အီတလီမွာ ပိတ္မိေနတဲ့ ျမန္မာေတြ ျပည္ေတာ္ျပန္ေရး အခက္ေတြ႔ေန

အီတလီေျမာက္ပိုင္း Padova ၿမိဳ႔ နည္းပညာတကၠသိုလ္မွာ အီတလီအစိုးရ ပညာေတာ္သင္အစီအစဥ္နဲ႔ ဇီ၀ေဗဒ နည္းပညာဆိုင္ရာ မဟာ သိပၸံဘဲြ႕သင္ယူေနတဲ့ မစပယ္ျဖဴ
(Zawgyi/Unicode)

COVID-19 ကူးစက္မႈ အဆိုးဆံုး ႏိုင္ငံတႏိုင္ငံျဖစ္တဲ့ အီတလီမွာ ပိတ္မိေနတဲ့ ျမန္မာပညာေတာ္သင္ ေက်ာင္းသူေက်ာင္းသားေတြ ေနရပ္ျပန္ႏိုင္ေရး အျခားအေရွ႕ေတာင္အာရွႏိုင္ငံေတြလိုမ်ဳိး ျမန္မာအစိုးရအေနနဲ႔ မိမိရဲ႕ ႏိုင္ငံသားေတြကို အျမန္ဆံုး အကူအညီေပးဖို႔ အီတလီေျမာက္ပိုင္း တကၠသိုလ္တခုမွာ ပိတ္မိေနတဲ့ မဟာသိပၸံေက်ာင္းသူတဦးက ေမတၱာရပ္ခံလိုက္ပါတယ္။

အီတလီ ျမန္မာသံရံုးကေတာ့ ျမန္မာႏိုင္ငံကို ျပန္ဖို႔ရွိေနတဲ့သူေတြကိစၥ ေနျပည္ေတာ္ကို တင္ျပထားေၾကာင္းနဲ႔ ညြန္ၾကားခ်က္ကို ေစာင့္ေနေၾကာင္း သံရံုးဒုတိယအတြင္း၀န္က ဗီြအိုေအကို ေျပာပါတယ္။ မ အင္ၾကင္းနိုင္က စုစည္းတင္ျပမွာပါ။

အီတလီေျမာက္ပိုင္း Padova ၿမိဳ႔ နည္းပညာတကၠသိုလ္မွာ အီတလီအစိုးရ ပညာေတာ္သင္အစီအစဥ္နဲ႔ ဇီ၀ေဗဒ နည္းပညာဆိုင္ရာ မဟာ သိပၸံဘဲြ႕သင္ယူေနတဲ့ မစံပယ္ျဖဴဟာအီတလီမွာ ကိုရိုနာဗိုင္းရပ္စ္ ဆိုးဆိုးရြားရြား စတင္ကူးစက္တဲ့ မတ္လ ကတည္းက ေနရပ္ ျမန္မာႏိုင္ငံကို ျပန္လို႔ မရပဲ ေက်ာင္းအေဆာင္မွာ ပိတ္မိေနသူျဖစ္ပါတယ္။

"ျပန္ဖို႔ အခက္အခဲရွိတာေပါ့။ အခုခ်ိန္မွာ ကိုယ္တိုင္ျပန္ဖို႔က ဘယ္လိုမွ မျဖစ္ႏိုင္ဘူးဆိုေတာ့ သံရံုးကို ျပန္ဖို႔ အကူအညီေတာင္းထားပါတယ္။ သံရံုးကလည္း အခုခ်ိန္မွာ အထက္ကို တင္ျပထားတယ္လို႔ ေျပာပါတယ္။ ေနာက္ အခုခ်ိန္မွာ အသြားအလာ အခက္အခဲေတြကလည္း ကန္႔သတ္ထားတယ္ ဆိုေတာ့ ခ်က္ခ်င္းစီစဥ္ေပးႏိုင္လို႔ မျဖစ္ႏိုင္ေသးဘူးလို႔ အေၾကာင္းျပန္ထားပါတယ္။"

