သာသာေရးပြဲတက္ခဲ့သူ လူနာေလးဦးမွာ တစ္အိမ္တည္း အတူေနသူေတြျဖစ္

အင္းစိန္မွာ ဒီလူနာ ငါးဦးနဲ႔ဆိုရင္ စုစုေပါင္း လူနာ ခုနစ္ဦး ရွိေနၿပီျဖစ္ပါတယ္။
(Zawgyi)⤵⤵⤵

ဧၿပီ ၁၂ ရက္ မနက္ ၂ နာရီမွာ ထုတ္ျပန္ခဲ့တဲ့ ကိုဗစ္ႏိုင္တင္းပိုးေတြ႕သူ လူနာ ၇ ဦးအနက္ ငါးဦးဟာ အင္းစိန္ၿမိဳ႕နယ္က ျဖစ္ၿပီး အဲဒီထဲက အမ်ိဳးသားလူနာ ေလးဦးဟာ တစ္အိမ္တည္း အတူေနသူေတြျဖစ္တယ္လို႔ အင္းစိန္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ဦးက ဘီဘီစီကိုေျပာပါတယ္။

ယခုအခါ သူတို႔ေလးဦးေနထိုင္တဲ့ အင္းစိန္ၿမိဳ႕နယ္၊ အေရွ႕ႀကိဳ႕ကုန္းရပ္ကြက္မွာ ရွိတဲ့ ေနအိမ္ကိုလည္း အဝင္အထြက္ပိတ္လိုက္ၿပီး အနီးပတ္ဝန္းက်င္ ကိုလည္း ကန႔္သတ္တာေတြ ျပဳလုပ္ေနတယ္လို႔ သူက ဆက္ေျပာပါတယ္။

လူနာနံပါတ္ ၃၃၊ ၃၄၊ ၃၅ နဲ႔ ၃၆ တို႔ဟာ မတ္လ ၂၀ ရက္က ႏိုင္ငံျခားသားေတြ တက္ေရာက္တဲ့ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့တယ္ က်န္းမာေရးဝန္ႀကီးဌာန ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။
 လူနာ ၇ ဦးအနက္ ေလးဦးက တစ္အိမ္တည္းအတူေနသူေတြျဖစ္

အသက္ ၇၈ အ႐ြယ္ အမ်ိဳးသမီးကေတာ့ ခရီးသြားရာဇဝင္လည္းမရွိ၊ ေနအိမ္ျပင္ပ ထြက္တာမ်ိဳးလည္းမရွိေပမယ့္ အသက္အ႐ြယ္ႀကီးတဲ့အတြက္ ေဆးခန္းမၾကာခဏ ျပေနရတာမ်ိဳးေတာ့ ရွိၿပီး သူဘယ္လို ကူးစက္လာလဲဆိုတာ က်န္းမာေရးဌာနက ေျခရာေကာက္စုံစမ္းေနတယ္လို႔ ဦးေမာင္ေမာင္ဦးက ေျပာပါတယ္။

" ျပႆနာရွိတယ္ဆိုေပမယ့္ ကံေကာင္းပါတယ္။ ေလးေယာက္က တစ္အိမ္တည္းေနတာဆိုေတာ့ေလ။ အသက္ႀကီးတဲ့ အဘြားကေတာ့ သိပ္အျပင္ မထြက္ဘူးဗ်။ သူ႔ဆီ ဘယ္လိုေရာဂါကူးစက္လဲဆိုတာ က်န္းမာေရးအဖြဲ႕က လိုက္ေနတယ္။ ဒါေပမဲ့ အေမႀကီးက ေဆးခန္းျပေနတာေတာ့ရွိတယ္။ နဂိုတည္းက သူ႔ေရာဂါအခံေၾကာင့္ပါ"

လက္ရွိမွာ တစ္ရက္တည္း အင္းစိန္ၿမိဳ႕နယ္အတြင္း လူနာငါးဦးေတြ႕ခဲ့သလို အင္းစိန္မွာေနတဲ့ လူနာႏွစ္ဦးကလည္း ရွိထားႏွင့္ၿပီးျဖစ္လို႔ အင္းစိန္ၿမိဳ႕နယ္ကို အဝင္အထြက္ကန႔္သတ္သင့္တယ္လို႔ ေျပာၾကားမႈေတြရွိေနပါတယ္။

