ျမန္မာျပည္တြင္း စင္ကာပူျပန္က ေနကူးစက္သူ ၁၈ ဦးထိရွိလာ


(Zawgyi)⤵⤵⤵
အစိုးရက ဧၿပီ ၁၄ ရက္ ညက ထုတ္ျပန္ခဲ့တဲ့ ထပ္တိုးကိုဗစ္-၁၉ အတည္ျပဳလူနာ ၁ ဦးဟာ လူနာနံပါတ္ ၂၄ နဲ႔ ထိေတြ႕မႈရွိခဲ့တယ္လို႔ ဆိုတဲ့ အတြက္ စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္ၿပီး ျပန္လာသူက ေန ျပည္တြင္းမွာ ကူးစက္တာ အခုဆိုရင္ ၁၈ ဦး အထိရွိလာၿပီျဖစ္ပါတယ္။

ရန္ကုန္ ကိုဗစ္-၁၉ ေရာဂါ ေစာင့္ၾကည့္လူနာနဲ႔ အသြားအလာကန္႔သတ္ထားသူ စုစုေပါင္း ၉၁ ဦးကို စစ္ေဆးရာ တစ္ဦးမွာ ေရာဂါပိုးေတြ႕ရွိေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ဌာနက ဧၿပီ ၁၄ ရက္ ည ၈နာရီမွာ ထုတ္ျပန္ပါတယ္။

လူနာအမွတ္(၂၄)နဲ႔ ထိေတြ႕မႈရွိသူ လႈိင္သာယာၿမိဳ႕နယ္ေန အသက္ ၆၅ႏွစ္အ႐ြယ္ အမ်ိဳးသား တစ္ဦးမွာ ေရာဂါးပိုး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ဧၿပီ ၁၄ ရက္ည ၆နာရီအခ်ိန္ထိ ေရာဂါေစာင့္ၾကည့္လူနာလူနာအသစ္ ၁၂၃ ဦး ရွိေၾကာင္း ထုတ္ျပန္ခ်က္မွာေဖာ္ျပထားပါတယ္။

လူနာနံပါတ္ ၂၄ ဟာ မရမ္းကုန္းၿမိဳ႕နယ္မွာ ေနထိုင္သူ အသက္ ၃၂ ႏွစ္အ႐ြယ္ အမ်ိဳးသား ျဖစ္ၿပီး သူဟာ စင္ကာပူႏိုင္ငံမွာ အလုပ္လုပ္ကိုင္ေနသူ ျဖစ္ပါတယ္။

မတ္လ ၁၉ ရက္မွာ စင္ကာပူကေန ျပန္ေရာက္လာခဲ့ၿပီးတဲ့ေနာက္ ဧၿပီ ၁ ရက္မွာ ဖ်ားျခင္း၊ ေမာပန္းျခင္း တို႔ ခံစားခဲ့ရၿပီး ဧၿပီ ၆ ရက္မွာ လည္ေခ်ာင္းနာျခင္းနဲ႔ ေခ်ာင္းဆိုးျခင္း တို႔ ျဖစ္ပြားခဲ့တယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ဧၿပီ ၁၀ ရက္မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

သူက ဧၿပီ ၈ ရက္မွာ မရမ္းကုန္းၿမိဳ႕နယ္၊ ေဒသႏၲရက်န္းမာေရးဌာနကို သြားျပခဲ့ၿပီးေနာက္ အဲဒီကေန ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးကို ပို႔ေဆာင္ၿပီး ေစာင့္ၾကည့္လူနာအျဖစ္ ဓာတ္ခြဲနမူနာ ယူၿပီး ေဆးစစ္ခဲ့တာ ျဖစ္ပါတယ္။

သူဟာ ေရာဂါျဖစ္ေစတဲ့လူစုလူေဝးျပဳလုပ္မႈနဲ႔ အခုအမႈဖြင့္ခံရတဲ့ ကိုဗစ္အတည္ျပဳလူနာ ေတးသံသြင္းပိုင္ရွင္ရဲ႕ တူေတာ္စပ္သူလို႔ သိရပါတယ္။

