COVID-19 ကာကြယ္ေရး စည္းကမ္းခ်ဳိးေဖာက္သူတခ်ဳိ႕ကုိ စတင္အေရးယူ


(Zawgyi/Unicode)

COVID-19 ေရာဂါျပန္႔ပြားမႈ တားဆီးကာကြယ္ေရးအတြက္ တိုင္းနဲ႔ျပည္နယ္အလိုက္ေဒသေတြမွာ အေရးယူေဆာင္ရြက္မႈေတြ တိုးလုပ္လာတဲ့အေၾကာင္း ေျပာျပပါမယ္။

ရန္ကုန္တိုင္းအတြင္းမွာ COVID-19 ေရာဂါျဖစ္ပြားေစႏိုင္တဲ့ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့တဲ့အတြက္ဆိုၿပီး ခရစၥယာန္တရားေဟာဆရာအခ်ိဳ႕နဲ႔ လူစုလူေဝးလုပ္ေဆာင္သူေတြကို တိုင္းအစိုးရကေန အမႈဖြင့္အေရးယူထားပါတယ္။ တိုင္းနဲ႔ ျပည္နယ္အသီးသီးမွာလည္း ဒီေရာဂါမကူးစက္ႏိုင္ဖို႔ အတြက္ သက္ဆိုင္ရာတိုင္းနဲ႔ ျပည္နယ္အလိုက္ ကန္႔သတ္အေရးယူမႈေတြ တိုးလုပ္လိုက္ပါတယ္။ ဗြီအိုေအ သတင္းေထာက္ေမခက တင္ျပေပးထားတာပါ။

ကို႐ိုနာပိုး ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ဖို႔ အတြက္ လူစုလူေဝးျပဳလုပ္တာကို ကန႔္သတ္ထားေပမယ့္ လိုက္နာမႈမရွိခဲ့တာမို႔ ေစာေဒးဗစ္(ခ)ေစာေဒးဗစ္လား နဲ႔ ဦးေဝထြန္း (နဝရတ္ ေတးသံသြင္း)တို႔ကို မရမ္းကုန္း ၿမိဳ႕မရဲစခန္း မွာလည္းေကာင္း၊ ဦးေစာကြယ္ဝါး(သင္းအုပ္ဆရာ)နဲ႔ အမႈေတာ္ေဆာင္ဦးေစာေရဂန္ဒီ အင္းစိန္ ၿမိဳ႕မရဲစခန္း မွာလည္းေကာင္း သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒနဲ႔ အသီးသီး အမႈဖြင့္ထားၿပီလို႔ ရန္ကုန္ တိုင္းအစိုးရအဖြဲ႕ လူမႈေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

"အဓိကကေတာ့ လူစုလူေဝးေပါ့။ မလိုက္နာဘဲ လုပ္ေတာ့ ဒီမွာ ပိုးေတြ ေတြ႕ကုန္ေတာ့ အကုန္ အခက္အခဲေတြျဖစ္ကုန္တာေပါ့ေနာ္။ အစုလိုက္အၿပဳံလိုက္ေတြ ျဖစ္ကုန္တာေပါ့။ ဒီလိုေနာက္မျဖစ္ေအာင္ ဟန႔္တားတဲ့ အေနနဲ႔ အေရးယူေဆာင္႐ြက္တာေတြ လုပ္မွာျဖစ္ပါတယ္။ ဒီသဘာဝပတ္ဝန္းက်င္ဆိုင္ရာနဲ႔ အေရးယူတာက ေဒသနရ နဲ႔အေရးယူတာနဲ႔မတူဘူး။ က်ေနာ္တို႔က Lock Down ဆိုၿပီး ၁၈၈၊ ၁၄၄ ထုတ္ၿပီးယူတာ။ အခုကက်ေတာ့ ဒီေရာဂါပိုးကူးေစလို႔ ေနာက္ဒီပိုးနဲ႔ပတ္သတ္လို႔ မကူးစက္ေအာင္ လုပ္ေဆာင္တာကို မလိုက္နာလို႔ အခုလိုဒီဥပေဒနဲ႔ အေရးယူတာပါ။"

