ေဒသအသီးသီးမွာ COVID-19 တားဆီးေရး တင္းၾကပ္မိန္႔မ်ားထုတ္ျပန္


(Zawgyi/Unicode)

ႁခြင္းခ်က္နဲ႔ လူ ၅ ဦးပို မစုရဆိုတဲ့ ျပည္ေထာင္စုအစိုးရအမိန႔္ေပၚထြက္လာၿပီးေနာက္ တိုင္းနဲ႔ ျပည္နယ္အစိုးရအသီးသီးကလည္း ေဒသႏၲရအမိန႔္ေတြ ပိုတင္းၾကပ္လာတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မအိမ့္သႏၱာထြန္းက တင္ဆက္ေပးပါမယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက COVID-19 ေရာဂါကို ထိန္းခ်ဳပ္ကာကြယ္ႏိုင္ဖို႔အတြက္ ႁခြင္းခ်က္နဲ႔ လူ ၅ ဦးထက္ ပိုၿပီး မစုေဝးၾကဖို႔နဲ႔ မလိုက္နာရင္ ကူးစက္ေရာဂါမ်ားကာကြယ္ႏွိမ္နင္းေရးဥပေဒနဲ႔ အေရးယူမယ္လို႔ ဧၿပီလ ၁၆ ရက္ ရက္စြဲနဲ႔ မေန႔က ထုတ္ျပန္ပါတယ္။ ဒီလို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ ထြက္သလို တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ ေဒသႏၲရ အမိန႔္ေတြ တင္းတင္းၾကပ္ၾကပ္ ထုတ္ျပန္လာတာေတြ ရွိပါတယ္။

စစ္ကိုင္းတိုင္းေဒသႀကီးမွာေတာ့ ႏိုင္ငံျခားက ျပန္လာတဲ့ ျပည္ေတာ္ျပန္ေတြကို ၂၁ ရက္ ေစာင္ၾကည့္အျဖစ္ Community Quarantine ေတြမွာ ထားရွိမွာ ျဖစ္တဲ့အျပင္ ျမန္မာႏိုင္ငံတြင္း ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိမႈမ်ားတဲ့ ျပည္နယ္ႏွင့္ တိုင္းက လာသူေတြကိုလည္း Community Quarantine Center ေတြမွာ ထားၿပီး ေစာင့္ၾကည့္မွာ ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ႔ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ ဝန္ႀကီးဌာန ဝန္ႀကီး ဦးမိုးေက်ာ္သူက ဗြီအိုေအကို ေျပာပါတယ္။

“အဓိကကေတာ့ ျပည္ေတာ္ျပန္ေတြေပါ့။ ထိုင္းဘက္က ျပန္တဲ့ ဟာေတြရယ္၊ တ႐ုတ္ဘက္က ျပန္တဲ့ဟာေတြရယ္၊ ေနာက္တစ္ခါ ဒီ ရန္ကုန္တိုင္းဘက္က တိုင္းျခားေပ့ါ၊ အဓိကက ရန္ကုန္တိုင္းလို ဟာမ်ိဳးက ေရာဂါျဖစ္ပြားမႈႏႈန္း မ်ားတဲ့ ေနရာက လာမယ့္ သူေတြေပါ့၊ ေရာဂါျဖစ္ပြားႏႈန္းျမင့္တဲ့ ေနရာက လာတဲ့သူေတြ ဥပမာ ရွမ္းျပည္နယ္ အဲ့လိုဘက္က လာတဲ့ဟာမ်ိဳးေတြေပါ့။ အဲ့လူေတြကို ရည္႐ြယ္ၿပီးေတာ့မွ က်ေနာ္တို႔ ျပန္လာတဲ့ အခါ ကိုယ့္ေဒသျပန္ေရာက္လို႔ရွိရင္ သက္ဆိုင္ရာၿမိဳ႕နယ္ ဒါမွမဟုတ္ ေက်း႐ြာေတြမွာ Community Quarantine ေတြ ရွိတယ္။ သူတို႔ အဲမွာ Quarantine ခံယူဖို႔ေပါ့၊ လိုအပ္လို႔ရွိရင္ ၂၈ ရက္ ျပည့္ေအာင္ ၂၁ ရက္ကိုေတာ့ Quarantine Center ေတြမွာ ေနမယ္၊ တစ္ပတ္ကိုေတာ့ အိမ္မွာ Home Quarantine ဆက္ထားမယ္ေပါ့။ အဲ့ရည္႐ြယ္ခ်က္ပါ။”

