ကမၻာတ၀ွမ္း အစၥလာမ္ဘာသာ၀င္ေတြရဲ႕ ရာမာဒန္ ဥပုဒ္လ စတင္

ပါကစၥတန္တြင္ ရာမာဒန္ ဥပုဒ္လ စတင္
(Zawgyi/Unicode)

ကိုရိုနာဗို္င္းရပ္စ္ ကပ္ေရာဂါေၾကာင့္ ကမာၻတလႊား အသြားအလာကန္႔သတ္မႈေတြ လုပ္ေနခ်ိန္မွာပဲ အစၥလာမ္ဘာသာဝင္ေတြရဲ့ ေမလ ၂၃ ရက္ေန႔အထိက်င္းပမယ့္ တလၾကာ ရာမာဒန္ ဥပုသ္လ စတင္ေနပါၿပီ။

လူေပါင္း ၂.၇ သန္းေလာက္ ဒီေရာဂါ အကူးစက္ခံေနရသလုိ လူေပါင္း (၁၉၀ ၀၀၀) တသိန္း ၉ ေသာင္းေက်ာ္ ေသဆံုးခဲ့ရတာေၾကာင့္ ဒီေရာဂါ ဆက္မျပန္႔ပြားေအာင္ ကမာၻ႔ႏိုင္ငံေတြ ႀကိဳးစား ေနၾကရသလို ကမာၻ႔စီးပြားေရးကိုလည္း ထိခိုက္ေစတာပါ။

ဒီလိုအခ်ိန္မ်ိဳးမွာ အေရွ႕ေတာင္အာရွ၊ အေရွ႕အလယ္ပိုင္းေဒသနဲ႔ အာဖရိက ႏုိင္ငံေတြက သိန္းသန္းခ်ီတဲ့ မြတ္ဆလင္ေတြ အတြက္ ဗလီဝတ္ေက်ာင္းေတြသြားၿပီး ဝတ္ျပဳခြင့္ေရာ ေဆြမ်ိဳးမိတ္သဂၤဟေတြနဲ႔ အတူတကြ ဥပုသ္ထြက္ခ်ိန္ ညဘက္ စုေဝးစားေသာက္ခြင့္ ေတြပါ တားျမစ္ထားတာေၾကာင့္ ဒီႏွစ္ ရာမာဒန္ကာလဟာ အရင္ႏွစ္ေတြနဲ႔ လံုးဝမတူပဲျဖစ္ေနတာပါ။

ဒါေပမယ့္ ဘဂၤလားေဒ့ရွ္၊ ပါကစၥတန္နဲ႔ မြတ္ဆလင္အမ်ားစု ေနထိုင္ရာ အင္ဒိုနီးရွား အပါအဝင္ ႏုိင္ငံအမ်ားအျပားမွာ ေတာ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါအႏၱရာယ္ ၿခိမ္းေျခာက္မႈ ရွိေနတဲ့ ၾကားကပဲ အစိုးရေတြ ခ်မွတ္ထားတဲ့ လူခ်င္းခပ္ခြာခြာေနဖို႔နဲ႔ ဗလီေတြမွာ မစုေဝးဖုိ႔ ကန္႔သတ္မႈကိုမြတ္ဆလင္တရားေဟာဆရာေတြနဲ႔ ဘာသာေရးအစြဲႀကီးသူေတြက ခ်ိဳးေဖာက္ ၿပီး စုေဝးမႈေတြ လုပ္ေနၾကပါတယ္။

ရာမာဒန္ဥပုသ္လ စတင္တဲ့ ၾကာသပေတးေန႔မွာ အင္ဒိုနီးရွားႏုိင္ငံ Aceh ေဒသက အႀကီးဆံုး ဗလီဝတ္ေက်ာင္းမွာ လာေရာက္စုေဝးတဲ့ ဝတ္ျပဳဆုေတာင္းသူ ေထာင္ေပါင္းမ်ားစြာ ရွိေနသလို ပါကစၥတန္က ဗလီအေတာ္မ်ားမ်ားမွာလည္း အလားတူ ေတြ႔ရပါတယ္။

အခုလို ရာမာဒန္ကာလ လႈပ္ရွားမႈေတြဟာ ဒီေရာဂါကူးစက္ျပန္႔ပြားႏိုင္တဲ့ အႏၱရာယ္ ရွိတာေၾကာင့္ ရပ္ၾကဖို႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ေတာင္းဆိုလိုက္တဲ့ အျပင္ ႏိုင္ငံအမ်ားအျပားက အာဏာပိုင္ေတြကလည္း ဘာသာေရးဆိုင္ရာ ႀကီးမားတဲ့ စုေဝးမႈေတြေၾကာင့္ အႏၱရာယ္ႀကီးမား ေသေသခ်ာခ်ာ သတိေပးထားတာ ျဖစ္ပါတယ္။ ဒီလို စုေဝးမႈကေန ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး ကူးစက္မႈကို မေလးရွား၊ ပါကစၥတန္နဲ႔ အိႏၵိယႏုိင္ငံက အစၥလာမ္ဘာသာဝင္ေတြရဲ႕ ဘာသာေရးစုေဝး ဆုေတာင္းပြဲေတြမွာ ႀကံဳခဲ့ၾကရၿပီးလည္း ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------

