
(Zawgyi)⤵⤵⤵

တာချီလိတ်၊ ဧပြီ ၁၂






-------------
(Unicode)⤵⤵⤵
COVID 19 ရောဂါကာကွယ်ရေး ကျန်းမာရေးစောင့်ကြည့်ကာလ တိုးမြှင့်ထားသော်လည်း တာချီလိတ်မြို့ရှိ ပြည်တော်ပြန်များအတွက် အခက်အခဲမဖြစ်

တာချီလိတ်၊ ဧပြီ ၁၂

COVID 19 ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ စောင့်ကြည့်ကာလကို (၁၄) ရက်ကနေ (၂၁) ရက်အထိ တိုးမြှင့်လိုက်ပေမယ့် တာချီလိတ်မြို့ မိုးကုတ်ဝိပသနာတွင်ထားရှိတဲ့ ပြည်တော်ပြန် (၂၀၀) အတွက် အခက်အခဲမရှိဘူးလို့ သိရပါတယ်။

"တိုးလိုက်ပေမယ့် ထားရမယ့်နေရာတွေက ဒီနေရာပဲ။ စားသောက်စရိတ်ပဲ တိုးလာမယ်။ ဒီမှာက အားလုံးပူးပေါင်းလှုဒါန်းတဲ့အတွက် အဆင်ပြေပါတယ်"လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် က ပြောပါတယ်။

လက်ရှိအချိန်မှာ စောင့်ကြည့်ကာလ (၂၁)ရက်အထိ တိုးမြှင့်ထားပြီး ဒီကာလပြီးဆုံးရင်လည်းညနေအိမ်တွေမှာ (၇) ရက်ထပ်မံစောင့်ကြည့်မှာဖြစ်ပါတယ်။

"စုစုပေါင်းဆို (၂ဂ) ဖြစ်သွားတာပေါ့။ သူတို့(၂၁)ရက်ပြီးရင်လည်း Hone Quarantine (၇)ရက်စောင့်ကြည့်ရမယ်။ ဆေးရုံကသံယရှိလူအပြင် စောင့်ကြည့်လူနာလည်း အဲဒီအတိုင်း Hone Quarantine (၇)ရက်စောင့်ကြည့်ရမယ်"လို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာရွှေဝင်းက ပြောပါတယ်။

လက်ရှိ တာချီလိတ်ခရိုင်ဆေးရုံမှာ COVID 19 သံသယလူနာ (၃) ဦးရှိနေပြီး သူတို့ရဲ နမူနာတွေကို ရန်ကုန်ဓာတ်ခွဲခန်းကိုပို့ဆောင်ရာမှာ လေကြောင်းလိုင်းတွေပိတ်ပင်ထားလို့ ဆေးရုံကအရေးပေါ်လူနာတင်ယာဉ်တွေနဲ့ တာချီလိတ်ကနေ ကျိုင်းတုံ၊ ကျိုင်းတုံကနေတဆင့် တောင်ကြီး၊ တောင်ကြီးကနေတဆင့် ရန်ကုန်ကိုဘအဆင့် သုံးဆင့်နဲ့ပို့ဆောင်နေရပြီး အချိန် (၄၈)လောက် ကြန့်ကြာတယ်လို့ညသိရပါတယ်။

သတင်း၊ဓာတ်ပုံ-ဇင်လတ်(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
COVID 19 ရောဂါကာကွယ်ရေး ကျန်းမာရေးစောင့်ကြည့်ကာလ တိုးမြှင့်ထားသော်လည်း တာချီလိတ်မြို့ရှိ ပြည်တော်ပြန်များအတွက် အခက်အခဲမဖြစ် COVID 19 ရောဂါကာကွယ်ရေး ကျန်းမာရေးစောင့်ကြည့်ကာလ တိုးမြှင့်ထားသော်လည်း တာချီလိတ်မြို့ရှိ ပြည်တော်ပြန်များအတွက် အခက်အခဲမဖြစ် Reviewed by THITHTOOLWIN on 20:07 Rating: 5
Powered by Blogger.