စစ္ကိုင္းတိုင္းေဒသႀကီးမွာလည္း ဧၿပီလ ၁၃ ရက္ေန႔ကေနစၿပီး က်န္းမာေရး၊ လူမႈေရးကိစၥမွအပ ခိုင္လုံတဲ့ အေၾကာင္းျပခ်က္ မရွိဘဲ ည ၁၀ နာရီကေန မနက္ ၄ နာရီအထိ သြားလာတာေတြ မလုပ္ၾကဖို႔ တိုင္းအစိုးရအဖြဲ႕က အမိန႔္ထုတ္ျပန္ထားပါတယ္။

အျပင္ထြက္ရင္ လူတိုင္း ႏွာေခါင္းစည္းတပ္ၾကဖို႔ကိုလည္း ႏႈိးေဆာ္ တိုက္တြန္းထားၿပီး ႏွာေခါင္းစည္းေတြကို အလကားေဝေပးတာ ေဈးသက္သက္သာသာႏွင့္ ဝယ္ယူႏိုင္ေအာင္ ေဆာင္႐ြက္ေပးထားတယ္လို႔လည္း ဆိုပါတယ္။ ဒါေပမဲ့ အမိန႔္ကို မလိုက္နာရင္ အေရးယူမယ္ဆိုတာမ်ိဳး မလုပ္ေသးဘဲ ပညာေပးကာလအျဖစ္သာ သတ္မွတ္ေဆာင္႐ြက္ ေနတယ္လို႔ ဆိုပါတယ္။

မႏၲေလးတိုင္း ေဒသႀကီးမွာလည္း COVID-19 ေရာဂါကို ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ေန႔စဥ္ ည ၉ နာရီကေန မနက္ ၄ နာရီအထိ လုံးဝ အျပင္မထြက္ဖို႔ ျပည္သူေတြအေနနဲ႔ ေန႔ခင္း အျပင္ထြက္တဲ့အခါလည္း အိမေထာင္စု တစုကို လူတစ္ဦးသာထြက္ၾကဖို႔ အျပင္ထြကတဲ့အခါ ႏွာေခါင္းစည္း မျဖစ္မေန တပ္ၾကဖို႔ ေစ်းေရာင္း ေစ်းတယ္သူေတြအားလံုး မျဖစ္မေန ႏွာေခါင္းစည္းတပ္ၾကဖို႔စတဲ့ အမိန႔္စာ တစ္ေစာင္ကို မေန႔က ထုတ္ျပန္လိုက္ပါတယ္။ ဒီအမိန႔္က ဧၿပီလ ၁၇ ရက္ေန႔ ဒိကေန႔ကစ အသက္ဝင္မွာျဖစ္ၿပီး ေနာက္ထပ္အမိန႔္တစ္စုံတစ္ရာ မထုတ္ျပန္မခ်င္း အတည္ျဖစ္ပါတယ္။ ဒီအမိန႔္ မလိုက္နာသူေတြကို တည္ဆဲဥပေဒအရ အေရးယူမွာျဖစ္ထယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

ကခ်င္ျပည္နယ္မွာလည္း အျပင္ထြက္ရင္လူတိုင္း ႏွာေခါင္းစည္းတပ္ၾကဖို႔ အမိန႔္ထုတ္ထားတယ္လို႔ ကခ်င္ျပည္နယ္က လူမႈေရးဝန္ႀကီး ဦးေနဝင္းက ေျပာပါတယ္။

