ေတာင္ႀကီး ေဂါက္ကြင္း အဝင္တြင္ အမ်ိဳးသားတဦး ေသဆုံး

ယေန႔ အမ်ိဳးသားတဦးေသဆုံးသည့္ေနရာကို ေဆးမ်ားလိုက္ျဖန္းေနသည့္ ပုံ / Photo by ကိုဝင္းႏိုင္စိုး

သွ်မ္းျပည္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ ေဂါက္ကြင္းအဝင္ေပါက္တြင္ အမ်ိဳးသားတဦး ေသဆုံးေနေၾကာင္း သိရသည္။

အဆိုပါ ေသဆုံးသူ၏ ႐ုပ္အေလာင္းကို ေဂါက္ကြင္းအဝင္ေပါက္ အနီး မိုင္တိုင္ ၁၁၆/၆ ေဘးေျမာင္းထဲတြင္ ယေန႔ မနက္ ဧၿပီ ၁၄ ရက္တြင္ ေတြ႕ရွိေၾကာင္း ေတာင္ႀကီးၿမိဳ႕ မ ရဲစခန္းမွ ရဲအရာရွိ တဦး က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ ေသဆုံးသူက သက္လတ္ပိုင္း အ႐ြယ္ပါ။ ဘာေၾကာင့္ ေသလဲဆိုတာေတာ့ အတည္ျပဳလို႔ မရေသးဘူး။ ခု ေသဆုံးမႈက ျပင္ပဒဏ္ရာ မရွိဘူး” ၎ ရဲအရာရွိ က ဆိုသည္။

ေသဆုံးသူ အေလာင္းသည္ ရင္ခြဲ႐ုံတြင္ စစ္ေဆးသြားမည္ျဖစ္ၿပီး ျပင္ပဒဏ္ရာ မရွိလွ်င္ ေသမႈေသခင္း ႏွင့္ ဓမၼတာ ေသဆုံးမႈ ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ရဲအရာရွိ က ထပ္ေလာင္းေျပာသည္။

ထို အမ်ိဳးသား ေသဆုံးသည့္ေနရာကို ေတာင္ႀကီး ပရဟိတ အဖြဲ႕မွ ပိုးသတ္ေဆးမ်ား ခ်က္ခ်င္း သြားေရာက္ျဖန္းေပးခဲ့ေၾကာင္း သိရသည္။

“ လူတေယာက္ ေဂါက္ကြင္းအဝင္ေပါက္ရဲ႕ ေျမာင္းထဲမွာ ေသေနတာၾကားေတာ့ က်ေနာ္တို႔ အဖြဲ႕ ခ်က္ခ်င္း ေဆးသြားျဖန္းေပးလိုက္တယ္။ ဘာေၾကာင့္ ေသလည္းေတာ့မသိဘူး” ဟု ေဆးသြားျဖန္းသည့္ ကိုဝင္းႏိုင္စိုးက ေျပာသည္။

လက္ရွိအခ်ိန္တြင္ COVID-19 ျဖစ္ပြားမႈ မ်ားေနသည့္ အခ်ိန္ျဖစ္သည့္အတြက္ ထိုေသဆုံးသူသည္ မည္သည့္ ေရာဂါျဖင့္ ေသဆုံးသြားသည္ ကို ေတာင္ႀကီးေဒသခံမ်ား ေမးခြန္းထုတ္ေနၾကသည္။

“ ေသဆုံးသူက ဘယ္ကဆိုတာ မသိဘူး။ အိမ္ေျခမဲ့ လူလည္းျဖစ္ႏိုင္တယ္။ အခုက ကိုဗစ္ေတြ ျဖစ္ေနေတာ့ သူဘာလို႔ေသလဲဆိုတာ သိခ်င္တယ္” ဟု ေတာင္ႀကီး ေဒသခံ အမ်ိဳးသားတဦးက ေျပာသည္။

သွ်မ္းျပည္ ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕ စဝ္စံထြန္း ေဆး႐ုံတြင္ COVID-19 အတည္ျပဳ လူနာ အမ်ိဳးသားတဦး ေဆးကုသခံယူေနသည္ ဟု သတင္း ထုတ္ျပန္လိုက္ၿပီးေနာက္ ေတာင္ႀကီးၿမိဳ႕တၿမိဳ႕ လုံး တိတ္ဆိတ္ကာ ေဈးဆိုင္မ်ား ပိတ္ထားၾကေၾကာင္း သိရသည္။