သူတုိ႔ေက်ာင္းမွာတက္ေနၾကတဲ့ ေက်ာင္းသူ၊ ေက်ာင္းသားအားလုံး နီးပါး ေနရပ္အသီးသီးကုိ ျပန္ကုန္ၾကၿပီျဖစ္တာေၾကာင့္ သူတုိ႔အေဆာင္မွာ သူအပါအ၀င္ႏုိင္ငံတကာ ေက်ာင္းသူ၊ ေက်ာင္းသား သံုးဦးသာ က်န္ေတာ့တယ္လုိ႔ ဆုိပါတယ္။

သူ႕အျပင္ အီတလီမွာရွိေနတဲ့ အျခားပညာေတာ္သင္ ျမန္မာေက်ာင္းသူ၊ ေက်ာင္းသားတခ်ဳိ႕နဲ႔ Genoa ၿမိဳ႕မွာ ပိတ္မိေနတဲ့ ျမန္မာသေဘၤာသား အေယာက္ ၂၀ ေလာက္ရွိေနတယ္လို႔ မစံပယ္ျဖဴက ေျပာပါတယ္။ လက္ရွိ အီတလီမွာ ျမန္မာႏိုင္ငံသား ၃၀၀ ေက်ာ္ ေလာက္ရွိေနၿပီး သူတို႔အထဲက ေနရပ္ကို ျပန္ဖို႔ ျမန္မာသံရံုးကို ဆက္သြယ္အေၾကာင္းၾကားလာသူေတြကို အကူအညီေပးႏိုင္ေရး ေနျပည္ေတာ္အစိုးရဘက္ကို တင္ျပထားေၾကာင္း ေရာမၿမိဳ႕ မွာရွိတဲ့ ျမန္မာသံရံုး ဒုတိယအတြင္း၀န္ ေဒၚလြင္လြင္မိုးက ဗီြအိုေအကို ေျပာပါတယ္။

"ေလာေလာဆယ္ အီတလီအစိုးရကေနၿပီး ထုတ္ျပန္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာေပးဖို႔ ေျပာထားပါတယ္။ အီတလီ သေဘၤာသားေတြနဲ႔ ပတ္သက္ၿပီးေတာ့ အီတလီ ႏိုင္ငံျခားေရး၀န္ႀကီးဌာနကိုလည္း က်မတို႔ ဆက္သြယ္ အေၾကာင္းၾကားထားပါတယ္။ ေနာက္ ျမန္မာႏိုင္ငံျခားေရး ၀န္ႀကီးဌာနကေန တဆင့္ သက္ဆိုင္ရာ ၀န္ႀကီးဌာနကို အေၾကာင္းၾကားထားတာေတြ လည္း ရွိပါတယ္။ ေလာေလာဆယ္ ခ်က္ခ်င္းလက္ငင္း ေခၚယူဖို႔က မျဖစ္ႏုိင္ေသးပါဘူး။ သူတို႔ရဲ႕အခက္အခဲ တင္ျပလာတာေတြကိုေတာ့ အထက္ကို တင္ျပထားပါတယ္။ေနာက္ၿပီးေတာ့ အေျခအေန အေနအထားအရ ခ်က္ခ်င္းလက္ငင္းေတာ့ မျဖစ္ႏိုင္ဘူးေပါ့ေနာ္။ "

ဒါအျပင္ ကိုရုိနာဗိုင္းရပ္စ္ ကူးစက္မႈအေျခအေနနဲ႔ ပတ္သက္တဲ့ အီတလီ နဲ႔ ျမန္မာအစိုးရေတြရဲ႕ထုတ္ျပန္ခ်က္ေတြ၊ ခရီးသြားလာခြင့္ ဆိုင္ရာ ကန္႔သတ္ခ်က္ေတြကိုလည္း အခ်ိန္နဲ႔ တေျပးညီ ျမန္မာသံရံုး အင္တာနက္စာမ်က္ႏွာကေန အသိေပးေနတယ္လို႔ ေဒၚလြင္လြင္မိုးက ဆိုပါတယ္။

