ငယ္႐ြယ္သူေတြ ကိုဗစ္၁၉ ေရာဂါကို အေလးထားဖို႔ WHO သတိေပး

ဒီဗိုင္းရပ္စ္ဟာ အသက္ႀကီးတဲ့သူေတြကို အထိခိုက္ဆုံး ျဖစ္ေပမယ့္ ငယ္႐ြယ္သူေတြလည္း မလြတ္ႏိုင္
(Zawgyi)⤵⤵⤵

ကို႐ိုနာဗိုင္းရပ္စ္ဟာ ငယ္႐ြယ္သူေတြကိုလည္း အလြတ္မေပးတဲ့အတြက္ လူငယ္ေတြဟာ လူစုလူေဝးေတြ၊ အသက္အ႐ြယ္ ႀကီးသူေတြနဲ႔ ထိေတြ႕ဆက္သြယ္ျခင္းကို ေရွာင္ဖို႔လိုတယ္လို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က သတိေပးလိုက္ပါတယ္။

ကမာၻတဝန္း ဒီ ျပင္းထန္တဲ့ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ကိုဗစ္၁၉ ေၾကာင့္ မတ္လ ၂၁ ရက္အထိ လူေပါင္း ၁၁,၀၀၀ ေက်ာ္ ေသဆုံးထားၿပီး ကမာၻ႔ႏိုင္ငံေပါင္း ၁၆၃ ႏိုင္ငံမွာ လူ ႏွစ္သိန္းခြဲေက်ာ္ (၂၅၀,၀၀၀) ေက်ာ္ ေရာဂါ ကူးစက္ခံထားရပါတယ္။ ျပန္ေနေကာင္းလာသူက ရွစ္ေသာင္းေက်ာ္ ရွိပါတယ္။

ဒီဗိုင္းရပ္စ္ဟာ သက္ႀကီး႐ြယ္အိုေတြၾကား ကူးစက္ခံရမႈ ပိုမ်ားၿပီး ေရာဂါျဖစ္ႏိုင္ေျခမ်ားတာေၾကာင့္ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက ငယ္႐ြယ္သူေတြဟာ က်န္းမာေရးသတိေပးခ်က္ေတြကို အေလးမထားဘဲ ျဖစ္ေနတဲ့အေျခအေနေတြေၾကာင့္ WHO အႀကီးအကဲက ခုလို သတိေပးလိုက္တာျဖစ္ပါတယ္။

ဒီဗိုင္းရပ္စ္ဟာ အသက္ႀကီးတဲ့သူေတြကို အထိခိုက္ဆုံး ျဖစ္ေပမယ့္ ငယ္႐ြယ္သူေတြလည္း မလြတ္ႏိုင္ပါဘူးလို႔ WHO ႐ုံးခ်ဳပ္မွာ အြန္လိုင္းကျပဳလုပ္တဲ့ အစည္းအေဝးမွာ WHO အႀကီးအကဲ ေဒါက္တာ တက္ဒ္ဒ႐ို႕က ေျပာၾကားပါတယ္။

"လူငယ္ေတြအတြက္ ကြၽန္ေတာ္ သတင္းစကားတစ္ခု ပါးခ်င္ပါတယ္။ ခင္ဗ်ားတို႔ဟာ ဗိုင္းရပ္စ္ကို အႏိုင္ရမေနပါဘူး။ ဒီဗိုင္းရပ္စ္က ခင္ဗ်ားတို႔ကို ေဆး႐ုံ တစ္ပတ္ေလာက္ တက္ခိုင္းထားႏိုင္ၿပီး သတ္ေတာင္သတ္ပစ္ႏိုင္ပါတယ္။ တကယ္လို႔ ခင္ဗ်ားက မဖ်ားမနာဘူးဆိုရင္ေတာင္ ေရာဂါကူးစက္မႈေၾကာင့္ ခင္ဗ်ားသြားလာတဲ့ေနရာကလူေတြရဲ႕ အသက္ရွင္ေရးကို ထိခိုက္သြားေစႏိုင္တယ္" သူက ထပ္ၿပီး ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵

