ေ႐ြးေကာက္ပြဲအစီအစဥ္ ေၾကညာဖို႔ ေကာ္မရွင္ကို ႏိုင္ငံေရးသမားမ်ား ေတာင္းဆို

(Zawgyi)⤵⤵⤵
၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲက်င္းပျဖစ္၊ မျဖစ္ကို ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ဒီရက္ပိုင္းအတြင္း တရားဝင္ေၾကညာေပးဖို႔ အခ်ိန္ေရာက္ၿပီလို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ႏိုင္ငံေရးပါတီေတြ နဲ႔ ေ႐ြးေကာက္ပြဲေစာင့္ၾကည့္အဖြဲ႕ေတြက ေျပာၾကပါတယ္။

ကို႐ိုနာဗိုင္းရပ္ပ်ံ႕ပြားေနခ်ိန္ျဖစ္လို႔ ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္ ႀကိဳတင္ျပင္ဆင္ရမယ့္အပိုင္းေတြရွိသလို မက်င္းပျဖစ္ရင္လည္း လႊတ္ေတာ္သက္တမ္းမကုန္ခင္ ဥပေဒအရ လိုအပ္တဲ့ျဖည့္စြက္မႈေတြလုပ္ေဆာင္ဖို႔ လိုတာမို႔ ေကာ္မရွင္က ေ႐ြးေကာက္ပြဲက်င္းပမယ့္အခ်ိန္ကို ေၾကညာဖို႔လိုၿပီလို႔ ေျပာၾကပါတယ္။

ကပ္ေရာဂါေၾကာင့္ ေ႐ြးေကာက္ပြဲေနာက္ဆုတ္မယ္ဆိုရင္ လႊတ္ေတာ္သက္တမ္းနဲ႔ ပတ္သက္လို႔ ဥပေဒအရ လိုအပ္တဲ့ျပင္ဆင္ခ်က္ေတြကို ေဆာင္႐ြက္ဖို႔လိုတယ္လို႔ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒၚခင္ေစာေဝ ကေျပာပါတယ္။

“လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ငါးႏွစ္သက္တမ္းပဲရွိတယ္။ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ က်မ္းသစၥာက်ိန္ရ တယ္။ မေတာ္တဆ ဒါမ်ိဳးေတြမလုပ္ႏိုင္ခဲ့ဘူးဆိုရင္ ဥပေဒတစ္ခုခုရွိသင့္တယ္လို႔ ျမင္တယ္။ ဥပေဒတစ္ခုေရးဆြဲဖို႔ စဥ္းစားသင့္တယ္လို႔ ေျပာခ်င္ပါတယ္။”

ဖြဲ႕စည္းပုံအေျခခံဥပေဒအရ လႊတ္ေတာ္သက္တမ္း ၅ ႏွစ္ ျဖစ္လို႔ လာမယ့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ ၃၁ ရက္ေန႔ ဆိုရင္ ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္း ကုန္ဆုံးပါၿပီ။

လုပ္ထုံးလုပ္နည္းအရ လက္ရွိလႊတ္ေတာ္သက္တမ္းမကုန္ခင္မွာ အေထြေထြေ႐ြးေကာက္ပြဲက်င္းပၿပီး ျပည္ေထာင္စုလႊတ္ေတာ္အသစ္ကေန သမၼတ၊ ဒုသမၼတေတြကို ေ႐ြးေကာက္တင္ေျမႇာက္မွာျဖစ္ပါတယ္။

အဲလိုမျဖည့္စြက္ႏိုင္ရင္ေတာ့ အေထြေထြေ႐ြးေကာက္ပြဲ မက်င္းပႏိုင္ခင္ ၾကားကာလမွာ လႊတ္ေတာ္မရွိဘဲ ျဖစ္သြားမွာပါ။