လူနာနံပါတ္ ၂၄ ဟာ ဘာသာေရးအခမ္းအနားတစ္ခုကို တက္ေရာက္ခဲ့ပါေသးတယ္။

အင္းစိန္ၿမိဳ႕နယ္ထဲက လူနာနံပါတ္ ၄၁ အပါအဝင္ လူနာ နံပါတ္ ၃၄၊ ၃၅၊ ၃၆ နဲ႔ ၃၇ တို႔ ငါးဦး တက္ေရာက္ခဲ့တဲ့ ဘာသာေရးအခမ္းအနားကို လူနာနံပါတ္ ၂၄ လည္း တက္ေရာက္ခဲ့တဲ့ ရာဇဝင္ရွိတယ္လို႔ ဧၿပီ ၁၃ ရက္ထုတ္ျပန္ခ်က္မွာ ပါဝင္လာတာျဖစ္ပါတယ္။

အစိုးရထုတ္ျပန္ခ်က္အရ အသစ္ထပ္တိုးလာတဲ့ လူနာနံပါတ္ ၄၂ ကေန ၅၂ အထိ စုစုေပါင္း ၁၁ ဦးဟာ လူနာနံပါတ္ ၂၄ ၊ ၂၆ တို႔ရဲ႕ခင္ပြန္းနဲ႔ ထိေတြ႕မႈရွိတယ္လို႔ ပါရွိထားပါတယ္။

ဒါ့အျပင္ လူနာနံပါတ္ ၆၂ နဲ႔ ၆၃ ဟာ လူနာနံပါတ္ ၂၄ တစ္ဦးတည္းနဲ႔ ထိေတြ႕မႈရွိတယ္လို႔ အစိုးရထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဒါေၾကာင့္ စင္ကာပူကျပန္လာၿပီး ဘာသာေရးအခမ္းအနားကို တက္ခဲ့တဲ့ လူနာ နံပါတ္ ၂၄ နဲ႔ ထိေတြ႕ခဲ့သူ ကိုဗစ္အတည္ျပဳလူနာဟာ စုစုေပါင္း ၁၈ ဦးထိ ရွိေနတာျဖစ္ပါတယ္။

BBC Burmese
---------------------------------------------
မြန်မာပြည်တွင်း စင်ကာပူပြန်က နေကူးစက်သူ ၁၈ ဦးထိရှိလာ

(Unicode)⤵⤵⤵
အစိုးရက ဧပြီ ၁၄ ရက် ညက ထုတ်ပြန်ခဲ့တဲ့ ထပ်တိုးကိုဗစ်-၁၉ အတည်ပြုလူနာ ၁ ဦးဟာ လူနာနံပါတ် ၂၄ နဲ့ ထိတွေ့မှုရှိခဲ့တယ်လို့ ဆိုတဲ့ အတွက် စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်ပြီး ပြန်လာသူက နေ ပြည်တွင်းမှာ ကူးစက်တာ အခုဆိုရင် ၁၈ ဦး အထိရှိလာပြီဖြစ်ပါတယ်။

ရန်ကုန် ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း ၉၁ ဦးကို စစ်ဆေးရာ တစ်ဦးမှာ ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဌာနက ဧပြီ ၁၄ ရက် ည ၈နာရီမှာ ထုတ်ပြန်ပါတယ်။

