ဖြဲ႕စည္းပုံျပင္ေရးရလဒ္ကို အားရေက်နပ္မႈ လုံးဝမရွိ လို႔ အန္အယ္လ္ဒီေျပာ

စကားလုံး သုံးလုံးနဲ႔ အဓိပၸာယ္တူပုဒ္မတစ္ခုတို႔ကိုသာ ျပင္ဆင္ႏိုင္ခဲ့ၿပီး ျပည္လုံးကြၽတ္ဆႏၵခံယူပြဲနဲ႔ ျပင္ရမွာလည္း ရွိေနတာပါ။
(Zawgyi)⤵⤵⤵
ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးရလဒ္ကို အားရေက်နပ္မႈလုံးဝမရွိဘူးလို႔ အန္အယ္လ္ဒီပါတီက ေျပာၾကားလိုက္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံျပင္ေရးအတြက္ အခ်က္ေပါင္း ၁၃၅ခ်က္ကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ကိုးရက္ၾကာမဲခြဲၿပီးတဲ့ေနာက္မွာေတာ့ စုစုေပါင္း ေလးခ်က္ကိုပဲ ျပင္ဆင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီေလးခ်က္မွာ သုံးခ်က္က အိုမင္းမစြမ္းဆိုတဲ့ စကားရပ္အစား သက္ႀကီး႐ြယ္အို၊ မသန္မစြမ္းဆိုတဲ့ စကားလုံးအစား မသန္စြမ္း ဆိုတဲ့ စကားလုံးတို႔နဲ႔ အစားထိုးျပင္ဆင္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး ေနာက္တစ္ခ်က္ကေတာ့ အဓိပၸာယ္ေျပာင္းလဲမႈမရွိတဲ့ပုဒ္မ တစ္ခုတို႔ ျဖစ္ပါတယ္။

အဲဒီပုဒ္မက တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးေတြကို ခန႔္အပ္တဲ့ ပုဒ္မ ၂၆၁(က) ပုဒ္မခြဲ(၂) ျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲကျဖစ္ေစ၊ လႊတ္ေတာ္ ကိုယ္စားလွယ္မဟုတ္သူမ်ားထဲ ျဖစ္ေစ ဆိုတဲ့စကားရပ္အစား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထဲျဖစ္ေစ၊ ျပင္ပကျဖစ္ေစ သတ္မွတ္အရည္အခ်င္းနဲ႔ ကိုက္ညီသူမ်ားကို ခန႔္အပ္ႏိုင္တယ္ဆိုတဲ့ စကားရပ္ျဖစ္ပါတယ္။

ဒီပုဒ္မကလည္း တပ္မေတာ္နဲ႔ အန္အယ္လ္ဒီတို႔က တူညီတဲ့ျပင္ဆင္ခ်က္ တင္သြင္းလို႔ ႏွစ္ဖက္လုံးက ေထာက္ခံမဲေပးတာေၾကာင့္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမဲနဲ႔ ျပင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရးရလဒ္ကို ဒီထက္မကေမွ်ာ္မွန္းခဲ့တာျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒမွာ ျပင္ဆင္ သင့္ျပင္ဆင္ထိုက္တဲ့အခ်က္ေတြကို ျပင္ဆင္ရမယ္ဆိုတာ တစ္ႀကိမ္မကေျပာခဲ့တာျဖစ္တယ္လို႔ အန္အယ္လ္ဒီပါတီက အမတ္ ေဒါက္တာျမတ္ဉာဏစိုးက ဘီဘီစီကိုေျပာပါတယ္။

 ျပည္သူေတြလိုလားခ်က္ရတဲ့အထိ ျပင္ဆင္ေရး ဆက္လုပ္မယ္
"ဒါေၾကာင့္ ကြၽန္ေတာ္တို႔ေတြ အတူလက္တြဲၿပီးေတာ့ အမ်ားႀကီး ေဆာင္႐ြက္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ပါတယ္။ သို႔ေသာ္လည္း ရလဒ္ကေတာ့ ျမင္တဲ့အတိုင္းပဲ။ ျပည္သူေတြကလည္း အင္မတန္စိတ္ဝင္စားပါတယ္။ ဖြဲ႕စည္းပုံျပင္ဆင္ေရးကိစၥရပ္ေတြကို။ အဲဒီေတာ့ ေစာင့္ၾကည့္ၿပီးေတာ့ အားမလိုအားမရ မခ်ိတင္ကဲျဖစ္ေနတဲ့ျပည္သူေတြအတြက္ကိုလည္း ကြၽန္ေတာ္တို႔ လုံး၀ စိတ္မေကာင္းပါဘူး" လို႔ သူက ေျပာပါတယ္။