ေ႐ြးေကာက္ပြဲက်င္းပမယ္ဆိုရင္လည္း မဲဆႏၵရွင္စာရင္း ေကာက္ယူတာ၊ ေၾကညာတာ၊ မဲဆြယ္တာ၊ အသိပညာ ေပးတာေတြကို ကပ္ေရာဂါကူးစက္ပ်ံပြားႏိုင္တဲ့ အေျခအေနေတြကေန ကင္းေဝးေအာင္ေဆာင္႐ြက္ဖို႔ အစိုးရ အပါအဝင္ ပါတီေတြ၊ ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္အဖြဲ႕ေတြအတြက္ ျပင္ဆင္ဖို႔ လိုအပ္ေနပါတယ္။

ဒါေၾကာင့္ ေ႐ြးေကာက္ပြဲဘယ္အခ်ိန္မွာ က်င္းပမယ္ဆိုတဲ့ ေကာ္မရွင္ရဲ႕ ဆုံးျဖတ္ခ်က္ကို အားလုံးက သိလိုေနၾကပါတယ္။ ေကာ္မရွင္ဘက္က တစ္စုံတစ္ရာ အသိေပးတာမရွိေသးပါဘူး။

ေကာ္မရွင္ကိုေမးျမန္းလိုတာေတြရွိလို႔ တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခြင့္ရေအာင္ ႀကိဳးပမ္းေနတယ္လို႔ ေ႐ြးေကာက္ ပြဲဆိုင္ရာ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ က ေျပာ ပါတယ္။

“ျပင္ဆင္ရမွာအမ်ားႀကီးပဲ ဆက္လုပ္သည္ျဖစ္ေစ၊ ေ႐ႊ႕ဆိုင္းသည္ျဖစ္ေစ။ အဲဒါကို ကြၽန္ေတာ္တို႔ ေဆြးေႏြးလို တာပါ။ အနီးနားေရာက္မွ ေဆြးေႏြးမယ္ဆိုရင္ ႏိုင္ငံေရးအရလည္း ျပႆနာရွိတယ္။ ႏိုင္ငံေရးအရ ယုံၾကည္မႈေပါ့။ အဲဒါကို ေဆြးေႏြးခ်င္လို႔ ေကာ္မရွင္နဲ႔ appointment ယူေနတာ၊ တကယ္လို႔ ေ႐ႊ႕ဆိုင္းမယ္ဆိုရင္လည္း ေကာ္ မရွင္နဲ႔အစိုးရက တဖက္သတ္ ကြၽန္ေတာ္တို႔ ကို႐ိုနာဗိုင္းရပ္ျဖစ္ေနတဲ့အတြက္ ေ႐ြးေကာက္ပြဲေ႐ႊ႕ဆိုင္းလိုက္တယ္ ဆိုတဲ့ ဆုံးျဖတ္ခ်က္မ်ိဳးနဲ႔ဆိုရင္ အႏၲရာယ္ရွိတယ္လို႔ ယူဆတယ္။”

ေကာ္မရွင္အေနနဲ႔ ကပ္ေရာဂါအေျခအေနအရ ေ႐ႊ႕ဆိုင္းမယ္ဆိုရင္ ႏိုင္ငံေရးပါတီေတြနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ ေဆြးေႏြးၿပီးမွ ဆုံးျဖတ္သင့္ၿပီး လုပ္ပိုင္ခြင့္အရ ညႇိႏႈိင္းမႈမရွိဘဲ ေဆာင္႐ြက္မယ္ဆိုရင္ အာဏာဆက္လက္ စြဲကိုင္ထားမႈနဲ႔ အစိုးရကို စြပ္စြဲေျပာဆိုတာလို မလိုလားအပ္တဲ့ တျခားႏိုင္ငံေရးျပႆနာေတြ ရွိလာႏိုင္တယ္လို႔ သူက ေထာက္ျပပါတယ္။

ေကာ္မရွင္ဟာ လုပ္ပိုင္ခြင့္အစီအမံေတြကို ပြင့္လင္းျမင္သာစြာခ်ျပဖို႔ ပ်က္ကြက္ေနတယ္လို႔ျမင္ေၾကာင္း ႀကံခိုင္ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ နႏၵာလွျမင့္ ကေျပာပါတယ္။