ကမ္ဘာတဝှမ်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ရာမာဒန် ဥပုဒ်လ စတင်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာတလွှား အသွားအလာကန့်သတ်မှုတွေ လုပ်နေချိန်မှာပဲ အစ္စလာမ်ဘာသာဝင်တွေရဲ့ မေလ ၂၃ ရက်နေ့အထိကျင်းပမယ့် တလကြာ ရာမာဒန် ဥပုသ်လ စတင်နေပါပြီ။

လူပေါင်း ၂.၇ သန်းလောက် ဒီရောဂါ အကူးစက်ခံနေရသလို လူပေါင်း (၁၉၀ ၀၀၀) တသိန်း ၉ သောင်းကျော် သေဆုံးခဲ့ရတာကြောင့် ဒီရောဂါ ဆက်မပြန့်ပွားအောင် ကမ္ဘာ့နိုင်ငံတွေ ကြိုးစား နေကြရသလို ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်စေတာပါ။

ဒီလိုအချိန်မျိုးမှာ အရှေ့တောင်အာရှ၊ အရှေ့အလယ်ပိုင်းဒေသနဲ့ အာဖရိက နိုင်ငံတွေက သိန်းသန်းချီတဲ့ မွတ်ဆလင်တွေ အတွက် ဗလီဝတ်ကျောင်းတွေသွားပြီး ဝတ်ပြုခွင့်ရော ဆွေမျိုးမိတ်သင်္ဂဟတွေနဲ့ အတူတကွ ဥပုသ်ထွက်ချိန် ညဘက် စုဝေးစားသောက်ခွင့် တွေပါ တားမြစ်ထားတာကြောင့် ဒီနှစ် ရာမာဒန်ကာလဟာ အရင်နှစ်တွေနဲ့ လုံးဝမတူပဲဖြစ်နေတာပါ။

ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နဲ့ မွတ်ဆလင်အများစု နေထိုင်ရာ အင်ဒိုနီးရှား အပါအဝင် နိုင်ငံအများအပြားမှာ တော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအန္တရာယ် ခြိမ်းခြောက်မှု ရှိနေတဲ့ ကြားကပဲ အစိုးရတွေ ချမှတ်ထားတဲ့ လူချင်းခပ်ခွာခွာနေဖို့နဲ့ ဗလီတွေမှာ မစုဝေးဖို့ ကန့်သတ်မှုကို မွတ်ဆလင်တရားဟောဆရာတွေနဲ့ ဘာသာရေးအစွဲကြီးသူတွေက ချိုးဖောက် ပြီး စုဝေးမှုတွေ လုပ်နေကြပါတယ်။

ရာမာဒန်ဥပုသ်လ စတင်တဲ့ ကြာသပတေးနေ့မှာ အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသက အကြီးဆုံး ဗလီဝတ်ကျောင်းမှာ လာရောက်စုဝေးတဲ့ ဝတ်ပြုဆုတောင်းသူ ထောင်ပေါင်းများစွာ ရှိနေသလို ပါကစ္စတန်က ဗလီအတော်များများမှာလည်း အလားတူ တွေ့ရပါတယ်။

အခုလို ရာမာဒန်ကာလ လှုပ်ရှားမှုတွေဟာ ဒီရောဂါကူးစက်ပြန့်ပွားနိုင်တဲ့ အန္တရာယ် ရှိတာကြောင့် ရပ်ကြဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက တောင်းဆိုလိုက်တဲ့ အပြင် နိုင်ငံအများအပြားက အာဏာပိုင်တွေကလည်း ဘာသာရေးဆိုင်ရာ ကြီးမားတဲ့ စုဝေးမှုတွေကြောင့် အန္တရာယ်ကြီးမား သေသေချာချာ သတိပေးထားတာ ဖြစ်ပါတယ်။ ဒီလို စုဝေးမှုကနေ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကို မလေးရှား၊ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးစုဝေး ဆုတောင်းပွဲတွေမှာ ကြုံခဲ့ကြရပြီးလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/ramadan-start-/5390966.html
ကမၻာတ၀ွမ္း အစၥလာမ္ဘာသာ၀င္ေတြရဲ႕ ရာမာဒန္ ဥပုဒ္လ စတင္ ကမၻာတ၀ွမ္း အစၥလာမ္ဘာသာ၀င္ေတြရဲ႕ ရာမာဒန္ ဥပုဒ္လ စတင္ Reviewed by THITHTOOLWIN on 03:58 Rating: 5
Powered by Blogger.