မေန႔က ဖြဲ႕စည္းပုံျပင္ဆင္ေရးမဲခြဲဆုံးျဖတ္မႈေတြအၿပီး စကားလုံးနဲ႔ စာသားတခ်ိဳ႕ကလြဲလို႔ ဘာမွ မျပင္ဆင္ႏိုင္ခဲ့တဲ့ရလဒ္အေပၚ သေဘာထားကို သိရဖို႔ ဘီဘီစီရဲ႕ ေမးျမန္းမႈကို သူက ျပန္လည္ေျဖၾကားခဲ့တာျဖစ္ပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ကာကြယ္ေစာင့္ေရွာက္ခ်င္တယ္ဆိုတာ ဘယ္လိုအစိတ္အပိုင္းကို ကာကြယ္ေစာင့္ေရွာက္ခ်င္တာလဲလို႔လည္း ေဒါက္တာျမတ္ဉာဏစိုးက ေမးခြန္းထုတ္ပါတယ္။

"ဖြဲ႕စည္းပုံကို ေစာင့္ေရွာက္တယ္ဆိုတဲ့ေနရာမွာ ဘယ္လိုအခ်က္ကို ကာကြယ္ေစာင့္ေရွာက္ခ်င္တာလဲ။ ဘယ္လိုအစိတ္အပိုင္းကို ကာကြယ္ ေစာင့္ေရွာက္ခ်င္တာလဲ။ ဒီအေပၚကေနၿပီးေတာ့ ခ်င့္ခ်ိန္စဥ္းစားၾကည့္ရင္ အခ်က္တစ္ခ်က္ကိုေတာ့ ျပည္သူေတြ သတိထားမိလိမ့္မယ္ထင္ပါတယ္"လို႔ သူကေျပာပါတယ္။

သူဟာ ဖြဲ႕စည္းပုံျပင္ေရး လႊတ္ေတာ္ထဲမွာ ဖြဲ႕ခဲ့တဲ့ ၄၅ ဦးေကာ္မတီရဲ႕ အတြင္းေရးမႉးလည္း ျဖစ္သလို ဒီကိစၥနဲ႔ပတ္သက္လို႔ အန္အယ္လ္ဒီရဲ႕ ေျပာခြင့္ရ သူလည္း ျဖစ္ပါတယ္။
ဖြဲ႕စည္းပုံမျပင္ႏိုင္ဘူးလို႔ သက္ေသျပတာမဟုတ္

အခု အန္အယ္လ္ဒီက ဖြဲ႕စည္းပုံျပင္ဆင္ေရးႀကိဳးပမ္းခ်က္ဟာ ႏိုင္ငံေရးအက်ိဳးအျမတ္ေၾကာင့္မဟုတ္ဘဲ အမ်ားေျပာေနၾကသလို တပ္မေတာ္နဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရးကို ထိခိုက္မွာလည္း စိုးရိမ္စရာမရွိဘူးလို႔ ေဒါက္တာျမတ္ဉာဏစိုးက ေျပာပါတယ္။