“လုပ္မယ္မလုပ္ဘူးဆိုတဲ့ ေကာ္မရွင္ရဲ႕ လုပ္ပိုင္ခြင့္ေပၚမွာ ကြၽန္ေတာ္တို႔ အျငင္းမပြားလိုဘူး။ ေကာ္မရွင္အေနနဲ႔ ႀကိဳတင္စီမံဖို႔လိုမယ္။ ပုံမွန္အတိုင္းလုပ္မယ္ဆိုရင္လည္းလုပ္မယ္။ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေ႐ႊ႕ဆိုင္းရ မယ္ဆိုရင္လည္း ေ႐ႊ႕ဆိုင္းရမယ္။ အဲအတြက္ ဥပေဒကို ဘယ္လိုျပင္မယ္။ ဘယ္လိုညႇိႏႈိင္းေဆာင္႐ြက္မယ္။ ဘယ္လိုလုပ္မယ္ဆိုတာ ကြၽန္ေတာ္တို႔က ဘာမွမသိရဘူးျဖစ္ေနတာ။ ဘာမွလည္း မေျပာဘူး။ ကိုယ့္စိတ္ကူး နဲ႔ကိုယ္ ႀကိဳေတြးၿပီးေတာ့ ျပင္ေနရတာ၊ တကယ္တမ္းက်ေတာ့ ေကာ္မရွင္က ကြၽန္ေတာ္တို႔ကို ႀကိဳတင္ျပင္ဆင္ဖို႔ ဘာသတင္းစကားမွ မေပးဘူး။ ေကာ္မရွင္က သူရဲ႕လုပ္ရမယ့္လုပ္ငန္းေတြ ပ်က္ကြက္ေနတဲ့ ပုံစံမ်ိဳးျဖစ္ေနၿပီ။”

ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြကိုျပန္ၾကည့္မယ္ဆိုရင္ ၂၀၁၅ ႏိုဝင္ဘာမွာ က်င္းပမယ့္ အေထြေထြေ႐ြးေကာက္ပြဲ အတြက္ ေကာ္မရွင္က ေ႐ြးေကာက္ပြဲမတိုင္ခင္ ၁ ႏွစ္ေက်ာ္အလိုကတည္းက က်င္းပမယ့္လကို ႀကိဳတင္အသိေပး ခဲ့ပါတယ္။

၂၀၁၇ ၾကားျဖတ္နဲ႔ ၂၀၁၈ ၾကားျဖတ္ေ႐ြးေကာက္ပြဲေတြကိုေတာ့ ေ႐ြးေကာက္ပြဲမက်င္းပခင္ ၆ လ ခန႔္အလိုမွာ ႀကိဳတင္ေၾကညာခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္ေရာဂါ ပ်ံ႕ပြားမႈ အေျခအေနေတြေၾကာင့္ ေ႐ြးေကာက္ပြဲေနာက္ဆုတ္ႏိုင္ေျခရွိတယ္လို႔ NLD ပါတီရဲ႕ ဗဟိုျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး မုံ႐ြာေအာင္ရွင္က သူရဲ႕ အျမင္ကို ေျပာပါတယ္။

“၆ လေလာက္ႀကိဳၿပီးေတာ့ အေၾကာင္းၾကားရတယ္။ ပါတီဘက္ကလည္း ေ႐ြးေကာက္ပြဲအတြက္ ႀကိဳျပင္ဆင္ တာေတြကို လုပ္ၾကရတာရွိတယ္။ ကိုယ္စားလွယ္ေ႐ြးဖို႔ကိစၥေတြဆိုရင္ ဇြန္လေလာက္ဆိုရင္ အၿပီးသတ္ ေ႐ြးရမယ္ဆိုတဲ့ အစီစဥ္ေလးေတြရွိတယ္။ အခုအတိုင္းဆိုရင္ ဘယ္လိုမွမျဖစ္ႏိုင္ဘူး။ ကိုဗစ္ -၁၉ ျပႆနာနဲ႔ပဲ အခ်ိန္ေနာက္မ်ားဆုတ္မလား မသိဘူးေလ။ ဒါ ကြၽန္ေတာ္ တစ္ဦးခ်င္း အျမင္ေျပာတာပါ။”

