ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ ဦးထပ္ေတြ႕၊ ကူးစက္ခံရသူ စုစုေပါင္း ၈၈ ဦးရွိလာ

ႏွစ္ႀကိမ္စီ ထပ္မံစစ္ေဆးခဲ့ရာမွာ ႏွစ္ႀကိမ္လုံး ပိုးမေတြ႕ရေတာ့သူ သုံးဦးကိုလည္း ထုတ္ျပန္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ ဦး ဒီကေန႔ ထပ္ေတြ႕တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးက ထုတ္ျပန္လို႔ ျမန္မာႏိုင္ငံမွာ ကူးစက္ခံရသူ ၈၈ ဦးအထိ ရွိလာၿပီျဖစ္ပါတယ္။

အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) က ဒီကေန႔ ဧၿပီ ၁၇ ရက္ ပထမအသုတ္ စစ္ေဆးခဲ့သူ ၉၃ ဦးအနက္ ၃ ဦးမွာ ပိုးေတြ႕ရွိခဲ့တယ္လို႔ ထုတ္ျပန္ပါတယ္။

ပိုးေတြ႕ရွိသူေတြက အင္းစိန္ အေထြေထြေရာဂါကုေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ ၁ ဦး၊ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ ၁ ဦး၊ ကေလးၿမိဳ႕မွာ အသြားအလာ ကန႔္သတ္ထားသူ ၁ ဦးတို႔ ျဖစ္ပါတယ္။

ဒါ့အျပင္ ပိုးေတြ႕ ကုသမႈ ခံယူေနရသူေတြထဲက လူနာနံပါတ္ ၃၊ ၉ နဲ႔ ၁၂ တို႔ဟာ ေရာဂါသက္သာ ေကာင္းမြန္ေနၿပီး သူတို႔ကို ႏွစ္ႀကိမ္စီ ထပ္မံ စစ္ေဆးခဲ့ရာမွာ ႏွစ္ႀကိမ္လုံး ပိုးမေတြ႕ရေတာ့ဘူးလို႔လည္း ထုတ္ျပန္ပါတယ္။

အဲဒါေၾကာင့္ တရားဝင္ ထုတ္ျပန္ထားတဲ့ စာရင္းေတြအရ ကူးစက္ခံရသူ ၈၈ ဦး၊ ေသဆုံးသူ ၄ ဦးနဲ႔ ပိုးေတြ႕ၿပီး ျပန္ေကာင္း သက္သာသြားသူ ၂ ဦး ရွိၿပီ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ဧၿပီ ၁၇ ရက္ အထိ လူ ၃၅၀၀ ေက်ာ္ကို ကို႐ိုနာဗိုင္းရပ္စ္ပိုး စစ္ေဆးထားၿပီး ျဖစ္တယ္လို႔ က်န္းမာေရး ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

BBC Burmese
---------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦးထပ်တွေ့၊ ကူးစက်ခံရသူ စုစုပေါင်း ၈၈ ဦးရှိလာ

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး ဒီကနေ့ ထပ်တွေ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ထုတ်ပြန်လို့ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၈၈ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဒီကနေ့ ဧပြီ ၁၇ ရက် ပထမအသုတ် စစ်ဆေးခဲ့သူ ၉၃ ဦးအနက် ၃ ဦးမှာ ပိုးတွေ့ရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ပိုးတွေ့ရှိသူတွေက အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ ၁ ဦး၊ ကလေးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ ၁ ဦးတို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုးတွေ့ ကုသမှု ခံယူနေရသူတွေထဲက လူနာနံပါတ် ၃၊ ၉ နဲ့ ၁၂ တို့ဟာ ရောဂါသက်သာ ကောင်းမွန်နေပြီး သူတို့ကို နှစ်ကြိမ်စီ ထပ်မံ စစ်ဆေးခဲ့ရာမှာ နှစ်ကြိမ်လုံး ပိုးမတွေ့ရတော့ဘူးလို့လည်း ထုတ်ပြန်ပါတယ်။

အဲဒါကြောင့် တရားဝင် ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ ကူးစက်ခံရသူ ၈၈ ဦး၊ သေဆုံးသူ ၄ ဦးနဲ့ ပိုးတွေ့ပြီး ပြန်ကောင်း သက်သာသွားသူ ၂ ဦး ရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧပြီ ၁၇ ရက် အထိ လူ ၃၅၀၀ ကျော်ကို ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးထားပြီး ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52324262

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား