မႏၲေလးကလူနာမွာ ပိုးထပ္မေတြ႕ရင္ ပထမဆုံး ေဆး႐ုံဆင္းရသူ ျဖစ္လာဖြယ္ရွိ

က်န္လူနာ ၁၈ ဦးအေျခအေနတည္ၿငိမ္ေနပါတယ္။
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၁ ဦးထဲက လူနာနံပါတ္ ၁၅ နဲ႔ ၁၆ ဟာ ေရာဂါေဝဒနာျပင္းထန္တဲ့အတြက္ အသက္ရႉစက္ေပၚ တင္ေပးထားရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသာထြန္းေက်ာ္က ဘီဘီစီကိုေျပာပါတယ္။

"လူနာႏွစ္ေယာက္ကို အထူးၾကပ္မတ္ကုသေဆာင္မွာ တင္ၿပီးေတာ့ ေဆးကုသေနရတဲ့အေနအထားရွိပါတယ္။ ေနာက္ ventilator (အသက္ရႉစက္) တင္ထားရပါတယ္။ ေရာဂါအေျခအေနက ျပင္းထန္တယ္လို႔ ေျပာလို႔ရပါတယ္" လို႔ သူကေျပာပါတယ္။

လူနာနံပါတ္ ၁၅ ဟာ လူနာနံပါတ္ ၈ နဲ႔ ဆက္စပ္မႈရွိခဲ့တဲ့ လူနာနံပါတ္ ၁၁၊ ၁၂ နဲ႔ ၁၃ (ျပင္သစ္ႏိုင္ငံသား ၃ ဦး) တို႔ က်န္းမာေရးေထာက္ခံစာေတြ လာေရာက္ ထုတ္ယူတဲ့ ရန္ကုန္ၿမိဳ႕၊ ပုဂၢလိက ေဆးခန္းတစ္ခုမွာ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး မတ္လကုန္ပိုင္းမွာ ဖ်ားနာေခ်ာင္းဆိုး ေမာပန္း လာတဲ့အတြက္ ေဆး႐ုံသြားျပရာက ကိုဗစ္ ၁၉ ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိထားသူျဖစ္ပါတယ္။
 လူနာနံပါတ္ ၁၅ ကေန ေပါက္ေခါင္းက သူ႔ မိသားစုေလးဦးလုံးကို ဆက္လက္ကူးစက္ခဲ့တာျဖစ္ပါတယ္။

သူကေနမွတစ္ဆင့္ ခင္ပြန္းျဖစ္သူ ေပါက္ေခါင္းၿမိဳ႕ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ သားသမီးႏွစ္ဦးနဲ႔ တူမျဖစ္သူတို႔ကို ကူးစက္မႈရွိထားပါတယ္။ ဒီလူနာေလးဦးမွာေတာ့ ခင္ပြန္းျဖစ္သူ လူနာနံပါတ္ ၁၇ မွာ အဖ်ားနည္းနည္းရွိၿပီး က်န္သုံးဦးကေတာ့ က်န္းမာေရးေကာင္းမြန္တယ္လို႔ ျပည္ၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံက ေျပာၾကားထားပါတယ္။

လူနာနံပါတ္ ၁၆ ဟာ ဒူဘိုင္းကေန ျပန္လာတဲ့သားျဖစ္သူကို ေလဆိပ္မွာ ႀကိဳဆိုခဲ့ၿပီးတဲ့ေနာက္ တစ္ပတ္အၾကာမွာ ေမာပန္း ေနမေကာင္းျဖစ္လာလို႔ ေဆး႐ုံမွာသြားျပရာကတစ္ဆင့္ ကိုဗစ္၁၉ ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိထားပါတယ္။

ဒီလူနာႏွစ္ဦးလုံးမွာ မူလေရာဂါအခံေတြရွိၿပီး လူနာနံပါတ္ ၁၅ ဟာ အသက္ ၄၅ ႏွစ္နဲ႔ လူနာနံပါတ္ ၁၆ ဟာအသက္ ၆၃ ႏွစ္အ႐ြယ္ ျဖစ္ပါတယ္။
လူနာနံပါတ္ ၁၆ ရဲ႕ ေနအိမ္ကို ပိုးသတ္ေဆးေတြျဖန္းခဲ့ၾက

ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာမွာ ကိုဗစ္၁၉ ပထမဆုံးလူနာေတြ႕ခဲ့ၿပီး ၁၄ ရက္ျပည့္တဲ့ေန႔ျဖစ္ၿပီး ေနာက္ထပ္ ၂ ပတ္ ၃ ပတ္အတြင္း ေရာဂါပ်ံ႕ပြားႏႈန္း ဘယ္ေလာက္ျမန္ႏိုင္မယ္ဆိုတာ ေပၚလြင္လာပါလိမ့္မယ္လို႔ သူ႔ရဲ႕ လူမႈကြန္ရက္အေကာင့္မွာ မေန႔က ေရးသားထားပါတယ္။

ဒါေၾကာင့္ ပထမဆုံးပိုးေတြ႕လူနာျဖစ္တဲ့ တီးတိန္ျပည္သူ႔ေဆး႐ုံက လူနာနံပါတ္ ၁ ရဲ႕ က်န္းမာေရးအေျခအေနနဲ႔ေဆး႐ုံက ဆင္းႏိုင္တဲ့အေျခအေနရွိမရွိ ေမးျမန္းတဲ့အခါ ေဒါက္တာသာထြန္းေက်ာ္က

"မဆင္းရေသးပါဘူး။ ေဆး႐ုံက ဆင္းဖို႔အတြက္ ကြၽန္ေတာ္တို႔ ၁၄ ရက္ဆိုတဲ့ ကန႔္သတ္ခ်က္နဲ႔ မစဥ္းစားပါဘူး။ သူတို႔ဆီက ဓာတ္ခြဲနမူနာေတြကို စမ္းသပ္စစ္ေဆးၿပီးမွ ေဆး႐ုံက ဆင္းခြင့္ျပဳမွာျဖစ္ပါတယ္။ လက္ရွိမွာ တီးတိန္လူနာကို ေဆး႐ုံဆင္းဖို႔ စီစဥ္ေဆာင္႐ြက္ထားတာမရွိေသးပါဘူး" လို႔ ေျပာပါတယ္။


လူနာ ၂၁ ဦးအနက္ ၁ ဦးကေတာ့ ေရာဂါအခံေၾကာင့္ ေသဆုံးထားပါတယ္။ က်န္ ၂၀ ဦးမွာ လူနာနံပါတ္ ၁၅ နဲ႔ ၁၆ က ေရာဂါျပင္းထန္ေနၿပီးက်န္ လူနာ ၁၈ ဦးအေျခအေနကေတာ့ တည္ၿငိမ္ေနတယ္လို႔ ေဒါက္တာသာထြန္းေက်ာ္ကေျပာပါတယ္။

အဲဒီ ၁၈ ဦးအနက္ မႏၲေလး၊ ကန္ေတာ္နဒီေဆး႐ုံက အေမရိကန္ႏိုင္ငံသား ျမန္မာလူမ်ိဳး လူနာနံပါတ္ ၄ ကို ေဆးျပန္စစ္ရာမွာ တစ္ႀကိမ္ negative ေတြ႕ထားရၿပီးျဖစ္တယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က အတည္ျပဳပါတယ္။

"ေနာက္ထပ္တစ္ႀကိမ္ထပ္စစ္ဖို႔ ေဆာင္႐ြက္ေနပါတယ္။ WHO(ကမာၻ႔က်န္းမာေရးအဖြဲ႕)ရဲ႕ သတ္မွတ္ခ်က္က ႏွစ္ႀကိမ္ ဆက္တိုက္ ပိုးမေတြ႕မွသာလွ်င္ ေဆး႐ုံက ဆင္းခြင့္ျပဳမွာျဖစ္ပါတယ္။ က်န္တဲ့လူနာေတြလည္း ေဆး႐ုံကေန ဆင္းဖို႔အေျခအေနမရွိေသးပါဘူး။ ပထမဆုံးဆင္းမယ္ဆိုရင္ မႏၲေလးက လူနာက ဆင္းဖို႔အတြက္ criteria (စံသတ္မွတ္ခ်က္) နဲ႔ ပထမဆုံးျပည့္မယ့္လူနာလို႔ ကြၽန္ေတာ္တို႔ ယူဆထားပါတယ္" လို႔ သူက ေျပာပါတယ္။

ကိုဗစ္ ၁၉ ေရာဂါ ကာကြယ္ေဆးထုတ္ဖို႔ အဆိုလာျပဳတဲ့ အဖြဲ႕တစ္ဖြဲ႕ကို ေဆးသုေတသနဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္နဲ႔ ေဆးပညာရွင္ေတြနဲ႔ ေတြ႕ဆုံၿပီး ဆက္လက္ေဆြးေႏြးဖို႔ ခြင့္ျပဳထားတယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က ေျပာပါတယ္။

"တစ္ႀကိမ္ ေဆြးေႏြးၿပီးသြားပါၿပီ။ တင္ျပတဲ့အခ်က္အလက္ေတြကိုေတာ့ အေသးစိတ္မသိရေသးပါဘူး။ သူတို႔ဆီက အစီရင္ခံစာတက္လာမွ သိရမွာပါ။ ကာကြယ္ေဆးထုတ္ဖို႔အေျခအေနကေတာ့ ေတာ္ေတာ္ခက္ခဲတဲ့နည္းပညာပိုင္းဆိုင္ရာလို႔ ကြၽန္ေတာ္တို႔ယူဆပါတယ္။ ျဖစ္ႏိုင္ေျခရွိမရွိကေတာ့ ရရွိတဲ့အေျခအေနေပၚမူတည္မွာပါခင္ဗ်ာ" လို႔ သူက ေျပာပါတယ္။

ဒီကာကြယ္ေဆးထုတ္ဖို႔ ကနဦး စမ္းသပ္စစ္ေဆးမႈေတြအတြက္ ကုန္က်စရိတ္ သိန္း ၁၅၀ ကိစၥကေတာ့ ျဖစ္ႏိုင္ေျခရွိမွပဲ ဒါကို ခြင့္ျပဳေပးမွာ ျဖစ္တယ္လို႔ ေဒါက္တာသာထြန္းေက်ာ္က ရွင္းျပပါတယ္။

ကာကြယ္ေဆးထုတ္ဖို႔ အဆိုျပဳထားသူ ေဒါက္တာေအာင္ျမင့္ဟာ အရင္က ၾကက္ေမြးျမဴေရးေလာကမွာ ကို႐ိုနာဗိုင္းရပ္စ္တစ္မ်ိဳးျဖစ္တဲ့ ၾကက္ေတြမွာ ျဖစ္ပြားတဲ့ ေလႁပြန္ေရာင္ေရာဂါအတြက္ ကိုယ္တိုင္ ကာကြယ္ေဆးထုတ္ဖူးေၾကာင္း Than Zaw Oo အမည္နဲ႔ ေဖ့စ္ဘြတ္အေကာင့္ ကေရးသား ထားပါတယ္။

ကိုဗစ္၁၉ ကာကြယ္ေဆးကို တ႐ုတ္၊ အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံတို႔မွာ စမ္းသပ္ေနၿပီး ၿပီးခဲ့တဲ့လအတြင္းကစလို႔ လူတခ်ိဳ႕မွာ စမ္းသပ္မႈေတြျပဳလုပ္ ထားပါတယ္။

