ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား ပိတ္လိုက္ၿပီ

ထိုင္း - ျမန္မာ ခ်စ္ၾကည္ေရး တံတားအနီးတြင္ ေတြ႔ရတဲ့ ေနရပ္ျပန္ၾကမယ့္ ျမန္မာအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းႏိုင္ငံက ေနရပ္ျပန္ျမန္မာေတြကုိ နားလည္မႈနဲ ့တံတားဖြင့္ေပးတာေတြကို ဧျပီလ ၁ ရက္ေန႔ စတင္ျပီး ထုိင္းဘက္က ပိတ္ပင္လိုက္ပါျပီ။ ျမန္မာအလုပ္သမားေတြကို ကားငွားတဲ့ ကားသမားေတြကုိလည္း မလိုက္နာရင္ ေငြဒဏ္ ၁၀၀,၀၀၀ ေထာင္ဒဏ္ တႏွစ္ခ်မယ္လို႔ ထုိင္းဘက္က ဧျပီလ ၁ ရက္ေန႔မွာ ထုတ္ျပန္ခဲ့တာပါ။ ဒီသတင္းကုိ တင္ဆက္ေပးပါမယ္။

ထိုင္းဘက္က အခုလို ထုတ္ျပန္ျပီး တံတားကေန ျမန္မာေတြကို ျပန္ခြင့္မျပဳတာဟာ ျမန္မာဘက္က နယ္စပ္အာဏာပိုင္ေတြက ေမတၱာရပ္ခံတာေၾကာင့္ ျဖစ္တယ္လို႔ ဆုိပါတယ္။ ကုိရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ေစာင့္ၾကည့္စစ္ေဆးဖို႔ စင္တာေတြ အသင့္ မျဖစ္ေသးတာေၾကာင့္ နယ္စပ္ျပန္ေတြအေနနဲ႔ ဧျပီ ၁၅ ရက္ေန႔ ေနာက္ပိုင္းမွာျပန္ၾကဖို႔ ျမန္မာႏိုင္ငံျခားေရး၀န္ႀကီးဌာနက ေမတၱာရပ္ခံျပီးတဲ့ေနာက္ အခုလို ပိတ္လုိက္တာျဖစ္ေၾကာင္း အလုပ္သမားေတြကုိအကူအညီေပးေနတဲ့ AAC မဟာမိတ္အဖဲဲြရဲ႕ ဒါရိုက္တာဦးခိုင္ႀကီးက ေျပာပါတယ္။

"တံတား ဟိုဘက္၊ ဒီဘက္ ခ်စ္ႀကည္ေရးအရ တံတားမဖြင့္ေပးဖို႔ ေမတၱာရပ္ခံတာေၾကာင့္ ဒါေၾကာင့္ပိတ္လိုက္တာပါ။ ျပည္ေတာ္ျပန္ အလုပ္သမားေတြကုိ ၁၄ ရက္ ေရာဂါေစာင့္ၾကည့္ဖို႔ သူတို႔မွာ ေနရာထုိင္ခင္း အဆင္သင့္မျဖစ္ေသးတာေၾကာင့္ ဧျပီလ ၁၅ ရက္ေန႔ ေနာက္ပုိင္းမွ ျပန္ဖြင့္ေပးပါလို ေမတၱာရပ္ခံလို႔ ထုိင္းဘက္က ဒီလိုတားျမစ္ရတယ္လို႔ ေျပာတယ္။"

ထုိင္းမွာက ၿပီးခဲ့တဲ့ မတ္လ ၂၆ ေလာက္ကတည္း ဘန္ေကာက္ မဲေဆာက္နဲ႔ တျခား နယ္ျမိဳ႕ေတြကေန နယ္စပ္ကို ျပန္ဆင္းတဲ့ ပံုမွန္ေျပးဆဲြေနတဲ့ လိုင္းကားေတြလည္း ပိတ္ပင္ထားပါတယ္။ ဒါေပမဲ့ ပုဂၢလိကကားေတြကေတာ့ သြားလာေနဆဲျဖစ္တာေၾကာင့္ တခ်ိဳ႕အလုပ္သမားေတြက စုငွားၿပီး နယ္စပ္ကိုျပန္လာေနတာပါ။ အခုအခါမွာေတာ့ ပုဂၢလိက ကားေတြကိုလည္း ပိတ္ပင္လိုက္တာေၾကာင့္ အလုပ္သမားေတြကုိ မသယ္ေဆာင္ၾကေတာ့ဘူးလို႔ ဆိုပါတယ္။