လူနာအမှတ်(၂၄)နဲ့ ထိတွေ့မှုရှိသူ လှိုင်သာယာမြို့နယ်နေ အသက် ၆၅နှစ်အရွယ် အမျိုးသား တစ်ဦးမှာ ရောဂါးပိုး တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဧပြီ ၁၄ ရက်ည ၆နာရီအချိန်ထိ ရောဂါစောင့်ကြည့်လူနာလူနာအသစ် ၁၂၃ ဦး ရှိကြောင်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လူနာနံပါတ် ၂၄ ဟာ မရမ်းကုန်းမြို့နယ်မှာ နေထိုင်သူ အသက် ၃၂ နှစ်အရွယ် အမျိုးသား ဖြစ်ပြီး သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မတ်လ ၁၉ ရက်မှာ စင်ကာပူကနေ ပြန်ရောက်လာခဲ့ပြီးတဲ့နောက် ဧပြီ ၁ ရက်မှာ ဖျားခြင်း၊ မောပန်းခြင်း တို့ ခံစားခဲ့ရပြီး ဧပြီ ၆ ရက်မှာ လည်ချောင်းနာခြင်းနဲ့ ချောင်းဆိုးခြင်း တို့ ဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူက ဧပြီ ၈ ရက်မှာ မရမ်းကုန်းမြို့နယ်၊ ဒေသန္တရကျန်းမာရေးဌာနကို သွားပြခဲ့ပြီးနောက် အဲဒီကနေ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပြီး စောင့်ကြည့်လူနာအဖြစ် ဓာတ်ခွဲနမူနာ ယူပြီး ဆေးစစ်ခဲ့တာ ဖြစ်ပါတယ်။

သူဟာ ရောဂါဖြစ်စေတဲ့လူစုလူဝေးပြုလုပ်မှုနဲ့ အခုအမှုဖွင့်ခံရတဲ့ ကိုဗစ်အတည်ပြုလူနာ တေးသံသွင်းပိုင်ရှင်ရဲ့ တူတော်စပ်သူလို့ သိရပါတယ်။

လူနာနံပါတ် ၂၄ ဟာ ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါသေးတယ်။

အင်းစိန်မြို့နယ်ထဲက လူနာနံပါတ် ၄၁ အပါအဝင် လူနာ နံပါတ် ၃၄၊ ၃၅၊ ၃၆ နဲ့ ၃၇ တို့ ငါးဦး တက်ရောက်ခဲ့တဲ့ ဘာသာရေးအခမ်းအနားကို လူနာနံပါတ် ၂၄ လည်း တက်ရောက်ခဲ့တဲ့ ရာဇဝင်ရှိတယ်လို့ ဧပြီ ၁၃ ရက်ထုတ်ပြန်ချက်မှာ ပါဝင်လာတာဖြစ်ပါတယ်။

အစိုးရထုတ်ပြန်ချက်အရ အသစ်ထပ်တိုးလာတဲ့ လူနာနံပါတ် ၄၂ ကနေ ၅၂ အထိ စုစုပေါင်း ၁၁ ဦးဟာ လူနာနံပါတ် ၂၄ ၊ ၂၆ တို့ရဲ့ခင်ပွန်းနဲ့ ထိတွေ့မှုရှိတယ်လို့ ပါရှိထားပါတယ်။

ဒါ့အပြင် လူနာနံပါတ် ၆၂ နဲ့ ၆၃ ဟာ လူနာနံပါတ် ၂၄ တစ်ဦးတည်းနဲ့ ထိတွေ့မှုရှိတယ်လို့ အစိုးရထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါကြောင့် စင်ကာပူကပြန်လာပြီး ဘာသာရေးအခမ်းအနားကို တက်ခဲ့တဲ့ လူနာ နံပါတ် ၂၄ နဲ့ ထိတွေ့ခဲ့သူ ကိုဗစ်အတည်ပြုလူနာဟာ စုစုပေါင်း ၁၈ ဦးထိ ရှိနေတာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52284512
ျမန္မာျပည္တြင္း စင္ကာပူျပန္က ေနကူးစက္သူ ၁၈ ဦးထိရွိလာ ျမန္မာျပည္တြင္း စင္ကာပူျပန္က ေနကူးစက္သူ ၁၈ ဦးထိရွိလာ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.