ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က်န္းမာလ်က္ရွိဟု ေတာင္ကိုရီးယား ေျပာၾကား


(Zawgyi)⤵⤵⤵
ဆိုးလ္ ၂၈ ဧၿပီ

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္မွာ အသက္ရွင္လ်က္ရွိၿပီး က်န္းမာေရးေကာင္းမြန္ေၾကာင္း ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္း၏ ထိပ္တန္းလုံၿခဳံေရးအႀကံေပးတစ္ဦးက ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔အစိုးရရဲ႕ ရပ္တည္ခ်က္က ခိုင္မာပါတယ္။ ကင္ဂ်ဳံအန္ဟာ အသက္ရွင္လ်က္ရွိၿပီး က်န္းမာေရး ေကာင္းမြန္ပါတယ္” ဟု သမၼတ မြန္ေဂ်အင္း၏ အမ်ိဳးသားလုံၿခဳံေရး အထူးအႀကံေပး မြန္ေခ်ာင္အင္းက ယမန္ေန႔က စီအင္န္အင္န္သတင္းဌာနႏွင့္ ျပဳလုပ္သည့္ ေတြ႕ဆုံေမးျမန္းမႈတစ္ခုအတြင္း ေျပာၾကားခဲ့သည္။ ကင္ဂ်ဳံအန္သည္ ဧၿပီ ၁၃ ရက္ကတည္းက ေျမာက္ကိုရီးယားႏိုင္ငံအေရွ႕ပိုင္းရွိ အပန္းေျဖစခန္းၿမိဳ႕တစ္ခုျဖစ္ေသာ ဝန္ဆမ္ၿမိဳ႕၌ ေနထိုင္လ်က္ရွိၿပီး လက္ရွိအခ်ိန္ထိ သံသယျဖစ္ဖြယ္ရာ လႈပ္ရွားမႈမ်ားမရွိဟု ၎က ေျပာသည္။

ေျမာက္ကိုရီးယားႏိုင္ငံ၏ အေရးပါဆုံးေန႔ရက္ျဖစ္သည့္ တိုင္းျပည္တည္ေထာင္သူ အဘိုးျဖစ္သူ ကင္အီဆြန္း၏ ဧၿပီ ၁၅ ရက္ကက်င္းပေသာ ေမြးေန႔အခမ္းအနားသို႔ မတက္ေရာက္မႈေၾကာင့္ ကင္ဂ်ဳံအန္၏ က်န္းမာေရးႏွင့္ ပတ္သက္ေသာ ထင္ျမင္ခ်က္မ်ား ႀကီးမားလာခဲ့သည္။ ဧၿပီ ၁၁ ရက္က အလုပ္သမားပါတီ၏ ေပၚလစ္ဗ်ဴ႐ို အစည္းအေဝးတစ္ခုကို တာဝန္ယူၿပီး ေနာက္တစ္ရက္တြင္ ေလေၾကာင္းကာကြယ္ေရးတပ္ဖြဲ႕ တစ္ခုရွိ ဂ်က္တိုက္ေလယာဥ္မ်ားကို စစ္ေဆးေနေၾကာင္း ႏိုင္ငံပိုင္မီဒီယာက သတင္းေဖာ္ျပၿပီးေနာက္ ကင္ဂ်ဳံအန္ကို အမ်ားျပည္သူျမင္ကြင္းေရွ႕တြင္ မေတြ႕ျမင္ရေတာ့ေပ။

“ေတာင္ကိုရီးယားႏိုင္ငံက အတည္ျပဳစရာ အခ်က္အလက္ေတြ မရွိသလို ဒီေန႔အထိ ေျမာက္ကိုရီးယား ႏိုင္ငံအတြင္း အထူးလႈပ္ရွားမႈေတြ သတိမူခဲ့တာ မရွိပါဘူး”ဟု ေတာင္ကိုရီးယားသမၼတ႐ုံးက ၿပီးခဲ့သည့္ သီတင္းပတ္အတြင္း ထုတ္ျပန္ခ်က္တစ္ခု၌ ေျပာၾကားခဲ့သည္။ ရႈပ္ေထြးေသာ ေထာက္လွမ္းေရး သတင္းစုေဆာင္းမႈ လုပ္ငန္းစဥ္ႏွင့္ အကဲျဖတ္မႈမွ ယုံၾကည္ရေသာ သုံးသပ္ခ်က္ရရွိခဲ့ဟု ေတာင္ကိုရီးယား ျပန္လည္ေပါင္းစည္းေရးဝန္ႀကီး ကင္ယြန္ဖ်ဴးလ္က ယေန႔ ေျပာၾကားခဲ့သည္။

