ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ လူဝင္ လူထြက္ပိတ္

၂၀၁၉ က ငခူရ ျပန္လည္လက္ခံစခန္းကေန ျပန္ဝင္လာၾကတာ ျဖစ္
(Zawgyi)⤵⤵⤵
ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ လူဝင္ လူထြက္ ေတြကို ဧၿပီလ ၁၃ ရက္ေန႔ က စတင္ကာ ပိတ္လိုက္ၿပီ ျဖစ္ေၾကာင္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ေနျပည္ေတာ္ သမၼတအိမ္ေတာ္ကို ဝင္ထြက္ခြင့္ရတဲ့ အိမ္ေတာ္ သတင္းေထာက္ေတြ ကို သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါ ျပန႔္ပြားမႈ ကာကြယ္တားဆီးေရးအတြက္ ျမန္မာနဲ႔ နယ္နမိတ္ခ်င္း ထိစပ္ေနတဲ့ ႏိုင္ငံေတြထဲ က တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ လာအိုႏိုင္ငံေတြနဲ႔ နယ္စပ္ဂိတ္ေတြကတစ္ဆင့္ လူဝင္-လူထြက္ ပိတ္ထားၿပီး ျဖစ္ၿပီး၊ ဘဂၤလားေဒ့ရွ္ နဲ႔လည္းဧၿပီ လ ၁၃ ရက္ေန႔က စၿပီးပိတ္လိုက္တာလို႔လည္း ဆိုပါတယ္။

အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဉီးေက်ာ္တင္ဟာ ဧၿပီလ ၁၂ ရက္ေန႔၊ ေန႔လည္ (၂)နာရီမွာ ရန္ကုန္မွာရွိတဲ့ ဘဂၤလားေဒ့ရွ္သံအမတ္ႀကီး မစၥတာမန္ဂ်ဴရာ ကရင္မ္ ေခ်ာင္ဒရီကို တယ္လီဖုန္းနဲ႔ ဆက္သြယ္ၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔လည္း နယ္စပ္ဂိတ္ေတြကတစ္ဆင့္ လူဝင္-လူထြက္ေတြကို ဧၿပီလ (၁၃)ရက္ေန႔ကစၿပီး ပိတ္မွာ ျဖစ္ေၾကာင္း၊ ကုန္စည္မ်ား စီးဆင္းမႈကိုေတာ့ ဆက္လက္ ခြင့္ျပဳေပးမွာ ျဖစ္ေၾကာင္း၊ လူဝင္ လူထြက္ မရွိေစေရးအတြက္ ဘဂၤလားေဒ့ရွ္ဘက္ကလည္း ပူးေပါင္းေဆာင္႐ြက္ေပးေစလိုေၾကာင္း၊ ေျပာၾကားခဲ့.တယ္လို႔လည္း သူကေျပာပါတယ္။
ဘဂၤလားေဒ့ရွ္ဘက္က ဘာေျပာလဲ

.ဘဂၤလားေဒ့ရွ္ဘက္ကလည္း ယခု ေျပာဆိုခ်က္ကို ဌာနခ်ဳပ္ကို ျပန္လည္တင္ျပေပးမည္ ျဖစ္ေၾကာင္း၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံ ဒါကာ၊ ေကာ့ဘဇားအပါအဝင္ တစ္ႏိုင္ငံလုံး Lock down လုပ္ထားေၾကာင္း၊ ျပည္ပနဲ႔ နယ္စပ္ေတြက ဝင္ေရာက္ လာသူေတြေၾကာင့္ ကူးစက္ျပန႔္ပြားမွာကို ေဒသခံမ်ား စိုးရိမ္ေနေၾကာင္း ျပန္လည္ ေျပာဆိုခဲ့တယ္ လို႔လည္း သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ေျပာပါတယ္။

ဘဂၤလားေဒ့ရွ္ဟာ ျမန္မာနဲ႔ ကမ္း႐ိုးတန္း ထိစပ္ေနတဲ့ ႏိုင္ငံတခုျဖစ္ၿပီး ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ျပႆနာ ေၾကာင့္ ထြက္ေျပးသြားၾကတဲ့ ဒုကၡသည္ေတြအေရး ေျဖရွင္းေနဆဲျဖစ္ပါတယ္။

၂၀၁၇ ခုႏွစ္ ၾသဂုတ္လ ကေန စၿပီး ရခိုင္ျပည္နယ္ေျမာက္ပိုင္းက ရဲစခန္းအပါအဝင္ နယ္ျခားေစာင့္ စခန္းေတြကို ARSAအဖြဲ႕တိုက္ခိုက္မႈေတြ အၿပီး၊တပ္မေတာ္က နယ္ေျမရွင္းေလးေရး လုပ္ကိုင္စဥ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို မြတ္ဆလင္ ဒုကၡသည္ေတြ ထြက္ေျပးတိမ္းေရွာင္ခဲ့ပါတယ္။