“ကခ်င္ျပည္နယ္မွာေတာ့ ေလာေလာဆယ္ ထုတ္ထားတဲ အမိန႔္တစ္ခုပဲ ရွိေသးတယ္။ ဘာလဲဆိုေတာ့ က်ေနာ္တို႔ အျပင္ထြက္လို႔ရွိရင္ မျဖစ္မေန Mask တပ္ရမယ္။ ေဈးေရာင္းေဈးဝယ္ဆိုလို႔ရွိရင္လည္း ေဈးေရာင္းေရာ၊ ေဈးဝယ္ေရာ Mask တပ္ရမယ္။ အဲ့ဒါေတာ့ မျဖစ္မေန ေဆာင္႐ြက္ရမယ္ ဆိုၿပီး ထုတ္ထားတာရွိပါတယ္။ ေထြေထြထူးထူး ၾကပ္မတ္ဖို႔ေတာ့ မရွိေသးပါဘူး။”

မေကြတိုင္းေဒသႀကီးမွာေတာ့ သၾကၤန္ရက္ေတြအတြင္းမွာ ပိတ္ထားတဲ့ ခရီးသည္ပို႔ေဆာင္ေရးေတြ၊ ဟိုတယ္ႏွင့္တည္းခိုခန္းေတြကို ဒီ ဧၿပီ လကုန္ထိ ပိတ္ထားဖို႔ ၫႊန္ၾကားထားပါတယ္။

ရန္ကုန္မွာေတာ့ လာမယ့္ ၂၀ ရက္ေန႔ကစလို႔ အလုပ္ေတြျပန္ဖြင့္ၿပီး လုပ္ငန္းခြင္ ျပန္ဝင္ၾကရေတာ့မွာ ျဖစ္ေပမဲ့ ရန္ကုန္တိုင္းအစိုးရအေနနဲ႔ ေရာဂါပို ကူးစက္ပ်ံ႕ႏွံ႔တာေတြကို တားဆီးႏိုင္ဖို႔ ဘယ္လို ေဆာင္႐ြက္ခ်က္ေတြ လုပ္မလဲဆိုတာကို ရွင္းရွင္းလင္းလင္း ထုတ္ျပန္တာမရွိေသးပါဘူး။

ရန္ကုန္မွာေတာ့ ေရာဂါပိုးေတြ႕ရွိသူေတြနဲ႔ ဆက္စပ္ၿပီး ရပ္ကြက္ေတြ၊ လမ္းေတြႏွင့္ တိုက္အခ်ိဳ႕ကို အသြားအလာပိတ္ပင္တာေတြ ပိုမ်ားလာေနပါတယ္။

ျမန္မာႏိုင္ငံမွာ COVID-19 ေရာဂါပိုး ေတြ႕ရွိရသူ အေရအတြက္က ၈၅ ဦး ရွိေနၿပီး ေသဆုံးသူ ၄ ဦး ရွိပါတယ္။

အိမ့္သႏၲာထြန္း  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------------

[Unicode Version]

ဒေသအသီးသီးမှာ COVID-19 တားဆီးရေး တင်းကြပ်မိန့်များထုတ်ပြန်

ခြွင်းချက်နဲ့ လူ ၅ ဦးပို မစုရဆိုတဲ့ ပြည်ထောင်စုအစိုးရအမိန့်ပေါ်ထွက်လာပြီးနောက် တိုင်းနဲ့ ပြည်နယ်အစိုးရအသီးသီးကလည်း ဒေသန္တရအမိန့်တွေ ပိုတင်းကြပ်လာတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 ရောဂါကို ထိန်းချုပ်ကာကွယ်နိုင်ဖို့အတွက် ခြွင်းချက်နဲ့ လူ ၅ ဦးထက် ပိုပြီး မစုဝေးကြဖို့နဲ့ မလိုက်နာရင် ကူးစက်ရောဂါများကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ အရေးယူမယ်လို့ ဧပြီလ ၁၆ ရက် ရက်စွဲနဲ့ မနေ့က ထုတ်ပြန်ပါတယ်။ ဒီလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက် ထွက်သလို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသန္တရ အမိန့်တွေ တင်းတင်းကြပ်ကြပ် ထုတ်ပြန်လာတာတွေ ရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာတော့ နိုင်ငံခြားက ပြန်လာတဲ့ ပြည်တော်ပြန်တွေကို ၂၁ ရက် စောင်ကြည့်အဖြစ် Community Quarantine တွေမှာ ထားရှိမှာ ဖြစ်တဲ့အပြင် မြန်မာနိုင်ငံတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိမှုများတဲ့ ပြည်နယ်နှင့် တိုင်းက လာသူတွေကိုလည်း Community Quarantine Center တွေမှာ ထားပြီး စောင့်ကြည့်မှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီး ဦးမိုးကျော်သူက ဗွီအိုအေကို ပြောပါတယ်။

