စကၤာပူမွာ လူတုိင္းႏွာေခါင္းစည္းတပ္ဖုိ႔ အမိန္႔ထုတ္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ထိန္းခ်ဳပ္ဖို႔ႀကိဳးစားတဲ့အေနနဲ႔ စကၤာပူနိုင္ငံမွာ အဂၤါေန႔ ကစၿပီး လူအမ်ားသြားလာတဲ့ေနရာေတြမွာ လူတိုင္း ႏွာေခါင္းစည္း မတပ္မေနရ သတ္မွတ္လိုက္ပါတယ္။ နိုင္ငံတြင္း ေရာဂါကူးစက္မႈစတင္ခဲ့တဲ့ လြန္ခဲ့တဲ့ ၃ လကစၿပီး ေရာဂါ ကူးစက္ပ်ံ႕ႏွံ့မႈမရွိေစဖို႔ ဖ်ားနာေနသူေတြကိုသာ ႏွာေခါင္းစည္းတပ္ဖို႔ အာဏာပိုင္ေတြကတိုက္တြန္းထားခဲ့တာပါ။ ဒါေပမဲ့ အခုအခါ လူတိုင္း ႏွာေခါင္းစည္း တပ္ဖို႔ ေျပာင္းလဲညႊန္ၾကားလိုက္တာလည္း ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရက္ေတြအတြင္း အမ်ားျပည္သူအသုံးမ်ားတဲ့ ေနရာေတြျဖစ္တဲ့ ရထား ၊ ဘတ္စ္ကား စတဲ့ ေနရာေတြမွာ ႏွာေခါင္းစည္း တပ္ၾကဖို႔ တိုက္တြန္းေနခဲ့တာ ျဖစ္ေပမဲ့ အဂၤါေန႔ ကေတာ့ လူေတြအိမ္ျပင္ထြက္တာနဲ႔ ႏွာေခါင္းစည္း မျဖစ္မေနတပ္ဆင္ၾကရၾကမယ္လို႔ စကၤာပူ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈတိုက္ဖ်က္ေရးအဖြဲ႕ တြဲဘက္ေခါင္းေဆာင္ Lawrence Wong က ေျပာပါတယ္။ ေရာဂါရွိတာကို သတိမထားမိနိုင္တဲ့အေျခအေနနဲ႔ ေရာဂါလကၡဏာ မျပေသးတဲ့သူေတြကေနတဆင့္ ကူးစက္နိုင္ေျခ ရွိေနတဲ့အတြက္ အခုလို ႏွာေခါင္းစည္း မျဖစ္မေနတပ္ၾကဖို႔ သတ္မွတ္လိုက္တာ လို႔လည္း Lawrence Wong က ေျပာပါတယ္။

ဒီသတ္မွတ္ခ်က္ကို မလိုက္နာရင္ ပထမအႀကိမ္မွာ ဒဏ္ေငြ စကၤာပူေဒၚလာ ၃၀၀ ခ်မွတ္မွာပါ။ ခၽြင္းခ်က္အေနနဲ႔ အသက္ ၂ ႏွစ္ေအာက္ကေလးငယ္ေတြ၊ အထူး ျပဳစုေစာင့္ေရွာက္မႈလိုအပ္တဲ့ ကေလးေတြနဲ႔ အိမ္ျပင္ထြက္ က်န္းမာေရးေလ့က်င့္ခန္းလုပ္သူေတြကိုေတာ့ ေျဖေလ်ာ့ ေပးထားပါတယ္။ စကၤာပူ အစိုးရဟာ ေဆး႐ုံသုံး ႏွာေခါင္းစည္းေတြကို ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြအတြက္ ေဆာင္ထားေနခ်ိန္မွာပဲ ျပန္အသုံးျပဳနိုင္တဲ့ ႏွာေခါင္းစည္းေတြကိုလည္း ျပည္သူ ေတြဆီ ျဖန္႔ေဝေပးထားပါတယ္။

ေရာဂါထိန္းခ်ဳပ္ဖို႔အတြက္ စကၤာပူနိုင္ငံတဝွမ္း ေက်ာင္းေတြနဲ႔ တျခားလုပ္ငန္းအေတာ္မ်ားမ်ားကို လည္းလြန္ခဲ့တဲ့ တလေက်ာ္ ကတည္းက ပိတ္ထားေပမဲ့ အေရးပါတဲ့ လုပ္ငန္းေတြနဲ႔ တခ်ိဳ႕လုပ္ငန္းေတြကို ကန္႔သတ္လုပ္ကိုင္ခြင့္ျပဳထားတာပါ။ မေန႔က တေန႔ထဲ မွာပဲ ေရႊ႕ေျပာင္းအလုပ္သမားေတြေနထိုင္ရာ အေဆာင္တခုကေန ဆက္ႏြယ္တဲ့ ကူးစက္မႈ ၃၃၀ ေက်ာ္ေတြ႕ရွိခဲ့ရတာေၾကာင့္ လက္ရွိ ႏုိင္ငံတြင္း ေရာဂါကူးစက္ခံထားရသူ ၃၂၀၀ ေက်ာ္ရွိသြားခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------------
စင်္ကာပူမှာ လူတိုင်းနှာခေါင်းစည်းတပ်ဖို့ အမိန့်ထုတ်