"ဘာအတြက္ေဆာင္႐ြက္တာလဲ တစ္ခ်က္ပဲ ရွိပါတယ္။ ႏိုင္ငံ့အတြက္၊ ျပည္သူ႔အတြက္၊ ျငင္းၾကတယ္ ခုန္ၾကတယ္။ ဒါက ဒီမိုကေရစီရဲ႕ က်င့္စဥ္ပဲ။ ဒါက အမ်ိဳးသားရင္ၾကားေစ့ေရးကိုထိခိုက္လားဆိုရင္ ေနာက္တစ္ခုပါ ကြၽန္ေတာ္ေျဖရမယ္။ အဲဒါက တပ္မေတာ္ရဲ႕ အခန္းက႑ကို ေလွ်ာ့ခ်ဖို႔ ႀကိဳးပမ္းေန တာလားဆိုတာေပါ့။ စာေမးပြဲတစ္ခုမွာ ရမွတ္က ၇၅ မွတ္ေက်ာ္မွ ေအာင္မယ္။ အဲဒီမွာ ၂၅ မွတ္ကိုအဖြဲ႕အစည္းတစ္ခုက ဆုပ္ကိုင္ထားတယ္။ ဒါက တပ္မေတာ္မွမဟုတ္ဘူး။ မည္သည့္အဖြဲ႕အစည္း၊ မည္သည့္ပုဂၢိဳလ္ ေပါ့ေနာ္။ ဒီမိုကေရစီစံႏႈန္းနဲ႔လည္းမညီဘူး။ တရားမွ်တမႈလည္းမရွိဘူးေပါ့။ ဒါကိုေတာ့ ျပည္သူေတြရဲ႕လိုလားခ်က္ အစစ္အမွန္ရသည္အထိ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္ေနမွာျဖစ္ပါတယ္" လို႔ သူက ေျပာပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒကို မျပင္ႏိုင္ဘူးဆိုတာကို သက္ေသျပဖို႔လုပ္တာလည္းမဟုတ္သလို လႊတ္ေတာ္ကိုယ္စားလွယ္တစ္ဦးခ်င္းစီရဲ႕ ဆႏၵမဲေပးပိုင္ခြင့္နဲ႔ လူသားဆန္မႈအေပၚ ယုံၾကည္ၿပီး ျပင္ဆင္ဖို႔ ႀကိဳးစားခဲ့တာျဖစ္ေၾကာင္းနဲ႔ ႏိုင္ငံတကာကေန ျပင္လို႔မရဘူးဆိုတာ သိသြားေအာင္ လုပ္ခဲ့တာလည္း မဟုတ္ေၾကာင္း ေဒါက္တာျမတ္ဉာဏစိုးက ေျပာပါတယ္။

ဖြဲ႕စည္းပုံျပင္ဆင္ေရး ဒီေလာက္ခက္မယ္မထင္ဘူးလို႔ အန္အယ္လ္ဒီပါတီရဲ႕ ေရွ႕ပိုင္းက ေျပာၾကားခ်က္ေတြအေပၚ တပ္မေတာ္သားလႊတ္ေတာ္ ကိုယ္စား လွယ္ဗိုလ္မႉး မ်ိဳးထက္ဝင္းက ႏိုင္ငံေရးေအာက္လုံးမထိုးဖို႔နဲ႔ အဲဒီကေန ျဖစ္ေပၚလာမယ့္အက်ိဳးဆက္ေတြက အႏၲရာယ္ရွိႏိုင္တယ္လို႔ တုံ႔ျပန္ေျပာ ၾကားထားပါတယ္။
ဖြဲ႕စည္းပုံျပင္ေရး ဘယ္သူအျမတ္ထြက္လဲ

ဖြဲ႕စည္းပုံျပင္ေရး ဒီရလဒ္ကိုၾကည့္ရင္ အန္အယ္လ္ဒီအစိုးရရဲ႕ အမ်ိဳးသားရင္ၾကားေစ့ေရးမေအာင္ျမင္ခဲ့ဘူးလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးက ဘီဘီစီကိုေျပာပါတယ္။

ဒါ့အျပင္ ဒီရလဒ္ ထြက္လာတာကို အန္အယ္လ္ဒီက မေမွ်ာ္လင့္ထားဘူးလို႔ ေျပာတဲ့အေပၚ သူအပါအဝင္ ႏိုင္ငံေရးအကဲခတ္ေတြက ျပန္ၿပီး အံ့အားသင့္ရတယ္လို႔လည္း ဆိုပါတယ္။

 ျပင္လိုတဲ့အင္အားစုေတြက ေထာက္ခံဆႏၵေဖာ္ထုတ္ခဲ့
"ဒီရလဒ္ထြက္မယ္ဆိုတာ ကြၽန္ေတာ္တို႔က ႀကိဳသိၿပီးသား။ အန္အယ္လ္ဒီဘက္က ေကာ္မတီစဖြဲ႕တည္းက တပ္မေတာ္က တစ္စိုက္မတ္မတ္ ကန႔္ကြက္ ေနတာ။ ျပည္ခိုင္ၿဖိဳးကန႔္ကြက္တယ္။ ဒီကိစၥက ဘယ္သူမွအျမတ္မထြက္ဘူး။ အကုန္ရႈံးပါတယ္။ အေျခခံဥပေဒျပင္ဆင္ေရးမညႇိႏိုင္တဲ့အတြက္ အန္အယ္လ္ဒီ ဒီမိုကရက္တစ္အင္အားစုေတြလည္း ရႈံးတယ္။ တိုင္းရင္းသားအင္အားစုေတြလည္းရႈံးတယ္။ တပ္မေတာ္လည္း ရႈံးတယ္" လို႔ ဦးေမာင္ေမာင္စိုးကေျပာပါတယ္။

