ဖိလစ္ပိုင္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာမယ္လို႔ သမၼတဒူတာေတး ၿခိမ္းေျခာက္

ဖိလစ္ပိုင္သမၼတ ႐ုိဒရီဂိုဒူတာေတး
(Zawgyi/Unicode)

ဖိလစ္ပိုင္ႏုိင္ငံကို စစ္အုပ္ခ်ဳပ္ေရး ေၾကျငာသြားမယ္လို႔ သမၼတ ႐ုိဒရီဂိုဒူတာေတးက ေဒါသတႀကီးနဲ႔ ၿခိမ္းေျခာက္လိုက္ပါတယ္။

ကိုရိုနာဗုိင္းရပ္စ္ေၾကာင့္ အိမ္ထဲကေန အျပင္မထြက္ရတဲ့အခ်ိန္အတြင္း အစားအစာနဲ႔ ပိုက္ဆံ လိုက္ေ၀ေပးသူေတြအတြက္ လုံျခံဳေရးယူထားတဲ့ စစ္သား ႏွစ္ ေယာက္ကို ကြန္ျမဴနစ္သူပုန္ေတြက သတ္္လိုက္တယ္လို႔ သမၼတဒူတာေတးက စြပ္စဲြလိုက္ၿပီးတဲ့ေနာက္ အခုလို စစ္အုပ္ခ်ဳပ္ေရးေၾကျငာမယ္လို႔ ၿခိမ္းေျခာက္လိုက္တာပါ။

ဒါ့အျပင္ မနီလာၿမိဳ႕ေတာ္တ၀ုိက္နဲ႔ တျခားျပည္နယ္ေတြနဲ႔ ၿမိဳ႕ေတြမွာလည္း ေမလ ၁၅ ရက္ေန႔အထိ အျပင္မထြက္ရ အမိန္႔ကုိ ထပ္တုိးဖို႔ သမၼတဒူတာေတးက အစိုးရအဖဲြ႔အစည္းအေ၀းအတြင္း သေဘာတူလိုက္တယ္လို႔ သမၼတရုံးေျပာခြင့္ရ Harry Roque က ဒီေန႔ ေျပာလိုက္ပါတယ္။

လူသန္း ၅၀ ေလာက္ ေနထုိင္တဲ့ လူဇုံကၽြန္းေျမာက္ပိုင္းမွာ အျပင္မထြက္ရအမိန္႔ထုတ္ထားတာဟာ ဧၿပီ ၃၀ ရက္ေန႔မွာ ကုန္ဆုံးမွာျဖစ္ပါတယ္။

သူပုန္ေတြဘက္ကေတာ့ ဒီစြပ္စဲြခ်က္ေတြကို ျငင္းဆုိလိုက္ၿပီး သူတုိ႔ဟာ ကပ္ေရာဂါနဲ႔ ပတ္သက္ၿပီး ရြာသားေတြကို ကူညီေနတာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

ဖိလစ္ပိုင္မွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္ခံရသူ ၇,၀၀၀ ေက်ာ္၊ ေသဆုံးသူက ၄၈၀ နီးပါး ရွိပါတယ္။
အိႏၵိယႏိုင္ငံ Hyderabad ၿမိဳ႕မွာ ပိုးသတ္ေဆးျဖန္းေနတဲ့ ၀န္ထမ္းတခ်ိဳ႕ (ဧၿပီ ၁၄၊ ၂၀၂၀)
အိႏၵိယနုိင္ငံမွာေတာ့ ကိုရိုနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ၁,၆၈၀ ရွိၿပီး မြမ္ဘိုင္းၿမိဳ႕ရွိရာ Maharashtra ျပည္နယ္မွာ ကူးစက္မႈေတြ တုိးလာခဲ့တာပါ။ ဒါေၾကာင့္ အိႏၵိယႏုိင္င့မွာ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၃,၀၀၀ ေက်ာ္သြားခဲ့ၿပီျဖစ္ပါတယ္။

မြမ္းဘိုင္းၿမိဳ႕ အာဏာပိုင္ေတြကေတာ့ ငွက္ဖ်ားေဆးေတြ တုိက္ဖို႔ျပင္ဆင္ေနၿပီး အစီအစဥ္အေသးစိတ္ကိုေတာ့ လုပ္ေနတုန္းပဲလို႔ ေျပာပါတယ္။

