COVID-19 ကူးစက္ေသဆံုးမႈ အျမင့္ဆံုး အေမရိကန္မွာ စီးပြားေရး ျပန္ဖြင့္


(Zawgyi / Unicode)

အေမရိကန္ျပည္ေထာင္စုက ျပည္နယ္တခ်ဳိ႕မွာ COVID-19 ကပ္ေရာဂါေၾကာင့္ သီတင္းပတ္ အေတာ္ၾကာ ပိတ္ထားတဲ့ စီးပြားေရးလုပ္ငန္းေတြကို တျဖည္းျဖည္းနဲ႔ ျပန္လည္ စတင္ဖြင့္ေပးေနပါတယ္။

ဒါေပမယ့္လည္း ကမၻာမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးဆံုးႏိုင္ငံျဖစ္တဲ့ အေမရိကန္မွာ ေရာဂါကူးစက္ခံရမႈနဲ႔ ေသဆံုးတဲ့ အေရအတြက္ ဆက္လက္ျမင့္မားေနဆဲ ျဖစ္တာေၾကာင့္ လူစုလူေ၀း ကန္႔သတ္ခ်က္ေတြကို ေလွ်ာ့ေပါ့မေပးခင္ ျပင္းျပင္းထန္ထန္ ေျပာင္းလဲမႈေတြလုပ္ဖို႔ လိုအပ္လိမ့္မယ္လို႔ က်န္းမာေရး ကြ်မ္းက်င္သူေတြက သတိေပးေနပါတယ္။

အေမရိကန္ျပည္ေထာင္စုအေနနဲ႔ စီးပြားေရးလုပ္ငန္းေတြကို ျပန္ဖြင့္ဖို႔ မစခင္မွာ ေရာဂါပိုးရွိမရွိ စစ္ေဆးမႈေတြကို အနည္းဆံုး ႏွစ္ဆတိုးျမႇင့္ၿပီး လုပ္္ဖို႔ လိုအပ္လိမ့္မယ္လို႔ အေမရိကန္ ထိပ္တန္း ကူးစက္ေရာဂါ ကြ်မ္းက်င္သူ ေဒါက္တာ Anthony Fauci က လြန္ခဲ့တဲ့ စေနေန႔က ေျပာၾကားခဲ့တာပါ။

လက္ရွိ အေမရိကန္မွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၉၄၀,၀၀၀ ေက်ာ္ ရွိေနၿပီး ေသဆံုးသူေပါင္း ၅၄,၀၀၀ ေက်ာ္ ရွိေနပါတယ္။

စီးပြားေရးလုပ္ငန္း တစိတ္တေဒသကို စတင္ဖြင့္လွစ္ခဲ့ၿပီးျဖစ္တဲ့ ျပည္နယ္တခ်ဳိ႕ထဲမွာ ေဂ်ာ္ဂ်ီယာ၊ ေတာင္ကို႐ုိလိုင္းနားနဲ႔ Oklahoma စတဲ့ ျပည္နယ္ေတြလည္း ပါ၀င္ပါတယ္။

ကိုလိုရာဒါျပည္နယ္မွာေတာ့ ေနအိမ္မွာပဲေနဖို႔ ထုတ္ျပန္ခ်က္ကို သိပ္ၿပီး တင္းက်ပ္မႈမရွိတဲ့ အခ်က္ေတြနဲ႔ ေျပာင္းလဲအစားထိုး ထုတ္ျပန္ခဲ့ပါတယ္။ အဲဒီထုတ္ျပန္ခ်က္ထဲမွာ ဖြင့္ခြင့္ေပးမယ့္ စီးပြားေရးလုပ္ငန္းစာရင္း ပါ၀င္ေပမယ့္ အြန္လိုင္းကေနမွာၿပီး ကားနဲ႔သြားယူရတဲ့ စနစ္မ်ဳိးပဲျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------

(Unicode)

COVID-19 ကူးစက်သေဆုံးမှု အမြင့်ဆုံး အမေရိကန်မှာ စီးပွားရေး ပြန်ဖွင့်

အမေရိကန်ပြည်ထောင်စုက ပြည်နယ်တချို့မှာ COVID-19 ကပ်ရောဂါကြောင့်သီတင်းပတ် အတော်ကြာ ပိတ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ပြန်လည် စတင်ဖွင့်ပေးနေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ရောဂါကူးစက်ခံရမှုနဲ့ သေဆုံးတဲ့ အရေအတွက် ဆက်လက်မြင့်မားနေဆဲ ဖြစ်တာကြောင့် လူစုလူဝေး ကန့်သတ်ချက်တွေကိုလျှော့ပေါ့မပေးခင် ပြင်းပြင်းထန်ထန် ပြောင်းလဲမှုတွေလုပ်ဖို့ လိုအပ်လိမ့်မယ်လို့ ကျန်းမာရေး ကျွမ်းကျင်သူတွေက သတိပေးနေပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်ဖွင့်ဖို့ မစခင်မှာ ရောဂါပိုးရှိမရှိ စစ်ဆေးမှုတွေကို အနည်းဆုံး နှစ်ဆတိုးမြှင့်ပြီး လုပ်ဖို့ လိုအပ်လိမ့်မယ်လို့ အမေရိကန် ထိပ်တန်း ကူးစက်ရောဂါ ကျွမ်းကျင်သူ ဒေါက်တာ Anthony Fauci က လွန်ခဲ့တဲ့ စနေနေ့က ပြောကြားခဲ့တာပါ။

လက်ရှိ အမေရိကန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၉၄၀,၀၀၀ ကျော် ရှိနေပြီး သေဆုံးသူပေါင်း ၅၄,၀၀၀ ကျော် ရှိနေပါတယ်။

စီးပွားရေးလုပ်ငန်း တစိတ်တဒေသကို စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ ပြည်နယ်တချို့ထဲမှာ ဂျော်ဂျီယာ၊ တောင်ကိုရိုလိုင်းနားနဲ့ Oklahoma စတဲ့ ပြည်နယ်တွေလည်း ပါဝင်ပါတယ်။

ကိုလိုရာဒါပြည်နယ်မှာတော့ နေအိမ်မှာပဲနေဖို့ ထုတ်ပြန်ချက်ကို သိပ်ပြီး တင်းကျပ်မှုမရှိတဲ့ အချက်တွေနဲ့ ပြောင်းလဲအစားထိုး ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ ဖွင့်ခွင့်ပေးမယ့် စီးပွားရေးလုပ်ငန်းစာရင်း ပါဝင်ပေမယ့် အွန်လိုင်းကနေမှာပြီး ကားနဲ့သွားယူရတဲ့ စနစ်မျိုးပဲဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-us-busin…/5393370.html
COVID-19 ကူးစက္ေသဆံုးမႈ အျမင့္ဆံုး အေမရိကန္မွာ စီးပြားေရး ျပန္ဖြင့္ COVID-19 ကူးစက္ေသဆံုးမႈ အျမင့္ဆံုး အေမရိကန္မွာ စီးပြားေရး ျပန္ဖြင့္ Reviewed by THITHTOOLWIN on 09:15 Rating: 5
Powered by Blogger.