"ထုိင္းမွာက အစိုးရလိုင္းကားေတြ ပုဂၢလိက ကားေတြ ဆိုတာ ရိွတယ္။ အစိုးရကားေတြကုိ ပိတ္လိုက္တယ္။ အခုပုဂၢလိက ကားေတြ ထပ္ပိတ္တာ မသယ္လာနဲ႔ သယ္လာတာနဲ႔ ဒဏ္ေငြ ၁၀၀,၀၀၀ ရိုက္မယ္ ထုိင္း ကားသမားေတြကုိ ျပစ္ဒဏ္အျဖစ္ ေထာင္ဒဏ္တႏွစ္ က်မယ္ဆိုျပီး ထုိင္းအစုိးရတံဆိပ္နဲ႔ ထုတ္ျပန္လိုက္တာ။"

အခုလို ျမန္မာဘက္က ကိုရိုနာဗိုင္းရပ္္စ္နဲ႔ ပတ္သက္လို႔ ေနရပ္ျပန္ေတြကုိ ဧျပီ ၁၅ ေနာက္ပိုင္းမွ ျပန္လာဖို့ေမတၱာရပ္ခံခဲ့ေပမဲ့ အိမ္ျပန္အပ္ျပီး ေနရပ္ကိုအျပီးျပန္ၾကမဲ့ အလုပ္သမားေတြဘက္မွာလည္း အခက္အခဲေတြ ရွိတယ္လုိ႔ ဆိုပါတယ္။

"အခု ျမန္မာအလုပ္သမားေတြကေတာ့ ၃၁ ရက္ေန႔မွာ သူတို႔ အလုပ္ေတြျပီးရင္ ၅ ရက္ေန႔က်မွ ပိုက္ဆံထြက္မယ္။ အလုပ္ရွင္က ပုိက္ဆံရွင္းမယ္။ အဲဒီေတာ့ အလုပ္သမားေတြကို ၅ ရက္ေန႔မွာ ျပန္မယ့္ အလုပ္သမားေတြအတြက္ အခန္းေတြ အပ္ျပီးသားဆိုေတာ့ အခန္းေတြကလည္း လက္မခံေတာ့ဘူး။ သူတို႔ေတြလည္း အရမ္းဒုကၡေရာက္ပါတယ္။"

ဧျပီလ ၁ ရက္ေန႔မွာေတာ့ ျမန္မာဘက္ကလည္း တံတားကို ပိတ္ထားသလို႔ ထိုင္းဘက္ကလည္း ျမန္မာဘက္ကုိ ၀င္ခြင့္မျပဳတာေၾကာင့္နယ္စပ္မွာ ေရာက္ရွိေနျပီးသား အလုပ္သမားေတြလည္း အခက္အခဲရွိေနပါတယ္။

[Unicode Version]

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပြီ

ထိုင်းနိုင်ငံက နေရပ်ပြန်မြန်မာတွေကို နားလည်မှုနဲ့တံတားဖွင့်ပေးတာတွေကို ဧပြီလ ၁ ရက်နေ့ စတင်ပြီး ထိုင်းဘက်က ပိတ်ပင်လိုက်ပါပြီ။ မြန်မာအလုပ်သမားတွေကို ကားငှားတဲ့ ကားသမားတွေကိုလည်း မလိုက်နာရင် ငွေဒဏ် ၁၀၀,၀၀၀ ထောင်ဒဏ် တနှစ်ချမယ်လို့ ထိုင်းဘက်က ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ဒီသတင်းကို တင်ဆက်ပေးပါမယ်။

ထိုင်းဘက်က အခုလို ထုတ်ပြန်ပြီး တံတားကနေ မြန်မာတွေကို ပြန်ခွင့်မပြုတာဟာ မြန်မာဘက်က နယ်စပ်အာဏာပိုင်တွေက မေတ္တာရပ်ခံတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ စောင့်ကြည့်စစ်ဆေးဖို့ စင်တာတွေ အသင့် မဖြစ်သေးတာကြောင့် နယ်စပ်ပြန်တွေအနေနဲ့ ဧပြီ ၁၅ ရက်နေ့ နောက်ပိုင်းမှာပြန်ကြဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေတ္တာရပ်ခံပြီးတဲ့နောက် အခုလို ပိတ်လိုက်တာဖြစ်ကြောင်း အလုပ်သမားတွေကိုအကူအညီပေးနေတဲ့ AAC မဟာမိတ်အဖဲွဲရဲ့ ဒါရိုက်တာဦးခိုင်ကြီးက ပြောပါတယ်။