ကိုးကား-ေအအက္ဖ္ပီ ဘာသာျပန္-ေက်ာ္ထိုက္စိုး
Myanmar Digital News
-----------------------------------------------
(Unicode)⤵⤵⤵
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကျန်းမာလျက်ရှိဟု တောင်ကိုရီးယား ပြောကြား

ဆိုးလ် ၂၈ ဧပြီ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ အသက်ရှင်လျက်ရှိပြီး ကျန်းမာရေးကောင်းမွန်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်း၏ ထိပ်တန်းလုံခြုံရေးအကြံပေးတစ်ဦးက ပြောကြားခဲ့သည်။

“ကျွန်တော်တို့အစိုးရရဲ့ ရပ်တည်ချက်က ခိုင်မာပါတယ်။ ကင်ဂျုံအန်ဟာ အသက်ရှင်လျက်ရှိပြီး ကျန်းမာရေး ကောင်းမွန်ပါတယ်” ဟု သမ္မတ မွန်ဂျေအင်း၏ အမျိုးသားလုံခြုံရေး အထူးအကြံပေး မွန်ချောင်အင်းက ယမန်နေ့က စီအင်န်အင်န်သတင်းဌာနနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုအတွင်း ပြောကြားခဲ့သည်။ ကင်ဂျုံအန်သည် ဧပြီ ၁၃ ရက်ကတည်းက မြောက်ကိုရီးယားနိုင်ငံအရှေ့ပိုင်းရှိ အပန်းဖြေစခန်းမြို့တစ်ခုဖြစ်သော ဝန်ဆမ်မြို့၌ နေထိုင်လျက်ရှိပြီး လက်ရှိအချိန်ထိ သံသယဖြစ်ဖွယ်ရာ လှုပ်ရှားမှုများမရှိဟု ၎င်းက ပြောသည်။

မြောက်ကိုရီးယားနိုင်ငံ၏ အရေးပါဆုံးနေ့ရက်ဖြစ်သည့် တိုင်းပြည်တည်ထောင်သူ အဘိုးဖြစ်သူ ကင်အီဆွန်း၏ ဧပြီ ၁၅ ရက်ကကျင်းပသော မွေးနေ့အခမ်းအနားသို့ မတက်ရောက်မှုကြောင့် ကင်ဂျုံအန်၏ ကျန်းမာရေးနှင့် ပတ်သက်သော ထင်မြင်ချက်များ ကြီးမားလာခဲ့သည်။ ဧပြီ ၁၁ ရက်က အလုပ်သမားပါတီ၏ ပေါ်လစ်ဗျူရို အစည်းအဝေးတစ်ခုကို တာဝန်ယူပြီး နောက်တစ်ရက်တွင် လေကြောင်းကာကွယ်ရေးတပ်ဖွဲ့ တစ်ခုရှိ ဂျက်တိုက်လေယာဉ်များကို စစ်ဆေးနေကြောင်း နိုင်ငံပိုင်မီဒီယာက သတင်းဖော်ပြပြီးနောက် ကင်ဂျုံအန်ကို အများပြည်သူမြင်ကွင်းရှေ့တွင် မတွေ့မြင်ရတော့ပေ။

“တောင်ကိုရီးယားနိုင်ငံက အတည်ပြုစရာ အချက်အလက်တွေ မရှိသလို ဒီနေ့အထိ မြောက်ကိုရီးယား နိုင်ငံအတွင်း အထူးလှုပ်ရှားမှုတွေ သတိမူခဲ့တာ မရှိပါဘူး”ဟု တောင်ကိုရီးယားသမ္မတရုံးက ပြီးခဲ့သည့် သီတင်းပတ်အတွင်း ထုတ်ပြန်ချက်တစ်ခု၌ ပြောကြားခဲ့သည်။ ရှုပ်ထွေးသော ထောက်လှမ်းရေး သတင်းစုဆောင်းမှု လုပ်ငန်းစဉ်နှင့် အကဲဖြတ်မှုမှ ယုံကြည်ရသော သုံးသပ်ချက်ရရှိခဲ့ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီး ကင်ယွန်ဖျူးလ်က ယနေ့ ပြောကြားခဲ့သည်။

ကိုးကား-အေအက်ဖ်ပီ ဘာသာပြန်-ကျော်ထိုက်စိုး
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က်န္းမာလ်က္ရွိဟု ေတာင္ကိုရီးယား ေျပာၾကား ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္ က်န္းမာလ်က္ရွိဟု ေတာင္ကိုရီးယား ေျပာၾကား Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.