ဗိုင္းရပ္စ္ကူးစက္မႈ ဆိုးဆိုးရြားရြားခံခဲ့ရတဲ့ အီတလီမွာ တကၠသိုလ္ေက်ာင္းေတြရဲ႕ ဒီႏွစ္ စာသင္ႏွစ္ ကိုလည္း ပိတ္လိုက္တဲ့အတြက္ သူတို႔အေနနဲ႔ ေနရပ္ ျမန္မာႏိုင္ငံကို ျပန္ဖို႔ပဲ ရွိတဲ့အေျခအေနကို ေရာက္ေနေၾကာင္း မစံပယ္ျဖဴက ေျပာပါတယ္။

အီတလီ အပါအ၀င္ ကိုရိုနာဗိုင္းရပ္စ္ကူးစက္မႈ အဆိုးရြားဆံုး (၈) ႏိုင္ငံက ျပန္လာမယ့္ ျမန္မာႏိုင္ငံသားေတြအေနနဲ႔ဗိုင္းရပ္စ္ ကူးစက္မႈ ရွိမရွိ စစ္ေဆးခ်က္အပါအ၀င္ က်န္းမာေရးဆိုင္ရာ ေထာက္ခံခ်က္ေတြ ရွိိဖို႔ လိုအပ္ေၾကာင္း ျမန္မာအစိုးရက ညြန္ၾကားထားတာပါ။ ဒီညြန္ၾကားခ်က္အတိုင္း ဗိုင္းရပ္စ္ကူးစက္ခံရမႈ မရွိဘူးဆိုတဲ့ စစ္ေဆးစာနဲ႕ က်န္းမာေရး ေထာက္ခံခ်က္ေတြကို တကၠသိုလ္ေဆးရံုကေန ရရွိထားၿပီျဖစ္တယ္လို႔ မစံပယ္ျဖဴက အခုလို ေျပာပါတယ္။

" ျမန္မာႏိုင္ငံမွာ ျပည္၀င္ခြင့္ ျပန္ဖြင့္မယ့္ အခ်ိန္အတြက္ သမီးကေတာ့ အဆင္သင့္လုပ္ထားပါတယ္။ ကိုဗစ္မရွိဘူးဆိုတဲ့ စစ္ေဆးခ်က္ ေဆးမွတ္တမ္းနဲ႕ အျခား က်န္းမာေရးဆိုင္ရာ ေထာက္ခံခ်က္ေတြ အားလံုးကို အဆင္သင့္လုပ္ထားပါတယ္။ တကယ္လို႔ စီစဥ္ၿပီးေတာ့ ျပည္၀င္ခြင့္ ဖြင့္တဲ့ေန႔ကို ေစာင့္ရမယ္ေပါ့"

တရုတ္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္စ္ စတင္ကူးစက္တဲ့ ၀ူဟန္ၿမိဳ႕က ျမန္မာပညာေတာ္သင္ေက်ာင္းသူ၊ ေက်ာင္းသားေတြကို ျမန္မာအစိုးရက ေခၚယူစီစဥ္သလိုမ်ဳိး ကမၻာ့အႏွံ ေနရာအမ်ဳိးမ်ဳိးမွာ ပိိတ္မိေနတဲ့ ျမန္မာႏိုင္ငံသားေတြကို အျခားအေရွ႕ေတာင္အာရွႏိုင္ငံေတြလိုမ်ဳိး ျမန္မာအစိုးရအေနနဲ႕ ကိုယ့္ႏိုင္ငံသားေတြကို ျပန္ေခၚႏိုင္ေရး စီစဥ္ေပးဖို႔ မစံပယ္ျဖဴက အခုလို ေမတၱာရပ္ခံခဲ့ပါတယ္။

"အခုဆိုရင္ ဖိလစ္ပိုင္ကလည္း သူတို႔ႏိုင္ငံသားအကုန္လံုးကို လက္ခံတယ္ေပါ့။ ျပန္လာဖို႔ ႀကိဳးစားေနသူေတြကိုလည္း ကူညီေပးဖို႔ စီစဥ္ေနတယ္။ ျမန္မာအစိုးရကေတာ့ ၀ူဟန္ျဖစ္တုန္းက ပထမဦးဆံုး သြားႀကိဳတယ္ေပါ့။ အခုက်ေတာ့ ဘာမွ အစီအစဥ္မရွိေသးဘူးလို႕ ၾကားရေတာ့ ၀မ္းနည္းမိတယ္။ ျမန္မာႏိုင္ငံသားေတြက တရုတ္ျပည္ ၀ူဟန္မွ မဟုတ္ပါဘူး။ တကမၻာလံုးမွာ ပိတ္မိေနတာပါ။ တခ်ဳိ႕ဆို သေဘၤာေတြေပၚမွာ၊ ႏိုင္ငံတကာေလဆိပ္ေတြမွာ ပိတ္မိေနတာေတြရွိပါတယ္။ အဲဒါေတြကို ျမန္မာႏိုင္ငံေတာ္ အစိုးရအေနနဲ႔ အျမန္ဆံုးအကူအညီေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။ "