ႏွစ္ႏိုင္ငံ ဒုကၡသည္ေတြကို ျပန္လည္လက္ခံဖို႔ ျမန္မာ နဲ႔ ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ ၾကားသေဘာတူခဲ့ေပမယ့္ ဒုကၡသည္ေတြ အမ်ားအျပား ဟာ ျပန္ေရာက္မလာေသးပါဘူး။
ဒုကၡသည္အေရး အရင္က ဘာေတြ ေျပာခဲ့ၾကလဲ

ေန႔ရပ္စြန႔္ခြာသြားတဲ့ မြတ္စလင္ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး ေဆြးေႏြးညႇိႏႈိင္းပြဲေတြမွာ ျမန္မာဘက္က လက္ေတြ႕ လုပ္ရပ္မပါတဲ့ ကတိေတြေပးၿပီး ကဖ်က္ယဖ်က္ သေဘာေဆာင္တဲ့ ခ်ဥ္းကပ္မႈ နည္းလမ္းေတြ အသုံးျပဳေနတယ္ဆိုၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးက ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ မတ္လ က စြပ္စြဲေျပာဆိုခဲ့ပါတယ္။

ဒါေပမယ့္ ရခိုင္ျပည္နယ္ကေန ေနရပ္စြန႔္ခြာထြက္ေျပးခဲ့ၾကသူေတြကို စိစစ္ၿပီး ျပန္လည္လက္ခံဖို႔ ျမန္မာ ဘက္က အဆင္သင့္ ျဖစ္ေနေပမယ့္ ၊လုံၿခဳံေရး အေၾကာင္းျပခ်က္၊ ေနရပ္ျပန္မယ့္သူ ေတြက မျပန္လိုေသးဘူးဆိုတဲ့ အေၾကာင္းျပခ်က္ စတာေတြကို ဘဂၤလားေဒ့ရွ္ဘက္က ေျပာဆိုၿပီး အခုခ်ိန္ထိ ျပန္မပို႔ေသးတာလို႔ ျမန္မာတာဝန္ရွိသူေတြဘက္က အစဥ္တစိုက္ ျပန္လည္ ေျဖရွင္းခဲ့ပါတယ္။

ဧၿပီလ ဆန္းပိုင္းက ဘဂၤလားေဒ့ရွ္ ႏိုင္ငံက ကမာၻ႔ အႀကီးဆုံး ဒုကၡသည္စခန္းမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ျပန္႔ပြားမႈ ကာကြယ္တားဆီးႏိုင္ဖို႔အတြက္ အင္တာနက္လိုင္းေတြ ျပန္တပ္ေပးပါ ဆိုတဲ့ေတာင္းဆိုမႈေတြ ရွိခဲ့ပါတယ္။

သိန္းနဲ႔ ခ်ီတဲ့ ႐ိုဟင္ဂ်ာမြတ္ဆလင္ မိသားစုေတြ ေနထိုင္ရာ ဒုကၡသည္စခန္းေတြမွာ ၿပီးခဲ့တဲ့ ႏွစ္က စၿပီး အာဏာပိုင္ေတြက မိုဘိုင္းကြန္ရက္ေတြကို ကန႔္သတ္ထားခဲ့ပါတယ္။

ဒါေၾကာင့္ ဗိုင္းရပ္ျပန္႔ပြားမႈကို အေကာင္းဆုံး ကာကြယ္ႏိုင္မယ့္ နည္းလမ္းေတြကို ဒုကၡသည္ေတြသိေအာင္လုပ္ႏိုင္ဖို႔ အခက္အခဲေတြ ရွိေနတယ္လို႔ ကုလသမဂၢနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားတဲ့ အဖြဲ႕ေတြက ေျပာခဲ့ပါတယ္။

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ဘဂၤလားေဒ့ရွ္ နယ္စပ္အနီး ျမန္မာ လုံၿခဳံေရး စခန္းေတြကို (ARSA) အဖြဲ႕ ဝင္ေရာက္ တိုက္ခိုက္ခဲ့ၿပီး ျမန္မာ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ စစ္ဆင္ရာမွာ ဒုကၡသည္ ၇ သိန္းေက်ာ္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံသို႔ ထြက္ေျပးသြားခဲ့ၿပီးေနာက္ ႏိုင္ငံတကာက ျမန္မာကို ဖိအားေပးလ်က္ ရွိပါတယ္။

BBC Burmese
---------------------------------------------------
(Unicode)⤵⤵⤵
မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် လူဝင် လူထွက်ပိတ်

မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် လူဝင် လူထွက် တွေကို ဧပြီလ ၁၃ ရက်နေ့ က စတင်ကာ ပိတ်လိုက်ပြီ ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

