ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္မွာ ကို႐ိုနာေၾကာင့္ ေသသူအေရအတြက္ အီတလီကိုေက်ာ္သြား

အေမရိကန္ဟာ ကမာၻေပၚမွာ ဗိုင္းရပ္စ္ ကူးစက္သူေရာ ေသဆုံးသူပါ အမ်ားဆုံးနံပါတ္တစ္ ႏိုင္ငံျဖစ္ေနပါၿပီ။
(Zawgyi)⤵⤵⤵

အေမရိကန္ျပည္ေထာင္စုမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္ဟာ အီတလီကို ေက်ာ္တက္သြားၿပီျဖစ္ၿပီး ကမာၻေပၚမွာ ကိုဗစ္ႏိုင္တင္းေၾကာင့္အသက္ဆုံးရသူအမ်ားဆုံး ႏိုင္ငံ ျဖစ္လာပါတယ္။

အေမရိကန္ျပည္ေထာင္စု၊ ဂြၽန္စ္ေဟာ့ပ္စ္ကင္းတကၠသိုလ္ရဲ႕ စစ္တမ္းအရ ေသသူ ႏွစ္ေသာင္းေက်ာ္သြားၿပီ ျဖစ္တယ္လို႔ သိရပါတယ္။

အေမရိကန္မွာ မေန႔က တစ္ရက္တည္း ဗိုင္းရပ္စ္ေၾကာင့္ေသသူ ႏွစ္ေထာင္ေက်ာ္နဲ႔ တစ္ရက္တည္းေသဆုံးမႈအမ်ားဆုံး ပထမဆုံး တိုင္းျပည္ျဖစ္ လာခဲ့ၿပီးတဲ့ေနာက္ အခ်ိန္တိုအတြင္းမွာပဲ ခုလို ေသဆုံးမႈအမ်ားဆုံးတိုင္းျပည္ ျဖစ္လာခဲ့ပါတယ္။

နယူးေယာက္ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး အင္ဒ႐ူးကူမိုကေတာ့ ေသဆုံးမႈႏႈန္းဟာ တည္ၿငိမ္စျပဳလာၿပီလို႔ မေန႔က ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေသဆုံးသူ ၇၈၃ ဦးရွိခဲ့ၿပီး ၿပီးခဲ့တဲ့ ရက္ပိုင္းေတြမွာလည္း ဒီအေရအတြက္ေလာက္ပဲရွိခဲ့တာ ေတြ႕ျမင္ခဲ့ရတယ္လို႔ ဆိုပါတယ္။

နယူးေယာက္ျပည္နယ္ဟာ အေမရိကန္တစ္ႏိုင္ငံလုံးမွာ ကိုဗစ္ကူးစက္ျဖစ္ပြားတဲ့ အခ်က္အျခာေနရာျဖစ္ၿပီး ဗိုင္းရပ္စ္ ျဖစ္ပြားသူ ၅၂၀,၀၀၀ ေက်ာ္မွာ ၁၈၀,၀၀၀ ေက်ာ္က နယူးေယာက္က ျဖစ္ပါတယ္။

ကို႐ိုနာ ဗိုင္းရပ္ေဘးဒဏ္ေၾကာင့္ လူေသႏႈန္း ဆက္တိုက္တက္ေနတဲ့ နယူးေယာက္ၿမိဳ႕မွာ အေလာင္းေတြကို က်င္းႀကီးေတြ တူးၿပီး ျမႇဳပ္ႏွံတာကိုလည္း ဘီဘီစီက သတင္းရရွိခဲ့ပါတယ္။

ဒ႐ုန္းနဲ႔ ႐ိုက္ကူးတဲ့ ပုံေတြအရ ဟာ့တ္ကြၽန္းေပၚမွာ ကာကြယ္ေရး ဝတ္စုံေတြနဲ႔ အလုပ္သမားေတြက အဲဒီက်င္းေတြ တူးေနတာကို ေတြ႕ခဲ့ရပါတယ္။

အလုပ္သမားေတြက က်င္းႀကီးထဲကို ေလွကားနဲ႔ ဆင္းၿပီး သစ္ခ်သား ေခါင္းေတြနဲ႔ ထည့္ထားတဲ့ အေလာင္းေတြကို က်င္းတိမ္တိမ္ေတြမွာ အရွည္လိုက္ တူးၿပီး ျမႇဳပ္ေနၾကတာျဖစ္ပါတယ္။

စေနေန႔ကစလို႔ အေမရိကန္က ျပည္နယ္အားလုံးမွာ ကိုဗစ္ႏိုင္တင္း ကူးစက္ေရာဂါကို အေရးေပၚတုံ႔ျပန္ရမယ့္ေဘးအႏၲရာယ္တစ္ခုအျဖစ္ ေၾကညာခဲ့ပါတယ္။