ဒါအျပင္ အခုခ်ိန္မွာ ျပည္ပကေန မိခင္ေနရပ္ႏိုင္ငံကို ျပန္လာတဲ့သူေတြအေပၚ အထင္အျမင္လဲြေနတဲ့ အျဖစ္ေတြကို ၾကည့္ၿပီး အလြန္စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ သူတို႔ဟာ ေရာဂါသယ္လာသူေတြမဟုတ္ဘူးဆိုတာကိုလည္း သိေစခ်င္ေၾကာင္း မစံပယ္ျဖဴက ဗီြအိုေအကိုေျပာပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)

------------------------------------------------------------

အီတလီမှာပိတ်မိနေတဲ့ မြန်မာတွေ ပြည်တော်ပြန်ရေး အခက်တွေ့နေ

(Unicode)

COVID-19 ကူးစက်မှု အဆိုးဆုံး နိုင်ငံတနိုင်ငံဖြစ်တဲ့ အီတလီမှာ ပိတ်မိနေတဲ့ မြန်မာပညာတော်သင် ကျောင်းသူကျောင်းသားတွေ နေရပ်ပြန်နိုင်ရေး အခြားအရှေ့တောင်အာရှနိုင်ငံတွေလိုမျိုး မြန်မာအစိုးရအနေနဲ့ မိမိရဲ့ နိုင်ငံသားတွေကို အမြန်ဆုံး အကူအညီပေးဖို့ အီတလီမြောက်ပိုင်း တက္ကသိုလ်တခုမှာ ပိတ်မိနေတဲ့ မဟာသိပ္ပံကျောင်းသူတဦးက မေတ္တာရပ်ခံလိုက်ပါတယ်။

အီတလီ မြန်မာသံရုံးကတော့ မြန်မာနိုင်ငံကို ပြန်ဖို့ရှိနေတဲ့သူတွေကိစ္စ နေပြည်တော်ကို တင်ပြထားကြောင်းနဲ့ ညွန်ကြားချက်ကို စောင့်နေကြောင်း သံရုံးဒုတိယအတွင်းဝန်က ဗွီအိုအေကို ပြောပါတယ်။ မ အင်ကြင်းနိုင်က စုစည်းတင်ပြမှာပါ။

အီတလီမြောက်ပိုင်း Padova မြို့ နည်းပညာတက္ကသိုလ်မှာ အီတလီအစိုးရ ပညာတော်သင်အစီအစဉ်နဲ့ ဇီဝဗေဒ နည်းပညာဆိုင်ရာ မဟာ သိပ္ပံဘွဲ့သင်ယူနေတဲ့ မစံပယ်ဖြူဟာအီတလီမှာ ကိုရိုနာဗိုင်းရပ်စ် ဆိုးဆိုးရွားရွား စတင်ကူးစက်တဲ့ မတ်လ ကတည်းက နေရပ် မြန်မာနိုင်ငံကို ပြန်လို့ မရပဲ ကျောင်းအဆောင်မှာ ပိတ်မိနေသူဖြစ်ပါတယ်။

"ပြန်ဖို့ အခက်အခဲရှိတာပေါ့။ အခုချိန်မှာ ကိုယ်တိုင်ပြန်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတော့ သံရုံးကို ပြန်ဖို့ အကူအညီတောင်းထားပါတယ်။ သံရုံးကလည်း အခုချိန်မှာ အထက်ကို တင်ပြထားတယ်လို့ ပြောပါတယ်။ နောက် အခုချိန်မှာ အသွားအလာ အခက်အခဲတွေကလည်း ကန့်သတ်ထားတယ် ဆိုတော့ ချက်ချင်းစီစဉ်ပေးနိုင်လို့ မဖြစ်နိုင်သေးဘူးလို့ အကြောင်းပြန်ထားပါတယ်။"