COVID-19 ေရာဂါ တားဆီးကာကြယ္ေရးအတြက္ ရန္ကုန္တိုင္းအပါအ၀င္ တိုင္းနဲ႔ျပည္နယ္ေတြမွာ ေဒသအစိုးရအသီးသီးဟာ ၿပီးခဲ့တဲ့လအကုန္နဲ႔ ဒီလဆန္းေတြမွာ ျပစ္မႈဆိုင္ရာက်င့္ထံုးဥပေဒ ပုဒ္မ၁၄၄၊ ပုဒ္မ ၁၈၈ ဆိုတဲ့ ေဒသႏၱရအမိန္႔ေတြနဲ႔ တားျမစ္မိန္႔ေတြ ထုတ္ထားပါတယ္။ အဲဒီထဲမွာ သၾကၤန္ကာလ ပဲြေတာ္ေတြ မလုပ္ဖို႔အျပင္၊ လူစုလူေ၀းနဲ႔လုပ္ေဆာင္တာမွန္သမွ်ကို ကန္႔သတ္တားျမစ္ထားတာပါ။ ခရယာန္ဘာသာေရး အခမ္းအနားေတြကို ျပဳလုပ္ခဲ့တဲ့အေပၚမွာ ဒီေဒသႏၱအမိန္႔နဲ႔ အေရးယူေဆာင္ရြက္တာျဖစ္တယ္လို႔ ဦးႏိုင္ငံလင္းကေျပာပါတယ္။

အစုလိုက္ အၿပံဳလိုက္ ေရာဂါပိုးကူးစက္ခံရတာမ်ိဳး မျဖစ္ေအာင္ ဒီ အမိန္႔ေတြ ထုတ္ျပန္ခဲ့တာျဖစ္တယ္လို႔လည္း ရန္ကုန္တိုင္း၀န္ႀကီး ဦးႏိုင္ငံလင္းက ေျပာပါတယ္။

"အဓိကကေတာ့ေလ က်ေနာ္တို႔မွာ ထုတ္ျပန္ခ်က္ေတြရွိတယ္။ ဒီ ဟုမ္းကြာရန္တင္းေနရင္ဘယ္လို၊ ေနာက္လူစုလူေဝးလုပ္ေဆာင္ရင္ဘယ္လိုလုပ္ရမယ္ဆိုတာမ်ိဳးေတြ ထုတ္ျပန္ထားတာရွိပါတယ္။ အခုဆို ၆၂ ေယာက္ေတြ႕ထားတယ္။ ေနာက္ဆုံးေတြ႕တာက လူအစုလိုက္ အၿပဳံလိုက္ ပိုမ်ားတဲ့ အေနအထားရွိတယ္။ ရွိတာကလည္း က်ေနာ္တို႔ ထုတ္ျပန္ထားတာ၊ အဓိကကေတာ့ က်န္းမာေရးဘက္ကထုတ္ ျပန္ထားတာေတြကိုမလိုက္နာလို႔ျဖစ္လာရတယ္လို႔ ယူဆတယ္။ အဲေတာ့ ျပည္သူကို အဲလိုမလုပ္ဖို႔ ေျပာခ်င္ပါတယ္။"

သဘာဝေဘး အႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈ ဆိုင္ရာဥပေဒပုဒ္မ ၂၅ အရ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၃ ႏွစ္ထက္ မပိုေသာ ျပစ္ဒဏ္နဲ႔ ၃၀ (က) အရ ျပစ္မႈထင္ရွားပါက တႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္တယ္လို႔ အတိအက်ျပဌာန္းထားပါတယ္။

