငံရေးအကျဉ်းသား ၂၀ ပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေး AAPPB ကပြောပါတယ်။

လက်ရှိ အကျဉ်းထောင်တွေမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ဆက်နွယ်ပြီး ပြစ်ဒဏ်ကျခံနေသူ ၇၆ ယောက် အကျဉ်းထောင်အတွင်းက အမှုရင်ဆိုင်နေရသူ ၁၂၆ လောက်နဲ့ အကျဉ်းထောင်ပြင်ပကနေ အမှုရင်ဆိုင်နေရသူ အယောက် ၄၀၀ လောက်ရှိ တယ်လို့ AAPP ပြောခွင့်ရ ဦးတိတ်နိုင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

အခုလွတ်လာတဲ့အထဲ နိုင်ငံရေးအကျဉ်းသားတွေဟာလည်း လွတ်ရက်နီးသူတွေ ဖြစ်ကြတယ်လို့ ဦးတိတ်နိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က အလားတူ မြန်မာနှစ်သစ်ကူးအတွက် အကျဉ်းသား ၂၃,၀၀၀ လောက်ကို သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-amnesty-prisoner/5376273.html
အက်ဥ္းသား ၂၅,၀၀၀ နီးပါး သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး အက်ဥ္းသား ၂၅,၀၀၀ နီးပါး သမၼတ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပး Reviewed by THITHTOOLWIN on 22:04 Rating: 5
Powered by Blogger.