ကို႐ိုနာကာလမွာ အလုပ္လက္မဲ့ ေျခာက္ေသာင္းေက်ာ္ရွိလာ

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ေရာဂါအျပင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာႏိုင္ငံက စက္႐ုံ၊ အလုပ္႐ုံေတြ ပိတ္သိမ္းရၿပီး အလုပ္သမား ေျခာက္ေသာင္းေက်ာ္ အလုပ္လက္မဲ့ျဖစ္ေနၿပီလို႔ အလုပ္သမားဝန္ႀကီးဌာနက ေျပာပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားတဲ့အတြက္ အလုပ္သမားအမ်ားစု သူတို႔ရဲ႕စားဝတ္ေနေရး အၾကပ္အတည္း ကာလကို ျဖတ္သန္းေနရပါၿပီ။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး  ျမန္မာႏိုင္ငံမွာ ေတြ႕ရွိတဲ့အခ်ိန္ လပိုင္းပဲ ရွိေနေသးေပမယ့္ အေျခခံလူတန္းစား စက္႐ုံလုပ္သားေတြမွာေတာ့ စားဝတ္ေနေရးဆိုတဲ့ အၾကပ္အတည္း ရင္ဆိုင္ေနရပါၿပီ။

အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ စက္႐ုံအမ်ားအျပား ပိတ္လိုက္ရတာေၾကာင့္ အလုပ္သမား ေျခာက္ေသာင္းေက်ာ္ ကေတာ့ အလုပ္လက္မဲ့ျဖစ္သြားၿပီလို႔ အလုပ္သမား လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္းအတြင္းဝန္ ဦးမ်ိဳးေအာင္က ေျပာပါတယ္။

အလုပ္သမားေတြအတြက္ လူမႈဖူလုံေရးေထာက္ပံ့မႈအပိုင္းကို အလုပ္သမားဝန္ႀကီးဌာန အေနနဲ႔ အပိုင္း ႏွစ္ပိုင္းနဲ႔ ကူညီေပးသြားဖို႔  ညႇိႏႈိင္းေဆာင္႐ြက္သားမယ္လို႔  ေျပာပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားသူေတြဟာ မူလေနထိုင္ရာေဒသေတြကို မျပန္ႏိုင္ၾကေသးတဲ့ကာလမွာ ဝင္ေငြရွိတဲ့အတြက္ အိမ္ငွားမေနႏိုင္ၾကေတာ့ဘူးလို႔ လႈိင္သာယာစက္မႈဇုံက အလုပ္သမား မသန္းသန္းစိုးက ေျပာပါတယ္။

ဧရာဝတီတိုင္း ေျမာင္းျမကေန ရန္ကုန္မွာအလုပ္လာလုပ္တဲ့ မေဝေဝေအာင္က အလုပ္နားလိုက္ရတဲ့ အခ်ိန္ကစၿပီး ေန႔စဥ္စားေသာက္ဖို႔အတြက္ ေငြေခ်း၊ အေႂကြးဝယ္စားၿပီး ေနေနရတယ္လို႔ ေျပာပါတယ္။

ရပ္ကြက္ေတြအတြင္း အစိုးရကေထာက္ပံ့တဲ့ ပစၥည္းေတြကိုလည္း မရသလို ေထာက္ပံ့ေရးပစၥည္း ေဝငွသူေတြ ဟာလည္း သူတို႔ေနထိုင္တဲ့ လႈိင္သာယာ စမ္းေခ်ာင္းရပ္ကြက္ကို မေရာက္ဘူးလို႔ ေျပာပါတယ္။

ဧရာဝတီတိုင္းက ပုသိမ္စက္မႈဇုံနဲ႔ ကန္ႀကီးေထာင့္စက္႐ုံအပါအဝင္ စက္႐ုံ ကိုး႐ုံက အလုပ္သမား တစ္ေသာင္းခြဲ ထဲက ေလးေထာင္ေက်ာ္ အလုပ္လက္မဲ့ ျပႆနာကို ရင္ဆိုင္ေနၾကရပါတယ္။

ဧရာဝတီတိုင္းအတြင္းက အလုပ္သမားေတြကို အားေပးေထာက္ပံ့မယ့္သူ မရွိဘူးလို႔ အလုပ္သမားအခ်င္းခ်င္း ႐ိုင္းပင္ကူညီေပးေရးအဖြဲ႕ LHEO အျငင္းပြားေရး ေျဖရွင္းမႈ တာဝန္ခံ မခခက ေျပာပါတယ္။

လက္ရွိမွာေတာ့ စက္႐ုံ ပုသိမ္စက္မႈဇုံက စက္႐ုံ ရွစ္႐ုံကို ဖြင့္လွစ္ႏိုင္ဖို႔အတြက္ သက္ဆိုင္ရာ ဌာနေတြက စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။