“အဓိကကတော့ ပြည်တော်ပြန်တွေပေါ့။ ထိုင်းဘက်က ပြန်တဲ့ ဟာတွေရယ်၊ တရုတ်ဘက်က ပြန်တဲ့ဟာတွေရယ်၊ နောက်တစ်ခါ ဒီ ရန်ကုန်တိုင်းဘက်က တိုင်းခြားပေ့ါ၊ အဓိကက ရန်ကုန်တိုင်းလို ဟာမျိုးက ရောဂါဖြစ်ပွားမှုနှုန်း များတဲ့ နေရာက လာမယ့် သူတွေပေါ့၊ ရောဂါဖြစ်ပွားနှုန်းမြင့်တဲ့ နေရာက လာတဲ့သူတွေ ဥပမာ ရှမ်းပြည်နယ် အဲ့လိုဘက်က လာတဲ့ဟာမျိုးတွေပေါ့။ အဲ့လူတွေကို ရည်ရွယ်ပြီးတော့မှ ကျနော်တို့ ပြန်လာတဲ့ အခါ ကိုယ့်ဒေသပြန်ရောက်လို့ရှိရင် သက်ဆိုင်ရာမြို့နယ် ဒါမှမဟုတ် ကျေးရွာတွေမှာ Community Quarantine တွေ ရှိတယ်။ သူတို့ အဲမှာ Quarantine ခံယူဖို့ပေါ့၊ လိုအပ်လို့ရှိရင် ၂၈ ရက် ပြည့်အောင် ၂၁ ရက်ကိုတော့ Quarantine Center တွေမှာ နေမယ်၊ တစ်ပတ်ကိုတော့ အိမ်မှာ Home Quarantine ဆက်ထားမယ်ပေါ့။ အဲ့ရည်ရွယ်ချက်ပါ။”

စစ်ကိုင်းတိုင်းဒေသကြီးမှာလည်း ဧပြီလ ၁၃ ရက်နေ့ကနေစပြီး ကျန်းမာရေး၊ လူမှုရေးကိစ္စမှအပ ခိုင်လုံတဲ့ အကြောင်းပြချက် မရှိဘဲ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ သွားလာတာတွေ မလုပ်ကြဖို့ တိုင်းအစိုးရအဖွဲ့က အမိန့်ထုတ်ပြန်ထားပါတယ်။

အပြင်ထွက်ရင် လူတိုင်း နှာခေါင်းစည်းတပ်ကြဖို့ကိုလည်း နှိုးဆော် တိုက်တွန်းထားပြီး နှာခေါင်းစည်းတွေကို အလကားဝေပေးတာ ဈေးသက်သက်သာသာနှင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အမိန့်ကို မလိုက်နာရင် အရေးယူမယ်ဆိုတာမျိုး မလုပ်သေးဘဲ ပညာပေးကာလအဖြစ်သာ သတ်မှတ်ဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