မျပင္ခ်င္တဲ့သူေတြကလည္း ကန႔္ကြက္ဆႏၵေဖာ္ထုတ္တာေတြရွိခဲ့
အခုျပင္ႏိုင္တဲ့အခ်က္ေလးခ်က္မွာ ႏွစ္ခ်က္ျဖစ္တဲ့ အိုမင္းမစြမ္းနဲ႔ မသန္မစြမ္းတို႔ကို သက္ႀကီး႐ြယ္အိုနဲ႔ မသန္စြမ္းအျဖစ္ အတည္ျပဳေျပာင္းႏိုင္ဖို႔ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲ လုပ္ၿပီး မဲေပးခြင့္ရွိသူထက္ဝက္ေက်ာ္ေထာက္ခံမွ ျပင္ႏိုင္မွာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵

စကားလုံး သုံးလုံးနဲ့ အဓိပ္ပာယ်တူပုဒ်မတစ်ခုတို့ကိုသာ ပြင်ဆင်နိုင်ခဲ့ပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲနဲ့ ပြင်ရမှာလည်း ရှိနေတာပါ။
(၁)ဖွဲ့စည်းပုံပြင်ရေးရလဒ်ကို အားရကျေနပ်မှု လုံးဝမရှိ လို့ အန်အယ်လ်ဒီပြော

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးရလဒ်ကို အားရကျေနပ်မှုလုံးဝမရှိဘူးလို့ အန်အယ်လ်ဒီပါတီက ပြောကြားလိုက်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးအတွက် အချက်ပေါင်း ၁၃၅ချက်ကို ပြည်ထောင်စုလွှတ်တော်မှာ ကိုးရက်ကြာမဲခွဲပြီးတဲ့နောက်မှာတော့ စုစုပေါင်း လေးချက်ကိုပဲ ပြင်ဆင်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီလေးချက်မှာ သုံးချက်က အိုမင်းမစွမ်းဆိုတဲ့ စကားရပ်အစား သက်ကြီးရွယ်အို၊ မသန်မစွမ်းဆိုတဲ့ စကားလုံးအစား မသန်စွမ်း ဆိုတဲ့ စကားလုံးတို့နဲ့ အစားထိုးပြင်ဆင်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး နောက်တစ်ချက်ကတော့ အဓိပ္ပာယ်ပြောင်းလဲမှုမရှိတဲ့ပုဒ်မ တစ်ခုတို့ ဖြစ်ပါတယ်။

အဲဒီပုဒ်မက တိုင်းနဲ့ပြည်နယ်ဝန်ကြီးတွေကို ခန့်အပ်တဲ့ ပုဒ်မ ၂၆၁(က) ပုဒ်မခွဲ(၂) ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်များထဲကဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူများထဲ ဖြစ်စေ ဆိုတဲ့စကားရပ်အစား လွှတ်တော်ကိုယ်စားလှယ်များထဲဖြစ်စေ၊ ပြင်ပကဖြစ်စေ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူများကို ခန့်အပ်နိုင်တယ်ဆိုတဲ့ စကားရပ်ဖြစ်ပါတယ်။

ဒီပုဒ်မကလည်း တပ်မတော်နဲ့ အန်အယ်လ်ဒီတို့က တူညီတဲ့ပြင်ဆင်ချက် တင်သွင်းလို့ နှစ်ဖက်လုံးက ထောက်ခံမဲပေးတာကြောင့် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲနဲ့ ပြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးရလဒ်ကို ဒီထက်မကမျှော်မှန်းခဲ့တာဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင် သင့်ပြင်ဆင်ထိုက်တဲ့အချက်တွေကို ပြင်ဆင်ရမယ်ဆိုတာ တစ်ကြိမ်မကပြောခဲ့တာဖြစ်တယ်လို့ အန်အယ်လ်ဒီပါတီက အမတ် ဒေါက်တာမြတ်ဉာဏစိုးက ဘီဘီစီကိုပြောပါတယ်။
ဓာတ်ပုံ မူပိုင် Peacock
Image caption ပြည်သူတွေလိုလားချက်ရတဲ့အထိ ပြင်ဆင်ရေး ဆက်လုပ်မယ်