အေရးယူခံရသူ တရားေဟာဆရာ ဦးေဆာင္တဲ့ ေဟာေျပာပြဲကို တက္ေရာက္ခဲ့သူေတြထဲ ဧၿပီ ၁၂ ရက္နဲ႔ ၁၃ ရက္ က်န္းမာေရးဌာန ထုတ္ျပန္ခ်က္ေတြအရ ေရာဂါပိုးကူးစက္ခံရသူ ၅ ဦးေတြ႕ရွိခဲ့ၿပီး၊ ဧၿပီ ၁၄ ရက္ေန႔မွာလည္း ပိုးေတြ႕လူနာေတြ ထပ္မံ ေတြ႕ရွိ ခဲ့ပါတယ္။ ဧၿပီ ၁၃ ရက္ေန႔က ပိုးေတြ႕လူနာ ၂၁ ဦး ထပ္မံေတြ႕ရွိတဲ့ထဲမွာ ရန္ကုန္တိုင္းအတြင္းက အမ်ားဆုံး ေတြ႕ရွိခဲ့ၿပီး မေကြးတိုင္းေဒသႀကီးက တစ္ဦးပါဝင္လာခဲ့ပါတယ္။ ဒါဟာျမန္မာႏိုင္ငံမွာ အခုအခ်ိန္အမထိ ေရာဂါပိုးေတြ႕ရွိမႈမွာ တစ္ရက္အတြင္းအမ်ားဆုံး ေတြ႕ရတာလည္းျဖစ္ပါတယ္။

လက္ရွိမွာ တိုင္းနဲ႔ ျပည္နယ္အလိုက္ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးအတြက္ သက္ဆိုင္ရာ ျပည္နယ္ တိုင္း အလိုက္ ကန႔္သတ္မႈေတြနဲ႔ တားဆီးတာေတြ လုပ္ေဆာင္ေနတာမ်ိဳးေတြ ရွိတာမွာ ရန္ကုန္နဲ႔ နီးကပ္တဲ့ ပဲခူး တိုင္းမွာေတာ့ ရန္ကုန္ဘက္က လာတဲ့ ကားေတြ၊ လူ အဝင္အထြက္ေတြနဲ႔ ပတ္သတ္လို႔ ကန႔္သတ္မႈ တခ်ိဳ႕လုပ္ဖို႔ ျပင္ဆင္ေနတယ္လို႔ ပဲခူးတိုင္းေဒသႀကီး စီမံကိန္းနဲ႔ ဘ႑ေရးဝန္ႀကီး ဦးၫႊန႔္ေ႐ႊက ဗြီအိုေအ ကိုခုလိုေျပာျပပါတယ္။

"ပဲခူးကရန္ကုန္နဲ႔လည္းအရမ္းနီးတယ္။ အသြားအလာ ကူးလူးတာလည္းမ်ားတယ္၊ အဲေတာ့ဝင္တာထြက္တာကို စီစစ္ဖို႔ကလိုေနၿပီေပါ့. အဲေတာ့ ကန႔္သတ္မႈေတြလုပ္ဖို႔ေတာ့ အစိုးရကိုေျပာထားတယ္။ အေရးႀကီးတာက ျပန္လာတဲ့ ကားေတြေဆးျဖန္းတာ၊ ျပန္လာတဲ့ သူေတြကို ကားဂိတ္ေတြမွာ က်န္းမာေရး ေစာင့္ေရွာက္မႈေတြ လုပ္တာမ်ိဳးေတြ လုပ္သြားဖို႔ စီစဥ္မွာပါ။"

ဒီျပင္ အစိုးရ႐ုံးစိုက္ရာ ေနျပည္ေတာ္မွာလည္း အဝင္အထြက္ဂိတ္ေတြ အားလုံးမွာ က်န္းမာေရး စစ္ေဆးတာေတြ လုပ္ဖို႔ ျပင္ဆင္ေနပါတယ္။ ေနျပည္ေတာ္ကို ဝင္ထြက္ဂိတ္ ၅ ေနရာျဖစ္တဲ့ ေနျပည္ေတာ္ အျမန္လမ္းတိုးဂိတ္ (မိုင္ ၂၀၀)၊ ေတာင္ညိဳအျမန္လမ္းတိုးဂိတ္၊ သာဝတၳိဂိတ္၊ တပ္ကုန္းဂိတ္နဲ႔ တပ္ကုန္း-ကင္းသာ ပင္ေလာင္း လမ္းခြဲဂိတ္ေတြမွာ စစ္ေဆးမွာျဖစ္ၿပီး ဝင္ထြက္သူေတြရဲ႕ အခ်က္အလက္ေတြကိုလည္း ေကာက္ယူမွာျဖစ္ပါတယ္။

