တစ္႐ြာတည္းေနသူခ်င္း အရက္ေသစာေသာက္စားရင္းလူသတ္မႈျဖစ္ပြား

(Zawgyi)⤵⤵⤵
ေက်ာက္တံခါး ဧၿပီ ၁

ပဲခူးတိုင္းေဒသႀကီး ေက်ာက္တံခါးၿမိဳ႕နယ္ ဖဒိုၿမိဳ႕အေနာက္ဘက္ ၇ မိုင္ခန႔္အကြာ ၿမိဳ႕ေခ်ာင္း ေက်း႐ြာအနီး ရဲႏြယ္ေရပိုလႊဲဆည္ ရွင္းလင္းေဆာင္အထက္ဘက္ ေျမသားနံရံမ်ားၿပိဳက်မရွိေစရန္ ေဆာင္ ႐ြက္ေနၾကသည့္ လုပ္သားႏွစ္ဦး မတ္ ၃၁ ရက္ေန႔ ညေန ၄ နာရီခြဲ အခ်ိန္ခန႔္က အရက္အတူတူ ေသာက္စားခဲ့ၿပီးေနာက္ရန္ျဖစ္စမ်ားကာ လူသတ္မႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

 ျဖစ္စဥ္အား ဖဒိုနယ္ေျမ ရဲစခန္းမွ စခန္းမႉး ရဲအုပ္ ေအာင္ျမင့္ဦး၊ နယ္ထိန္းေခါင္းေဆာင္ ဒုရဲအုပ္ မ်ိဳးေအာင္း ႏွင့္အဖြဲ႕ကသြား ေရာက္စစ္ေဆးခဲ့ရာ လုပ္ငန္းခြင္၌ တုတ္႐ိုက္ျခင္းလုပ္ငန္းေဆာင္႐ြက္ေနၾကသည့္ ဆီဆုံကုန္းေက်း႐ြာ ေနၾကသူမ်ားျဖစ္ၾကေသာ ဖားရွဲ ၅၁ ႏွစ္၊ ႏွင့္ ေအာင္သိုက္ ၁၉ ႏွစ္တို႔ႏွစ္ဦးသည္ အရက္အတူတူ ေသာက္ရင္းရန္ျဖစ္စကားမ်ားကာ ေအာင္သိုက္ မွ လုပ္ငန္းခြင္တြင္အသုံးျပဳသည့္ အရွည္ ၃ ေပေက်ာ္၊ လုံးပတ္ ၅ လက္မခန႔္ရွိ သစ္သားေမွ်ာေခ်ာင္းႏွင့္႐ိုက္ခဲ့သျဖင့္ ဖားရွဲ မွာ လဲက်သြားခဲ့ေၾကာင္း၊ထို႔ေနာက္ လဲက်ေနေသာ ဖားရွဲ ၏ ဦးေဂါင္းအားဆက္လက္႐ိုက္ႏွက္ခဲ့ၿပီး လက္ဆြဲလႊျဖင့္ ဝမ္းဗိုက္အားပြတ္ဆြဲခဲ့ျခင္း ေၾကာင့္ေသဆုံးသြားျခင္းျဖစ္ေၾကာင္းသိရ၍ ျပစ္မႈက်ဴးလြန္သူ ေအာင္သိုက္ အား ဖဒိုနယ္ေျမရဲစခန္းက အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။

သန္းလြင္(ဆြာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
------------
(Unicode)⤵⤵⤵
တစ်ရွာတည်းနေသူချင်း အရက်သေစာသောက်စားရင်းလူသတ်မှုဖြစ်ပွား
=========================================

ကျောက်တံခါး ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ဖဒိုမြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ မြို့ချောင်း ကျေးရွာအနီး ရဲနွယ်ရေပိုလွှဲဆည် ရှင်းလင်းဆောင်အထက်ဘက် မြေသားနံရံများပြိုကျမရှိစေရန် ဆောင် ရွက်နေကြသည့် လုပ်သားနှစ်ဦး မတ် ၃၁ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်ခန့်က အရက်အတူတူ သောက်စားခဲ့ပြီးနောက်ရန်ဖြစ်စများကာ လူသတ်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

 ဖြစ်စဉ်အား ဖဒိုနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် အောင်မြင့်ဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မျိုးအောင်း နှင့်အဖွဲ့ကသွား ရောက်စစ်ဆေးခဲ့ရာ လုပ်ငန်းခွင်၌ တုတ်ရိုက်ခြင်းလုပ်ငန်းဆောင်ရွက်နေကြသည့် ဆီဆုံကုန်းကျေးရွာ နေကြသူများဖြစ်ကြသော ဖားရှဲ ၅၁ နှစ်၊ နှင့် အောင်သိုက် ၁၉ နှစ်တို့နှစ်ဦးသည် အရက်အတူတူ သောက်ရင်းရန်ဖြစ်စကားများကာ အောင်သိုက် မှ လုပ်ငန်းခွင်တွင်အသုံးပြုသည့် အရှည် ၃ ပေကျော်၊ လုံးပတ် ၅ လက်မခန့်ရှိ သစ်သားမျှောချောင်းနှင့်ရိုက်ခဲ့သဖြင့် ဖားရှဲ မှာ လဲကျသွားခဲ့ကြောင်း၊ထို့နောက် လဲကျနေသော ဖားရှဲ ၏ ဦးဂေါင်းအားဆက်လက်ရိုက်နှက်ခဲ့ပြီး လက်ဆွဲလွှဖြင့် ဝမ်းဗိုက်အားပွတ်ဆွဲခဲ့ခြင်း ကြောင့်သေဆုံးသွားခြင်းဖြစ်ကြောင်းသိရ၍ ပြစ်မှုကျူးလွန်သူ အောင်သိုက် အား ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သန်းလွင်(ဆွာ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တစ္႐ြာတည္းေနသူခ်င္း အရက္ေသစာေသာက္စားရင္းလူသတ္မႈျဖစ္ပြား တစ္႐ြာတည္းေနသူခ်င္း အရက္ေသစာေသာက္စားရင္းလူသတ္မႈျဖစ္ပြား Reviewed by THITHTOOLWIN on 06:02 Rating: 5
Powered by Blogger.