ေ႐ြးေကာက္ပြဲေကာ္မရွင္အေနနဲ႔ တစ္ျပည္လုံးက ၿမိဳ႕နယ္ေပါင္း ၃၃၀ မွာ ေ႐ြးေကာက္ပြဲက်င္းပႏိုင္ေရး  ေဆာင္႐ြက္ေနတယ္လို႔ ေျပာထားဖူးပါတယ္။

ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ကို ပြင့္လင္းျမင္သာမႈ အားနည္းတဲ့ဆိုတဲ့ ေဝဖန္မႈေတြလည္းရွိေနပါတယ္။ ေ႐ြးေကာက္ပြဲနဲ႔ ပတ္သက္လို႔ စီစဥ္ေဆာင္႐ြက္ထားမႈေတြကို သိႏိုင္ေအာင္ ေကာ္မရွင္ ဥကၠ႒ ဦးလွသိန္း ကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါဘူး။

ေဝမာထြန္း / RFA Burmese
---------------------------------------
(Unicode)⤵⤵⤵
ရွေးကောက်ပွဲအစီအစဉ် ကြေညာဖို့ ကော်မရှင်ကို နိုင်ငံရေးသမားများ တောင်းဆို

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကျင်းပဖြစ်၊ မဖြစ်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဒီရက်ပိုင်းအတွင်း တရားဝင်ကြေညာပေးဖို့ အချိန်ရောက်ပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ နဲ့ ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့တွေက ပြောကြပါတယ်။

ကိုရိုနာဗိုင်းရပ်ပျံ့ပွားနေချိန်ဖြစ်လို့ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် ကြိုတင်ပြင်ဆင်ရမယ့်အပိုင်းတွေရှိသလို မကျင်းပဖြစ်ရင်လည်း လွှတ်တော်သက်တမ်းမကုန်ခင် ဥပဒေအရ လိုအပ်တဲ့ဖြည့်စွက်မှုတွေလုပ်ဆောင်ဖို့ လိုတာမို့ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ့်အချိန်ကို ကြေညာဖို့လိုပြီလို့ ပြောကြပါတယ်။

ကပ်ရောဂါကြောင့် ရွေးကောက်ပွဲနောက်ဆုတ်မယ်ဆိုရင် လွှတ်တော်သက်တမ်းနဲ့ ပတ်သက်လို့ ဥပဒေအရ လိုအပ်တဲ့ပြင်ဆင်ချက်တွေကို ဆောင်ရွက်ဖို့လိုတယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ကပြောပါတယ်။

“လွှတ်တော်ကိုယ်စားလှယ်များသည် ငါးနှစ်သက်တမ်းပဲရှိတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျမ်းသစ္စာကျိန်ရ တယ်။ မတော်တဆ ဒါမျိုးတွေမလုပ်နိုင်ခဲ့ဘူးဆိုရင် ဥပဒေတစ်ခုခုရှိသင့်တယ်လို့ မြင်တယ်။ ဥပဒေတစ်ခုရေးဆွဲဖို့ စဉ်းစားသင့်တယ်လို့ ပြောချင်ပါတယ်။”

ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်သက်တမ်း ၅ နှစ် ဖြစ်လို့ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ ဆိုရင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ကုန်ဆုံးပါပြီ။

လုပ်ထုံးလုပ်နည်းအရ လက်ရှိလွှတ်တော်သက်တမ်းမကုန်ခင်မှာ အထွေထွေရွေးကောက်ပွဲကျင်းပပြီး ပြည်ထောင်စုလွှတ်တော်အသစ်ကနေ သမ္မတ၊ ဒုသမ္မတတွေကို ရွေးကောက်တင်မြှောက်မှာဖြစ်ပါတယ်။