တ႐ုတ္မွာ ၿပီးခဲ့တဲ့ ဒီဇင္ဘာက စျဖစ္ခဲ့တဲ့ ကိုဗစ္ႏိုင္တင္းကပ္ေရာဂါဟာ ေလးလနီးပါးအၾကာမွာေတာ့ ေသဆုံးသူတစ္သိန္းေက်ာ္သြားၿပီျဖစ္ၿပီး ကမာၻတစ္ဝန္းကူးစက္ခံရသူ တစ္သန္းခုနစ္သိန္းေက်ာ္ ရွိသြားပါၿပီ။

စေနေန႔ေန႔လယ္ပိုင္းက ဂြၽန္စ္ေဟာ့ပ္ကင္းစ္တကၠသိုလ္မွတ္တမ္းေတြအရ အီတလီမွာ ေသဆုံးသူ ၁၉,၄၆၈ ဦးရွိၿပီး အေမရိကန္ကေတာ့ ေသဆုံးသူ ၂၀,၅၀၆ ဦး ရွိေနတာျဖစ္ပါတယ္။
ဘ႐ြတ္ကလင္းရပ္ကြက္က နာေရးပို႔သူတေယာက္
အေမရိကန္ ကူးစက္ေရာဂါ ထိန္းခ်ဳပ္ေရးပညာရွင္ ေဒါက္တာအန္တိုနီဖာစီက ႏိုင္ငံတြင္း ကူးစက္ႏႈန္းနဲ႔ေသဆုံးႏႈန္းေတြ စၿပီးျပန္က်လာတယ္လို႔ ဆိုႏိုင္ေပမယ့္ ဗိုင္းရပ္စ္ ကို ကူးစက္မႈကို ေလ်ာ့ပါးသက္သာေစေရး လူခ်င္းခပ္ခြာခြာေနၾကဖို႔ ဆိုတဲ့ ႀကိဳးပမ္းမႈမ်ိဳးေတြကိုေတာ့ ျပန္႐ုပ္သိမ္းဖို႔ မလိုေသးဘူးလို႔ ဆိုပါတယ္။

ဗဟိုအစိုးရက ဧၿပီလ ၃၀ ရက္ေန႔အထိ လူေတြခပ္ခြာခြာေနဖို႔ အႀကံျပဳခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

သမၼတဟာ ဒီကာလေတြမွာ ဗိုင္းရပ္စ္ျပႆနာအျပင္ ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ျပဳလုပ္တဲ့ကန႔္သတ္ခ်က္ေတြေၾကာင့္ တိုင္းျပည္စီးပြားေရးကို ထိခိုက္လာေနၿပီး အနည္းဆုံး လူ ၁၆ သန္းေက်ာ္ အလုပ္လက္မဲ့ ျဖစ္ခဲ့တဲ့အေရးနဲ႔ ရင္ဆိုင္ေနရပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52260137
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - အမေရိကန်မှာ ကိုရိုနာကြောင့် သေသူအရေအတွက် အီတလီကိုကျော်သွား

ဓာတ်ပုံ မူပိုင် Getty Images
Image caption အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဗိုင်းရပ်စ် ကူးစက်သူရော သေဆုံးသူပါ အများဆုံးနံပါတ်တစ် နိုင်ငံဖြစ်နေပါပြီ။

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်ဟာ အီတလီကို ကျော်တက်သွားပြီဖြစ်ပြီး ကမ္ဘာပေါ်မှာ ကိုဗစ်နိုင်တင်းကြောင့်အသက်ဆုံးရသူအများဆုံး နိုင်ငံ ဖြစ်လာပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ဂျွန်စ်ဟော့ပ်စ်ကင်းတက္ကသိုလ်ရဲ့ စစ်တမ်းအရ သေသူ နှစ်သောင်းကျော်သွားပြီ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်မှာ မနေ့က တစ်ရက်တည်း ဗိုင်းရပ်စ်ကြောင့်သေသူ နှစ်ထောင်ကျော်နဲ့ တစ်ရက်တည်းသေဆုံးမှုအများဆုံး ပထမဆုံး တိုင်းပြည်ဖြစ် လာခဲ့ပြီးတဲ့နောက် အချိန်တိုအတွင်းမှာပဲ ခုလို သေဆုံးမှုအများဆုံးတိုင်းပြည် ဖြစ်လာခဲ့ပါတယ်။

နယူးယောက်ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုကတော့ သေဆုံးမှုနှုန်းဟာ တည်ငြိမ်စပြုလာပြီလို့ မနေ့က ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၇၈၃ ဦးရှိခဲ့ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာလည်း ဒီအရေအတွက်လောက်ပဲရှိခဲ့တာ တွေ့မြင်ခဲ့ရတယ်လို့ ဆိုပါတယ်။

