ဖားကန႔္ၿမိဳ႕နယ္၌ ေျမစာပုံၿပိဳက်၍ အမ်ိဳးသားတစ္ဦး ေသဆုံး

(Zawgyi)⤵⤵⤵

ဖားကန႔္ ဧၿပီ ၂၀

ကခ်င္ျပည္နယ္ ဖားကန႔္ၿမိဳ႕နယ္ ေအးျမသာယာအုပ္စု ေတာင္ၿပိဳေက်း႐ြာအနီးရွိ ေက်ာက္မ်က္ကုမၸဏီ၌ ဧၿပီ ၂၀ ရက္ နံနက္ပိုင္းက ေျမစာပုံၿပိဳက်ခဲ့၍ အမ်ိဳးသားတစ္ဦးေသဆုံးခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ယေန႔နံနက္ ၅ နာရီခန႔္က ဖားကန႔္ၿမိဳ႕နယ္၊ ေအးျမသာယာ အုပ္စု၊ ေတာင္ၿပိဳေက်း႐ြာအနီးရွိ "ပိုင္ၿဖိဳးသီဟ"ေက်ာက္မ်က္တူးေဖာ္ေရး ကုမၸဏီလုပ္ကြက္တြင္ အျမင့္ေပ(၃၀၀)ခန္႔မွ အက်ယ္ေပ(၁၀၀)ခန္႔ရွိ ေျမစာမ်ားၿပိဳက်ခဲ့၍ ေရမေဆးေက်ာက္ရွာေဖြသူ သုံးဦးခန႔္ ေျမစာဖုံးလႊမ္းေပ်ာက္ဆုံးကာ အသက္ႏွစ္ဆယ္ႏွစ္ခန႔္ရွိ အမ်ိဳးသားတစ္ဦး၏ ႐ုပ္အေလာင္းကို ရွာေဖြတူးေဖာ္ရရွိခဲ့သည္။

ေျမစာဖုံးလႊမ္းေပ်ာက္ဆုံးေနသူမ်ားကို ဖားကန႔္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားႏွင့္ တာဝန္ရွိသူမ်ားမွ ဆက္လက္ တူးေဖာ္ရွာေဖြလ်က္ရွိေၾကာင္း သိရသည္။

ဝင္းႏိုင္(ကခ်င္ေျမ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/?epa=SEARCH_BOX
---------------
(Unicode)⤵⤵⤵
ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျ၍ အမျိုးသားတစ်ဦး သေဆုံး

ဖားကန့် ဧပြီ ၂၀

ကချင်ပြည်နယ် ဖားကန့်မြို့နယ် အေးမြသာယာအုပ်စု တောင်ပြိုကျေးရွာအနီးရှိ ကျောက်မျက်ကုမ္ပဏီ၌ ဧပြီ ၂၀ ရက် နံနက်ပိုင်းက မြေစာပုံပြိုကျခဲ့၍ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၅ နာရီခန့်က ဖားကန့်မြို့နယ်၊ အေးမြသာယာ အုပ်စု၊ တောင်ပြိုကျေးရွာအနီးရှိ "ပိုင်ဖြိုးသီဟ"ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီလုပ်ကွက်တွင် အမြင့်ပေ(၃၀၀)ခန့်မှ အကျယ်ပေ(၁၀၀)ခန့်ရှိ မြေစာများပြိုကျခဲ့၍ ရေမဆေးကျောက်ရှာဖွေသူ သုံးဦးခန့် မြေစာဖုံးလွှမ်းပျောက်ဆုံးကာ အသက်နှစ်ဆယ်နှစ်ခန့်ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ရှာဖွေတူးဖော်ရရှိခဲ့သည်။

မြေစာဖုံးလွှမ်းပျောက်ဆုံးနေသူများကို ဖားကန့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ဆက်လက် တူးဖော်ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/?epa=SEARCH_BOX
ဖားကန႔္ၿမိဳ႕နယ္၌ ေျမစာပုံၿပိဳက်၍ အမ်ိဳးသားတစ္ဦး ေသဆုံး ဖားကန႔္ၿမိဳ႕နယ္၌ ေျမစာပုံၿပိဳက်၍ အမ်ိဳးသားတစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 19:40 Rating: 5
Powered by Blogger.