အလုပ္လက္မဲ့ျဖစ္သြားတဲ့ အထည္ခ်ဳပ္စက္႐ုံ အလုပ္သမားေတြအတြက္ ဥေရာပသမဂၢ EU ကေန ယူ႐ို ငါးသန္း ကူညီေပးသြားမွာျဖစ္ၿပီး အလုပ္လက္မဲ့ ျဖစ္သြားသူေတြကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားသမဂၢမ်ားအဖြဲ႕ခ်ဳပ္ CTUM က အခ်က္အလက္ ေကာက္ယူေပးၿပီး Wave Money ကေန တိုက္႐ိုက္ေငြလႊဲေပးမွာ ျဖစ္ပါတယ္။

လာမယ့္ ေမလမွာ အလုပ္သမားေတြဆီကို ေပးႏိုင္ေအာင္လုပ္ေဆာင္ေနတယ္လို႔ CTUM ဥကၠ႒ ဦးေမာင္ေမာင္ က ေျပာပါတယ္။

ျပန္လည္ဖြင့္လွစ္မယ့္ စက္႐ုံေတြအတြက္ က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအရ အလုပ္လာဆင္းသူ ေတြကို က်န္းမာေရးစစ္ေဆးမႈေတြ လုပ္ေဆာင္ၿပီးမွသာ စက္႐ုံဖြင့္လွစ္ရမယ္လို႔ ေျပာပါတယ္။

အစိုးရရဲ႕ ထုတ္ေဖာ္ေျပာၾကားခ်က္အရ အလုပ္သမား ေျခာက္ေသာင္းေက်ာ္ အလုပ္လက္မဲ့ျဖစ္ေနရတယ္လို႔ သိရၿပီး ပိတ္သိမ္းရတဲ့ စက္႐ုံ၊ အလုပ္႐ုံေပါင္း အေရအတြက္ကိုေတာ့ အစိုးရနဲ႔ အလုပ္သမားအေရး လုပ္ေဆာင္ ေပးေနသူေတြက ထုတ္ေဖာ္ေျပာဆိုတာ မရွိပါဘူး။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အႏၲရာယ္ေၾကာင့္ အထည္ခ်ဳပ္လုပ္ငန္းက႑က အလုပ္သမား ခုႏွစ္သိန္းထဲက သုံးေသာင္းခြဲေလာက္ဟာ လစာမရဘဲ အလုပ္နားရမယ့္ အေျခအေန ရွိေနပါတယ္။ EU ရဲ႕ အေရးေပၚရန္ပုံေငြထဲက ရွစ္ေသာင္းေက်ာ္ကို ကူညီေပးႏိုင္ဖို႔ ရည္႐ြယ္ထားၿပီး အျခားေသာ လုပ္ငန္းစုေတြနဲ႔ အေျခခံလူတန္းစားေတြ အတြက္လည္း ကူညီေထာက္ပံ့ေပးဖို႔ အစီအစဥ္ေတြ ရွိတယ္လို႔ EU က ထုတ္ျပန္ေၾကညာထားပါတယ္။

ျဖဴျဖဴခိုင္ / RFA Burmese
--------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာကာလမှာ အလုပ်လက်မဲ့ ခြောက်သောင်းကျော်ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ရောဂါအပြင် အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံက စက်ရုံ၊ အလုပ်ရုံတွေ ပိတ်သိမ်းရပြီး အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေပြီလို့ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့အတွက် အလုပ်သမားအများစု သူတို့ရဲ့စားဝတ်နေရေး အကြပ်အတည်း ကာလကို ဖြတ်သန်းနေရပါပြီ။

ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး  မြန်မာနိုင်ငံမှာ တွေ့ရှိတဲ့အချိန် လပိုင်းပဲ ရှိနေသေးပေမယ့် အခြေခံလူတန်းစား စက်ရုံလုပ်သားတွေမှာတော့ စားဝတ်နေရေးဆိုတဲ့ အကြပ်အတည်း ရင်ဆိုင်နေရပါပြီ။

အကြောင်း အမျိုးမျိုးကြောင့် စက်ရုံအများအပြား ပိတ်လိုက်ရတာကြောင့် အလုပ်သမား ခြောက်သောင်းကျော် ကတော့ အလုပ်လက်မဲ့ဖြစ်သွားပြီလို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောပါတယ်။

အလုပ်သမားတွေအတွက် လူမှုဖူလုံရေးထောက်ပံ့မှုအပိုင်းကို အလုပ်သမားဝန်ကြီးဌာန အနေနဲ့ အပိုင်း နှစ်ပိုင်းနဲ့ ကူညီပေးသွားဖို့  ညှိနှိုင်းဆောင်ရွက်သားမယ်လို့  ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားသူတွေဟာ မူလနေထိုင်ရာဒေသတွေကို မပြန်နိုင်ကြသေးတဲ့ကာလမှာ ဝင်ငွေရှိတဲ့အတွက် အိမ်ငှားမနေနိုင်ကြတော့ဘူးလို့ လှိုင်သာယာစက်မှုဇုံက အလုပ်သမား မသန်းသန်းစိုးက ပြောပါတယ်။