နယူးယောက်ပြည်နယ်ဟာ အမေရိကန်တစ်နိုင်ငံလုံးမှာ ကိုဗစ်ကူးစက်ဖြစ်ပွားတဲ့ အချက်အခြာနေရာဖြစ်ပြီး ဗိုင်းရပ်စ် ဖြစ်ပွားသူ ၅၂၀,၀၀၀ ကျော်မှာ ၁၈၀,၀၀၀ ကျော်က နယူးယောက်က ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်ဘေးဒဏ်ကြောင့် လူသေနှုန်း ဆက်တိုက်တက်နေတဲ့ နယူးယောက်မြို့မှာ အလောင်းတွေကို ကျင်းကြီးတွေ တူးပြီး မြှုပ်နှံတာကိုလည်း ဘီဘီစီက သတင်းရရှိခဲ့ပါတယ်။

ဒရုန်းနဲ့ ရိုက်ကူးတဲ့ ပုံတွေအရ ဟာ့တ်ကျွန်းပေါ်မှာ ကာကွယ်ရေး ဝတ်စုံတွေနဲ့ အလုပ်သမားတွေက အဲဒီကျင်းတွေ တူးနေတာကို တွေ့ခဲ့ရပါတယ်။

အလုပ်သမားတွေက ကျင်းကြီးထဲကို လှေကားနဲ့ ဆင်းပြီး သစ်ချသား ခေါင်းတွေနဲ့ ထည့်ထားတဲ့ အလောင်းတွေကို ကျင်းတိမ်တိမ်တွေမှာ အရှည်လိုက် တူးပြီး မြှုပ်နေကြတာဖြစ်ပါတယ်။

စနေနေ့ကစလို့ အမေရိကန်က ပြည်နယ်အားလုံးမှာ ကိုဗစ်နိုင်တင်း ကူးစက်ရောဂါကို အရေးပေါ်တုံ့ပြန်ရမယ့်ဘေးအန္တရာယ်တစ်ခုအဖြစ် ကြေညာခဲ့ပါတယ်။

တရုတ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာက စဖြစ်ခဲ့တဲ့ ကိုဗစ်နိုင်တင်းကပ်ရောဂါဟာ လေးလနီးပါးအကြာမှာတော့ သေဆုံးသူတစ်သိန်းကျော်သွားပြီဖြစ်ပြီး ကမ္ဘာတစ်ဝန်းကူးစက်ခံရသူ တစ်သန်းခုနစ်သိန်းကျော် ရှိသွားပါပြီ။

စနေနေ့နေ့လယ်ပိုင်းက ဂျွန်စ်ဟော့ပ်ကင်းစ်တက္ကသိုလ်မှတ်တမ်းတွေအရ အီတလီမှာ သေဆုံးသူ ၁၉,၄၆၈ ဦးရှိပြီး အမေရိကန်ကတော့ သေဆုံးသူ ၂၀,၅၀၆ ဦး ရှိနေတာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘရွတ်ကလင်းရပ်ကွက်က နာရေးပို့သူတယောက်

အမေရိကန် ကူးစက်ရောဂါ ထိန်းချုပ်ရေးပညာရှင် ဒေါက်တာအန်တိုနီဖာစီက နိုင်ငံတွင်း ကူးစက်နှုန်းနဲ့သေဆုံးနှုန်းတွေ စပြီးပြန်ကျလာတယ်လို့ ဆိုနိုင်ပေမယ့် ဗိုင်းရပ်စ် ကို ကူးစက်မှုကို လျော့ပါးသက်သာစေရေး လူချင်းခပ်ခွာခွာနေကြဖို့ ဆိုတဲ့ ကြိုးပမ်းမှုမျိုးတွေကိုတော့ ပြန်ရုပ်သိမ်းဖို့ မလိုသေးဘူးလို့ ဆိုပါတယ်။

ဗဟိုအစိုးရက ဧပြီလ ၃၀ ရက်နေ့အထိ လူတွေခပ်ခွာခွာနေဖို့ အကြံပြုချက်တွေ ထုတ်ပြန်ထားပါတယ်။

သမ္မတဟာ ဒီကာလတွေမှာ ဗိုင်းရပ်စ်ပြဿနာအပြင် ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ဖို့ ပြုလုပ်တဲ့ကန့်သတ်ချက်တွေကြောင့် တိုင်းပြည်စီးပွားရေးကို ထိခိုက်လာနေပြီး အနည်းဆုံး လူ ၁၆ သန်းကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့တဲ့အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52260137
ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္မွာ ကို႐ိုနာေၾကာင့္ ေသသူအေရအတြက္ အီတလီကိုေက်ာ္သြား ကို႐ိုနာဗိုင္းရပ္စ္ - အေမရိကန္မွာ ကို႐ိုနာေၾကာင့္ ေသသူအေရအတြက္ အီတလီကိုေက်ာ္သြား Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.