COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

(Zawgyi)⤵⤵⤵

(၁-၄-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ ကမာၻ႔ႏိုင္ငံမ်ားတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိ သည့္ COVID-19 လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူလူထု အေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ားႏွင့္ ပူးေပါင္း၍ လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။ (၃၁-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆) နာရီမွ (၁-၄-၂၀၂၀) ရက္ ေန႔၊ ညေန (၆) နာရီအထိ ေစာင့္ၾကည့္လူနာအသစ္ (၃၆) ဦး ရွိပါသည္။

၃။ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) မွ (၁-၄-၂၀၂၀) ရက္ေန႔၊ ည (၇:၃၀) နာရီတြင္ ထုတ္ျပန္ေသာ ဓာတ္ခြဲစစ္ေဆးမႈအေျဖမ်ားအရ ေစာင့္ၾကည့္လူနာႏွင့္ ေဆး႐ုံတြင္ အသြား အလာကန္႔သတ္၍ ေစာင့္ၾကပ္ၾကည့္ရႈလ်က္ရွိေသာ လူနာ(၅၆)ဦး၏ ဓာတ္ခြဲနမူနာမ်ားအား စစ္ေဆး ခဲ့ရာ (ဇယား-၁) တြင္ေဖာ္ျပထားရွိေသာ လူနာ (၁) ဦး၏ ဓာတ္ခြဲအေျဖတြင္ COVID-19 ေရာဂါ ပိုး ေတြ႕ရွိ (ေတြ႕ရွိ) ရၿပီး က်န္လူနာ (၅၅) ဦး၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ေရာဂါပိုးမရွိေၾကာင္း (မရွိေၾကာင္း) ေတြ႕ရွိရပါသည္။

၄။ ဓာတ္ခြဲအတည္ျပဳလူနာ (Case-16) သည္ ဧရာဝတီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕နယ္တြင္ ေနထိုင္သူ၊ အသက္ (၆၃) ႏွစ္ရွိသူအမ်ိဳးသမီးသည္ (၁၅-၃-၂၀၂၀) ရက္ေန႔တြင္ ဒူဘိုင္းႏိုင္ငံမွ ျပန္လာေသာ သားျဖစ္သူအား ရန္ကုန္ အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္သြားေရာက္ႀကိဳဆိုခဲ့ၿပီး၊ သားျဖစ္သူႏွင့္အတူ ေျမာက္ဥကၠလာပၿမိဳ႕နယ္တြင္ ေခတၱတည္းခိုေနထိုင္ပါသည္။ ထိုသို႔တည္းခိုေနထိုင္စဥ္ (၂) ပတ္ၾကာခန႔္ ေမာပန္းႏြမ္းနယ္ျခင္းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက္ေန႔တြင္ ပိုမိုေမာပန္းၿပီး ကိုယ္အပူခ်ိန္ျမင့္တက္လာသျဖင့္ ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးသို႔ (၃၁-၃-၂၀၂၀) ရက္ေန႔တြင္ တက္ေရာက္ ကုသမႈခံယူခဲ့ပါသည္။ အဆိုပါလူနာ အား ေျမာက္ဥကၠလာပျပည္သူ႔ေဆး႐ုံႀကီးတြင္ ေစာင့္ၾကည့္ လူနာအျဖစ္ သီးသန႔္ထားရွိကာ ေဆးကုသမႈမ်ားေပးခဲ့ၿပီး ဓာတ္ခြဲနမူနာအား ေပးပို႔စစ္ေဆးခဲ့ျခင္း ျဖစ္ပါသည္။ အဆိုပါလူနာအား ေဝဘာဂီအထူးကု ေဆး႐ုံ ႀကီးသို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိၿပီး လူနာတြင္ ဆီးခ်ိဳေရာဂါအခံရွိသျဖင့္ အထူးေစာင့္ၾကပ္ကုသမႈေပးလ်က္ရွိပါသည္။

၅။ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ (၁၅) ဦးအနက္ ခ်င္းျပည္နယ္၊ တီးတိန္ ျပည္သူ႔ေဆး႐ုံတြင္ လူနာ (၁) ဦး၊ ရန္ကုန္ၿမိဳ႕၊ ေဝဘာဂီအထူးကုေဆး႐ုံႀကီးတြင္ လူနာ (၁၀) ဦး ႏွင့္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီေဆး႐ုံတြင္ လူနာ (၁) ဦး၊ ေနျပည္ေတာ္ျပည္သူ႔ေဆး႐ုံႀကီးတြင္ လူနာ (၁) ဦး၊ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း)၊ ျပည္သူ႔ေဆး႐ုံႀကီး၊ လားရႈိးၿမိဳ႕တြင္ ေက်ာက္မဲၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွ ေျပာင္းေ႐ႊ႕လူနာ (၁) ဦး၊ စုစုေပါင္း (၁၄) ဦး တို႔၏ က်န္းမာေရးအေျခအေနမွာ တည္ၿငိမ္လ်က္ရွိ ပါသည္။ ေဝဘာဂီအထူးကုေဆး႐ုံႀကီးရွိ လူနာ (၁) ဦးအား အထူးၾကပ္မတ္ ခန္း၌ သီးျခားထားရွိ ေဆးကုသမႈေပးလ်က္ရွိပါသည္။

၆။ ယခုအခါ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာမ်ား ေတြ႕ရွိလာ သျဖင့္ အဆိုပါလူနာမ်ားႏွင့္ အနီးကပ္ထိေတြ႕ဆက္စပ္မႈရွိသူမ်ားအား ရွာေဖြေဖာ္ထုတ္ၿပီး အသြားအလာ တားျမစ္ပိတ္ပင္၍ ေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါ သည္။ ျပည္သူ လူထုအေနျဖင့္ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ ေရး ဆိုင္ရာ က်န္းမာေရးပညာေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာ ေဆာင္႐ြက္ရႏ္ွႏႈိးေဆာ္ အပ္ပါသည္။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
-----------
(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိ သည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍ လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။ (၃၁-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁-၄-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၃၆) ဦး ရှိပါသည်။

၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၁-၄-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၅၆)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေး ခဲ့ရာ (ဇယား-၁) တွင်ဖော်ပြထားရှိသော လူနာ (၁) ဦး၏ ဓာတ်ခွဲအဖြေတွင် COVID-19 ရောဂါ ပိုး တွေ့ရှိ (တွေ့ရှိ) ရပြီး ကျန်လူနာ (၅၅) ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုးမရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

၄။ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းနိုင်ငံမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ပါသည်။ ထိုသို့တည်းခိုနေထိုင်စဉ် (၂) ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ပါသည်။ အဆိုပါလူနာ အား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့် လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါလူနာအား ဝေဘာဂီအထူးကု ဆေးရုံ ကြီးသို့ ပြောင်းရွှေ့ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး လူနာတွင် ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိပါသည်။

၅။ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၅) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၁၀) ဦး နှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ စုစုပေါင်း (၁၄) ဦး တို့၏ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက်ရှိ ပါသည်။ ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၁) ဦးအား အထူးကြပ်မတ် ခန်း၌ သီးခြားထားရှိ ဆေးကုသမှုပေးလျက်ရှိပါသည်။

၆။ ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာ သဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါ သည်။ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ် ရေး ဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန်ှနှိုးဆော် အပ်ပါသည်။

Ministry of Health and Sports, Myanmar
https://www.facebook.com/MinistryOfHealthAndSportsMyanmar/
COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.