ဒါနဲ႔ပတ္သက္လို႔ ဦးေမာင္ေမာင္ဦးကိုေမးတဲ့အခါ

"ဒါက ကြၽန္ေတာ္တို႔ကေတာ့ အႀကီးအကဲေတြလမ္းၫႊန္တဲ့အတိုင္းပါပဲ။အင္းစိန္ တစ္ခုတည္းနဲ႔ မဆုံးျဖတ္ပါဘူး။ ဗဟိုနဲ႔ တိုင္း က ၫႊန္ၾကားလာတဲ့ အတိုင္းပဲ ေဆာင္႐ြက္ပါမယ္။ ဒါက တစ္ႏိုင္ငံလုံးနဲ႔ဆိုင္တာပါ" လို႔ ေျပာပါတယ္။

ဒီလူနာငါးဦးကို အခုအခါ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီ ၁၁ ရက္မွာ လူ ၂၃၀ ကို ေဆးစစ္ခဲ့ရာမွာ ဆယ္ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့ၿပီး က်န္ ၂၂၀ ဦးမွာ ေရာဂါ ပိုး မေတြ႕ရွိေၾကာင္း သတင္းထုတ္ျပန္ထားပါတယ္။
ပိုးေတြ႕လူနာဟာ ရန္ကုန္မွာ အမ်ားဆုံးျဖစ္ၿပီး ဒုတိယအမ်ားဆုံးက ျပည္က ငါးဦးနဲ႔ တတိယကေတာ့ တီးတိန္မွာ သုံးဦး ျဖစ္ပါတယ္။

မေန႔က ေတြ႕ခဲ့တဲ့ ၁၀ ဦးမွာ ျပည္ခုတင္ ငါးရာဆံ့ေဆး႐ုံႀကီးက ေမ့ေဆးအထူးကုဆရာဝန္ႀကီး ေဒါက္တာျမင့္ျမင့္စိန္လည္း ပါဝင္ၿပီး သူ႔ကိုလည္း မေန႔ညက ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ခဲ့ပါတယ္။

ေဒါက္တာျမင့္ျမင့္စိန္ဟာ လြန္ခဲ့တဲ့ရက္ပိုင္းက ကြယ္လြန္သြားခဲ့တဲ့ ေပါက္ေခါင္းၿမိဳ႕က ကိုဗစ္ႏိုင္တင္း လူနာနံပါတ္ ၁၇ ကို အနီးကပ္ကုသမႈေပးခဲ့ တဲ့သူလည္း ျဖစ္ပါတယ္။

 ေဝဘာဂီေဆး႐ုံမွာ လူနာ ၂၈ ဦး လက္ခံကုသေပးေနပါတယ္။
ေဝဘာဂီေဆး႐ုံမွာ အခုအခါ လူနာ ၂၈ ဦး ရွိေနၿပီျဖစ္ၿပီး ၃၈ ဦးမွာေရာဂါပိုးရွိတယ္ လို႔အစိုးရက တရားဝင္အတည္ျပဳထားပါတယ္။

က်န္လူနာ ဆယ္ဦးအနက္ ၃ ဦးက ေသဆုံးထားၿပီး ၂ ဦးက ပိုးမေတြ႕ေတာ့လို႔ ေဆး႐ုံက ဆင္းခြင့္ရထားပါတယ္။ က်န္တဲ့ ငါးဦးကေတာ့ တီးတိန္ျပည္သူ႔ေဆး႐ုံမွာ သုံးဦး၊ လားရႈိးျပည္သူ႔ေဆး႐ုံႀကီးမွာ တစ္ဦး၊ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးမွာ တစ္ဦးတို႔ ရွိပါတယ္။

ေဝဘာဂီမွာ ပိုးေတြ႕ရွိလူနာေတြကို အနည္းဆုံး ၇၅ ဦးကေန ၉၀ ဦးထိ လက္ခံကုသႏိုင္ေအာင္ အဆင္သင့္ျပင္ဆင္ထားတယ္လို႔ အဲဒီေဆး႐ုံအုပ္ႀကီး ေဒါက္တာေအးေအးေအာင္က ဘီဘီစီကိုေျပာပါတယ္။