သူတို့ကျောင်းမှာတက်နေကြတဲ့ ကျောင်းသူ၊ ကျောင်းသားအားလုံး နီးပါး နေရပ်အသီးသီးကို ပြန်ကုန်ကြပြီဖြစ်တာကြောင့် သူတို့အဆောင်မှာ သူအပါအဝင်နိုင်ငံတကာ ကျောင်းသူ၊ ကျောင်းသား သုံးဦးသာ ကျန်တော့တယ်လို့ ဆိုပါတယ်။

သူ့အပြင် အီတလီမှာရှိနေတဲ့ အခြားပညာတော်သင် မြန်မာကျောင်းသူ၊ ကျောင်းသားတချို့နဲ့ Genoa မြို့မှာ ပိတ်မိနေတဲ့ မြန်မာသင်္ဘောသား အယောက် ၂၀ လောက်ရှိနေတယ်လို့ မစံပယ်ဖြူက ပြောပါတယ်။ လက်ရှိ အီတလီမှာ မြန်မာနိုင်ငံသား ၃၀၀ ကျော် လောက်ရှိနေပြီး သူတို့အထဲက နေရပ်ကို ပြန်ဖို့ မြန်မာသံရုံးကို ဆက်သွယ်အကြောင်းကြားလာသူတွေကို အကူအညီပေးနိုင်ရေး နေပြည်တော်အစိုးရဘက်ကို တင်ပြထားကြောင်း ရောမမြို့ မှာရှိတဲ့ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဒေါ်လွင်လွင်မိုးက ဗွီအိုအေကို ပြောပါတယ်။

"လောလောဆယ် အီတလီအစိုးရကနေပြီး ထုတ်ပြန်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးဖို့ ပြောထားပါတယ်။ အီတလီ သင်္ဘောသားတွေနဲ့ ပတ်သက်ပြီးတော့ အီတလီ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း ကျမတို့ ဆက်သွယ် အကြောင်းကြားထားပါတယ်။ နောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို အကြောင်းကြားထားတာတွေ လည်း ရှိပါတယ်။ လောလောဆယ် ချက်ချင်းလက်ငင်း ခေါ်ယူဖို့က မဖြစ်နိုင်သေးပါဘူး။ သူတို့ရဲ့အခက်အခဲ တင်ပြလာတာတွေကိုတော့ အထက်ကို တင်ပြထားပါတယ်။နောက်ပြီးတော့ အခြေအနေ အနေအထားအရ ချက်ချင်းလက်ငင်းတော့ မဖြစ်နိုင်ဘူးပေါ့နော်။ "

ဒါအပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေနဲ့ ပတ်သက်တဲ့ အီတလီ နဲ့ မြန်မာအစိုးရတွေရဲ့ထုတ်ပြန်ချက်တွေ၊ ခရီးသွားလာခွင့် ဆိုင်ရာ ကန့်သတ်ချက်တွေကိုလည်း အချိန်နဲ့ တပြေးညီ မြန်မာသံရုံး အင်တာနက်စာမျက်နှာကနေ အသိပေးနေတယ်လို့ ဒေါ်လွင်လွင်မိုးက ဆိုပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှု ဆိုးဆိုးရွားရွားခံခဲ့ရတဲ့ အီတလီမှာ တက္ကသိုလ်ကျောင်းတွေရဲ့ ဒီနှစ် စာသင်နှစ် ကိုလည်း ပိတ်လိုက်တဲ့အတွက် သူတို့အနေနဲ့ နေရပ် မြန်မာနိုင်ငံကို ပြန်ဖို့ပဲ ရှိတဲ့အခြေအနေကို ရောက်နေကြောင်း မစံပယ်ဖြူက ပြောပါတယ်။

