ထုိင္းေရာက္ ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ နစ္နာေၾကးျပန္ရ

၂၀၁၆ ေမလတုန္းက ဘန္ေကာက္ၿမိဳ႕ ထိုင္းအထည္ခ်ဳပ္စက္ရံုတြင္ အလုပ္လုပ္ေနေသာ ေရႊ႕ေျပာင္းအလုပ္သမားမ်ား

(Zawgyi/Unicode)

ထိုင္းႏိုင္ငံတြင္း ေရႊ႕ေျပာင္းျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ကို စက္႐ုံေတြမွာ အလုပ္အကိုင္ ေရရွည္တည္ျမဲဖို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ အပိုေငြေၾကးေကာက္ခံခဲ့တဲ့ ထိုင္းႏိုင္ငံ အထည္ခ်ဳပ္စက္႐ုံတခုက ေလ်ာ္ေၾကးျပန္ေပးခဲ့တယ္လို႔ အထည္ေတြကို ရယူတဲ့ အေမရိကန္အေျခစိုက္ ကုမၸဏီ တာဝန္ရွိသူေတြနဲ႔ လူ႔အခြင့္အေရးေစာင့္ၾကည့္အဖြဲ႕ေတြက ေသာၾကာေန႔ကေျပာပါတယ္။

ကယ္လီဖိုးနီးယား အေျခစိုက္ Patagonia ကုမၼဏီအတြက္ ကိုယ္က်ပ္ အကၤ်ီေတြ ခ်ဳပ္လုပ္ေပးေနတဲ့ ထိုင္းနိုင္ငံ Sheico Thailand က စက္႐ုံအလုပ္သမားေတြကို ၾကားကတဆင့္ ေခါင္းပုံျဖတ္ ေငြေၾကးေကာက္ခံခဲ့တာပါ။ ဒီအတြက္ျမန္မာအလုပ္သမား ၁၇၀ ေလာက္ ကို Sheico Thailand က ေဒၚလာ ၁ သိန္းေက်ာ္ ျပန္ေပးခဲ့ၿပီျဖစ္ေၾကာင္း ဖင္လန္နိုင္ငံအေျခစိုက္ ကမၻာလုံးဆိုင္ရာအလုပ္သမား အေရး ေစာင့္ၾကည့္ေရး အဖြဲ႕ Finnwatch က ေျပာပါတယ္။

ေရႊ႕ေျပာင္းအလုပ္သမားေတြဟာ ၂၀၁၈ နဲ႔ ၂၀၁၉ ခုႏွစ္အတြင္း စက္႐ုံေတြမွာ အလုပ္အကိုင္ ေရရွည္ရဖို႔ အတြက္ ၾကားပြဲစားေတြကို တဦးကို အေမရိကန္ေဒၚလာ ၅၅၉ ေဒၚလာနဲ႔ ညီမၽွတဲ့ ထိုင္းဘတ္ေငြ ၁၈,၅၀၀ အထိေပးခဲ့ရတယ္လို႔ ထိုင္း ေရႊ႕ေျပာင္းအလုပ္သမား အခြင့္ အေရးဆိုင္ရာ Migrant Workers Rights Network က ေျပာပါတယ္။ ကယ္လီ ဖိုးနီးယား Patagonia ကုမၼဏီ မန္ေနဂ်ာ Thuy Nguyen ကေတာ့အခုလို ေခါင္းပုံျဖတ္တာမ်ိဳးေတြ ေနာက္ထပ္မျဖစ္ရ ေအာင္ အလုပ္သမားေတြကို လူ႔အခြင့္အေရး နဲ႔ပတ္သက္တဲ့ ပညာေပးေရးလုပ္ငန္းေတြကို အနီးကပ္ လုပ္ေဆာင္ေပးသြားမယ္လို႔ ေျပာပါတယ္။

..............

ထိုင်းရောက် မြန်မာအလုပ်သမား ၁၅၀ ကျော် နစ်နာကြေးပြန်ရ

(Unicode)

ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၅၀ ကျော်ကို စက်ရုံတွေမှာ အလုပ်အကိုင် ရေရှည်တည်မြဲဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အပိုငွေကြေးကောက်ခံခဲ့တဲ့ ထိုင်းနိုင်ငံ အထည်ချုပ်စက်ရုံတခုက လျော်ကြေးပြန်ပေးခဲ့တယ်လို့ အထည်တွေကို ရယူတဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက သောကြာနေ့ကပြောပါတယ်။

ကယ်လီဖိုးနီးယား အခြေစိုက် Patagonia ကုမ္မဏီအတွက် ကိုယ်ကျပ် အင်္ကျီတွေ ချုပ်လုပ်ပေးနေတဲ့ ထိုင်းနိုင်ငံ Sheico Thailand က စက်ရုံအလုပ်သမားတွေကို ကြားကတဆင့် ခေါင်းပုံဖြတ် ငွေကြေးကောက်ခံခဲ့တာပါ။ ဒီအတွက်မြန်မာအလုပ်သမား ၁၇၀ လောက် ကို Sheico Thailand က ဒေါ်လာ ၁ သိန်းကျော် ပြန်ပေးခဲ့ပြီဖြစ်ကြောင်း ဖင်လန်နိုင်ငံအခြေစိုက် ကမ္ဘာလုံးဆိုင်ရာအလုပ်သမား အရေး စောင့်ကြည့်ရေး အဖွဲ့ Finnwatch က ပြောပါတယ်။

ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်အတွင်း စက်ရုံတွေမှာ အလုပ်အကိုင် ရေရှည်ရဖို့ အတွက် ကြားပွဲစားတွေကို တဦးကို အမေရိကန်ဒေါ်လာ ၅၅၉ ဒေါ်လာနဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ ၁၈,၅၀၀ အထိပေးခဲ့ရတယ်လို့ ထိုင်း ရွှေ့ပြောင်းအလုပ်သမား အခွင့် အရေးဆိုင်ရာ Migrant Workers Rights Network က ပြောပါတယ်။ ကယ်လီ ဖိုးနီးယား Patagonia ကုမ္မဏီ မန်နေဂျာ Thuy Nguyen ကတော့အခုလို ခေါင်းပုံဖြတ်တာမျိုးတွေ နောက်ထပ်မဖြစ်ရ အောင် အလုပ်သမားတွေကို လူ့အခွင့်အရေး နဲ့ပတ်သက်တဲ့ ပညာပေးရေးလုပ်ငန်းတွေကို အနီးကပ် လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com/a/thai-myanmar-migrant-worker-got-compensation-/5359394.html
ထုိင္းေရာက္ ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ နစ္နာေၾကးျပန္ရ ထုိင္းေရာက္ ျမန္မာအလုပ္သမား ၁၅၀ ေက်ာ္ နစ္နာေၾကးျပန္ရ Reviewed by THITHTOOLWIN on 03:55 Rating: 5
Powered by Blogger.