ပထမဆုံး ပိုးရွိေၾကာင္း စေတြ႕ခဲ့တဲ့ မတ္လ ၂၃ ရက္ကေန ဧၿပီ ၁၁ ရက္အထိ သုံးပတ္တာအတြင္း တစ္ရက္တည္း လူနာဆယ္ဦး စစ္ေဆးေတြ႕ရွိခဲ့တာက အမ်ားဆုံး စံခ်ိန္လည္း ျဖစ္ခဲ့ပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52252371
-----------
(Unicode)⤵⤵⤵
သာသာရေးပွဲတက်ခဲ့သူ လူနာလေးဦးမှာ တစ်အိမ်တည်း အတူနေသူတွေဖြစ်

ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption အင်းစိန်မှာ ဒီလူနာ ငါးဦးနဲ့ဆိုရင် စုစုပေါင်း လူနာ ခုနစ်ဦး ရှိနေပြီဖြစ်ပါတယ်။

ဧပြီ ၁၂ ရက် မနက် ၂ နာရီမှာ ထုတ်ပြန်ခဲ့တဲ့ ကိုဗစ်နိုင်တင်းပိုးတွေ့သူ လူနာ ၇ ဦးအနက် ငါးဦးဟာ အင်းစိန်မြို့နယ်က ဖြစ်ပြီး အဲဒီထဲက အမျိုးသားလူနာ လေးဦးဟာ တစ်အိမ်တည်း အတူနေသူတွေဖြစ်တယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဘီဘီစီကိုပြောပါတယ်။

ယခုအခါ သူတို့လေးဦးနေထိုင်တဲ့ အင်းစိန်မြို့နယ်၊ အရှေ့ကြို့ကုန်းရပ်ကွက်မှာ ရှိတဲ့ နေအိမ်ကိုလည်း အဝင်အထွက်ပိတ်လိုက်ပြီး အနီးပတ်ဝန်းကျင် ကိုလည်း ကန့်သတ်တာတွေ ပြုလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

လူနာနံပါတ် ၃၃၊ ၃၄၊ ၃၅ နဲ့ ၃၆ တို့ဟာ မတ်လ ၂၀ ရက်က နိုင်ငံခြားသားတွေ တက်ရောက်တဲ့ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့တယ် ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဓာတ်ပုံ မူပိုင် MOHS
Image caption လူနာ ၇ ဦးအနက် လေးဦးက တစ်အိမ်တည်းအတူနေသူတွေဖြစ်

အသက် ၇၈ အရွယ် အမျိုးသမီးကတော့ ခရီးသွားရာဇဝင်လည်းမရှိ၊ နေအိမ်ပြင်ပ ထွက်တာမျိုးလည်းမရှိပေမယ့် အသက်အရွယ်ကြီးတဲ့အတွက် ဆေးခန်းမကြာခဏ ပြနေရတာမျိုးတော့ ရှိပြီး သူဘယ်လို ကူးစက်လာလဲဆိုတာ ကျန်းမာရေးဌာနက ခြေရာကောက်စုံစမ်းနေတယ်လို့ ဦးမောင်မောင်ဦးက ပြောပါတယ်။

" ပြဿနာရှိတယ်ဆိုပေမယ့် ကံကောင်းပါတယ်။ လေးယောက်က တစ်အိမ်တည်းနေတာဆိုတော့လေ။ အသက်ကြီးတဲ့ အဘွားကတော့ သိပ်အပြင် မထွက်ဘူးဗျ။ သူ့ဆီ ဘယ်လိုရောဂါကူးစက်လဲဆိုတာ ကျန်းမာရေးအဖွဲ့က လိုက်နေတယ်။ ဒါပေမဲ့ အမေကြီးက ဆေးခန်းပြနေတာတော့ရှိတယ်။ နဂိုတည်းက သူ့ရောဂါအခံကြောင့်ပါ"

လက်ရှိမှာ တစ်ရက်တည်း အင်းစိန်မြို့နယ်အတွင်း လူနာငါးဦးတွေ့ခဲ့သလို အင်းစိန်မှာနေတဲ့ လူနာနှစ်ဦးကလည်း ရှိထားနှင့်ပြီးဖြစ်လို့ အင်းစိန်မြို့နယ်ကို အဝင်အထွက်ကန့်သတ်သင့်တယ်လို့ ပြောကြားမှုတွေရှိနေပါတယ်။

