အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား

ဘန္ေကာက္ၿမိဳ႕ ေခါက္ဆန္လမ္းတြင္ ဘားဆုိင္မ်ားပိတ္ရန္ လုိက္လံေျပာၾကားေနသည့္ ထုိင္းတာဝန္ရွိသူအခ်ဳိ႕။ (မတ္ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကမာၻတ၀ွမ္း ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြားေနတာမွာ အေရွ႕ေတာင္အာရွက ႏုိင္ငံေတြမွာလည္း ဗုိင္းရပ္စ္ေၾကာင့္ ေနာက္ထပ္ ေသဆုံးမႈေတြ ထပ္ၿပီး ရွိလာေနပါတယ္။

ဖိလစ္ပုိင္ႏုိင္ငံမွာေတာ့ ဒီေန႔ ေရာဂါကူးစက္ခံရသူ ေနာက္ထပ္ ၁၅၂ ေယာက္ရွိၿပီး ၈ ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒါေၾကာင့္ ဖိလစ္ပိုင္ႏုိင္ငံမွာ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ စုစုေပါင္း ၃၂၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူ စုစုေပါင္း ၁၅၂ ေယာက္ရွိတယ္လို႔ ဖိလစ္ပိုင္ႏုိင္ငံက ေျပာပါတယ္။

ျမန္မာႏုိင္ငံရဲ႕ အိမ္နီးခ်င္း ထုိင္းႏုိင္ငံမွာဆုိရင္လည္း ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ ကူးစက္ခံရတဲ့သူ ၁၀၂ ေယာက္ရွိၿပီး ၃ ေယာက္ ေသဆုံးခဲ့တယ္လို႔ ထုိင္းႏုိင္ငံ က်န္းမာေရး၀န္ႀကီးဌာနက ဒီကေန႔မွာ ေျပာၾကားလိုက္ပါတယ္။ ဒါေၾကာင့္ ထုိင္းႏုိင္ငံမွာ ၿပီးခဲ့တဲ့ ဧၿပီလက ကို႐ုိနာဗုိင္းရပ္စ္ စတင္ကူးစက္ခံရခ်ိန္ကစၿပီး အခုခ်ိန္ထိ ဗုိင္းရပ္စ္ကူးစက္ခံရသူ ၂၁၆၉ ေယာက္ထက္မနည္း ရွိၿပီး ေသဆုံးသူ ၂၃ ေယာက္ ရွိပါတယ္။

မေလးရွားႏုိင္ငံမွာဆုိရင္လည္း ဒီကေန႔မွာ ေရာဂါကူးစက္ခံရသူ ၁၇၉ ေယာက္ကို ေတြ႔ရွိခဲ့ၿပီး ေနာက္ထပ္ ၄ ေယာက္ ေသဆုံးခဲ့တယ္လို႔ ေျပာပါတယ္။ ဒါေၾကာင့္ မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္ခံရသူ ၃၆၀၀ ေက်ာ္နဲ႔ အေရွ႕ေတာင္အာရွ ေဒသတြင္းမွာ ေရာဂါကူးစက္ခံရမႈ အမ်ားဆုံးႏုိင္ငံ ျဖစ္ပါတယ္။

ဒီကေန႔အထိ မေလးရွားႏုိင္ငံမွာ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူစုစုေပါင္း ၆၁ ေယာက္ရွိတယ္လို႔ မေလးရွား က်န္းမာေရး၀န္ႀကီးဌာနက ေျပာပါတယ္။

ျမန္မာႏုိင္ငံမွာ မေန႔က ေရာဂါကူးစက္ခံရသူတဦးကို ထပ္မံေတြ႔ရွိခဲ့တာေၾကာင့္ အခုဆုိရင္ ေရာဂါကူးစက္ခံရသူ အေရအတြက္ဟာ ၂၁ ေယာက္ရွိသြားၿပီျဖစ္ၿပီး ဒီထဲကမွ နဂိုေရာဂါအခံရွိသူတဦး ေသဆုံးခဲ့တာေၾကာင့္ ေသဆုံးသူ ၁ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

---------------------------

(Unicode)

အာရှတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွား

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာမှာ အရှေ့တောင်အာရှက နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ကြောင့် နောက်ထပ် သေဆုံးမှုတွေ ထပ်ပြီး ရှိလာနေပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာတော့ ဒီနေ့ ရောဂါကူးစက်ခံရသူ နောက်ထပ် ၁၅၂ ယောက်ရှိပြီး ၈ ယောက် သေဆုံးခဲ့ပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အခုဆိုရင် ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၂၀၀ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူ စုစုပေါင်း ၁၅၂ ယောက်ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ် နောက်ထပ် ကူးစက်ခံရတဲ့သူ ၁၀၂ ယောက်ရှိပြီး ၃ ယောက် သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဧပြီလက ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခံရချိန်ကစပြီး အခုချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၁၆၉ ယောက်ထက်မနည်း ရှိပြီး သေဆုံးသူ ၂၃ ယောက် ရှိပါတယ်။

မလေးရှားနိုင်ငံမှာဆိုရင်လည်း ဒီကနေ့မှာ ရောဂါကူးစက်ခံရသူ ၁၇၉ ယောက်ကို တွေ့ရှိခဲ့ပြီး နောက်ထပ် ၄ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၆၀၀ ကျော်နဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ ရောဂါကူးစက်ခံရမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ဒီကနေ့အထိ မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်း ၆၁ ယောက်ရှိတယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ မနေ့က ရောဂါကူးစက်ခံရသူတဦးကို ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ၂၁ ယောက်ရှိသွားပြီဖြစ်ပြီး ဒီထဲကမှ နဂိုရောဂါအခံရှိသူတဦး သေဆုံးခဲ့တာကြောင့် သေဆုံးသူ ၁ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/covid19-south-east-asia/5360924.html
အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား အာရွတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြ ဆက္လက္ျဖစ္ပြား Reviewed by THITHTOOLWIN on 20:13 Rating: 5
Powered by Blogger.