"တံတား ဟိုဘက်၊ ဒီဘက် ချစ်ကြည်ရေးအရ တံတားမဖွင့်ပေးဖို့ မေတ္တာရပ်ခံတာကြောင့် ဒါကြောင့်ပိတ်လိုက်တာပါ။ ပြည်တော်ပြန် အလုပ်သမားတွေကို ၁၄ ရက် ရောဂါစောင့်ကြည့်ဖို့ သူတို့မှာ နေရာထိုင်ခင်း အဆင်သင့်မဖြစ်သေးတာကြောင့် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှ ပြန်ဖွင့်ပေးပါလို မေတ္တာရပ်ခံလို့ ထိုင်းဘက်က ဒီလိုတားမြစ်ရတယ်လို့ ပြောတယ်။"

ထိုင်းမှာက ပြီးခဲ့တဲ့ မတ်လ ၂၆ လောက်ကတည်း ဘန်ကောက် မဲဆောက်နဲ့ တခြား နယ်မြို့တွေကနေ နယ်စပ်ကို ပြန်ဆင်းတဲ့ ပုံမှန်ပြေးဆွဲနေတဲ့ လိုင်းကားတွေလည်း ပိတ်ပင်ထားပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကကားတွေကတော့ သွားလာနေဆဲဖြစ်တာကြောင့် တချို့အလုပ်သမားတွေက စုငှားပြီး နယ်စပ်ကိုပြန်လာနေတာပါ။ အခုအခါမှာတော့ ပုဂ္ဂလိက ကားတွေကိုလည်း ပိတ်ပင်လိုက်တာကြောင့် အလုပ်သမားတွေကို မသယ်ဆောင်ကြတော့ဘူးလို့ ဆိုပါတယ်။

"ထိုင်းမှာက အစိုးရလိုင်းကားတွေ ပုဂ္ဂလိက ကားတွေ ဆိုတာ ရှိတယ်။ အစိုးရကားတွေကို ပိတ်လိုက်တယ်။ အခုပုဂ္ဂလိက ကားတွေ ထပ်ပိတ်တာ မသယ်လာနဲ့ သယ်လာတာနဲ့ ဒဏ်ငွေ ၁၀၀,၀၀၀ ရိုက်မယ် ထိုင်း ကားသမားတွေကို ပြစ်ဒဏ်အဖြစ် ထောင်ဒဏ်တနှစ် ကျမယ်ဆိုပြီး ထိုင်းအစိုးရတံဆိပ်နဲ့ ထုတ်ပြန်လိုက်တာ။"

အခုလို မြန်မာဘက်က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ နေရပ်ပြန်တွေကို ဧပြီ ၁၅ နောက်ပိုင်းမှ ပြန်လာဖို့မေတ္တာရပ်ခံခဲ့ပေမဲ့ အိမ်ပြန်အပ်ပြီး နေရပ်ကိုအပြီးပြန်ကြမဲ့ အလုပ်သမားတွေဘက်မှာလည်း အခက်အခဲတွေ ရှိတယ်လို့ ဆိုပါတယ်။

"အခု မြန်မာအလုပ်သမားတွေကတော့ ၃၁ ရက်နေ့မှာ သူတို့ အလုပ်တွေပြီးရင် ၅ ရက်နေ့ကျမှ ပိုက်ဆံထွက်မယ်။ အလုပ်ရှင်က ပိုက်ဆံရှင်းမယ်။ အဲဒီတော့ အလုပ်သမားတွေကို ၅ ရက်နေ့မှာ ပြန်မယ့် အလုပ်သမားတွေအတွက် အခန်းတွေ အပ်ပြီးသားဆိုတော့ အခန်းတွေကလည်း လက်မခံတော့ဘူး။ သူတို့တွေလည်း အရမ်းဒုက္ခရောက်ပါတယ်။"

ဧပြီလ ၁ ရက်နေ့မှာတော့ မြန်မာဘက်ကလည်း တံတားကို ပိတ်ထားသလို့ ထိုင်းဘက်ကလည်း မြန်မာဘက်ကို ဝင်ခွင့်မပြုတာကြောင့်နယ်စပ်မှာ ရောက်ရှိနေပြီးသား အလုပ်သမားတွေလည်း အခက်အခဲရှိနေပါတယ်။

မေအးေအးမာ/VOA (Burmese)
https://burmese.voanews.com/a/thai-myanmar-border-covid-19/5355355.html
ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား ပိတ္လိုက္ၿပီ ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား ပိတ္လိုက္ၿပီ Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.