ဒါနဲ့ပတ်သက်လို့ ဦးမောင်မောင်ဦးကိုမေးတဲ့အခါ

"ဒါက ကျွန်တော်တို့ကတော့ အကြီးအကဲတွေလမ်းညွှန်တဲ့အတိုင်းပါပဲ။အင်းစိန် တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ ဗဟိုနဲ့ တိုင်း က ညွှန်ကြားလာတဲ့ အတိုင်းပဲ ဆောင်ရွက်ပါမယ်။ ဒါက တစ်နိုင်ငံလုံးနဲ့ဆိုင်တာပါ" လို့ ပြောပါတယ်။

ဒီလူနာငါးဦးကို အခုအခါ ဝေဘာဂီဆေးရုံကို ပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၁ ရက်မှာ လူ ၂၃၀ ကို ဆေးစစ်ခဲ့ရာမှာ ဆယ်ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပြီး ကျန် ၂၂၀ ဦးမှာ ရောဂါ ပိုး မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် MOHS
Image caption ပိုးတွေ့လူနာဟာ ရန်ကုန်မှာ အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက ပြည်က ငါးဦးနဲ့ တတိယကတော့ တီးတိန်မှာ သုံးဦး ဖြစ်ပါတယ်။

မနေ့က တွေ့ခဲ့တဲ့ ၁၀ ဦးမှာ ပြည်ခုတင် ငါးရာဆံ့ဆေးရုံကြီးက မေ့ဆေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်စိန်လည်း ပါဝင်ပြီး သူ့ကိုလည်း မနေ့ညက ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

ဒေါက်တာမြင့်မြင့်စိန်ဟာ လွန်ခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားခဲ့တဲ့ ပေါက်ခေါင်းမြို့က ကိုဗစ်နိုင်တင်း လူနာနံပါတ် ၁၇ ကို အနီးကပ်ကုသမှုပေးခဲ့ တဲ့သူလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် YE AUNG THU
Image caption ဝေဘာဂီဆေးရုံမှာ လူနာ ၂၈ ဦး လက်ခံကုသပေးနေပါတယ်။

ဝေဘာဂီဆေးရုံမှာ အခုအခါ လူနာ ၂၈ ဦး ရှိနေပြီဖြစ်ပြီး ၃၈ ဦးမှာရောဂါပိုးရှိတယ် လို့အစိုးရက တရားဝင်အတည်ပြုထားပါတယ်။

ကျန်လူနာ ဆယ်ဦးအနက် ၃ ဦးက သေဆုံးထားပြီး ၂ ဦးက ပိုးမတွေ့တော့လို့ ဆေးရုံက ဆင်းခွင့်ရထားပါတယ်။ ကျန်တဲ့ ငါးဦးကတော့ တီးတိန်ပြည်သူ့ဆေးရုံမှာ သုံးဦး၊ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ တစ်ဦး၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးမှာ တစ်ဦးတို့ ရှိပါတယ်။

ဝေဘာဂီမှာ ပိုးတွေ့ရှိလူနာတွေကို အနည်းဆုံး ၇၅ ဦးကနေ ၉၀ ဦးထိ လက်ခံကုသနိုင်အောင် အဆင်သင့်ပြင်ဆင်ထားတယ်လို့ အဲဒီဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးအောင်က ဘီဘီစီကိုပြောပါတယ်။

ပထမဆုံး ပိုးရှိကြောင်း စတွေ့ခဲ့တဲ့ မတ်လ ၂၃ ရက်ကနေ ဧပြီ ၁၁ ရက်အထိ သုံးပတ်တာအတွင်း တစ်ရက်တည်း လူနာဆယ်ဦး စစ်ဆေးတွေ့ရှိခဲ့တာက အများဆုံး စံချိန်လည်း ဖြစ်ခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52252371
သာသာေရးပြဲတက္ခဲ့သူ လူနာေလးဦးမွာ တစ္အိမ္တည္း အတူေနသူေတြျဖစ္ သာသာေရးပြဲတက္ခဲ့သူ လူနာေလးဦးမွာ တစ္အိမ္တည္း အတူေနသူေတြျဖစ္ Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.