ငယ်ရွယ်သူတွေ ကိုဗစ်၁၉ ရောဂါကို အလေးထားဖို့ WHO သတိပေး
ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီဗိုင်းရပ်စ်ဟာ အသက်ကြီးတဲ့သူတွေကို အထိခိုက်ဆုံး ဖြစ်ပေမယ့် ငယ်ရွယ်သူတွေလည်း မလွတ်နိုင်

ကိုရိုနာဗိုင်းရပ်စ်ဟာ ငယ်ရွယ်သူတွေကိုလည်း အလွတ်မပေးတဲ့အတွက် လူငယ်တွေဟာ လူစုလူဝေးတွေ၊ အသက်အရွယ် ကြီးသူတွေနဲ့ ထိတွေ့ဆက်သွယ်ခြင်းကို ရှောင်ဖို့လိုတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

ကမ္ဘာတဝန်း ဒီ ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်၁၉ ကြောင့် မတ်လ ၂၁ ရက်အထိ လူပေါင်း ၁၁,၀၀၀ ကျော် သေဆုံးထားပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၆၃ နိုင်ငံမှာ လူ နှစ်သိန်းခွဲကျော် (၂၅၀,၀၀၀) ကျော် ရောဂါ ကူးစက်ခံထားရပါတယ်။ ပြန်နေကောင်းလာသူက ရှစ်သောင်းကျော် ရှိပါတယ်။

ဒီဗိုင်းရပ်စ်ဟာ သက်ကြီးရွယ်အိုတွေကြား ကူးစက်ခံရမှု ပိုများပြီး ရောဂါဖြစ်နိုင်ခြေများတာကြောင့် နိုင်ငံတော်တော်များများက ငယ်ရွယ်သူတွေဟာ ကျန်းမာရေးသတိပေးချက်တွေကို အလေးမထားဘဲ ဖြစ်နေတဲ့အခြေအနေတွေကြောင့် WHO အကြီးအကဲက ခုလို သတိပေးလိုက်တာဖြစ်ပါတယ်။

ဒီဗိုင်းရပ်စ်ဟာ အသက်ကြီးတဲ့သူတွေကို အထိခိုက်ဆုံး ဖြစ်ပေမယ့် ငယ်ရွယ်သူတွေလည်း မလွတ်နိုင်ပါဘူးလို့ WHO ရုံးချုပ်မှာ အွန်လိုင်းကပြုလုပ်တဲ့ အစည်းအဝေးမှာ WHO အကြီးအကဲ ဒေါက်တာ တက်ဒ်ဒရို့က ပြောကြားပါတယ်။

"လူငယ်တွေအတွက် ကျွန်တော် သတင်းစကားတစ်ခု ပါးချင်ပါတယ်။ ခင်ဗျားတို့ဟာ ဗိုင်းရပ်စ်ကို အနိုင်ရမနေပါဘူး။ ဒီဗိုင်းရပ်စ်က ခင်ဗျားတို့ကို ဆေးရုံ တစ်ပတ်လောက် တက်ခိုင်းထားနိုင်ပြီး သတ်တောင်သတ်ပစ်နိုင်ပါတယ်။ တကယ်လို့ ခင်ဗျားက မဖျားမနာဘူးဆိုရင်တောင် ရောဂါကူးစက်မှုကြောင့် ခင်ဗျားသွားလာတဲ့နေရာကလူတွေရဲ့ အသက်ရှင်ရေးကို ထိခိုက်သွားစေနိုင်တယ်" သူက ထပ်ပြီး ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

BBC Burmese
https://www.bbc.com
ငယ္႐ြယ္သူေတြ ကိုဗစ္၁၉ ေရာဂါကို အေလးထားဖို႔ WHO သတိေပး ငယ္႐ြယ္သူေတြ ကိုဗစ္၁၉ ေရာဂါကို အေလးထားဖို႔ WHO သတိေပး Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.