COVID-19 ကူးစက်ခံရပြီး သေဆုံးသွားတဲ့ ကန် ရေတပ် တပ်ဖွဲ့ဝင် တာဝန်ထမ်းဆောင်ခဲ့တဲ့ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီး
(Zawgyi/Unicode)
အမေရိကန် ရေတပ်ရဲ့ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူ သဘောင်္သား တဦး တနင်္လာနေ့က သေဆုံးခဲ့ပြီး ဒါဟာဆိုရင် အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင် တဦး COVID -19 ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။
သဘောင်္သား ၅၀၀၀ နီးပါးရှိတဲ့ အထဲက တနလာင်္နေ့ စာရင်းအရ၅၈၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ USS Theodore Roosevelt ရေတပ် လေယာဉ်တင် သဘောင်္ကိုတော့ Guam မှာ ကျောက်ချထားပြီး သဘောင်္သား ၄၀၀၀ ကျော်ကိုတော့ သဘောင်္ပေါ်ကနေ ရွှေ့ပြောင်းထားကြောင်း ရေတပ်က ပြောဆိုထားပါတယ်။
--------------------------------------------------
COVID-19 ကူးစက်ခံရပြီး ကန် ရေတပ် တပ်ဖွဲ့ဝင်တဦး သေဆုံး
(Unicode)
အမေရိကန် ရေတပ်ရဲ့ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရသူ သဘောၤသား တဦး တနင်္လာနေ့က သေဆုံးခဲ့ပြီး ဒါဟာဆိုရင် အမေရိကန်စစ်တပ် တပ်ဖွဲ့ဝင် တဦး COVID -19 ကြောင့် ပထမဆုံး သေဆုံးမှု ဖြစ်ပါတယ်။
သဘောၤသား ၅၀၀၀ နီးပါးရှိတဲ့ အထဲက တနလာၤနေ့ စာရင်းအရ၅၈၅ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတာ ဖြစ်ပါတယ်။ USS Theodore Roosevelt ရေတပ် လေယာဉ်တင် သဘောၤကိုတော့ Guam မှာ ကျောက်ချထားပြီး သဘောၤသား ၄၀၀၀ ကျော်ကိုတော့ သဘောၤပေါ်ကနေ ရွှေ့ပြောင်းထားကြောင်း ရေတပ်က ပြောဆိုထားပါတယ်။
လေယာဉ်တင် သဘောၤပေါ်က လက်နက်တွေ၊ အရေးကြီးတဲ့ လုပ်ငန်းတွေ ဆက်လက် ထိန်းသိမ်း ဆောင်ရွက်ဖို့ အတွက် သဘောၤသား ၁၀၀၀ နီးပါး ဆက်နေဖို့ လိုအပ်တဲ့ အကြောင်းလည်း ရေတပ် ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး Mike Gilday က ပြောပါတယ်။ နျူးကလီးယား ဓာတ်အားပေးစက်ရုံ ရှိတဲ့ USS Theodore Roosevelt လေယာဉ်တင် သင်္ဘောကြီးပေါ်မှာ လက်နက်တွေ၊ တန်ဖိုးကြီး လေယာဉ်တွေ ရှိနေတာပါ။
အခုလို သဘောၤသား တဦး သေဆုံးရတဲ့ အတွက် အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ ဝမ်းနည်းရပါကြောင်းလည်း ကာကွယ်ရေး ဝန်ကြီး Mark Esper က ပြောဆိုထားပါတယ်။ဒီသင်္ဘောပေါ်ကရောဂါကူးစက်မှုအခြေအနတွေနဲ့ ပတ်သက်ပြီးတော့ပဲ သင်္ဘောရဲ့ ဦးစီးကပ္ပတိန် Brett Crozier ကိုရေတပ်ယာယီ ဝန်ကြီး Thomas Modly က ဒီလ ၂ ရက်နေ့မှာ ရာထူးက ဖယ်ရှားခဲ့သလို၊ ယာယီဝန်ကြီး ကိုယ်တိုင်လည်း ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။
ရောဂါကူးစက်မှုတွေ စဖြစ်ခဲ့တဲ့ အခြေအနေနဲ့ တခြား ဆက်စပ်အကြောင်းအရာတွေကို စုံစမ်း စစ်ဆေးနေဆဲဖြစ်ပြီး သင်္ဘောကိုတော့ မတ်လ ၂၇ ရက်နေ့ကတည်းက Guam ကျွန်း ဆိုက်ကပ်ထားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုတဝှမ်းမှာတော့ ဒီရောဂါကူးစက်မှုနဲ့ သေဆုံးမှုတွေတနေ့တခြား ပိုများလာနေပြီး အခြေအနေက ထပ်ပြီး ဆိုးလာနိုင်တယ်ဆိုတာကိုလည်း ကျွမ်းကျင်ပညာရှင်တွေက သတိပေးထားပါတယ်။ လက်ရှိမှာ ရောဂါ ကူးစက်ခံထားရသူပေါင်း ငါသိန်း ခြောက်သောင်းကျော်နဲ့ ကမ္ဘာပေါ်မှာ ကူးစက်မှုအများဆုံး ရှိတဲ့နိုင်ငံဖြစ်ပြီး သေဆုံးသူ နှစ်သောင်း နှစ်ထောင်ကျော် ရှိပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-19-uss-theodore-roosevelt-/5370688.html
COVID-19 ကူးစက်ခံရပြီး ကန် ရေတပ် တပ်ဖွဲ့ဝင်တဦး သေဆုံး COVID-19 ကူးစက်ခံရပြီး ကန် ရေတပ် တပ်ဖွဲ့ဝင်တဦး သေဆုံး Reviewed by THITHTOOLWIN on 07:05 Rating: 5
Powered by Blogger.