ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔ လိုင္ဇာဂိတ္ကို KIA ပိတ္

(Zawgyi)⤵⤵⤵

ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ဌာနခ်ဳပ္ လိုင္ဇာၿမိဳ႕က တ႐ုတ္နယ္စပ္ဂိတ္ကို ဧၿပီလ ၂၇ ရက္ကစၿပီး ရက္အကန႔္သတ္မရွိ ပိတ္လိုက္ၿပီျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကာကြယ္ႏိုင္ေရးအတြက္ ပိတ္လိုက္တာျဖစ္ၿပီး အဓိက တ႐ုတ္တစ္သ်ဴးဌက္ေပ်ာ နဲ႔ ဖရဲ ကုန္တင္ကား အဝင္အထြက္ေတြကို ပိတ္လိုက္တာလို႔ ေကအိုင္ေအ ေျပာခြင့္ရ ဗိုလ္မႉးႀကီး ေနာ္ဘူကေျပာပါတယ္။

လိုင္ဇာနယ္စပ္ဂိတ္ကေန တ႐ုတ္ကိုသြားေနတဲ့ ဌက္ေပ်ာကုန္တင္ကား နဲ႔ဖရဲကုန္တင္ကား တစ္ရက္ ကို အစီး ၂၀ ခန႔္ဝင္ထြက္သြားလာေနတာပါ။ ျမန္မာဘက္က လိုင္ဇာ ၿမိဳ႕အတြင္း ဝင္လာသူေတြကို လည္း ေကအိုင္အိုထိန္းခ်ဳပ္နယ္ေျမ မိုင္ဆတ္ပါ ဂိတ္မွာ က်န္းမာေရးစစ္ေဆးမႈေတြျပဳလုပ္ၿပီး ေစာင့္ၾကည့္ေရးစခန္းဝင္ၿပီးမွ ဝင္ခြင့္ျပဳတယ္လို႔လည္း ေျပာပါတယ္။

ကန္ပိုက္တီနဲ႔ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကေနေတာ့ ဖရဲကုန္တင္ကားနဲ႔ဌက္ေပ်ာကုန္တင္ကားေတြ ယေန႔ခ်ိန္ထိ ဝင္ထြက္သြားလာေနဆဲျဖစ္ပါတယ္။ လြယ္ဂ်ယ္နယ္စပ္ဂိတ္ကေန တ႐ုတ္ျပည္ကို သြားတဲ့ ကုန္တင္ကားသမားေတြကို တ႐ုတ္ဘက္က ဝင္ခြင့္မေပးေတာ့တဲ့အတြက္ ကားသမားေတြဟာ ျမန္မာဘက္အျခမ္းဂိတ္အထိသာေမာင္းၿပီး အဲဒီကေန တ႐ုတ္ဘက္က ကားသမားေတြ ျပန္ေမာင္းပို႔တဲ့နည္းနဲ႔ သြားလာေနတယ္လို႔ ကားသမားေတြေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ႏိုင္ဖို႔ ကခ်င္ျပည္နယ္က တ႐ုတ္နယ္စပ္ဂိတ္ေတြ ျဖစ္တဲ့ ကန္ပိုက္တီ၊ လြယ္ဂ်ယ္၊ ပန္ဝါ ဂိတ္ေတြကို ပိတ္ေပးဖို႔ဆိုၿပီး ေဒသခံေတြနဲ႔ အရပ္ဖက္လူမႈအဖြဲ႕အစည္း ၃၄ ဖြဲ႕က ၿပီးခဲ့တဲ့ မတ္လ ၂၆ ရက္ေန႔ကေန ေတာင္းဆိုထားတာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဖို့ လိုင်ဇာဂိတ်ကို KIA ပိတ်

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့က တရုတ်နယ်စပ်ဂိတ်ကို ဧပြီလ ၂၇ ရက်ကစပြီး ရက်အကန့်သတ်မရှိ ပိတ်လိုက်ပြီဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်နိုင်ရေးအတွက် ပိတ်လိုက်တာဖြစ်ပြီး အဓိက တရုတ်တစ်သျူးဌက်ပျော နဲ့ ဖရဲ ကုန်တင်ကား အဝင်အထွက်တွေကို ပိတ်လိုက်တာလို့ ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကပြောပါတယ်။

လိုင်ဇာနယ်စပ်ဂိတ်ကနေ တရုတ်ကိုသွားနေတဲ့ ဌက်ပျောကုန်တင်ကား နဲ့ဖရဲကုန်တင်ကား တစ်ရက် ကို အစီး ၂၀ ခန့်ဝင်ထွက်သွားလာနေတာပါ။ မြန်မာဘက်က လိုင်ဇာ မြို့အတွင်း ဝင်လာသူတွေကို လည်း ကေအိုင်အိုထိန်းချုပ်နယ်မြေ မိုင်ဆတ်ပါ ဂိတ်မှာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး စောင့်ကြည့်ရေးစခန်းဝင်ပြီးမှ ဝင်ခွင့်ပြုတယ်လို့လည်း ပြောပါတယ်။

ကန်ပိုက်တီနဲ့ လွယ်ဂျယ်နယ်စပ်ဂိတ်ကနေတော့ ဖရဲကုန်တင်ကားနဲ့ဌက်ပျောကုန်တင်ကားတွေ ယနေ့ချိန်ထိ ဝင်ထွက်သွားလာနေဆဲဖြစ်ပါတယ်။ လွယ်ဂျယ်နယ်စပ်ဂိတ်ကနေ တရုတ်ပြည်ကို သွားတဲ့ ကုန်တင်ကားသမားတွေကို တရုတ်ဘက်က ဝင်ခွင့်မပေးတော့တဲ့အတွက် ကားသမားတွေဟာ မြန်မာဘက်အခြမ်းဂိတ်အထိသာမောင်းပြီး အဲဒီကနေ တရုတ်ဘက်က ကားသမားတွေ ပြန်မောင်းပို့တဲ့နည်းနဲ့ သွားလာနေတယ်လို့ ကားသမားတွေပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ကချင်ပြည်နယ်က တရုတ်နယ်စပ်ဂိတ်တွေ ဖြစ်တဲ့ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ပန်ဝါ ဂိတ်တွေကို ပိတ်ပေးဖို့ဆိုပြီး ဒေသခံတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၃၄ ဖွဲ့က ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ကနေ တောင်းဆိုထားတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/?epa=SEARCH_BOX
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔ လိုင္ဇာဂိတ္ကို KIA ပိတ္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ဖို႔ လိုင္ဇာဂိတ္ကို KIA ပိတ္ Reviewed by THITHTOOLWIN on 07:42 Rating: 5
Powered by Blogger.