နန္းဆိုင္ဖူး - သွ်မ္းသံေတာ္ဆင့္
-------------------------------------------
တောင်ကြီး ဂေါက်ကွင်း အဝင်တွင် အမျိုးသားတဦး သေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ဂေါက်ကွင်းအဝင်ပေါက်တွင် အမျိုးသားတဦး သေဆုံးနေကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို ဂေါက်ကွင်းအဝင်ပေါက် အနီး မိုင်တိုင် ၁၁၆/၆ ဘေးမြောင်းထဲတွင် ယနေ့ မနက် ဧပြီ ၁၄ ရက်တွင် တွေ့ရှိကြောင်း တောင်ကြီးမြို့ မ ရဲစခန်းမှ ရဲအရာရှိ တဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ သေဆုံးသူက သက်လတ်ပိုင်း အရွယ်ပါ။ ဘာကြောင့် သေလဲဆိုတာတော့ အတည်ပြုလို့ မရသေးဘူး။ ခု သေဆုံးမှုက ပြင်ပဒဏ်ရာ မရှိဘူး” ၎င်း ရဲအရာရှိ က ဆိုသည်။

သေဆုံးသူ အလောင်းသည် ရင်ခွဲရုံတွင် စစ်ဆေးသွားမည်ဖြစ်ပြီး ပြင်ပဒဏ်ရာ မရှိလျှင် သေမှုသေခင်း နှင့် ဓမ္မတာ သေဆုံးမှု ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲအရာရှိ က ထပ်လောင်းပြောသည်။

ထို အမျိုးသား သေဆုံးသည့်နေရာကို တောင်ကြီး ပရဟိတ အဖွဲ့မှ ပိုးသတ်ဆေးများ ချက်ချင်း သွားရောက်ဖြန်းပေးခဲ့ကြောင်း သိရသည်။

“ လူတယောက် ဂေါက်ကွင်းအဝင်ပေါက်ရဲ့ မြောင်းထဲမှာ သေနေတာကြားတော့ ကျနော်တို့ အဖွဲ့ ချက်ချင်း ဆေးသွားဖြန်းပေးလိုက်တယ်။ ဘာကြောင့် သေလည်းတော့မသိဘူး” ဟု ဆေးသွားဖြန်းသည့် ကိုဝင်းနိုင်စိုးက ပြောသည်။

လက်ရှိအချိန်တွင် COVID-19 ဖြစ်ပွားမှု များနေသည့် အချိန်ဖြစ်သည့်အတွက် ထိုသေဆုံးသူသည် မည်သည့် ရောဂါဖြင့် သေဆုံးသွားသည် ကို တောင်ကြီးဒေသခံများ မေးခွန်းထုတ်နေကြသည်။

“ သေဆုံးသူက ဘယ်ကဆိုတာ မသိဘူး။ အိမ်ခြေမဲ့ လူလည်းဖြစ်နိုင်တယ်။ အခုက ကိုဗစ်တွေ ဖြစ်နေတော့ သူဘာလို့သေလဲဆိုတာ သိချင်တယ်” ဟု တောင်ကြီး ဒေသခံ အမျိုးသားတဦးက ပြောသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ စဝ်စံထွန်း ဆေးရုံတွင် COVID-19 အတည်ပြု လူနာ အမျိုးသားတဦး ဆေးကုသခံယူနေသည် ဟု သတင်း ထုတ်ပြန်လိုက်ပြီးနောက် တောင်ကြီးမြို့တမြို့ လုံး တိတ်ဆိတ်ကာ ဈေးဆိုင်များ ပိတ်ထားကြကြောင်း သိရသည်။

နန်းဆိုင်ဖူး - သျှမ်းသံတော်ဆင့်
https://burmese.shannews.org/archives/16150
ေတာင္ႀကီး ေဂါက္ကြင္း အဝင္တြင္ အမ်ိဳးသားတဦး ေသဆုံး ေတာင္ႀကီး ေဂါက္ကြင္း အဝင္တြင္ အမ်ိဳးသားတဦး ေသဆုံး Reviewed by THITHTOOLWIN on 05:58 Rating: 5
Powered by Blogger.