ကာကြယ္ေဆးအမွန္တကယ္ထုတ္ႏိုင္ဖို႔က ေနာက္ထပ္ ၁၈ လေလာက္ၾကာႏိုင္တယ္လို႔ ခန႔္မွန္းခ်က္ေတြရွိထားေၾကာင္း ဗဟိုကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲက ၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ဘီဘီစီကိုေျပာၾကားထားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52170905
-----------
(Unicode)⤵⤵⤵
မန္တလေးကလူနာမှာ ပိုးထပ်မတွေ့ရင် ပထမဆုံး ဆေးရုံဆင်းရသူ ဖြစ်လာဖွယ်ရှိ

ဓာတ်ပုံ မူပိုင် MPA
Image caption ကျန်လူနာ ၁၈ ဦးအခြေအနေတည်ငြိမ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၁ ဦးထဲက လူနာနံပါတ် ၁၅ နဲ့ ၁၆ ဟာ ရောဂါဝေဒနာပြင်းထန်တဲ့အတွက် အသက်ရှူစက်ပေါ် တင်ပေးထားရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသာထွန်းကျော်က ဘီဘီစီကိုပြောပါတယ်။

"လူနာနှစ်ယောက်ကို အထူးကြပ်မတ်ကုသဆောင်မှာ တင်ပြီးတော့ ဆေးကုသနေရတဲ့အနေအထားရှိပါတယ်။ နောက် ventilator (အသက်ရှူစက်) တင်ထားရပါတယ်။ ရောဂါအခြေအနေက ပြင်းထန်တယ်လို့ ပြောလို့ရပါတယ်" လို့ သူကပြောပါတယ်။

လူနာနံပါတ် ၁၅ ဟာ လူနာနံပါတ် ၈ နဲ့ ဆက်စပ်မှုရှိခဲ့တဲ့ လူနာနံပါတ် ၁၁၊ ၁၂ နဲ့ ၁၃ (ပြင်သစ်နိုင်ငံသား ၃ ဦး) တို့ ကျန်းမာရေးထောက်ခံစာတွေ လာရောက် ထုတ်ယူတဲ့ ရန်ကုန်မြို့၊ ပုဂ္ဂလိက ဆေးခန်းတစ်ခုမှာ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး မတ်လကုန်ပိုင်းမှာ ဖျားနာချောင်းဆိုး မောပန်း လာတဲ့အတွက် ဆေးရုံသွားပြရာက ကိုဗစ် ၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားသူဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် PAuk khaung Hospital
Image caption လူနာနံပါတ် ၁၅ ကနေ ပေါက်ခေါင်းက သူ့ မိသားစုလေးဦးလုံးကို ဆက်လက်ကူးစက်ခဲ့တာဖြစ်ပါတယ်။

သူကနေမှတစ်ဆင့် ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သားသမီးနှစ်ဦးနဲ့ တူမဖြစ်သူတို့ကို ကူးစက်မှုရှိထားပါတယ်။ ဒီလူနာလေးဦးမှာတော့ ခင်ပွန်းဖြစ်သူ လူနာနံပါတ် ၁၇ မှာ အဖျားနည်းနည်းရှိပြီး ကျန်သုံးဦးကတော့ ကျန်းမာရေးကောင်းမွန်တယ်လို့ ပြည်မြို့နယ်ပြည်သူ့ဆေးရုံက ပြောကြားထားပါတယ်။

လူနာနံပါတ် ၁၆ ဟာ ဒူဘိုင်းကနေ ပြန်လာတဲ့သားဖြစ်သူကို လေဆိပ်မှာ ကြိုဆိုခဲ့ပြီးတဲ့နောက် တစ်ပတ်အကြာမှာ မောပန်း နေမကောင်းဖြစ်လာလို့ ဆေးရုံမှာသွားပြရာကတစ်ဆင့် ကိုဗစ်၁၉ ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိထားပါတယ်။