စစ္ကိုင္းတိုင္းမွာေတာ့ ကို႐ိုနာပိုး ကူးစက္ျပန႔္ပြားမႈကို ကာကြယ္ထိန္းခ်ဳပ္ဖို႔ ဧၿပီ ၁၃ ရက္ ကစလို႔ တိုင္းအစိုးရက ညမထြက္ရ အမိန႔္ ထုတ္လိုက္ပါတယ္။ ဒါက ကိုဗစ္ ေရာဂါမျပန႔္ပြားႏိုင္ေအာင္ လုပ္ေဆာင္တာျဖစ္သလို ေနာက္ ဆက္တြဲ ျပႆနာေတြ မရွိေအာင္လို႔ ရည္႐ြယ္တာလည္း ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ ဦး မိုးေက်ာ္သူကေျပာပါတယ္။

"လက္ရွိက ည၁၀နာရီကေန မနက္ ၄ နာရီထိကို မထြက္ရဆိုတာက ဒုစ႐ိုက္သမားေတြ အတြက္ပါတယ္။ ကိုဗစ္အတြက္ ရည္႐ြယ္တာလည္းပါတယ္။ ဆက္စပ္ေနတယ္။ ကိုဗစ္ကို အသုံးခ်ၿပီးဒူစ႐ိုက္ေတြလုပ္လာ ႏိုင္တယ္။ ဒီလိုေတြျဖစ္လာႏိုင္တာမို႔ ေစာေစာထိန္းတဲ့ သေဘာပါ။"

ၿမိဳ႕ဝင္ ၿမိဳ႕ထြက္ေတြမွာ စစ္ေဆးမယ္၊ တျခားေဒသကေန ဝင္ေရာက္လာရင္ ေမးျမန္းၿပီး ေနရပ္လိပ္စာ ေတာင္းယူမယ္လို႔ စစ္ကိုင္းတိုင္းအစိုးရအဖြဲ႕က ေျပာပါတယ္။တိုင္းအတြင္းက ၁၄ ရက္ ေစာင့္ၾကည့္စခန္းမွာ ေနထိုင္သူတခ်ိဳ႕ စည္းကမ္းမလိုက္နာလို႔ ေထာင္ခ်အေရးယူတာ ရွိခဲ့တယ္လို႔ေျပာပါတယ္။

တိုင္းအစိုးရရဲ႕ ထုတ္ျပန္ခ်က္ေတြကို မလိုက္နာဘူးဆိုရင္ သဘာဝေဘးအႏၲရာယ္ဥပေဒနဲ႔ အေရးယူသြားမွာ ျဖစ္တယ္လို႔ စစ္ကိုင္းတိုင္း လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး က လည္းေျပာဆိုထားပါတယ္။

 ေမခ   / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------------------
[Unicode Version]

COVID-19 ကာကွယ်ရေး စည်းကမ်းချိုးဖောက်သူတချို့ကို စတင်အရေးယူ

COVID-19 ရောဂါပြန့်ပွားမှု တားဆီးကာကွယ်ရေးအတွက် တိုင်းနဲ့ပြည်နယ်အလိုက်ဒေသတွေမှာ အရေးယူဆောင်ရွက်မှုတွေ တိုးလုပ်လာတဲ့အကြောင်း ပြောပြပါမယ်။