အဲလိုမဖြည့်စွက်နိုင်ရင်တော့ အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်ခင် ကြားကာလမှာ လွှတ်တော်မရှိဘဲ ဖြစ်သွားမှာပါ။

ရွေးကောက်ပွဲကျင်းပမယ်ဆိုရင်လည်း မဲဆန္ဒရှင်စာရင်း ကောက်ယူတာ၊ ကြေညာတာ၊ မဲဆွယ်တာ၊ အသိပညာ ပေးတာတွေကို ကပ်ရောဂါကူးစက်ပျံပွားနိုင်တဲ့ အခြေအနေတွေကနေ ကင်းဝေးအောင်ဆောင်ရွက်ဖို့ အစိုးရ အပါအဝင် ပါတီတွေ၊ ရွေးကောက်ပွဲ စောင့်ကြည့်အဖွဲ့တွေအတွက် ပြင်ဆင်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲဘယ်အချိန်မှာ ကျင်းပမယ်ဆိုတဲ့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အားလုံးက သိလိုနေကြပါတယ်။ ကော်မရှင်ဘက်က တစ်စုံတစ်ရာ အသိပေးတာမရှိသေးပါဘူး။

ကော်မရှင်ကိုမေးမြန်းလိုတာတွေရှိလို့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ရအောင် ကြိုးပမ်းနေတယ်လို့ ရွေးကောက် ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင် ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က ပြော ပါတယ်။

“ပြင်ဆင်ရမှာအများကြီးပဲ ဆက်လုပ်သည်ဖြစ်စေ၊ ရွှေ့ဆိုင်းသည်ဖြစ်စေ။ အဲဒါကို ကျွန်တော်တို့ ဆွေးနွေးလို တာပါ။ အနီးနားရောက်မှ ဆွေးနွေးမယ်ဆိုရင် နိုင်ငံရေးအရလည်း ပြဿနာရှိတယ်။ နိုင်ငံရေးအရ ယုံကြည်မှုပေါ့။ အဲဒါကို ဆွေးနွေးချင်လို့ ကော်မရှင်နဲ့ appointment ယူနေတာ၊ တကယ်လို့ ရွှေ့ဆိုင်းမယ်ဆိုရင်လည်း ကော် မရှင်နဲ့အစိုးရက တဖက်သတ် ကျွန်တော်တို့ ကိုရိုနာဗိုင်းရပ်ဖြစ်နေတဲ့အတွက် ရွေးကောက်ပွဲရွှေ့ဆိုင်းလိုက်တယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးနဲ့ဆိုရင် အန္တရာယ်ရှိတယ်လို့ ယူဆတယ်။”

ကော်မရှင်အနေနဲ့ ကပ်ရောဂါအခြေအနေအရ ရွှေ့ဆိုင်းမယ်ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီးမှ ဆုံးဖြတ်သင့်ပြီး လုပ်ပိုင်ခွင့်အရ ညှိနှိုင်းမှုမရှိဘဲ ဆောင်ရွက်မယ်ဆိုရင် အာဏာဆက်လက် စွဲကိုင်ထားမှုနဲ့ အစိုးရကို စွပ်စွဲပြောဆိုတာလို မလိုလားအပ်တဲ့ တခြားနိုင်ငံရေးပြဿနာတွေ ရှိလာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။

ကော်မရှင်ဟာ လုပ်ပိုင်ခွင့်အစီအမံတွေကို ပွင့်လင်းမြင်သာစွာချပြဖို့ ပျက်ကွက်နေတယ်လို့မြင်ကြောင်း ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် ကပြောပါတယ်။

