COVID-19 ကာလအတြင္း ဘဏ္လုပ္ငန္းခ်ိန္ ေလ်ာ့ခ်


COVID-- 19 ေရာဂါျဖစ္ပြားေနတဲ့ ကာလအတြင္းမွာ ဘဏ္လုပ္ငန္းခ်ိန္ကို ယာယီေလ်ာ့ခ် သတ္မွတ္လိုက္တယ္လို႔ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠဌ႐ုံး ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးဝင္းေသာ္က One News ကိုအတည္ျပဳေျပာၾကားပါတယ္။

ဘဏ္ေတြရဲ႕ လုပ္ငန္းခ်ိန္ကို ဧၿပီ (၂၈)ရက္ ကစလို႔ နံနက္ (၁၀) နာရီမွ မြန္းလြဲ (၂) နာရီအထိ ယာယီျပင္ဆင္ သတ္မွတ္လိုက္ေၾကာင္း ဒီကေန႔ ဧၿပီ ၂၄ ရက္ေန႔မွာ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ရဲ႕ ၫႊန္ၾကားခ်က္ထြက္ရွိလာတာပါ။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္နဲ႔ ပုဂၢလိကဘဏ္ေတြ အၾကား ဧၿပီ ၂၁ ရက္ေန႔က ျပဳလုပ္တဲ့ Video Conferencing မွာ တာဝန္ ထမ္းေဆာင္ေနတဲ့ ဘဏ္ဝန္ထမ္းေတြကို ေရာဂါကူးစက္ ပ်ံ႕ႏွံ႔မႈ ထိန္းခ်ဳပ္ႏိုင္ဖို႔ ၊ ဘဏ္လုပ္ငန္း ဝန္ေဆာင္မႈေတြ အဆင္ေျပ ေခ်ာေမြ႕စြာ စဥ္ဆက္မျပတ္ လုပ္ကိုင္ေဆာင္႐ြက္ဖို႔ ေဆြးေႏြးခ်က္ေတြအရ အခုလို ၫႊန္ၾကားခ်က္ထုတ္ျပန္တာလို႔ သိရပါတယ္။

အရင္က ဘဏ္လုပ္ငန္းခ်ိန္ကို တနလၤာေန႔မွ ေသာၾကာေန႔အထိ နံနက္(၉)နာရီခြဲ မွ မြန္းလြဲ(၃)နာရီအထိ၊ လစာထုတ္ရက္မွာ နံနက္ (၈) နာရီခြဲမွ မြန္းလြဲ (၂) နာရီ အထိ သတ္မွတ္ၫႊန္ၾကားခဲ့တာပါ ။

အခုလက္ရွိမွာ ဘဏ္ေတြအေနနဲ႔ ဝန္ထမ္းအင္အားေလ်ာ့ခ်လည္ပတ္ေနရလို႔ အခုလို လုပ္ငန္းခ်ိန္ေလ်ာ့ခ်လိုက္တာကို ႀကိဳဆိုတယ္လို႔ KBZ ဘဏ္အႀကံေပးပုဂၢိဳလ္ ဦးသန္းလြင္ကဆိုပါတယ္။

ဘဏ္လုပ္ငန္းခ်ိန္ေလ်ာ့ခ်လိုက္ေပမယ့္ ျပည္သူေတြက အြန္လိုင္းစနစ္နဲ႔ ေငြေၾကးလည္ပတ္ေဆာင္႐ြက္မႈေတြကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏိုင္ လို႔ ထိခိုက္မႈ ရွိႏိုင္မွာ မဟုတ္ဘူးလို႔ ဦးသန္းလြင္ဆက္လက္ေျပာပါတယ္။

ဘဏ္လုပ္ငန္းခ်ိန္ ယာယီျပင္ဆင္သတ္မွတ္တာကို ဘဏ္နဲ႔ဆက္သြယ္လုပ္ကိုင္ သူေတြ က်ယ္က်ယ္ျပန႔္ျပန႔္ႀကိဳတင္သိရွိေစဖို႔ အတြက္ အမ်ားျပည္သူသိရွိႏိုင္တဲ့ ေနရာေတြ ေၾကညာဖို႔ လည္း ဘဏ္အသီးသီးကို ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္က ၫႊန္ၾကားထားပါတယ္။