ရန်ကုန်တိုင်းအတွင်းမှာ COVID-19 ရောဂါဖြစ်ပွားစေနိုင်တဲ့ လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့တဲ့အတွက်ဆိုပြီး ခရစ္စယာန်တရားဟောဆရာအချို့နဲ့ လူစုလူဝေးလုပ်ဆောင်သူတွေကို တိုင်းအစိုးရကနေ အမှုဖွင့်အရေးယူထားပါတယ်။ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာလည်း ဒီရောဂါမကူးစက်နိုင်ဖို့ အတွက် သက်ဆိုင်ရာတိုင်းနဲ့ ပြည်နယ်အလိုက် ကန့်သတ်အရေးယူမှုတွေ တိုးလုပ်လိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက်မေခက တင်ပြပေးထားတာပါ။

ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ အတွက် လူစုလူဝေးပြုလုပ်တာကို ကန့်သတ်ထားပေမယ့် လိုက်နာမှုမရှိခဲ့တာမို့ စောဒေးဗစ်(ခ)စောဒေးဗစ်လား နဲ့ ဦးဝေထွန်း (နဝရတ် တေးသံသွင်း)တို့ကို မရမ်းကုန်း မြို့မရဲစခန်း မှာလည်းကောင်း၊ ဦးစောကွယ်ဝါး(သင်းအုပ်ဆရာ)နဲ့ အမှုတော်ဆောင်ဦးစောရေဂန်ဒီ အင်းစိန် မြို့မရဲစခန်း မှာလည်းကောင်း သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အသီးသီး အမှုဖွင့်ထားပြီလို့ ရန်ကုန် တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

"အဓိကကတော့ လူစုလူဝေးပေါ့။ မလိုက်နာဘဲ လုပ်တော့ ဒီမှာ ပိုးတွေ တွေ့ကုန်တော့ အကုန် အခက်အခဲတွေဖြစ်ကုန်တာပေါ့နော်။ အစုလိုက်အပြုံလိုက်တွေ ဖြစ်ကုန်တာပေါ့။ ဒီလိုနောက်မဖြစ်အောင် ဟန့်တားတဲ့ အနေနဲ့ အရေးယူဆောင်ရွက်တာတွေ လုပ်မှာဖြစ်ပါတယ်။ ဒီသဘာဝပတ်ဝန်းကျင်ဆိုင်ရာနဲ့ အရေးယူတာက ဒေသနရ နဲ့အရေးယူတာနဲ့မတူဘူး။ ကျနော်တို့က Lock Down ဆိုပြီး ၁၈၈၊ ၁၄၄ ထုတ်ပြီးယူတာ။ အခုကကျတော့ ဒီရောဂါပိုးကူးစေလို့ နောက်ဒီပိုးနဲ့ပတ်သတ်လို့ မကူးစက်အောင် လုပ်ဆောင်တာကို မလိုက်နာလို့ အခုလိုဒီဥပဒေနဲ့ အရေးယူတာပါ။"

COVID-19 ရောဂါ တားဆီးကာကွယ်ရေးအတွက် ရန်ကုန်တိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ဒေသအစိုးရအသီးသီးဟာ ပြီးခဲ့တဲ့လအကုန်နဲ့ ဒီလဆန်းတွေမှာ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ၁၄၄၊ ပုဒ်မ ၁၈၈ ဆိုတဲ့ ဒေသန္တရအမိန့်တွေနဲ့ တားမြစ်မိန့်တွေ ထုတ်ထားပါတယ်။ အဲဒီထဲမှာ သင်္ကြန်ကာလ ပွဲတော်တွေ မလုပ်ဖို့အပြင်၊ လူစုလူဝေးနဲ့လုပ်ဆောင်တာမှန်သမျှကို ကန့်သတ်တားမြစ်ထားတာပါ။ ခရယာန်ဘာသာရေး အခမ်းအနားတွေကို ပြုလုပ်ခဲ့တဲ့အပေါ်မှာ ဒီဒေသန္တအမိန့်နဲ့ အရေးယူဆောင်ရွက်တာဖြစ်တယ်လို့ ဦးနိုင်ငံလင်းကပြောပါတယ်။