ဧရာဝတီတိုင်း မြောင်းမြကနေ ရန်ကုန်မှာအလုပ်လာလုပ်တဲ့ မဝေဝေအောင်က အလုပ်နားလိုက်ရတဲ့ အချိန်ကစပြီး နေ့စဉ်စားသောက်ဖို့အတွက် ငွေချေး၊ အကြွေးဝယ်စားပြီး နေနေရတယ်လို့ ပြောပါတယ်။

ရပ်ကွက်တွေအတွင်း အစိုးရကထောက်ပံ့တဲ့ ပစ္စည်းတွေကိုလည်း မရသလို ထောက်ပံ့ရေးပစ္စည်း ဝေငှသူတွေ ဟာလည်း သူတို့နေထိုင်တဲ့ လှိုင်သာယာ စမ်းချောင်းရပ်ကွက်ကို မရောက်ဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်းက ပုသိမ်စက်မှုဇုံနဲ့ ကန်ကြီးထောင့်စက်ရုံအပါအဝင် စက်ရုံ ကိုးရုံက အလုပ်သမား တစ်သောင်းခွဲ ထဲက လေးထောင်ကျော် အလုပ်လက်မဲ့ ပြဿနာကို ရင်ဆိုင်နေကြရပါတယ်။

ဧရာဝတီတိုင်းအတွင်းက အလုပ်သမားတွေကို အားပေးထောက်ပံ့မယ့်သူ မရှိဘူးလို့ အလုပ်သမားအချင်းချင်း ရိုင်းပင်ကူညီပေးရေးအဖွဲ့ LHEO အငြင်းပွားရေး ဖြေရှင်းမှု တာဝန်ခံ မခခက ပြောပါတယ်။

လက်ရှိမှာတော့ စက်ရုံ ပုသိမ်စက်မှုဇုံက စက်ရုံ ရှစ်ရုံကို ဖွင့်လှစ်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးနေတယ်လို့ ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားတဲ့ အထည်ချုပ်စက်ရုံ အလုပ်သမားတွေအတွက် ဥရောပသမဂ္ဂ EU ကနေ ယူရို ငါးသန်း ကူညီပေးသွားမှာဖြစ်ပြီး အလုပ်လက်မဲ့ ဖြစ်သွားသူတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အချက်အလက် ကောက်ယူပေးပြီး Wave Money ကနေ တိုက်ရိုက်ငွေလွှဲပေးမှာ ဖြစ်ပါတယ်။

လာမယ့် မေလမှာ အလုပ်သမားတွေဆီကို ပေးနိုင်အောင်လုပ်ဆောင်နေတယ်လို့ CTUM ဥက္ကဋ္ဌ ဦးမောင်မောင် က ပြောပါတယ်။

ပြန်လည်ဖွင့်လှစ်မယ့် စက်ရုံတွေအတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအရ အလုပ်လာဆင်းသူ တွေကို ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပြီးမှသာ စက်ရုံဖွင့်လှစ်ရမယ်လို့ ပြောပါတယ်။

အစိုးရရဲ့ ထုတ်ဖော်ပြောကြားချက်အရ အလုပ်သမား ခြောက်သောင်းကျော် အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ သိရပြီး ပိတ်သိမ်းရတဲ့ စက်ရုံ၊ အလုပ်ရုံပေါင်း အရေအတွက်ကိုတော့ အစိုးရနဲ့ အလုပ်သမားအရေး လုပ်ဆောင် ပေးနေသူတွေက ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အန္တရာယ်ကြောင့် အထည်ချုပ်လုပ်ငန်းကဏ္ဍက အလုပ်သမား ခုနှစ်သိန်းထဲက သုံးသောင်းခွဲလောက်ဟာ လစာမရဘဲ အလုပ်နားရမယ့် အခြေအနေ ရှိနေပါတယ်။ EU ရဲ့ အရေးပေါ်ရန်ပုံငွေထဲက ရှစ်သောင်းကျော်ကို ကူညီပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အခြားသော လုပ်ငန်းစုတွေနဲ့ အခြေခံလူတန်းစားတွေ အတွက်လည်း ကူညီထောက်ပံ့ပေးဖို့ အစီအစဉ်တွေ ရှိတယ်လို့ EU က ထုတ်ပြန်ကြေညာထားပါတယ်။

ဖြူဖြူခိုင် / RFA Burmese
https://www.rfa.org/burmese/news/myanmar-workers-unemployment-04272020064835.html
ကို႐ိုနာကာလမွာ အလုပ္လက္မဲ့ ေျခာက္ေသာင္းေက်ာ္ရွိလာ ကို႐ိုနာကာလမွာ အလုပ္လက္မဲ့ ေျခာက္ေသာင္းေက်ာ္ရွိလာ Reviewed by THITHTOOLWIN on 21:40 Rating: 5
Powered by Blogger.