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ဖို့ကြိုးစားတဲ့အနေနဲ့ စင်္ကာပူနိုင်ငံမှာ အင်္ဂါနေ့ ကစပြီး လူအများသွားလာတဲ့နေရာတွေမှာ လူတိုင်း နှာခေါင်းစည်း မတပ်မနေရ သတ်မှတ်လိုက်ပါတယ်။ နိုင်ငံတွင်း ရောဂါကူးစက်မှုစတင်ခဲ့တဲ့ လွန်ခဲ့တဲ့ ၃ လကစပြီး ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေဖို့ ဖျားနာနေသူတွေကိုသာ နှာခေါင်းစည်းတပ်ဖို့ အာဏာပိုင်တွေကတိုက်တွန်းထားခဲ့တာပါ။ ဒါပေမဲ့ အခုအခါ လူတိုင်း နှာခေါင်းစည်း တပ်ဖို့ ပြောင်းလဲညွှန်ကြားလိုက်တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်တွေအတွင်း အများပြည်သူအသုံးများတဲ့ နေရာတွေဖြစ်တဲ့ ရထား ၊ ဘတ်စ်ကား စတဲ့ နေရာတွေမှာ နှာခေါင်းစည်း တပ်ကြဖို့ တိုက်တွန်းနေခဲ့တာ ဖြစ်ပေမဲ့ အင်္ဂါနေ့ ကတော့ လူတွေအိမ်ပြင်ထွက်တာနဲ့ နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ကြရကြမယ်လို့ စင်္ကာပူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတိုက်ဖျက်ရေးအဖွဲ့ တွဲဘက်ခေါင်းဆောင် Lawrence Wong က ပြောပါတယ်။ ရောဂါရှိတာကို သတိမထားမိနိုင်တဲ့အခြေအနေနဲ့ ရောဂါလက္ခဏာ မပြသေးတဲ့သူတွေကနေတဆင့် ကူးစက်နိုင်ခြေ ရှိနေတဲ့အတွက် အခုလို နှာခေါင်းစည်း မဖြစ်မနေတပ်ကြဖို့ သတ်မှတ်လိုက်တာ လို့လည်း Lawrence Wong က ပြောပါတယ်။

ဒီသတ်မှတ်ချက်ကို မလိုက်နာရင် ပထမအကြိမ်မှာ ဒဏ်ငွေ စင်္ကာပူဒေါ်လာ ၃၀၀ ချမှတ်မှာပါ။ ချွင်းချက်အနေနဲ့ အသက် ၂ နှစ်အောက်ကလေးငယ်တွေ၊ အထူး ပြုစုစောင့်ရှောက်မှုလိုအပ်တဲ့ ကလေးတွေနဲ့ အိမ်ပြင်ထွက် ကျန်းမာရေးလေ့ကျင့်ခန်းလုပ်သူတွေကိုတော့ ဖြေလျော့ ပေးထားပါတယ်။ စင်္ကာပူ အစိုးရဟာ ဆေးရုံသုံး နှာခေါင်းစည်းတွေကို ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေအတွက် ဆောင်ထားနေချိန်မှာပဲ ပြန်အသုံးပြုနိုင်တဲ့ နှာခေါင်းစည်းတွေကိုလည်း ပြည်သူ တွေဆီ ဖြန့်ဝေပေးထားပါတယ်။

ရောဂါထိန်းချုပ်ဖို့အတွက် စင်္ကာပူနိုင်ငံတဝှမ်း ကျောင်းတွေနဲ့ တခြားလုပ်ငန်းအတော်များများကို လည်းလွန်ခဲ့တဲ့ တလကျော် ကတည်းက ပိတ်ထားပေမဲ့ အရေးပါတဲ့ လုပ်ငန်းတွေနဲ့ တချို့လုပ်ငန်းတွေကို ကန့်သတ်လုပ်ကိုင်ခွင့်ပြုထားတာပါ။ မနေ့က တနေ့ထဲ မှာပဲ ရွှေ့ပြောင်းအလုပ်သမားတွေနေထိုင်ရာ အဆောင်တခုကနေ ဆက်နွယ်တဲ့ ကူးစက်မှု ၃၃၀ ကျော်တွေ့ရှိခဲ့ရတာကြောင့် လက်ရှိ နိုင်ငံတွင်း ရောဂါကူးစက်ခံထားရသူ ၃၂၀၀ ကျော်ရှိသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid-all-civilian-have-to-wear-face-mask-outside-/5371845.html
စကၤာပူမွာ လူတုိင္းႏွာေခါင္းစည္းတပ္ဖုိ႔ အမိန္႔ထုတ္ စကၤာပူမွာ လူတုိင္းႏွာေခါင္းစည္းတပ္ဖုိ႔ အမိန္႔ထုတ္ Reviewed by THITHTOOLWIN on 06:00 Rating: 5
Powered by Blogger.