One News Myanmar
---------------------------------------------
COVID-19 ကာလအတွင်း ဘဏ်လုပ်ငန်းချိန် လျော့ချ

COVID-- 19 ရောဂါဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ဘဏ်လုပ်ငန်းချိန်ကို ယာယီလျော့ချ သတ်မှတ်လိုက်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က One News ကိုအတည်ပြုပြောကြားပါတယ်။

ဘဏ်တွေရဲ့ လုပ်ငန်းချိန်ကို ဧပြီ (၂၈)ရက် ကစလို့ နံနက် (၁၀) နာရီမှ မွန်းလွဲ (၂) နာရီအထိ ယာယီပြင်ဆင် သတ်မှတ်လိုက်ကြောင်း ဒီကနေ့ ဧပြီ ၂၄ ရက်နေ့မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ထွက်ရှိလာတာပါ။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တွေ အကြား ဧပြီ ၂၁ ရက်နေ့က ပြုလုပ်တဲ့ Video Conferencing မှာ တာဝန် ထမ်းဆောင်နေတဲ့ ဘဏ်ဝန်ထမ်းတွေကို ရောဂါကူးစက် ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့ ၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ အဆင်ပြေ ချောမွေ့စွာ စဉ်ဆက်မပြတ် လုပ်ကိုင်ဆောင်ရွက်ဖို့ ဆွေးနွေးချက်တွေအရ အခုလို ညွှန်ကြားချက်ထုတ်ပြန်တာလို့ သိရပါတယ်။

အရင်က ဘဏ်လုပ်ငန်းချိန်ကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက်(၉)နာရီခွဲ မှ မွန်းလွဲ(၃)နာရီအထိ၊ လစာထုတ်ရက်မှာ နံနက် (၈) နာရီခွဲမှ မွန်းလွဲ (၂) နာရီ အထိ သတ်မှတ်ညွှန်ကြားခဲ့တာပါ ။

အခုလက်ရှိမှာ ဘဏ်တွေအနေနဲ့ ဝန်ထမ်းအင်အားလျော့ချလည်ပတ်နေရလို့ အခုလို လုပ်ငန်းချိန်လျော့ချလိုက်တာကို ကြိုဆိုတယ်လို့ KBZ ဘဏ်အကြံပေးပုဂ္ဂိုလ် ဦးသန်းလွင်ကဆိုပါတယ်။

ဘဏ်လုပ်ငန်းချိန်လျော့ချလိုက်ပေမယ့် ပြည်သူတွေက အွန်လိုင်းစနစ်နဲ့ ငွေကြေးလည်ပတ်ဆောင်ရွက်မှုတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင် လို့ ထိခိုက်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့ ဦးသန်းလွင်ဆက်လက်ပြောပါတယ်။

ဘဏ်လုပ်ငန်းချိန် ယာယီပြင်ဆင်သတ်မှတ်တာကို ဘဏ်နဲ့ဆက်သွယ်လုပ်ကိုင် သူတွေ ကျယ်ကျယ်ပြန့်ပြန့်ကြိုတင်သိရှိစေဖို့ အတွက် အများပြည်သူသိရှိနိုင်တဲ့ နေရာတွေ ကြေညာဖို့ လည်း ဘဏ်အသီးသီးကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားထားပါတယ်။

One News Myanmar
https://www.facebook.com/onenewsmyan/
COVID-19 ကာလအတြင္း ဘဏ္လုပ္ငန္းခ်ိန္ ေလ်ာ့ခ် COVID-19 ကာလအတြင္း ဘဏ္လုပ္ငန္းခ်ိန္ ေလ်ာ့ခ် Reviewed by THITHTOOLWIN on 04:06 Rating: 5
Powered by Blogger.