အစုလိုက် အပြုံလိုက် ရောဂါပိုးကူးစက်ခံရတာမျိုး မဖြစ်အောင် ဒီ အမိန့်တွေ ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

"အဓိကကတော့လေ ကျနော်တို့မှာ ထုတ်ပြန်ချက်တွေရှိတယ်။ ဒီ ဟုမ်းကွာရန်တင်းနေရင်ဘယ်လို၊ နောက်လူစုလူဝေးလုပ်ဆောင်ရင်ဘယ်လိုလုပ်ရမယ်ဆိုတာမျိုးတွေ ထုတ်ပြန်ထားတာရှိပါတယ်။ အခုဆို ၆၂ ယောက်တွေ့ထားတယ်။ နောက်ဆုံးတွေ့တာက လူအစုလိုက် အပြုံလိုက် ပိုများတဲ့ အနေအထားရှိတယ်။ ရှိတာကလည်း ကျနော်တို့ ထုတ်ပြန်ထားတာ၊ အဓိကကတော့ ကျန်းမာရေးဘက်ကထုတ် ပြန်ထားတာတွေကိုမလိုက်နာလို့ဖြစ်လာရတယ်လို့ ယူဆတယ်။ အဲတော့ ပြည်သူကို အဲလိုမလုပ်ဖို့ ပြောချင်ပါတယ်။"

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဆိုင်ရာဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃ နှစ်ထက် မပိုသော ပြစ်ဒဏ်နဲ့ ၃၀ (က) အရ ပြစ်မှုထင်ရှားပါက တနှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ အတိအကျပြဌာန်းထားပါတယ်။

အရေးယူခံရသူ တရားဟောဆရာ ဦးဆောင်တဲ့ ဟောပြောပွဲကို တက်ရောက်ခဲ့သူတွေထဲ ဧပြီ ၁၂ ရက်နဲ့ ၁၃ ရက် ကျန်းမာရေးဌာန ထုတ်ပြန်ချက်တွေအရ ရောဂါပိုးကူးစက်ခံရသူ ၅ ဦးတွေ့ရှိခဲ့ပြီး၊ ဧပြီ ၁၄ ရက်နေ့မှာလည်း ပိုးတွေ့လူနာတွေ ထပ်မံ တွေ့ရှိ ခဲ့ပါတယ်။ ဧပြီ ၁၃ ရက်နေ့က ပိုးတွေ့လူနာ ၂၁ ဦး ထပ်မံတွေ့ရှိတဲ့ထဲမှာ ရန်ကုန်တိုင်းအတွင်းက အများဆုံး တွေ့ရှိခဲ့ပြီး မကွေးတိုင်းဒေသကြီးက တစ်ဦးပါဝင်လာခဲ့ပါတယ်။ ဒါဟာမြန်မာနိုင်ငံမှာ အခုအချိန်အမထိ ရောဂါပိုးတွေ့ရှိမှုမှာ တစ်ရက်အတွင်းအများဆုံး တွေ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းနဲ့ ပြည်နယ်အလိုက် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် သက်ဆိုင်ရာ ပြည်နယ် တိုင်း အလိုက် ကန့်သတ်မှုတွေနဲ့ တားဆီးတာတွေ လုပ်ဆောင်နေတာမျိုးတွေ ရှိတာမှာ ရန်ကုန်နဲ့ နီးကပ်တဲ့ ပဲခူး တိုင်းမှာတော့ ရန်ကုန်ဘက်က လာတဲ့ ကားတွေ၊ လူ အဝင်အထွက်တွေနဲ့ ပတ်သတ်လို့ ကန့်သတ်မှု တချို့လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍရေးဝန်ကြီး ဦးညွှန့်ရွှေက ဗွီအိုအေ ကိုခုလိုပြောပြပါတယ်။