နေပြည်တော် သမ္မတအိမ်တော်ကို ဝင်ထွက်ခွင့်ရတဲ့ အိမ်တော် သတင်းထောက်တွေ ကို သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှု ကာကွယ်တားဆီးရေးအတွက် မြန်မာနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နိုင်ငံတွေထဲ က တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအိုနိုင်ငံတွေနဲ့ နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက် ပိတ်ထားပြီး ဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ် နဲ့လည်းဧပြီ လ ၁၃ ရက်နေ့က စပြီးပိတ်လိုက်တာလို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဉီးကျော်တင်ဟာ ဧပြီလ ၁၂ ရက်နေ့၊ နေ့လည် (၂)နာရီမှာ ရန်ကုန်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မစ္စတာမန်ဂျူရာ ကရင်မ် ချောင်ဒရီကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့လည်း နယ်စပ်ဂိတ်တွေကတစ်ဆင့် လူဝင်-လူထွက်တွေကို ဧပြီလ (၁၃)ရက်နေ့ကစပြီး ပိတ်မှာ ဖြစ်ကြောင်း၊ ကုန်စည်များ စီးဆင်းမှုကိုတော့ ဆက်လက် ခွင့်ပြုပေးမှာ ဖြစ်ကြောင်း၊ လူဝင် လူထွက် မရှိစေရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း၊ ပြောကြားခဲ့.တယ်လို့လည်း သူကပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘက်က ဘာပြောလဲ

.ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း ယခု ပြောဆိုချက်ကို ဌာနချုပ်ကို ပြန်လည်တင်ပြပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဒါကာ၊ ကော့ဘဇားအပါအဝင် တစ်နိုင်ငံလုံး Lock down လုပ်ထားကြောင်း၊ ပြည်ပနဲ့ နယ်စပ်တွေက ဝင်ရောက် လာသူတွေကြောင့် ကူးစက်ပြန့်ပွားမှာကို ဒေသခံများ စိုးရိမ်နေကြောင်း ပြန်လည် ပြောဆိုခဲ့တယ် လို့လည်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ ကမ်းရိုးတန်း ထိစပ်နေတဲ့ နိုင်ငံတခုဖြစ်ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်း ပြဿနာ ကြောင့် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေအရေး ဖြေရှင်းနေဆဲဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လ ကနေ စပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းအပါအဝင် နယ်ခြားစောင့် စခန်းတွေကို ARSAအဖွဲ့တိုက်ခိုက်မှုတွေ အပြီး၊တပ်မတော်က နယ်မြေရှင်းလေးရေး လုပ်ကိုင်စဉ် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မွတ်ဆလင် ဒုက္ခသည်တွေ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။

နှစ်နိုင်ငံ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကြားသဘောတူခဲ့ပေမယ့် ဒုက္ခသည်တွေ အများအပြား ဟာ ပြန်ရောက်မလာသေးပါဘူး။
ဒုက္ခသည်အရေး အရင်က ဘာတွေ ပြောခဲ့ကြလဲ

နေ့ရပ်စွန့်ခွာသွားတဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆွေးနွေးညှိနှိုင်းပွဲတွေမှာ မြန်မာဘက်က လက်တွေ့ လုပ်ရပ်မပါတဲ့ ကတိတွေပေးပြီး ကဖျက်ယဖျက် သဘောဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းတွေ အသုံးပြုနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မတ်လ က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာ ဘက်က အဆင်သင့် ဖြစ်နေပေမယ့် ၊လုံခြုံရေး အကြောင်းပြချက်၊ နေရပ်ပြန်မယ့်သူ တွေက မပြန်လိုသေးဘူးဆိုတဲ့ အကြောင်းပြချက် စတာတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုပြီး အခုချိန်ထိ ပြန်မပို့သေးတာလို့ မြန်မာတာဝန်ရှိသူတွေဘက်က အစဉ်တစိုက် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဧပြီလ ဆန်းပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံက ကမ္ဘာ့ အကြီးဆုံး ဒုက္ခသည်စခန်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ပြန့်ပွားမှု ကာကွယ်တားဆီးနိုင်ဖို့အတွက် အင်တာနက်လိုင်းတွေ ပြန်တပ်ပေးပါ ဆိုတဲ့တောင်းဆိုမှုတွေ ရှိခဲ့ပါတယ်။

သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာမွတ်ဆလင် မိသားစုတွေ နေထိုင်ရာ ဒုက္ခသည်စခန်းတွေမှာ ပြီးခဲ့တဲ့ နှစ်က စပြီး အာဏာပိုင်တွေက မိုဘိုင်းကွန်ရက်တွေကို ကန့်သတ်ထားခဲ့ပါတယ်။

ဒါကြောင့် ဗိုင်းရပ်ပြန့်ပွားမှုကို အကောင်းဆုံး ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို ဒုက္ခသည်တွေသိအောင်လုပ်နိုင်ဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းတွေကို (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာမှာ ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီးနောက် နိုင်ငံတကာက မြန်မာကို ဖိအားပေးလျက် ရှိပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52272553
ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ လူဝင္ လူထြက္ပိတ္ ျမန္မာ- ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံ နယ္စပ္ လူဝင္ လူထြက္ပိတ္ Reviewed by THITHTOOLWIN on 07:10 Rating: 5
Powered by Blogger.