ဂ်ပန္ႏုိင္ငံ နာဂါဆာကီဆိပ္ကမ္းမွာ ဆုိက္ကပ္ထားတဲ့ အီတလီနုိင္ငံကအေပ်ာ္စီးသေဘၤာေပၚမွာ ဗုိင္းရပ္စ္ကူးစက္ခံရတဲ့သေဘၤာသား ေနာက္ထပ္ ၄၃ ေယာက္ ထပ္ေတြ႔တာေၾကာင့္ အခုဆုိရင္ စုစုေပါင္း ၉၁ ေယာက္ရွိသြားခဲ့ၿပီး သေဘၤာေပၚမွာရွိေနတဲ့ ၀န္ထမ္း ၆၂၃ ေယာက္စလုံး စစ္ေဆးၿပီးသြားၿပီလို႔ ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------------
[Unicode Version]

ဖိလစ်ပိုင်မှာ စစ်အုပ်ချုပ်ရေးကြေညာမယ်လို့ သမ္မတဒူတာတေး ခြိမ်းခြောက်

ဖိလစ်ပိုင်နိုင်ငံကို စစ်အုပ်ချုပ်ရေး ကြေငြာသွားမယ်လို့ သမ္မတ ရိုဒရီဂိုဒူတာတေးက ဒေါသတကြီးနဲ့ ခြိမ်းခြောက်လိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အိမ်ထဲကနေ အပြင်မထွက်ရတဲ့အချိန်အတွင်း အစားအစာနဲ့ ပိုက်ဆံ လိုက်ဝေပေးသူတွေအတွက် လုံခြုံရေးယူထားတဲ့ စစ်သား နှစ် ယောက်ကို ကွန်မြူနစ်သူပုန်တွေက သတ်လိုက်တယ်လို့ သမ္မတဒူတာတေးက စွပ်စွဲလိုက်ပြီးတဲ့နောက် အခုလို စစ်အုပ်ချုပ်ရေးကြေငြာမယ်လို့ ခြိမ်းခြောက်လိုက်တာပါ။

ဒါ့အပြင် မနီလာမြို့တော်တဝိုက်နဲ့ တခြားပြည်နယ်တွေနဲ့ မြို့တွေမှာလည်း မေလ ၁၅ ရက်နေ့အထိ အပြင်မထွက်ရ အမိန့်ကို ထပ်တိုးဖို့ သမ္မတဒူတာတေးက အစိုးရအဖွဲ့အစည်းအဝေးအတွင်း သဘောတူလိုက်တယ်လို့ သမ္မတရုံးပြောခွင့်ရ Harry Roque က ဒီနေ့ ပြောလိုက်ပါတယ်။

လူသန်း ၅၀ လောက် နေထိုင်တဲ့ လူဇုံကျွန်းမြောက်ပိုင်းမှာ အပြင်မထွက်ရအမိန့်ထုတ်ထားတာဟာ ဧပြီ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

သူပုန်တွေဘက်ကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုလိုက်ပြီး သူတို့ဟာ ကပ်ရောဂါနဲ့ ပတ်သက်ပြီး ရွာသားတွေကို ကူညီနေတာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဖိလစ်ပိုင်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇,၀၀၀ ကျော်၊ သေဆုံးသူက ၄၈၀ နီးပါး ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ၁,၆၈၀ ရှိပြီး မွမ်ဘိုင်းမြို့ရှိရာ Maharashtra ပြည်နယ်မှာ ကူးစက်မှုတွေ တိုးလာခဲ့တာပါ။ ဒါကြောင့် အိန္ဒိယနိုင်င့မှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃,၀၀၀ ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

မွမ်းဘိုင်းမြို့ အာဏာပိုင်တွေကတော့ ငှက်ဖျားဆေးတွေ တိုက်ဖို့ပြင်ဆင်နေပြီး အစီအစဉ်အသေးစိတ်ကိုတော့ လုပ်နေတုန်းပဲလို့ ပြောပါတယ်။

ဂျပန်နိုင်ငံ နာဂါဆာကီဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အီတလီနိုင်ငံကအပျော်စီးသင်္ဘောပေါ်မှာ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့သင်္ဘောသား နောက်ထပ် ၄၃ ယောက် ထပ်တွေ့တာကြောင့် အခုဆိုရင် စုစုပေါင်း ၉၁ ယောက်ရှိသွားခဲ့ပြီး သင်္ဘောပေါ်မှာရှိနေတဲ့ ဝန်ထမ်း ၆၂၃ ယောက်စလုံး စစ်ဆေးပြီးသွားပြီလို့ ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/asia-covid/5389949.html
ဖိလစ္ပိုင္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာမယ္လို႔ သမၼတဒူတာေတး ၿခိမ္းေျခာက္ ဖိလစ္ပိုင္မွာ စစ္အုပ္ခ်ဳပ္ေရးေၾကညာမယ္လို႔ သမၼတဒူတာေတး ၿခိမ္းေျခာက္ Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.