“လုပ်မယ်မလုပ်ဘူးဆိုတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ပေါ်မှာ ကျွန်တော်တို့ အငြင်းမပွားလိုဘူး။ ကော်မရှင်အနေနဲ့ ကြိုတင်စီမံဖို့လိုမယ်။ ပုံမှန်အတိုင်းလုပ်မယ်ဆိုရင်လည်းလုပ်မယ်။ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းရ မယ်ဆိုရင်လည်း ရွှေ့ဆိုင်းရမယ်။ အဲအတွက် ဥပဒေကို ဘယ်လိုပြင်မယ်။ ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်။ ဘယ်လိုလုပ်မယ်ဆိုတာ ကျွန်တော်တို့က ဘာမှမသိရဘူးဖြစ်နေတာ။ ဘာမှလည်း မပြောဘူး။ ကိုယ့်စိတ်ကူး နဲ့ကိုယ် ကြိုတွေးပြီးတော့ ပြင်နေရတာ၊ တကယ်တမ်းကျတော့ ကော်မရှင်က ကျွန်တော်တို့ကို ကြိုတင်ပြင်ဆင်ဖို့ ဘာသတင်းစကားမှ မပေးဘူး။ ကော်မရှင်က သူရဲ့လုပ်ရမယ့်လုပ်ငန်းတွေ ပျက်ကွက်နေတဲ့ ပုံစံမျိုးဖြစ်နေပြီ။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေကိုပြန်ကြည့်မယ်ဆိုရင် ၂၀၁၅ နိုဝင်ဘာမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အတွက် ကော်မရှင်က ရွေးကောက်ပွဲမတိုင်ခင် ၁ နှစ်ကျော်အလိုကတည်းက ကျင်းပမယ့်လကို ကြိုတင်အသိပေး ခဲ့ပါတယ်။

၂၀၁၇ ကြားဖြတ်နဲ့ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွေကိုတော့ ရွေးကောက်ပွဲမကျင်းပခင် ၆ လ ခန့်အလိုမှာ ကြိုတင်ကြေညာခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်ရောဂါ ပျံ့ပွားမှု အခြေအနေတွေကြောင့် ရွေးကောက်ပွဲနောက်ဆုတ်နိုင်ခြေရှိတယ်လို့ NLD ပါတီရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာအောင်ရှင်က သူရဲ့ အမြင်ကို ပြောပါတယ်။

“၆ လလောက်ကြိုပြီးတော့ အကြောင်းကြားရတယ်။ ပါတီဘက်ကလည်း ရွေးကောက်ပွဲအတွက် ကြိုပြင်ဆင် တာတွေကို လုပ်ကြရတာရှိတယ်။ ကိုယ်စားလှယ်ရွေးဖို့ကိစ္စတွေဆိုရင် ဇွန်လလောက်ဆိုရင် အပြီးသတ် ရွေးရမယ်ဆိုတဲ့ အစီစဉ်လေးတွေရှိတယ်။ အခုအတိုင်းဆိုရင် ဘယ်လိုမှမဖြစ်နိုင်ဘူး။ ကိုဗစ် -၁၉ ပြဿနာနဲ့ပဲ အချိန်နောက်များဆုတ်မလား မသိဘူးလေ။ ဒါ ကျွန်တော် တစ်ဦးချင်း အမြင်ပြောတာပါ။”

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တစ်ပြည်လုံးက မြို့နယ်ပေါင်း ၃၃၀ မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး  ဆောင်ရွက်နေတယ်လို့ ပြောထားဖူးပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ပွင့်လင်းမြင်သာမှု အားနည်းတဲ့ဆိုတဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စီစဉ်ဆောင်ရွက်ထားမှုတွေကို သိနိုင်အောင် ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/program_2/politician-want-to-know-uec-election-proces-04272020010256.html
ေ႐ြးေကာက္ပြဲအစီအစဥ္ ေၾကညာဖို႔ ေကာ္မရွင္ကို ႏိုင္ငံေရးသမားမ်ား ေတာင္းဆို ေ႐ြးေကာက္ပြဲအစီအစဥ္ ေၾကညာဖို႔ ေကာ္မရွင္ကို ႏိုင္ငံေရးသမားမ်ား ေတာင္းဆို Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.