"ဒါကြောင့် ကျွန်တော်တို့တွေ အတူလက်တွဲပြီးတော့ အများကြီး ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။ သို့သော်လည်း ရလဒ်ကတော့ မြင်တဲ့အတိုင်းပဲ။ ပြည်သူတွေကလည်း အင်မတန်စိတ်ဝင်စားပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စရပ်တွေကို။ အဲဒီတော့ စောင့်ကြည့်ပြီးတော့ အားမလိုအားမရ မချိတင်ကဲဖြစ်နေတဲ့ပြည်သူတွေအတွက်ကိုလည်း ကျွန်တော်တို့ လုံး၀ စိတ်မကောင်းပါဘူး" လို့ သူက ပြောပါတယ်။

မနေ့က ဖွဲ့စည်းပုံပြင်ဆင်ရေးမဲခွဲဆုံးဖြတ်မှုတွေအပြီး စကားလုံးနဲ့ စာသားတချို့ကလွဲလို့ ဘာမှ မပြင်ဆင်နိုင်ခဲ့တဲ့ရလဒ်အပေါ် သဘောထားကို သိရဖို့ ဘီဘီစီရဲ့ မေးမြန်းမှုကို သူက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ချင်တယ်ဆိုတာ ဘယ်လိုအစိတ်အပိုင်းကို ကာကွယ်စောင့်ရှောက်ချင်တာလဲလို့လည်း ဒေါက်တာမြတ်ဉာဏစိုးက မေးခွန်းထုတ်ပါတယ်။

"ဖွဲ့စည်းပုံကို စောင့်ရှောက်တယ်ဆိုတဲ့နေရာမှာ ဘယ်လိုအချက်ကို ကာကွယ်စောင့်ရှောက်ချင်တာလဲ။ ဘယ်လိုအစိတ်အပိုင်းကို ကာကွယ် စောင့်ရှောက်ချင်တာလဲ။ ဒီအပေါ်ကနေပြီးတော့ ချင့်ချိန်စဉ်းစားကြည့်ရင် အချက်တစ်ချက်ကိုတော့ ပြည်သူတွေ သတိထားမိလိမ့်မယ်ထင်ပါတယ်"လို့ သူကပြောပါတယ်။

သူဟာ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ထဲမှာ ဖွဲ့ခဲ့တဲ့ ၄၅ ဦးကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်သလို ဒီကိစ္စနဲ့ပတ်သက်လို့ အန်အယ်လ်ဒီရဲ့ ပြောခွင့်ရ သူလည်း ဖြစ်ပါတယ်။
ဖွဲ့စည်းပုံမပြင်နိုင်ဘူးလို့ သက်သေပြတာမဟုတ်

အခု အန်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်ဆင်ရေးကြိုးပမ်းချက်ဟာ နိုင်ငံရေးအကျိုးအမြတ်ကြောင့်မဟုတ်ဘဲ အများပြောနေကြသလို တပ်မတော်နဲ့ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်မှာလည်း စိုးရိမ်စရာမရှိဘူးလို့ ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