"ပဲခူးကရန်ကုန်နဲ့လည်းအရမ်းနီးတယ်။ အသွားအလာ ကူးလူးတာလည်းများတယ်၊ အဲတော့ဝင်တာထွက်တာကို စီစစ်ဖို့ကလိုနေပြီပေါ့. အဲတော့ ကန့်သတ်မှုတွေလုပ်ဖို့တော့ အစိုးရကိုပြောထားတယ်။ အရေးကြီးတာက ပြန်လာတဲ့ ကားတွေဆေးဖြန်းတာ၊ ပြန်လာတဲ့ သူတွေကို ကားဂိတ်တွေမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်တာမျိုးတွေ လုပ်သွားဖို့ စီစဉ်မှာပါ။"

ဒီပြင် အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း အဝင်အထွက်ဂိတ်တွေ အားလုံးမှာ ကျန်းမာရေး စစ်ဆေးတာတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်။ နေပြည်တော်ကို ဝင်ထွက်ဂိတ် ၅ နေရာဖြစ်တဲ့ နေပြည်တော် အမြန်လမ်းတိုးဂိတ် (မိုင် ၂၀၀)၊ တောင်ညိုအမြန်လမ်းတိုးဂိတ်၊ သာဝတ္ထိဂိတ်၊ တပ်ကုန်းဂိတ်နဲ့ တပ်ကုန်း-ကင်းသာ ပင်လောင်း လမ်းခွဲဂိတ်တွေမှာ စစ်ဆေးမှာဖြစ်ပြီး ဝင်ထွက်သူတွေရဲ့ အချက်အလက်တွေကိုလည်း ကောက်ယူမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ကိုရိုနာပိုး ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်ဖို့ ဧပြီ ၁၃ ရက် ကစလို့ တိုင်းအစိုးရက ညမထွက်ရ အမိန့် ထုတ်လိုက်ပါတယ်။ ဒါက ကိုဗစ် ရောဂါမပြန့်ပွားနိုင်အောင် လုပ်ဆောင်တာဖြစ်သလို နောက် ဆက်တွဲ ပြဿနာတွေ မရှိအောင်လို့ ရည်ရွယ်တာလည်း ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦး မိုးကျော်သူကပြောပါတယ်။

"လက်ရှိက ည၁၀နာရီကနေ မနက် ၄ နာရီထိကို မထွက်ရဆိုတာက ဒုစရိုက်သမားတွေ အတွက်ပါတယ်။ ကိုဗစ်အတွက် ရည်ရွယ်တာလည်းပါတယ်။ ဆက်စပ်နေတယ်။ ကိုဗစ်ကို အသုံးချပြီးဒူစရိုက်တွေလုပ်လာ နိုင်တယ်။ ဒီလိုတွေဖြစ်လာနိုင်တာမို့ စောစောထိန်းတဲ့ သဘောပါ။"

မြို့ဝင် မြို့ထွက်တွေမှာ စစ်ဆေးမယ်၊ တခြားဒေသကနေ ဝင်ရောက်လာရင် မေးမြန်းပြီး နေရပ်လိပ်စာ တောင်းယူမယ်လို့ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ပြောပါတယ်။တိုင်းအတွင်းက ၁၄ ရက် စောင့်ကြည့်စခန်းမှာ နေထိုင်သူတချို့ စည်းကမ်းမလိုက်နာလို့ ထောင်ချအရေးယူတာ ရှိခဲ့တယ်လို့ပြောပါတယ်။

တိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာဘူးဆိုရင် သဘာဝဘေးအန္တရာယ်ဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်တယ်လို့ စစ်ကိုင်းတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး က လည်းပြောဆိုထားပါတယ်။

 မေခ   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/donation-un-myanmar-covid/5371077.html
COVID-19 ကာကြယ္ေရး စည္းကမ္းခ်ဳိးေဖာက္သူတခ်ဳိ႕ကုိ စတင္အေရးယူ COVID-19 ကာကြယ္ေရး စည္းကမ္းခ်ဳိးေဖာက္သူတခ်ဳိ႕ကုိ စတင္အေရးယူ Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.