ဒီလူနာနှစ်ဦးလုံးမှာ မူလရောဂါအခံတွေရှိပြီး လူနာနံပါတ် ၁၅ ဟာ အသက် ၄၅ နှစ်နဲ့ လူနာနံပါတ် ၁၆ ဟာအသက် ၆၃ နှစ်အရွယ် ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် YeMyo/MPA
Image caption လူနာနံပါတ် ၁၆ ရဲ့ နေအိမ်ကို ပိုးသတ်ဆေးတွေဖြန်းခဲ့ကြ

ဒေါ်အောင်ဆန်းစုကြည်က မြန်မာမှာ ကိုဗစ်၁၉ ပထမဆုံးလူနာတွေ့ခဲ့ပြီး ၁၄ ရက်ပြည့်တဲ့နေ့ဖြစ်ပြီး နောက်ထပ် ၂ ပတ် ၃ ပတ်အတွင်း ရောဂါပျံ့ပွားနှုန်း ဘယ်လောက်မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်လို့ သူ့ရဲ့ လူမှုကွန်ရက်အကောင့်မှာ မနေ့က ရေးသားထားပါတယ်။

ဒါကြောင့် ပထမဆုံးပိုးတွေ့လူနာဖြစ်တဲ့ တီးတိန်ပြည်သူ့ဆေးရုံက လူနာနံပါတ် ၁ ရဲ့ ကျန်းမာရေးအခြေအနေနဲ့ဆေးရုံက ဆင်းနိုင်တဲ့အခြေအနေရှိမရှိ မေးမြန်းတဲ့အခါ ဒေါက်တာသာထွန်းကျော်က

"မဆင်းရသေးပါဘူး။ ဆေးရုံက ဆင်းဖို့အတွက် ကျွန်တော်တို့ ၁၄ ရက်ဆိုတဲ့ ကန့်သတ်ချက်နဲ့ မစဉ်းစားပါဘူး။ သူတို့ဆီက ဓာတ်ခွဲနမူနာတွေကို စမ်းသပ်စစ်ဆေးပြီးမှ ဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်ပါတယ်။ လက်ရှိမှာ တီးတိန်လူနာကို ဆေးရုံဆင်းဖို့ စီစဉ်ဆောင်ရွက်ထားတာမရှိသေးပါဘူး" လို့ ပြောပါတယ်။

လူနာ ၂၁ ဦးအနက် ၁ ဦးကတော့ ရောဂါအခံကြောင့် သေဆုံးထားပါတယ်။ ကျန် ၂၀ ဦးမှာ လူနာနံပါတ် ၁၅ နဲ့ ၁၆ က ရောဂါပြင်းထန်နေပြီးကျန် လူနာ ၁၈ ဦးအခြေအနေကတော့ တည်ငြိမ်နေတယ်လို့ ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။

အဲဒီ ၁၈ ဦးအနက် မန္တလေး၊ ကန်တော်နဒီဆေးရုံက အမေရိကန်နိုင်ငံသား မြန်မာလူမျိုး လူနာနံပါတ် ၄ ကို ဆေးပြန်စစ်ရာမှာ တစ်ကြိမ် negative တွေ့ထားရပြီးဖြစ်တယ်လို့ ဒေါက်တာသာထွန်းကျော်က အတည်ပြုပါတယ်။

"နောက်ထပ်တစ်ကြိမ်ထပ်စစ်ဖို့ ဆောင်ရွက်နေပါတယ်။ WHO(ကမ္ဘာ့ကျန်းမာရေးအဖွဲ့)ရဲ့ သတ်မှတ်ချက်က နှစ်ကြိမ် ဆက်တိုက် ပိုးမတွေ့မှသာလျှင် ဆေးရုံက ဆင်းခွင့်ပြုမှာဖြစ်ပါတယ်။ ကျန်တဲ့လူနာတွေလည်း ဆေးရုံကနေ ဆင်းဖို့အခြေအနေမရှိသေးပါဘူး။ ပထမဆုံးဆင်းမယ်ဆိုရင် မန္တလေးက လူနာက ဆင်းဖို့အတွက် criteria (စံသတ်မှတ်ချက်) နဲ့ ပထမဆုံးပြည့်မယ့်လူနာလို့ ကျွန်တော်တို့ ယူဆထားပါတယ်" လို့ သူက ပြောပါတယ်။