မန္တလေးတိုင်း ဒေသကြီးမှာလည်း COVID-19 ရောဂါကို ကာကွယ်ထိန်းချုပ်နိုင်ဖို့အတွက် နေ့စဉ် ည ၉ နာရီကနေ မနက် ၄ နာရီအထိ လုံးဝ အပြင်မထွက်ဖို့ ပြည်သူတွေအနေနဲ့ နေ့ခင်း အပြင်ထွက်တဲ့အခါလည်း အိမထောင်စု တစုကို လူတစ်ဦးသာထွက်ကြဖို့ အပြင်ထွကတဲ့အခါ နှာခေါင်းစည်း မဖြစ်မနေ တပ်ကြဖို့ ဈေးရောင်း ဈေးတယ်သူတွေအားလုံး မဖြစ်မနေ နှာခေါင်းစည်းတပ်ကြဖို့စတဲ့ အမိန့်စာ တစ်စောင်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီအမိန့်က ဧပြီလ ၁၇ ရက်နေ့ ဒိကနေ့ကစ အသက်ဝင်မှာဖြစ်ပြီး နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်ပါတယ်။ ဒီအမိန့် မလိုက်နာသူတွေကို တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်ထယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ကချင်ပြည်နယ်မှာလည်း အပြင်ထွက်ရင်လူတိုင်း နှာခေါင်းစည်းတပ်ကြဖို့ အမိန့်ထုတ်ထားတယ်လို့ ကချင်ပြည်နယ်က လူမှုရေးဝန်ကြီး ဦးနေဝင်းက ပြောပါတယ်။

“ကချင်ပြည်နယ်မှာတော့ လောလောဆယ် ထုတ်ထားတဲ အမိန့်တစ်ခုပဲ ရှိသေးတယ်။ ဘာလဲဆိုတော့ ကျနော်တို့ အပြင်ထွက်လို့ရှိရင် မဖြစ်မနေ Mask တပ်ရမယ်။ ဈေးရောင်းဈေးဝယ်ဆိုလို့ရှိရင်လည်း ဈေးရောင်းရော၊ ဈေးဝယ်ရော Mask တပ်ရမယ်။ အဲ့ဒါတော့ မဖြစ်မနေ ဆောင်ရွက်ရမယ် ဆိုပြီး ထုတ်ထားတာရှိပါတယ်။ ထွေထွေထူးထူး ကြပ်မတ်ဖို့တော့ မရှိသေးပါဘူး။”

မကွေတိုင်းဒေသကြီးမှာတော့ သင်္ကြန်ရက်တွေအတွင်းမှာ ပိတ်ထားတဲ့ ခရီးသည်ပို့ဆောင်ရေးတွေ၊ ဟိုတယ်နှင့်တည်းခိုခန်းတွေကို ဒီ ဧပြီ လကုန်ထိ ပိတ်ထားဖို့ ညွှန်ကြားထားပါတယ်။

ရန်ကုန်မှာတော့ လာမယ့် ၂၀ ရက်နေ့ကစလို့ အလုပ်တွေပြန်ဖွင့်ပြီး လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မှာ ဖြစ်ပေမဲ့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ ရောဂါပို ကူးစက်ပျံ့နှံ့တာတွေကို တားဆီးနိုင်ဖို့ ဘယ်လို ဆောင်ရွက်ချက်တွေ လုပ်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ထုတ်ပြန်တာမရှိသေးပါဘူး။

ရန်ကုန်မှာတော့ ရောဂါပိုးတွေ့ရှိသူတွေနဲ့ ဆက်စပ်ပြီး ရပ်ကွက်တွေ၊ လမ်းတွေနှင့် တိုက်အချို့ကို အသွားအလာပိတ်ပင်တာတွေ ပိုများလာနေပါတယ်။

မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး တွေ့ရှိရသူ အရေအတွက်က ၈၅ ဦး ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိပါတယ်။

အိမ့်သန္တာထွန်း  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar/5376370.html
ေဒသအသီးသီးမွာ COVID-19 တားဆီးေရး တင္းၾကပ္မိန္႔မ်ားထုတ္ျပန္  ေဒသအသီးသီးမွာ COVID-19 တားဆီးေရး တင္းၾကပ္မိန္႔မ်ားထုတ္ျပန္ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.