အီတလီ အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အဆိုးရွားဆုံး (၈) နိုင်ငံက ပြန်လာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စစ်ဆေးချက်အပါအဝင် ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေ ရှိဖို့ လိုအပ်ကြောင်း မြန်မာအစိုးရက ညွန်ကြားထားတာပါ။ ဒီညွန်ကြားချက်အတိုင်း ဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိဘူးဆိုတဲ့ စစ်ဆေးစာနဲ့ ကျန်းမာရေး ထောက်ခံချက်တွေကို တက္ကသိုလ်ဆေးရုံကနေ ရရှိထားပြီဖြစ်တယ်လို့ မစံပယ်ဖြူက အခုလို ပြောပါတယ်။

" မြန်မာနိုင်ငံမှာ ပြည်ဝင်ခွင့် ပြန်ဖွင့်မယ့် အချိန်အတွက် သမီးကတော့ အဆင်သင့်လုပ်ထားပါတယ်။ ကိုဗစ်မရှိဘူးဆိုတဲ့ စစ်ဆေးချက် ဆေးမှတ်တမ်းနဲ့ အခြား ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေ အားလုံးကို အဆင်သင့်လုပ်ထားပါတယ်။ တကယ်လို့ စီစဉ်ပြီးတော့ ပြည်ဝင်ခွင့် ဖွင့်တဲ့နေ့ကို စောင့်ရမယ်ပေါ့"

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်တဲ့ ဝူဟန်မြို့က မြန်မာပညာတော်သင်ကျောင်းသူ၊ ကျောင်းသားတွေကို မြန်မာအစိုးရက ခေါ်ယူစီစဉ်သလိုမျိုး ကမ္ဘာ့အနှံ နေရာအမျိုးမျိုးမှာ ပိတ်မိနေတဲ့ မြန်မာနိုင်ငံသားတွေကို အခြားအရှေ့တောင်အာရှနိုင်ငံတွေလိုမျိုး မြန်မာအစိုးရအနေနဲ့ ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်နိုင်ရေး စီစဉ်ပေးဖို့ မစံပယ်ဖြူက အခုလို မေတ္တာရပ်ခံခဲ့ပါတယ်။

"အခုဆိုရင် ဖိလစ်ပိုင်ကလည်း သူတို့နိုင်ငံသားအကုန်လုံးကို လက်ခံတယ်ပေါ့။ ပြန်လာဖို့ ကြိုးစားနေသူတွေကိုလည်း ကူညီပေးဖို့ စီစဉ်နေတယ်။ မြန်မာအစိုးရကတော့ ဝူဟန်ဖြစ်တုန်းက ပထမဦးဆုံး သွားကြိုတယ်ပေါ့။ အခုကျတော့ ဘာမှ အစီအစဉ်မရှိသေးဘူးလို့ ကြားရတော့ ဝမ်းနည်းမိတယ်။ မြန်မာနိုင်ငံသားတွေက တရုတ်ပြည် ဝူဟန်မှ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ပိတ်မိနေတာပါ။ တချို့ဆို သင်္ဘောတွေပေါ်မှာ၊ နိုင်ငံတကာလေဆိပ်တွေမှာ ပိတ်မိနေတာတွေရှိပါတယ်။ အဲဒါတွေကို မြန်မာနိုင်ငံတော် အစိုးရအနေနဲ့ အမြန်ဆုံးအကူအညီပေးဖို့ တောင်းဆိုချင်ပါတယ်။ "

ဒါအပြင် အခုချိန်မှာ ပြည်ပကနေ မိခင်နေရပ်နိုင်ငံကို ပြန်လာတဲ့သူတွေအပေါ် အထင်အမြင်လွဲနေတဲ့ အဖြစ်တွေကို ကြည့်ပြီး အလွန်စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သူတို့ဟာ ရောဂါသယ်လာသူတွေမဟုတ်ဘူးဆိုတာကိုလည်း သိစေချင်ကြောင်း မစံပယ်ဖြူက ဗွီအိုအေကိုပြောပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/italy-in-myanmar-/5371974.html
အီတလီမွာ ပိတ္မိေနတဲ့ ျမန္မာေတြ ျပည္ေတာ္ျပန္ေရး အခက္ေတြ႔ေန အီတလီမွာ ပိတ္မိေနတဲ့ ျမန္မာေတြ ျပည္ေတာ္ျပန္ေရး အခက္ေတြ႔ေန Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.