ကိုဗစ် ၁၉ ရောဂါ ကာကွယ်ဆေးထုတ်ဖို့ အဆိုလာပြုတဲ့ အဖွဲ့တစ်ဖွဲ့ကို ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နဲ့ ဆေးပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဆက်လက်ဆွေးနွေးဖို့ ခွင့်ပြုထားတယ်လို့ ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။

"တစ်ကြိမ် ဆွေးနွေးပြီးသွားပါပြီ။ တင်ပြတဲ့အချက်အလက်တွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ သူတို့ဆီက အစီရင်ခံစာတက်လာမှ သိရမှာပါ။ ကာကွယ်ဆေးထုတ်ဖို့အခြေအနေကတော့ တော်တော်ခက်ခဲတဲ့နည်းပညာပိုင်းဆိုင်ရာလို့ ကျွန်တော်တို့ယူဆပါတယ်။ ဖြစ်နိုင်ခြေရှိမရှိကတော့ ရရှိတဲ့အခြေအနေပေါ်မူတည်မှာပါခင်ဗျာ" လို့ သူက ပြောပါတယ်။

ဒီကာကွယ်ဆေးထုတ်ဖို့ ကနဦး စမ်းသပ်စစ်ဆေးမှုတွေအတွက် ကုန်ကျစရိတ် သိန်း ၁၅၀ ကိစ္စကတော့ ဖြစ်နိုင်ခြေရှိမှပဲ ဒါကို ခွင့်ပြုပေးမှာ ဖြစ်တယ်လို့ ဒေါက်တာသာထွန်းကျော်က ရှင်းပြပါတယ်။

ကာကွယ်ဆေးထုတ်ဖို့ အဆိုပြုထားသူ ဒေါက်တာအောင်မြင့်ဟာ အရင်က ကြက်မွေးမြူရေးလောကမှာ ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးဖြစ်တဲ့ ကြက်တွေမှာ ဖြစ်ပွားတဲ့ လေပြွန်ရောင်ရောဂါအတွက် ကိုယ်တိုင် ကာကွယ်ဆေးထုတ်ဖူးကြောင်း Than Zaw Oo အမည်နဲ့ ဖေ့စ်ဘွတ်အကောင့် ကရေးသား ထားပါတယ်။

ကိုဗစ်၁၉ ကာကွယ်ဆေးကို တရုတ်၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့မှာ စမ်းသပ်နေပြီး ပြီးခဲ့တဲ့လအတွင်းကစလို့ လူတချို့မှာ စမ်းသပ်မှုတွေပြုလုပ် ထားပါတယ်။

ကာကွယ်ဆေးအမှန်တကယ်ထုတ်နိုင်ဖို့က နောက်ထပ် ၁၈ လလောက်ကြာနိုင်တယ်လို့ ခန့်မှန်းချက်တွေရှိထားကြောင်း ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဘီဘီစီကိုပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52170905
မႏၲေလးကလူနာမွာ ပိုးထပ္မေတြ႕ရင္ ပထမဆုံး ေဆး႐ုံဆင္းရသူ ျဖစ္လာဖြယ္ရွိ မႏၲေလးကလူနာမွာ ပိုးထပ္မေတြ႕ရင္ ပထမဆုံး ေဆး႐ုံဆင္းရသူ ျဖစ္လာဖြယ္ရွိ Reviewed by THITHTOOLWIN on 20:16 Rating: 5
Powered by Blogger.