"ဘာအတွက်ဆောင်ရွက်တာလဲ တစ်ချက်ပဲ ရှိပါတယ်။ နိုင်ငံ့အတွက်၊ ပြည်သူ့အတွက်၊ ငြင်းကြတယ် ခုန်ကြတယ်။ ဒါက ဒီမိုကရေစီရဲ့ ကျင့်စဉ်ပဲ။ ဒါက အမျိုးသားရင်ကြားစေ့ရေးကိုထိခိုက်လားဆိုရင် နောက်တစ်ခုပါ ကျွန်တော်ဖြေရမယ်။ အဲဒါက တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျှော့ချဖို့ ကြိုးပမ်းနေ တာလားဆိုတာပေါ့။ စာမေးပွဲတစ်ခုမှာ ရမှတ်က ၇၅ မှတ်ကျော်မှ အောင်မယ်။ အဲဒီမှာ ၂၅ မှတ်ကိုအဖွဲ့အစည်းတစ်ခုက ဆုပ်ကိုင်ထားတယ်။ ဒါက တပ်မတော်မှမဟုတ်ဘူး။ မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ် ပေါ့နော်။ ဒီမိုကရေစီစံနှုန်းနဲ့လည်းမညီဘူး။ တရားမျှတမှုလည်းမရှိဘူးပေါ့။ ဒါကိုတော့ ပြည်သူတွေရဲ့လိုလားချက် အစစ်အမှန်ရသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်နေမှာဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဘူးဆိုတာကို သက်သေပြဖို့လုပ်တာလည်းမဟုတ်သလို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးချင်းစီရဲ့ ဆန္ဒမဲပေးပိုင်ခွင့်နဲ့ လူသားဆန်မှုအပေါ် ယုံကြည်ပြီး ပြင်ဆင်ဖို့ ကြိုးစားခဲ့တာဖြစ်ကြောင်းနဲ့ နိုင်ငံတကာကနေ ပြင်လို့မရဘူးဆိုတာ သိသွားအောင် လုပ်ခဲ့တာလည်း မဟုတ်ကြောင်း ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ဒီလောက်ခက်မယ်မထင်ဘူးလို့ အန်အယ်လ်ဒီပါတီရဲ့ ရှေ့ပိုင်းက ပြောကြားချက်တွေအပေါ် တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်ဗိုလ်မှူး မျိုးထက်ဝင်းက နိုင်ငံရေးအောက်လုံးမထိုးဖို့နဲ့ အဲဒီကနေ ဖြစ်ပေါ်လာမယ့်အကျိုးဆက်တွေက အန္တရာယ်ရှိနိုင်တယ်လို့ တုံ့ပြန်ပြော ကြားထားပါတယ်။
ဖွဲ့စည်းပုံပြင်ရေး ဘယ်သူအမြတ်ထွက်လဲ

ဖွဲ့စည်းပုံပြင်ရေး ဒီရလဒ်ကိုကြည့်ရင် အန်အယ်လ်ဒီအစိုးရရဲ့ အမျိုးသားရင်ကြားစေ့ရေးမအောင်မြင်ခဲ့ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် ဒီရလဒ် ထွက်လာတာကို အန်အယ်လ်ဒီက မမျှော်လင့်ထားဘူးလို့ ပြောတဲ့အပေါ် သူအပါအဝင် နိုင်ငံရေးအကဲခတ်တွေက ပြန်ပြီး အံ့အားသင့်ရတယ်လို့လည်း ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် THET AUNG
Image caption ပြင်လိုတဲ့အင်အားစုတွေက ထောက်ခံဆန္ဒဖော်ထုတ်ခဲ့

"ဒီရလဒ်ထွက်မယ်ဆိုတာ ကျွန်တော်တို့က ကြိုသိပြီးသား။ အန်အယ်လ်ဒီဘက်က ကော်မတီစဖွဲ့တည်းက တပ်မတော်က တစ်စိုက်မတ်မတ် ကန့်ကွက် နေတာ။ ပြည်ခိုင်ဖြိုးကန့်ကွက်တယ်။ ဒီကိစ္စက ဘယ်သူမှအမြတ်မထွက်ဘူး။ အကုန်ရှုံးပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးမညှိနိုင်တဲ့အတွက် အန်အယ်လ်ဒီ ဒီမိုကရက်တစ်အင်အားစုတွေလည်း ရှုံးတယ်။ တိုင်းရင်းသားအင်အားစုတွေလည်းရှုံးတယ်။ တပ်မတော်လည်း ရှုံးတယ်" လို့ ဦးမောင်မောင်စိုးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် SAI AUNG MAIN
Image caption မပြင်ချင်တဲ့သူတွေကလည်း ကန့်ကွက်ဆန္ဒဖော်ထုတ်တာတွေရှိခဲ့

အခုပြင်နိုင်တဲ့အချက်လေးချက်မှာ နှစ်ချက်ဖြစ်တဲ့ အိုမင်းမစွမ်းနဲ့ မသန်မစွမ်းတို့ကို သက်ကြီးရွယ်အိုနဲ့ မသန်စွမ်းအဖြစ် အတည်ပြုပြောင်းနိုင်ဖို့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လုပ်ပြီး မဲပေးခွင့်ရှိသူထက်ဝက်ကျော်ထောက်ခံမှ ပြင်နိုင်မှာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ဖြဲ႕စည္းပုံျပင္ေရးရလဒ္ကို အားရေက်နပ္မႈ လုံးဝမရွိ လို႔ အန္အယ္လ္ဒီေျပာ ဖြဲ႕စည္းပုံျပင္ေရးရလဒ္ကို အားရေက်နပ္မႈ လုံးဝမရွိ လို႔ အန္အယ္လ္ဒီေျပာ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.